ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

COVID-19 ကာလ လူစုသောအခါ

၂၀၂၀၊ ဇန်နဝါရီ၊ တရုတ်နိုင်ငံ၊ ဝူဟန် COVID-19 ရောဂါ စတင်ပြန့်ပွားနေပြီဖြစ်ပေမယ့် ဝူဟန်အာဏာပိုင်တွေက နှစ်သစ်ကူးပွဲတော်ကို မသိကျိုးကျွံပြုကာ ကျင်းပခဲ့ကြပါတယ်။ ပွဲတော်အပြီးရက်အနည်းငယ်အကြာမှာတော့ ဒေသခံလူထောင်ပေါင်းများစွာဟာ ရောဂါပိုးကူးစက်မှုကြောင့် ဆေးရုံမျာ တန်းစီသွားခဲ့ပြီး သေဆုံးမှုနှုန်းဟာလည်း တရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးရဲ့ ပထမဆုံးလှိုင်းလို့တောင်ဆိုလို့တဲ့ အခြေအနေပါ။ အဲ့ဒီနောက်မှာတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်ဒေသကို တရုတ်အာဏာပိုင်တွေက Lock Down ချလိုက်ရပါတော့တယ်။ ဒါပေမယ့် ရောဂါဆိုးကြီးကတော့ ဒီဒေသကို လာရောက်လည်ပတ်ခဲ့တဲ့ ခရီးသည်တွေနဲ့အတူ ကမ္ဘာပတ်သွားပါတော့တယ်။ ၂၀၂၀၊ ဖေဖော်ဝါရီ၊ အီတလီနိုင်ငံ၊ အတ္တလန်တာ COVID-19 ဟာ ကမ္ဘာပတ်နေပါပြီ။ ဒါပေမယ့် ဥရောပမှာတော့ ဒီရောဂါပိုးကို စိုးရိမ်ထိတ်လန့်မှု သိပ်ပြီးမရှိကြသေးပါဘူး။ ကိုဗစ်အန္တရာယ် သတိပေးချက်တွေရှိနေပေမယ့် ဥရောပရဲ့ နာမည်ကျော် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19နဲ့ အတူနေထိုင်နိုင်ဖို့

နောက်လကုန်လောက်ဆို COVID-19 ဖြစ်တာ တစ်နှစ် ပြည့်သွားပါပြီ။ ဒီတစ်နှစ်အတွင်းမှာ ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ကြပါတယ်။ COVID-19 ကြောင့် အိမ်မှာနေရတာလည်း ပျင်းနေလောက်ပါပြီ။ COVID-19 ဘယ်တော့ပြီးမလဲဆိုတာလည်း ဘယ်သူမှ အတိအကျမသိပါဘူး။ ပညာရှင်တွေကတော့ ကာကွယ်ဆေး ရလာရင် အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်မယ်လို့ ဆိုကြပါတယ်။ ကာကွယ်ဆေးကလည်း မဝေးတော့တဲ့ ကာလမှာ ရလာမှာ ဖြစ်တဲ့အတွက် သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။ လတ်တလောမှာ ဖြစ်နေတာက COVID-19က ဘယ်တော့ပြီးမလဲဆိုတာ မသိတဲ့အတွက် ဘယ်အချိန်ထိ အိမ်မှာနေရမလဲဆိုတာ မသေချာနေတာက အားလုံးကို စိတ်ဖိစီးစေတာပါ။ အိမ်မှာပဲ နေရတဲ့အတွက် စီးပွားရေးတွေ ရပ်ထားရတယ်။ ကျောင်းတွေ ပိတ်ထားရတယ်။ ပျော်ပွဲရွှင်ပွဲတွေလည်း နားလိုက်ရတယ်။ အရင်လို သွားသွားလာလာ လုပ်နေရတာတွေ မရှိတော့တဲ့အတွက် ငြီးငွေ့လာကြပါတယ်။ COVID-19 […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေကို ကိုဗစ် စစ်ဆေးတော့မယ်ဆိုရင်

အခုနောက်ပိုင်း ကြားရများလာက ကိုဗစ် ဖြစ်တဲ့ထဲမှာ ကလေးငယ်တွေ ပါဝင်မှု များလာတာပါ။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ရောဂါဒဏ်ကို ခုခံနိုင်စွမ်းနည်းတဲ့ အုပ်စုရယ်လို့ သတ်မှတ်ထားပေမယ့် အစောပိုင်း တွေ့ရှိချက်တွေအရ ကိုဗစ်က ကလေးငယ်တွေမှာ ဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ သုံးသပ်ချက် ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်က သန္ဓေပြောင်းလဲမှုတွေ ဖြစ်ရင်း ကူးစက်မှုနှုန်း မြန်လာသလို အခုဆို ကလေးကစပြီး ဖိုးဖိုးဖွားဖွားတွေအထိ အသက်အရွယ် အားလုံးကို ကူးစက်နေတာပါ။ လူကြီးတွေက ပိုးရှိလူနာနဲ့ ထိတွေ့မိလို့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab) ယူရမယ်ဆိုရင် အဆင်ပြေပြေ လုပ်ဆောင်နိုင်ပေမယ့် ငယ်ရွယ်လွန်တဲ့ သားသားမီးမီးတို့အတွက်တော့ ကြောက်စရာ ဖြစ်နေနိုင်ပါတယ်။ ဒီတော့ ကလေးတွေအတွက် ကြောက်စရာကောင်းနေမယ့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab) ယူတာကို အဆင်ပြေပြေ လုပ်ဆောင်နိုင်စေဖို့ မေမေဖေဖေတို့အနေနဲ့ ဘယ်လို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ မျက်စိနာခြင်း

လူတော်တော်များများက ကိုဗစ်ဆိုရင် ဖျားမယ်။ ချောင်းဆိုးမယ်။ ကိုယ်ပူမယ်။ အသက်ရှူရခက်မယ်။ လည်ချောင်းနာမယ်။ ဆိုတာလောက်ကိုပဲ အာရုံစိုက်​ကြပါတယ်။နောက်ထပ် အာရုံစိုက်တဲ့အရာတစ်ခုက ကိုယ်ပူနေတယ်။ အနံ့ရသေးလား။ ချောင်းဆိုးနေတယ်။ အနံရသေးတယ် မဟုတ်လား။ ဆိုတာပါ။ အနံ့ရသေးရင် ကိုဗစ် မဟုတ်ဘူးလို့ပေါ့။ တကယ်ကတော့ ကိုဗစ် ကူးစက်ခံထားရပါလျက်နဲ့ အနံ့မပျောက်သွားသူတွေလည်း ရှိပါတယ်။ တကယ်ကတော့ ကိုဗစ်က ဒီလို လက္ခဏာတွေတင် မဟုတ်ဘဲ အခြား လက္ခဏာတစ်ရပ်လည်း ပြနိုင်ပါသေးတယ်။ ဒါကတော့ မျက်စိနာတာပါ။ ကိုဗစ်ရဲ့ လက္ခဏာများ ကိုဗစ်ရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့  အဖျားတက်တာ ချောင်းခြောက်ဆိုးတာ ပင်ပန်းနွမ်းနယ်တာပါ။ ဒါပေမယ့် ကိုဗစ်ဖြစ်လာပြီဆိုရင် ဒီလက္ခဏာတွေအပြင် ကြွက်သားတွေ ကိုက်ခဲတာ၊ နာကျင်တာ လည်ချောင်းနာတာ ဝမ်းလျှောတာ မျက်စိနာတာ ခေါင်းကိုက်တာ အနံ့၊ အရသာ ပျောက်တာ အရေပြားမှာ အနီကွက်တွေ ထွက်တာ […]


ကူးစက်ရောဂါများ

ဆီးချိုသမားတွေ COVID-19 ကူးစက်ခံရရင် သေဆုံးနိုင်ခြေ ၁၂ ဆပိုမြင့်

ဆီးချိုဝေဒနာခံစားနေရသူတွေမှာ တခြားသောပြင်ပဝေဒနာတွေဖြစ်ပွားလာရင် ပိုမိုထိခိုက်ခံစားရတတ်ပါတယ်။ ခုလည်း လေ့လာချက်တွေနဲ့ လက်တွေ့မြေပြင်သက်သေအထောက်အထားတွေအရ ဆီးချိုဝေဒနာရှင်တွေ COVID-19 ရောဂါကူးစက်ခံရရင် ထိခိုက်နိုင်ခြေပိုမိုမြင့်မားကြောင်း ပိုပိုပြီး သိလာရပါပြီ။ လက်ရှိကာလမှာ ကပ်ဘေးတစ်ခုအဖြစ် ကမ္ဘာတစ်လွှားမှာ ဒုက္ခပေးနေတဲ့ COVID-19 ကူးစက်ရောဂါကြီးဟာ လူပေါင်း သန်း ၅၀ ဝန်းကျင်ကို ကူးစက်ခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း ၁.၃ သန်းဝန်းကျင်အထိ ရှိလို့နေပါတယ်။ လူလူချင်းထိတွေ့မှု၊ အသက်ရှူလမ်းကြောင်းစတာတွေကနေ ကူးစက်နိုင်ပြီး နာတာရှည်ရောဂါအခံရှိသူတွေကို ပိုမိုထိခိုက်စေတဲ့ ဒီရောဂါဟာ ကုသဆေးနဲ့ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ ဒီဝေဒနာက နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေသာမက သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေကို ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားမဟုတ်လား။ ဆီးချိုရှိရင် သတိထားပါ ပြင်သစ်အခြေစိုက် ဆေးသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အသစ်တစ်ခုအရဆိုရင် ကိုဗစ်ရောဂါဟာ ဆီးချိုဝေဒနာခံစားနေရသူတွေကို ကူးစက်မိပြီဆိုရင် တစ်ပတ်အတွင်း သေဆုံးစေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ် ဆိုလာပါတယ်။ အဆိုပါ လေ့လာချက်ကို ဆေးရုံ […]


ကူးစက်ရောဂါများ

COVID-19 ကာလမှာ ဖျားနာနေသူတွေအတွက် ဆောင်ရန် ရှောင်ရန်များ

ကမ္ဘာတစ်လွှားမှာ COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နှုန်းက ကျဆင်းခြင်းမရှိသေးပါဘူး။ ဒီကာလမှာ လူတိုင်းက သတိဝီရိယနဲ့ နေထိုင်နေကြရတာပါ။ ခုလိုကာလမျိုးမှာ ဖျားတာ နာတာမျိုး ကြုံလာရပြီဆိုရင်တော့ ပုံမှန်ထက်တွေးပူစရာတွေပိုများသလို ကုသရာမှာလည်း အခက်အခဲလေးတွေ ကြုံဆုံရတတ်ပါတယ်။ ပုံမှန်အားဖြင့် ဖျားနာပြီဆိုရင် ဆေးခန်းပြေးရုံသာဖြစ်ပေမယ့် ခုချိန်မှာတော့ ဆေးရုံဆေးခန်းသွားရလာရတာက အရင်လို မလွယ်ကူလှပါဘူး။ ဒီတော့ အများစုဟာ နေအိမ်မှာပဲ ကိုယ်တိုင်ကုသကြတဲ့နည်းလမ်းမျိုးကို ပိုမိုရွေးချယ်လာကြပါတယ်။ ဒီနည်းလမ်းဟာ မှားယွင်းတယ်လို့ မဆိုသာပေမယ့် စနစ်ကျတဲ့ စည်းကမ်းလိုက်နာမှုတွေ မရှိရင်တော့ ပြဿနာရှိနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းတွေမှာ ပုံမှန်ထက်ကိုပိုပြီး အလေးအနက်ထားဆောင်ရွက်ဖို့ လိုအပ်မှာပါ။ ဒါကြောင့် ခုလိုအချိန်မှာ လိုက်နာ စောင့်ထိမ်းရမယ့် နည်းလမ်းတွေကို စုစည်းဖော်ပြပေးထားပါတယ်။ အဆိုပါနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့ဝေဒနာကို ကုသရာမှာအထောက်အကူဖြစ်စေမှာဖြစ်သလို ရောဂါကူးစက်နိုင်ချေကို ကာကွယ်နိုင်ပါလိမ့်မယ်။ နေမကောင်းဘူးလို့ ခံစားနေရချိန်မှာ လိုက်နာရမယ် Dos and […]


ကူးစက်ရောဂါများ

နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

ခုနောက်ပိုင်းမှာ လူမမယ်ကလေးလေးတွေ COVID-19 ကူးစက်ခံရတဲ့သတင်းတွေ၊ မိသားစုကို ထားခဲ့ပြီး ကလေးတစ်ယောက်တည်း Quarantine ဝင်ဖို့ လာအခေါ်ခံရတာတွေကို မြင်တွေ့ကြားသိနေရပါတယ်။ နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။ လူမမယ်ကလေးငယ်လေးတွေဟာ ကိုယ်တိုင် ရောဂါကာကွယ်နိုင်စွမ်း အားနည်းကြပါတယ်။ ဒီလိုအခြေအနေမှာ သူတို့ကို ပြုစုစောင့်ရှောက်ရမယ့် လူကြီးမိဘတွေက ကာကွယ်ပေးနိုင်စွမ်းနည်းပါးရင် ကလေးတွေမှာ COVID-19 ရောဂါဆိုးကြီး ကပ်ညိလာနိုင်ပါတယ်။ ခုချိန်မှာဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ COVID-19 ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၄ သောင်းကျော်အထိရှိလာခဲ့ပြီဖြစ်သလို အဆိုပါလူနာတွေထဲမှာ ငယ်ရွယ်နုနယ်လှတဲ့ ရင်သွေးလေးတွေလည်း ပါဝင်နေပါတယ်။ ဒီရောဂါရဲ့ အန္တရာယ်ကို လူကြီးတွေနဲ့ သန်သန်စွမ်းစွမ်းလူငယ်တွေအတွက် စိုးရိမ်ပူပန်နေကြရသလို လူမမယ် ကလေးတွေအတွက်လည်း ပူပန်ကြရပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရမှုဆိုင်ရာ အချက်အလက်တွေအရ ကလေးငယ်တွေ ကူးစက်ခံရမှုနှုန်းဟာ နည်းပါးပြီး သေဆုံးနှုန်းကလည်း (ရောဂါကူးစက်ခံရသူ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာလ အိမ်မှာလေ့ကျင့်ခန်းလုပ်ဖို့ မိမိကိုယ်ကို စိန်ခေါ်စို့

ခုလို ကိုဗစ်ကပ်ဘေးကာလရဲ့ အကျိုးသက်ရောက်မှုတွေထဲမှာ ခန္ဓာကိုယ်နဲ့ ကိုယ်အလေးချိန် ပြောင်းလဲဆုတ်ယုတ်မှုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပိန်တဲ့သူတွေဆိုရင် နဂိုကထက် ပိုပြီး ပိန်သွားကြတယ်။ ဝတဲ့သူတွေ၊ Gym ကစားပြီး ကြွက်သားတက်အောင် လုပ်နေသူတွေဆိုရင်လည်း ကြွက်သားထုနေရာမှာ အဆီတွေ ပြည့်ပြီး အသားက လျော့တိလျော့ရွဲဖြစ်လာမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ အပြင်သွားလာလို့မရတော့တာ၊ Gym တွေ ပိတ်သွားတာ ရောဂါပိုးကူးခံရမှာ ကြောက်တဲ့အတွက် တော်ရုံ စျေးသွားမဝယ်တော့တာ အစာအာဟာရ ပြည့်ဝတဲ့ ထမင်းဟင်းတွေကို သိပ်ပြီးမစားတော့တာ အပြင်စားသောက်ဆိုင်ကနေဘဲ အာဟာရမဖြစ်တာတွေ မကြာခဏ မှာစားတာ စိတ်ညစ်တာ၊ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ အထီးကျန်တဲ့အခါ ညစ်နေတဲ့စိတ်ကို ပြေစေဖို့ အဆီကြော်တွေ၊ အချိုဓာတ်များတဲ့ မုန့်တွေ အစားများလာတာ ညဘက်တွေ မအိပ်တော့တာ၊ အိပ်ချိန်နည်းလာတာ၊ ညအိပ်ချိန် နောက်ကျလာတာ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး […]


ကိုရိုနာဗိုင်းရပ်စ်

သင်ကိုယ်တိုင်က ကိုဗစ်ဖြန့်ချိသူတစ်ဦး ဖြစ်နေပြီလား

လူတွေက ကြောက်ပြီဆိုလည်း ဖိတ်ဖိတ်တုန်အောင် ကြောက်ကြသလို မကြောက်တော့ဘူးဆိုရင်လည်း ရောဂါဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို၊ ဒီကမ္ဘာမြေကနေ အပြီးတိုင်ပျောက်သွားတဲ့ပုံစံလိုလို ပြုမူတတ်ကြတယ်။ လက်ရှိရန်ကုန်မြို့တွင်း အခြေအနေကို ကြည့်ရမယ်ဆိုရင်တော့ မြန်မာလူမျိုးအများစုလည်း ဒီပုံစံအတိုင်း ကျင့်ကြံနေကြတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရပါတယ်။ ကိုဗစ်ပိုး ကူးခံရသူတွေ များသထက် များလာပြီဆိုတဲ့ ရလဒ်တွေကို ဆိုရှယ်မီဒီယာကနေ တွေ့ရတဲ့အခါ ဝမ်းနည်းတဲ့၊ စိတ်ပျက်တဲ့အနေနဲ့ ရှဲကြတယ်။ ပုံတွေ ယူတင်ကြတယ်။ ဒါပေမယ့် ကိုယ်တိုင်က ဆင်ဆင်ခြင်ခြင် ဂရုစိုက်ပြီး နေသလားဆိုတော့လည်း မနေကြပါဘူး။ လက်ရှိရန်ကုန်မြို့တွင်း အခြေအနေ Second Wave ကိုဗစ်ဒုတိယလှိုင်းဖြစ်ကာစမှာ လူတွေ သတိမမူခဲ့တာကြောင့် ကိုဗစ်ကူးစက်ခံရသူဦးရေဟာ တစ်မဟုတ်ချင်းဆိုသလို တစ်ရက်ကို ထောင်ဂဏန်းနီးပါး တက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလတွင်းတော့ လူတော်တော်များများ ကြောက်စိတ်ကြီးစိုးသွားပြီး အပြင်သိပ်မထွက်ကြတော့သလို အစိုးရကိုယ်တိုင်ကလည်း မြို့နယ်ကျော်မသွားရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အောက်တိုဘာလကုန်နဲ့ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

အရင်ကတော့ ဂိမ်းဆော့တာနဲ့ ပတ်သက်ပြီး ကောင်းတဲ့အမြင်ရော၊ ဆိုးတဲ့အမြင်ပါ ရှိနေကြတယ်။ မိဘတွေအနေနဲ့တော့ ဆိုးတယ်လို့ မြင်တာ ပိုများမှာပေါ့ဗျာ။ အထူးသဖြင့် ပညာရေးကို အလွန်အလေးထားတဲ့ မိဘတွေဆိုရင် ကိုယ့်ကလေးတွေ ဂိမ်းဆော့တာကို တကယ့်ပြစ်မှုကြီး တစ်ခုကျူးလွန်မိသလို မြင်တတ်ကြမှာပါ။ ခုလို ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။ အစပိုင်းတော့ သူတို့တွေအနေနဲ့ အပြစ်ပြောဆိုတာ၊ ဆူပူရိုက်နှက်တာမျိုးတွေ လုပ်ပေမယ့် နောက်ပိုင်းမှာတော့ ဘာမှမပြောဘဲ လွှတ်ထားလိုက်ကြတယ်လို့ ဖွင့်ဟလာကြတယ်။ ကလေးများနှင့် ဂိမ်းဆော့ခြင်း အရင်တုန်းကတော့ ကလေးတွေ ဂိမ်းဆော့တာနဲ့ပတ်သက်ပြီး သိပ်သဘောမကျတဲ့သူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ မိဘတွေလိုမျိုး ပညာရေးမှာ လစ်ဟင်းသွားမယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် မဟုတ်ဘဲ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကြောင့်ပါ။ ဒီဘက်ခေတ်ကလေးတွေက ကျွန်တော်တို့ခေတ်ကလို မဟုတ်ဘဲ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း