ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်လူနာများမှာ တွေ့ရတတ်တဲ့ မှိုစွဲရောဂါ

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဒုတိယလှိုင်းတုန်းက ကိုဗစ်လူနာတွေမှာ မှိုစွဲရောဂါ အတွေ့များခဲ့တယ်ဆိုတာ သတင်းတွေမှာ တွေ့လိုက်မှာပါ။ မြန်မာနိုင်ငံမှာလည်း ဒီတတိယလှိုင်းမှာ ကိုဗစ်လူနာတွေ များခဲ့ပါတယ်။ ဒါပေမယ့် မှိုစွဲတာတော့ သိပ်မကြားမိပါဘူး။ ဒီရောဂါက ဖြစ်လာရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တာ၊ အသက်သေနိုင်တဲ့အထိ အန္တရာယ် ရှိတာကြောင့် သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ မှိုစွဲရောဂါဆိုတာ ကိုဗစ်မှာ အတွေ့ရရများတဲ့ မှိုစွဲရောဂါဆိုတာ Mucormycosisကို ခေါ်တာပါ။ Black fungusလို့လည်း ခေါ်ပါတယ်။ အဖြစ်နည်းပါတယ်။ ဖြစ်လာရင်လည်း သေနိုင်သည်အထိ ပြင်းထန်ပါတယ်။ မြေကြီးတွေ၊ အစိုပြန်နေတဲ့ ပစ္စည်းတွေ၊ သစ်ဆွေးတုံးတွေမှာ အများကြီး တွေ့ရပါတယ်။ လေထဲကနေလည်း ရှူမိပြီး ကူးနိုင်ပါတယ်။ သာမန်လူတွေမှာ ဖြစ်ခဲပါတယ်။ ကိုယ်ခံအားကျတဲ့ လူနာတွေမှာတော့ တွေ့ရတတ်ပါတယ်။ အိန္ဒိယနိုင်ငံက မှိုစွဲရောဂါ ကိုဗစ်မှာ ဘာကြောင့် မှိုစွဲရောဂါကို ပိုတွေ့ရတာလည်း။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ဆိုးဆိုးရွားရွား တွေ့ခဲ့ရပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း

ကိုရိုနာ ဗိုင်းရပ်စ်က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းစနစ်ကို အဓိက တိုက်ခိုက်တာပါ။ ဒါကြောင့်လည်း ကိုဗစ်ကို ခံစားရသူတွေမှာ အောက်ဆီဂျင် ကျတာတွေဖြစ်တာပေါ့။ ကိုဗစ်ကြောင့် အောက်ဆီဂျင် ကျတာကို ဖြေရှင်းဖို့ လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတစ်ခုကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာပါ။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ လုပ်တာက ကြွက်သားတွေကို သန်မာစေသလို အသက်ရှူ လေ့ကျင့်ခန်း လုပ်တာကလည်း အဆုတ်တွေကို သန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အခုပြောပြမယ့် လေ့ကျင့်ခန်းလေးတွေက ကိုဗစ် မဖြစ်သူတွေမှာရော၊ ကိုဗစ် ဖြစ်နေသူတွေမှာပါ လုပ်လို့ရပါတယ်။ ကိုဗစ်ကနေ ပြန်လည် သက်သာလာသူတွေအနေနဲ့လည်း အခုပြောပြတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ ရပါတယ်။ ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း အသက်ရှူလေ့ကျင့်ခန်းက အဆုတ်တွေကို သန်မာစေပြီး အောက်ဆီဂျင် ပမာဏကို ကောင်းမွန်စေနိုင်ပါတယ်။ ကဲ ..... အသက်ရှူ လေ့ကျင့်ခန်းလေးတွေကို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် Antibody ထွက်ရင် စိတ်ချရပြီလား။

ကိုဗစ် တတိယလှိုင်း ငြိမ်စ ပြုလာပြီ။ ဖြစ်တဲ့ သူတွေကလည်း ပြန်ကောင်းလာပြီဆိုတော့ တချို့က ကိုယ်ခံအား ထွက်ပြီလား မသိဘူးဆိုပြီး Antibody ဖောက်စစ်တတ်ကြပါတယ်။ Test kitလေးတွေနဲ့ စစ်ပြီး Ig G ထွက်ပြီ၊ Ig Mထွက်ပြီ စသဖြင့်ပြောလေ့ရှိပါတယ်။ ဒီလိုအဖြေတွေ ထွက်ရင် စိတ်ချရပြီလား။ အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ်နေလို့ရပြီလား ဆိုတာကို ပြောပြပေးပါမယ်။  Antibody ဆိုတာ ဘာလဲ။ Antibodyဆိုတာ ရောဂါပိုးဝင်လာတဲ့အခါ ခန္ဓာကိုယ်က ခုခံပြီး တိုက်ထုတ်ပေးတဲ့ ပစ္စည်းတွေလို့ အလွယ်မှတ်ထားလို့ရပါတယ်။ ဒီပရိုတင်းတွေက ရောဂါပိုးကို မှတ်ထားတာကြောင့် နောက်တစ်ခါ ဝင်လာရင် အလွယ်တကူ တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီး ပြောရရင် ကိုဗစ်ပိုးကူးခံရပြီး ရက်ပိုင်းကနေ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ Antibodyထွက်လာပါတယ်။ ဒါပေမယ့် သွေးထဲမှာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် လူနာစောင့် တွေ စိတ်ဖိစီးမှု သက်သာစေဖို့

ကိုဗစ်ဖြစ်ရင် လူနာတစ်ယောက်ပဲ ခံစားရတာ မဟုတ်ပါဘူး။ သူ့ကို စောင့်ရှောက်ပေးရတဲ့  လူနာစောင့်  ကလည်း ထပ်တူ ပင်ပန်းပါတယ်။ လူနာက စကားနားမထောင်ရင်ဖြစ်ဖြစ်၊ ဂရုစိုက်နေရဲ့သားနဲ့ ဆုံးပါးသွားရင်ဖြစ်ဖြစ် ပိုပြီး ခံစားရပါတယ်။ ဒါ့ပြင် လူနာစောင့်ရင်းနဲ့ ပြဿနာပေါင်းစုံလည်း သူတို့မှာ ကြုံရပါတယ်။ ဒါတွေကို ခံနိုင်ရည်ရှိအောင် ဘယ်လိုများ ပြင်ဆင်ထားကြမလဲ။ ကိုဗစ်ကာလ လူနာစောင့် တွေ ကြုံရနိုင်တဲ့ အခက်အခဲများ ကိုယ်ခွဲမရှိတာ ကိုဗစ်လူနာကို ပြုစုဖို့ အနားမှာ တစ်ယောက်ပဲ ထားတာ အကောင်းဆုံးပါ။ လူများများ ပြုစုလေ၊ များများကူးစက်လေ၊ ကူးခံရတဲ့သူတွေပါ နားရမယ်ဆိုရင် လူမရှိတော့ဘဲ နေမှာပါ။ ဒါကြောင့် အနီးကပ် တစ်ယောက်တည်း ပြုစုတာ ကောင်းပါတယ်။ ဒါပေမယ့် တစ်အိမ်တည်းမှာ လူနာ ၂ယောက်၊ ၃ယောက် ဖြစ်လာတဲ့အခါ လူခွဲလည်း မရှိတဲ့အခါ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီး ထွက်တဲ့ antibodies ဘယ်လောက်ခံလဲ.......

တစ်ကမ္ဘာလုံးက ကိုဗစ်ကို ခုခံလာရတာက နှစ်ချီကြာနေပါပြီ။ ဒီကာလအတွင်းမှာ သုတေသီတွေက ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ အများကြီး လုပ်ဆောင်နေသလို ကာကွယ်ဆေးတွေလည်း ကြိုးပမ်းထုတ်လုပ်နေပါတယ်။ ဒါ့အပြင် ကိုဗစ်ဖြစ်ပြီး ထွက်တဲ့ antibodies ဘယ်လောက်ခံလဲ....... ဆိုတာကိုလည်း လေ့လာနေပါတယ်။ ဒါဆို ကိုဗစ် ကူးစက်ခံရပြီးလို့ ထွက်လာတဲ့ antibody က ခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ကြာကြာခံလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး လေ့လာမှုရဲ့ ရလဒ်ကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားပါတယ်။ ကိုဗစ်ဖြစ်ပြီး ထွက်တဲ့ antibodies ဘယ်လောက်ခံလဲ....... ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာသူတွေအနေနဲ့ ကိုဗစ်ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအား ထွက်လာပါတယ်။ ဒီကိုယ်ခံအားက ခန္ဓာကိုယ်မှာ ၈ လလောက်အထိ ရှိနေနိုင်ပြီး ဒီကာလထက်လည်း ပိုကြာနိုင်ပါတယ်။ ဒီကာလ အတိုင်းအတာက တစ်ယောက်နဲ့ တစ်ယောက်မှာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်က ပြန်လည်ကျန်းမာလာသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာတဲ့အခါမှာလည်း ကျန်းကျန်းမာမာ ပြန်ဖြစ်လာဖို့အတွက် အိပ်ရေးဝအောင် အိပ်တာ၊ အာဟာရပြည့်ဝအောင် စားတာ၊ အစားကို အချိန်မှန်မှန် စားတာတွေ လုပ်ဆောင်ဖို့ လိုသလို လေ့ကျင့်ခန်းများ ကိုလည်း လုပ်ဆောင်ပေးဖို့ လိုပါမယ်။ လေ့ကျင့်ခန်း ဆိုတဲ့ နေရာမှာ ပြင်းပြင်းထန်ထန် မလုပ်မိဖို့ လိုပါမယ်။ ဒီတော့ ကိုဗစ်က သက်သာလာတဲ့အခါ ကျန်းမာကြံ့ခိုင်စေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းများ က ဘာတွေဖြစ်မလဲ။ ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ ကိုဗစ်က ပြန်လည်ကျန်းမာလာသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ ကိုဗစ်က ပြန်လည်ကျန်းမာလာသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေက ဘာတွေ ဖြစ်မလဲ။ ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာချိန်မှာ အလေးမတာ၊ ဒိုက်ထိုးတာ၊ gym ဆော့တာလိုမျိုး ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေကို မလုပ်သင့်ပါဘူး။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာက ကိုဗစ်ကနေ သက်သာလာသူတွေမှာ ကျန်းမာရေး […]


ကိုရိုနာဗိုင်းရပ်စ်

Spirometer ကို ဘယ်လို အသုံးပြုကြမလဲ။

ကိုဗစ်ဖြစ်ပြီးတဲ့လူနာတွေမှာ နာလန်ထလာပြီဆိုရင် လေ့ကျင့်ခန်း လုပ်ဖို့ အကြံပေးလေ့ရှိပါတယ်။ ကိုဗစ်က အဆုတ်ကို ထိတာဆိုတော့ ကိုဗစ် ဖြစ်ပြီးရင် အနည်းနဲ့ အများတော့ အဆုတ်မှာ ဒဏ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆုတ်လေ့ကျင့်ခန်းလည်း လုပ်ရပါမယ်။ ခုခေတ်စားနေတဲ့ Spirometer နဲ့ ဘယ်လို လေ့ကျင့်ရမလဲဆိုတာ ပြောပြပေးပါမယ်။ Spirometer ဆိုတာ Spirometer က ခုမှ ပေါ်တဲ့ ပစ္စည်းမဟုတ်ပါဘူး။ ဟိုးအရင်ထဲက အဆုတ်ဝေဒနာရှင်တွေ၊ ခွဲစိတ်ပြီး အိပ်ရာထဲမှာ အကြာကြီး လှဲနေရတဲ့ လူနာတွေမှာ အဆုတ်ကျန်းမာဖို့ လုပ်ရတဲ့ လေ့ကျင့်ခန်းထဲမှာ Spirometer လည်း ပါပါတယ်။ နေပြန်ကောင်းလို့ ဆေးရုံက ဆင်းရတော့မယ်ဆိုရင်တောင် Spirometerလေးနဲ့ အိမ်မှာ လေ့ကျင့်ခန်း ဆက်လုပ်ခိုင်းလေ့ရှိပါတယ်။ Spirometerက ဘာကို တိုင်းတာပေးသလဲ။ Spirometerတပ်ပြီး လေရှူသွင်းလိုက်ရင် ဘောလုံးလေး အပေါ်ကို တက်သွားတာ တွေ့ရမှာပါ။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေး နဲ့ မေးခွန်းများစွာ

ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရနေပြီဆိုတော့ ကာကွယ်ဆေး ထိုးတာနဲ့ပတ်သက်လို့ သိချင်နေမယ့် မေးခွန်းတွေလည်း အများကြီးရှိ နေနိုင်ပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိချင်နေလောက်မယ့် မေးခွန်းလေးတွေကို ဆောင်းပါးလေးထဲကနေတဆင့် ဖြေပေးလိုက်ပါတယ်။ (၁) ကလေးတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား...... ဟုတ်။ ထိုးလို့ ရပါတယ်။ ကလေးက အသက် ၁၂ နှစ် နဲ့အထက် ဖြစ်မယ်ဆိုရင် Pfizerကာကွယ်ဆေး ထိုးလို့ ရပါပြီ။ ၁၂ နှစ်အောက် ကလေးတွေမှာရော ကာကွယ်ဆေးက ထိရောက်မှု ရှိမလားဆိုတာကို လိုအပ်တဲ့ သုတေသနပြုမှုတွေ လုပ်ဆောင်နေပါတယ်။ (၂) COVID-19 ကာကွယ်ဆေးက ကလေးတွေအတွက် စိတ်ချရရဲ့လား...... အခုထိ လုပ်ဆောင်ပြီးသမျှ လေ့လာမှုတွေအရကတော့  Pfizer COVID-19 ကာကွယ်ဆေးက ကလေးတွေမှာလည်း စိတ်ချရပါတယ်။ ကာကွယ်ဆေး ဆိုတာမျိုးက လူတွေကို မထိုးပေးခင်မှာ အမျိုးမျိုးသော စမ်းသပ်မှုတွေကို လုပ်ဆောင်ထားပြီးသားပါ။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် အပြင်ပြန်ထွက်လို့ ရပြီလဲ။

ကိုဗစ်ကူးခံထားရင် အိမ်မှာ ၂ပတ်တန်သည်၊ ၃ပတ်တန်သည် နားရမယ်။ လူတွေနဲ့ ဝေးဝေးနေရမယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် တိတိကျကျတော့ သိကြမယ် မထင်ပါဘူး။ ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် အပြင်ပြန်ထွက်ပြီး လူကြားထဲ သွားလို့ရမှာလဲ။ မိသားစုနဲ့အတူ ပြန်နေလို့ ရမှာလဲ။ ဆေးတွေပြန်စစ်စရာ လိုသေးလားဆိုတာ ပြောပြပေးပါမယ်။ ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် အပြင်ပြန်ထွက်လို့ ရပြီလဲ။ ကိုဗစ်ဖြစ်ပြီး အပြင်ပြန်ထွက်မယ်ဆိုရင် ၂ချက်ကို စဉ်းစားဖို့ လိုပါတယ်။ ကိုယ်သက်သာပြီလား။ ကိုယ့်ဆီကနေ သူများကို ကူးနိုင်သေးလား ဆိုတာပါ။ အကြမ်းအားဖြင့်တော့ -သာမန်နဲ့ မပြင်းထန်ဆို လက္ခဏာ စပေါ်တာကနေ ၁၁ရက် -ပြင်းထန်ဆို လက္ခဏာစပေါ်တာကနေ ၂၁ရက်လို့ သတ်မှတ်ထားပါတယ်။ ဒီရက်တွေကျော်ရင် ကိုယ်ထဲမှာ ရှိတဲ့ ဗိုင်းရပ်စ်က သူများကို ကူးလောက်အောင် အားမရှိတော့တဲ့အတွက် ဒီလို သတ်မှတ်ထားတာပါ။ တစ်ခုရှိတာက ရက်ပြည့်တဲ့အခါ လက္ခဏာလည်း သက်သာနေရပါမယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီးရင် ရာသီထိမ် သွားတတ်သလား။

ကိုဗစ်ဖြစ်ပြီးရင် လူနာက ချောင်းဆိုးကျန်ခဲ့တယ်၊ မောတာ ကျန်ခဲ့တယ်၊ နုံးနေတုန်းပဲလို့ ပြောကြသလို အမျိုးသမီးတွေဆီကလည်း ကိုဗစ်ဖြစ်ပြီးတဲ့အချိန်မှာ ရာသီထိမ် သွားတယ်ဆိုတဲ့ ပြဿနာတွေ ပြန်ကြားရပါတယ်။ ကိုဗစ်က ရာသီကို ထိမ်စေနိုင်သလား။ ကိုဗစ်နဲ့ ရာသီထိမ် ခြင်း ကိုဗစ်နဲ့ ရာသီစက်ဝန်းနဲ့ တိုက်ရိုက် သက်ဆိုင်မှု ရှိမရှိဆိုတာကတော့ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ကိုဗစ်ကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုကတော့ ရာသီကို ထိမ်စေနိုင်ပါတယ်။ ကိုဗစ်ရောဂါ ခံစားနေရတဲ့ အမျိုးသမီးက သာမန်ထက်တော့ စိတ်ဖိစီးနေမှာ အမှန်ပါပဲ။ ဒီအခါမှာ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်တဲ့ ဦးနှောက်ထဲက hypothalamic pituitary adrenal (HPA) axis ကို သက်ရောက်မှု ရှိစေပါတယ်။ စိတ်ဖိစီးနေတဲ့ အချိန်မှာ HPA axisကနေ ကော်တီစောဟော်မုန်းကို ထုတ်ပါတယ်။ တစ်ခါတလေမှ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း