ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

(ကိုဗစ်ရောဂါဖြစ်ပြီး နောက်တစ်ခါထပ်ကူးစက်မခံရခင် ဘယ်လောက်ကြာကြာအချိန်ရမလဲဆိုတာပြောပြပါမယ်) ကိုဗစ်လိုကူးစက်ရောဂါတွေ ဝင်ရောက်တဲ့အချိန်မှာကိုယ်တွင်းကနေ ရောဂါကိုတိုက်ထုတ်ဖို့ ဆဲလ်တွေဖွဲ့စည်းပြီး antibodies တွေထုတ်လုပ်ပေးပါတယ်။ Helper T cell လို့ခေါ်တဲ့ ဒီဆဲလ်အမျိုးအစားတွေက ရောဂါပိုးတွေကို မှတ်သားထားနိုင်စွမ်းရှိပါတယ်။ ဒီဆဲလ်တွေက ဘယ်ပိုးဝင်ရင် ဘယ်လိုantibodies မျိုးထုတ်ပြီးတိုက်ရမလဲ ဆိုတာကိုသိကြပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရသူတွေမှာလည်း T cell တွေကရောဂါကို မှတ်သားထားတဲ့ အတွက် နောက်တစ်ကြိမ် ရောဂါမဝင်အောင်လုပ်ဆောင်ပေးနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ နောက်တစ်ကြိမ်ဖြစ်ပွားသူတွေရှိလာတဲ့အတွက် သိပ္ပံပညာရှင်တွေအနေနဲ့ ကိုဗစ် antibodies နဲ့ပတ်သက် ပြီးလေ့လာမှုတွေလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဖြစ်နိုင်ခြေနည်းပေမဲ့ ကိုဗစ်ရောဂါက လူတစ်ယောက်မှာတစ်ကြိမ်ထက်ပိုပြီး ကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတဲ့အချက်က အတော်လေးစိတ်ညစ်စရာပါ။ ဒါပေမဲ့ မကြာသေးခင်က အောက်စ်ဖို့ တက္ကသိုလ်နဲ့ အရီဇိုးနားတက္ကသိုလ်မှာ ပြုလုပ်ရရှိခဲ့တဲ့အဖြေတွေအရတော့ အားတက်စရာ ရလဒ်တွေ တွေ့ရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်ကနေ လူ ၁၂၀၀ ကျော်နဲ့ စမ်းသပ်ပြုလုပ်ခဲ့တဲ့သုတေသနရလဒ်အရ ကိုဗစ်ကူးစက်ခံရတဲ့သူတွေမှာထွက်လာတဲ့ ကိုယ်တွင်း […]


ကူးစက်ရောဂါများ

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ လူ့အသက်တွေကလည်း မနည်းပါဘူး။ ရောဂါခံစားနေရသူ အရေအတွက်ကလည်း ဒုနဲ့ဒေးပါ။ ဒီအချိန်မှာ နေ့စဉ် ဘဝတွေကို ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ဆိုတာ ခက်ခဲပါ။ ကိုဗစ် စဖြစ်ကတည်းက ရပ်တန့်ထားရတဲ့ စီးပွားရေးတွေ ရှိသလို ခရီးသွားလာမှုတွေမလုပ်ရဘူး။ နေအိမ်တွေထဲမှာပဲနေရတယ်။ အလုပ်တွေကိုလည်း အိမ်ကနေပဲ လုပ်ရတော့ လူတွေ လွမ်းဆွတ်နေတာက ဘာဖြစ်မယ်ထင်လဲ။ ကိုယ်တိုင်ရော ဘာကို လွမ်းလဲ။ အရင်လို လွတ်လပ်ပျော်ရွှင်စွာနဲ့ ရောဂါပိုးကင်းပြီး သွားလာနေရတဲ့ အခြေအနေကိုဟုတ်။ ဒါကတော့ အခုချိန်မှာ လူတိုင်း တောင့်တနေမယ့် အရာပါ။ ဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်လေးတော့ သန်းလာခဲ့ပါပြီ။ ဒါကတော့ ရလဒ်ကောင်းတွေနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်ကို အရှိန်မှန်မှန်နဲ့ လျှောက်လှမ်းလာတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Moderna  ရဲ့ ကိုဗစ် […]


ကူးစက်ရောဂါများ

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

ကိုဗစ်ကာကွယ်ဆေးတွေ တစ်မျိုးပြီး တစ်မျိုး အောင်မြင်လာတာ ဝမ်းသာစရာသတင်းပါပဲ။ ဒီနိုဝင်ဘာလထဲမှာပဲ ကာကွယ်ဆေး သတင်းကောင်းတွေက ရက်ဆက်ဆိုသလို ကြားနေရတာပါ။ လအစမှာ Pfizerနဲ့  Modernaက ကာကွယ်ဆေးတွေ အောင်မြင်လုနီးပါး ဖြစ်နေပြီဆိုတာကို ကြေညာပြီး မရှေးမနှောင်းမှာပဲ အောက်ဖို့ဒ်ကလည်း သူ့ကာကွယ်ဆေးက ၉၀ရာခိုင်နှုန်းကျော် ထိရောက်တယ်ဆိုတာ နိုဝင်ဘာ ၂၃ရက်နေ့က ကြေညာခဲ့ပြန်ပါတယ်။ အောက်ဖို့ဒ်ရဲ့ ကိုဗစ်ကာကွယ်ဆေး အောက်ဖို့ဒ်နဲ့ AstraZenecaတို့ ပူးပေါင်းပြီး ထုတ်လုပ်တဲ့ ကာကွယ်ဆေးက ခုဆိုရင် စမ်းသပ်ဆဲ အဆင့် ၃ကို အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ နည်းလမ်းနှစ်မျိုးနဲ့ စမ်းသပ်ပြီးတဲ့နောက်မှာ ပျမ်းမျှခြင်း ၇၀.၄ ရာခိုင်နှုန်း အောင်မြင်မှု ရှိတာကို တွေ့ရပါတယ်။ နည်းလမ်း နှစ်မျိုးမှာ ပထမနည်းလမ်းက ၉၀ရာခိုင်နှုန်း အောင်မြင်ပြီး ဒုတိယနည်းလမ်းက ၆၂ ရာခိုင်နှုန်း အောင်မြင်ပါတယ်။ နည်းလမ်း နှစ်ခုလုံးမှာ ကာကွယ်ဆေးကို […]


ကူးစက်ရောဂါများ

လူတိုင်း Mask တပ်မယ်ဆိုရင် အသက်ဘယ်နှစ်ချောင်းကို ကယ်တင်နိုင်မလဲ

COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နေချိန်မှာ Mask တပ်ခြင်းဟာ ရောဂါကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဆီကို ရောဂါပိုးကူးစက်မလာအောင် တားဆီးနိုင်သလို သူများဆီကို မကူးစက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းက စည်းစနစ်တကျ Mask တွေတပ်ပြီး နေထိုင်သွားလာလှုပ်ရှားနေကြသလားလို့ မေးလာရင်တော့ ‘ဟင့်အင်း’ လို့ ငြင်းဆိုရပါလိမ့်မယ်။ COVID-19 ကပ်ဘေးအချိန်ကြာမြင့်လာတာနဲ့အမျှ လူတွေရဲ့ စည်းကမ်းလိုက်နာမှုအပိုင်းက တဖြေးဖြေးလျော့လျဲလာနေပါတယ်။ Mask ကို လုံးလုံးလျားလျားမတတ်တော့သူတွေ၊ မေးစေ့မှာချိတ်သူတွေ၊ နှာခေါင်းဖော်ပြီး တပ်ဆင်သူတွေ၊ တပ်လိုက်ချွတ်လိုက် အကြိမ်ကြိမ်ပြုလုပ်သူတွေ ပိုပိုပြီးများပြားလာနေပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ဒီလိုပြုမူလုပ်ဆောင်တာဟာ Mask ကို လုံးလုံးလျားလျားမတတ်ဆင်တာနဲ့ အတူတူပဲလို့ ဆိုထားပါတယ်။ တကယ်တော့ Mask တပ်တာက လက်ကို စင်ကြယ်စွာဆေးတာနဲ့ Social Distancing လုပ်တာတွေလိုမျိုး COVID-19 ရောဂါကာကွယ်ရေးမှာ အထူးအရေးကြီးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စနစ်တကျနဲ့ နည်းမှန်လမ်းမှန် […]


ကူးစက်ရောဂါများ

Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ။

ကိုဗစ်ဖြစ်တာလည်း တစ်နှစ်နီးပါးလောက်ဖြစ်လာပြီဆိုတော့ အားလုံးက အိမ်မှာနေရတာ ငြီးငွေ့နေကြပါပြီ။ ကုသဆေးရယ်လို့ တိတိကျကျမရှိတဲ့အတွက် ကာကွယ်ဆေးကသာ မျှော်လင့်ရာပါ။ ခုတော့ ဒီမျှော်လင့်ချက်တွေ ပြည့်တော့မယ့်လို့ ဆိုရမလားပဲ။ နိုဝင်ဘာလထဲမှာတင် ကုမ္ပဏီကြီး နှစ်ခုက ကာကွယ်ဆေးတီထွင်တဲ့နေရာမှာ Phase 3ကို အောင်မြင်သွားတယ်လို့ ဝမ်းသာစရာ ကြားလိုက်ရပါတယ်။ တခြားကာကွယ်ဆေးတွေကလည်း အနှေးနဲ့ အမြန်ဆိုသလို ဆက်တိုက်ထွက်လာကြတော့မှာပါ။ ဒီတိုင်းဆိုရင် မကြာခင် ကိုဗစ်ပြီးဆုံးတော့မှာပါ။ လက်ရှိမှာတော့ Pfizerနဲ့ BioNTechက ပူးပေါင်းပြီး ထုတ်တဲ့ ကာကွယ်ဆေးနဲ့ Modernaက ထုတ်တဲ့ ကာကွယ်ဆေးကတော့ အပြိုင်အဆိုင်နာမည်ကြီးနေပါတယ်။ ဒီနှစ်ခုရလဒ်တွေ ကောင်းရဲ့လား။ ဘာတွေ ကွာခြားချက်ရှိလဲဆိုတာကို လေ့လာကြည့်ရအောင်။ Pfizerနဲ့ BioNTechက ပူးပေါင်းပြီး ထုတ်တဲ့ ကာကွယ်ဆေး နိုဝင်ဘာလအစက Pfizerနဲ့ BioNTechက သူတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးက ၉၀ရာခိုင်နှုန်းနဲ့အထက် ကာကွယ်မှုပေးနိုင်တယ်ဆိုတာကို ကြေညာခဲ့ပါတယ်။ ဒါဟာ အဆင့်၃ […]


ကူးစက်ရောဂါများ

COVID-19 ကာကွယ်ဆေး တန်ကြေးက သေးပါ့မလား

ကမ္ဘာတစ်ဝှမ်း ကပ်ဘေးတစ်ခုအသွင် ပြန့်နှံ့နေတဲ့ COVID-19 ရောဂါကို ရပ်တန့်နိုင်ဖို့ တစ်ကမ္ဘာလုံးက လူသားတိုင်းက မျှော်လင့်နေပါတယ်။ ကာကွယ်ဆေးတွေ ဖန်တီးနိုင်ဖို့ နိုင်ငံတကာ ဆေးဝါးကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီးတော့ အားတက်ဖွယ်ရလဒ်မျိုးတွေမြင်တွေ့လာနေရပါတယ်။ လက်ရှိမှာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးသစ်နဲ့ Moderna ရဲ့ ကာကွယ်ဆေးသစ်တွေဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ၉၀%ကျော်အထိ ရလဒ်ကောင်းတွေ ထွက်ရှိခဲ့သလို ဘေးထွက်ဆိုးကျိုးလည်း မရှိခဲ့တာမို့ တရားဝင်ဆေးဝါးတွေဖြစ်လာဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေအပြင် AstraZeneca-Oxford ၊ Johnson & Johnson ၊ တရုတ်က CanSino Biologics၊ ဂျာမနီက CureVac၊ အစ္စရေးလ်က BriLife၊ အိန္ဒိယက Bharat Biotech နဲ့ ရုရှားက Dr Reddy’s-BIRAC တို့ရဲ့ ကြိုးပမ်းမှုတွေကလည်း ကာကွယ်ဆေးသစ်တွေထုတ်လုပ်နိုင်ဖို့ ပိုမိုပြီး နီးစပ်လာနေပါတယ်။ ဆေးဝါးသစ်တွေ […]


ကူးစက်ရောဂါများ

Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ

ကမ္ဘာပေါ်မှာ Covid-19ကြောင့် သေဆုံးသူဦးရေတွေ တစ်နေ့ထက်တစ်နေ့ များပြားလာတာနဲ့အမျှ ကိုယ်ဝန်ဆောင်မိခင် များအနေနဲ့ မိမိကိုယ်တိုင်ရော မွေးဖွားလာမယ့် ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်မေမေတွေ အမေးများတဲ့ မေးခွန်းလေးတွေအတွက် အဖြေများကို ဖော်ပြပေးလိုက်ပါတယ်။ Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေ သိထားသင့်လဲ (၁) ကိုယ်ဝန်ဆောင်မိခင် တွေက ကိုဗစ်ကူးစက်ခံရဖို့ အလားအလာများနေလား။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုဗစ်ကူးစက်နိုင်ချေ ပိုမိုများနေသလားဆိုတာကို သက်သေပြချက်များ မရှိသေးပေမယ့်လည်း ကမ္ဘာ့ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာကြီး (CDC)ရဲ့ ထုတ်ပြန်ချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ်ကူးစက်ခံရပါက ရောဂါလက္ခဏာတွေ ပိုမိုပြင်းထန်နိုင်တယ်လို့ သိရပါတယ်။ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန် ကိုဗစ်ကူးစက်ခံရပါက နောက်ဆက်တွဲဆိုးကျိုးတွေ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆို အထက်ပါ ဆိုးကျိုးတွေဖြစ်ဖို့ အလားအလာပိုများစေတာမို့လို့ ဂရုစိုက်သင့်ပါတယ်။ (၂) Covid-19 ဗိုင်းရပ်စ်ဟာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလ ဝိရောဓိများ

ကိုဗစ်ကာလမှာ ရောဂါပိုးကူးမှာကြောက်နေရတဲ့အတွက် တစ်ခုခုဆို ဒါလေး လုပ်လို့ရလား၊ ဟိုလိုလေးလုပ်ရင် ရောဂါကူးနိုင်လားဆိုပြီး တွေးတတ်ကြပါတယ်။ လူအများကြား သွားရပြီဆိုရင် ဘယ်လိုနေရင် ကိုယ့်အတွက် စိတ်အချရဆုံး ဖြစ်မလဲ၊ သူများကို မကူးအောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုပြီး စဉ်းစားလာရပါပြီ။ အထူးသဖြင့် ခုလို ဝိရောဓိဖြစ်စေနိုင်တဲ့ ကိစ္စတွေမှာပေါ့။ ကိုဗစ်ကာလ ခရီးသွားတဲ့အခါ ခုဆိုရင် ခရီးသွားလာဖို့က အရင်ကလောက် မတင်းကြပ်တော့ပါဘူး။ ပြည်တွင်းလေကြောင်းလိုင်းတွေကလည်း ဒီဇင်ဘာ တစ်ရက်ဆို ပြန်ပြီး ပြေးဆွဲတော့မှာပါ။ လက်ရှိမှာတော့ ခြွင်းချက်အနေနဲ့ ပြည်ပက ပြည်တွင်းသို့ ကယ်ဆယ်ရေး လေယာဉ်တွေ၊ ပြည်တွင်းအစိုးရကိစ္စအတွက် ပြေးဆွဲခြင်းတွေ ရှိနေပါတယ်။ ပြန်ပြီးခွင့်ပြုလို့ ပြည်တွင်းမှာ လေကြောင်းလိုင်းတွေနဲ့ သွားမယ်ဆိုရင် ကားတွေထက် မြန်မြန်ရောက်တာမှန်ပေမယ့် တစ်ဖက်ကလည်း စိတ်ချမှု ရှိပါ့မလားဆိုပြီး ပြန်တွေးနေမှာပါ။ မကြာဘူးဆိုပေမယ့် အလုံပိတ်လေယာဉ်ထဲမှာ နီးနီးကပ်ကပ်စီးရမယ်၊ ဒီ့မတိုင်ခင်လည်း လေဆိပ်မှာ တန်းစီရဦးမယ်ဆိုတော့ အန္တရာယ်ကင်းအောင် […]


ကူးစက်ရောဂါများ

ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်တွေထဲက မျိုးနွယ်စုတစ်ခုပါပဲ။ သူ့ရဲ့ မျက်နှာပြင်မှာ ဆူးချွန်လေးတွေ ရှိပြီး သရဖူ crownလေးတွေနဲ့ တူတာကြောင့် coronaလို့ ခေါ်တာပဲ ဖြစ်ပါတယ်။ လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်တွေကို ၁၉၆၀ နှစ်လယ်ပိုင်းလောက်မှာ စပြီးတွေ့ရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲများ ကိုရိုနာဗိုင်းရပ်စ်မှာ အယ်ဖာ၊ ဘီတာ၊ ဂါမာဆိုပြီး မျိုးစိတ်၃ခုရှိပါတယ်။ ဒီကနေမှ မျိုးကွဲတွေ အများကြီး ဖြစ်လာပါတယ်။ လူကိုကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကတော့ ၇ခုရှိပါတယ်။ 229E (alpha coronavirus) NL63 (alpha coronavirus) OC43 (beta coronavirus) HKU1 (beta coronavirus) MERS-CoV SARS-CoV SARS-CoV-2 စတာတွေပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ဖြစ်စေတဲ့ ရောဂါများ ဒီကိုရိုနာဗိုင်းရပ်စ်၇မျိုးမှာ ပထမ၄မျိုးက အတွေ့ရများတဲ့ အမျိုးအစားတွေပါ။ အတွေ့ရများပြီး […]


ကူးစက်ရောဂါများ

COVID-19ကြောင့် သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာနိုင်သလား။

ကိုဗစ်ရောဂါဖြစ်လာတာ ခုဆို တစ်နှစ်နီးပါးလောက် ရှိပြီဆိုတော့ သူ့အကြောင်းကို ပိုပိုပြီး သိလာပါပြီ။ အရင်ကတော့ COVID-19ဖြစ်ပြီဆိုရင် အဆုတ်လောက်သာထိခိုက်မယ်လို့ ထင်ထားကြပေမယ့် အချိန်ကြာလာလေလေ COVID-19ရဲ့ အဖျက်စွမ်းအားတွေကို ပိုတွေ့လာရလေပါပဲ။ ရှေ့က သူ့နောင်တော် ဆားလ်စ်တို့ မားလ်စ်တို့ထက် ပိုပြင်းထန်တယ်လို့တောင် ပြောလို့ရပါတယ်။ ပိုးကူးခံရပေမယ့် ဘာလက္ခဏာမှ မပြတဲ့သူလည်း ရှိသလို လက္ခဏာပြတဲ့သူလည်း ရှိပါတယ်။ လက္ခဏာ ပြတာတောင် တချို့က သာမန်၊ တချို့က ဆိုးဆိုးရွားရွား။ လူကြီးတွေ၊ ရောဂါအခံတွေ ရှိတဲ့သူတွေပဲ အရေးတကြီးဂရုစိုက်မယ်လို့ ထင်ပေမယ့် လူလတ်ပိုင်းမှာလည်း ကြွေလွင့်သွားတဲ့သူတွေ ရှိနေတာပဲ။ ကိုဗစ်ရဲ့ မာယာတွေပေါ့။ ဒီလိုပဲ တစ်ခါတလေတော့လည်း မထင်ထားတဲ့ လက္ခဏာတွေနဲ့ လာတာမျိုးလည်း ရှိပါတယ်။ ဥပမာ တစ်ခုလောက် ပြောရမယ်ဆိုရင် လူနာတစ်ယောက်က လေဖြတ်တဲ့ လက္ခဏာနဲ့ ဆေးရုံကို ရောက်လာတယ်။ ဘာရောဂါအခံမှ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း