ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

နေမကောင်းဖြစ်ရင် ပါးစပ်ပျက်တာ၊ နုံးပြီး စားချင်သောက်ချင်စိတ် မရှိတာ ဖြစ်တတ်ပါတယ်။ ကိုဗစ်မှာတော့ ဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ခုခံအားနဲ့ အဓိကထားပြီး တိုက်ခိုက်နေရတာ ဖြစ်တဲ့အတွက် ကိုဗစ်လူနာ တွေက အာဟာရပျက်လို့ မရပါဘူး။ မရတဲ့အပြင် လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝရအောင် တိုးကျွေးသင့်ရင် ကျွေးရပါမယ်။ လူနာတွေကို ကြက်စွပ်ပြုတ်လေးတိုက်လိုက်၊ ဆန်ပြုတ်လေး တိုက်လိုက် လုပ်မယ့်အစား တိတိကျကျ ဘာတွေကို ဘယ်လောက်ပမာဏ ကျွေးရမလဲ။ ဘယ်လိုကျွေးရင် လူနာစားဖို့ ပိုအဆင်ပြေမလဲဆိုတာ အကြံဉာဏ်ပေးပါ့မယ်။ ကိုဗစ်လူနာ တွေမှာ အာဟာရပြည့်ဝဖို့ ဘာကြောင့် အရေးကြီးတာလဲ။ ခန္ဓာကိုယ်ထဲကို ရောဂါပိုးတစ်ခုခု ဝင်လာပြီဆိုရင် ခုခံအားက ပြန်လည်တိုက်ထုတ်တဲ့အတွက် ကိုယ်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဥပမာ ဖျားတယ်ဆိုတာကလည်း ရောဂါပိုးကို တိုက်ထုတ်နည်းတစ်မျိုးပါပဲ။ လူနာက ဖျားပြီဆိုရင် အပူချိန်တက်လာတဲ့အတွက် […]


ကိုရိုနာဗိုင်းရပ်စ်

မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ

အိမ်ထောင်စု တစ်စုမှာ ဘေဘီလေး ရောက်ရှိလာခြင်းက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ရပ်ပါ။ ဘေဘီလေးဆိုတာ တစ်အိမ်လုံးရဲ့ ချစ်မဝတဲ့ သူတွေပါ။ ဒီလိုကာလမှာ ဘေဘီလေး တစ်ယောက် မွေးဖွားလာတဲ့အခါ အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုဗစ်ဆိုတဲ့ ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေလို့ပါပဲ။ ဒီတော့ ဘေဘီလေး ရောက်ရှိလာတာကြောင့် ပျော်ရွင်နေရတဲ့ အပျော်လေးတွေ ပျောက်မသွားစေဖို့အတွက် မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ ။ ဘေဘီလေးက ကိုဗစ် ဖြစ်နိုင်လား......... ဘေဘီလေးတွေက လူကြီးတွေလို ရောဂါလက္ခဏာ မပြင်းထန်ပေမယ့် လုံးဝ မကူးစက်တာမျိုး မဟုတ်ပါဘူး။ ဘေဘီလေးတွေရဲ့ ကိုဗစ်ကူးစက်ခံရနိုင်ခြေက အယောက် ၁၀၀၀ မှာ ၂၅ ဦးလောက် ရှိပါတယ်။ ဘေဘီလေးတွေရဲ့ ကိုယ်ခံအားက ဖွံ့ဖြိုးဆဲ ဖြစ်တာကြောင့် လူကြီးတွေလို […]


ကိုရိုနာဗိုင်းရပ်စ်

စောင့်ကြည့်စာရင်းထဲပါလာတဲ့ ကိုဗစ်မျိုးဗီဇအသစ် "မျူ"

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်နေ့က WHOက Mu "မျူ" ဆိုတဲ့ ကိုဗစ်မျိုးဗီဇအသစ်ကို VOI (Variant of Interest) စောင့်ကြည့်စာရင်းထဲကို ထည့်ခဲ့ပါတယ်။ သူကရော ဘာတွေ ထူးခြားနေပြီလဲ။ VOI (Variant of Interest) ဆိုတာ WHOမှာ ကိုဗစ်မျိုးဗီဇအသစ်တွေနဲ့ ပတ်သက်ပြီး စာရင်းနှစ်ခုရှိပါတယ်။ VOI (Variant of Interest) စောင့်ကြည့်စာရင်းနဲ့ VOC (Variant of Concern) စိုးရိမ်ရတဲ့ စာရင်းပါ။ VOC (Variant of Concern) စိုးရိမ်ရတဲ့ စာရင်းမှာ ပါဖို့ဆိုရင် ဗီဇပြောင်းမျိုးစိတ်က -ကူးစက်နှုန်းမြန်ရမယ်။ ရောဂါပြင်းထန်ရမယ်။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိနေရမှာပဲ ဖြစ်ပါတယ်။ -လက်ရှိ VOCစာရင်းမှာ အယ်ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ ဒယ်တာဆိုပြီး ၄ခုရှိထားပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

ကိုဗစ် ခံစားရသူတွေမှာ မေ့တတ်လာတာ၊ အာရုံစိုက်နိုင်စွမ်း ကျလာတာတွေ ခံစားကြရတာမျိုး ရှိပါတယ်။ ဒီလို ပြဿနာတွေ ခံစားရတဲ့အခါ ဦးနှောက်စွမ်းဆောင်ရည် ပြန်လည် မြင့်တက်လာစေဖို့ စားပေးရမယ့် အစားအစာလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေက ဘာတွေများ ဖြစ်မလဲ....... ကိုဗစ်က ဦးနှောက် ကို ထိခိုက်စေသလား........ ပုံမှန်အားဖြင့်ကတော့ ကိုဗစ်က အဆုတ်ကို ထိခိုက်စေတယ်လို့ပဲ သိထားတာပါ။ တကယ်ကတော့ ကိုဗစ်က အဆုတ်ကိုတင် မဟုတ်ဘဲ နှလုံး၊ ဦးနှောက် အပါအဝင် အခြား အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတယ်။ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ ဦးမှာ ၁ ဦးက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ အာရုံကြောဆိုင်ရာ ထိခိုက်မှုတွေ ရှိသလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေတာမျိုးတွေ ရှိပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်က ဦးနှောက် တစ်ရှူးတွေနဲ့ အာရုံကြောတွေကို တိုက်ရိုက် ထိခိုက်စေသလားဆိုတော့ […]


ကူးစက်ရောဂါများ

ကိုဗစ်ရှိ နေတာ မသိဘဲ ကာကွယ်ဆေးထိုးလိုက်မိပြီလား။

ကိုဗစ်ရှိ နေရင် ကာကွယ်ဆေးမထိုးနဲ့ဦး။ ကိုဗစ်လက္ခဏာတွေ ခံစားရရင် သွားမထိုးနဲ့။ ရက်ပြည့်အောင် စောင့်ဆိုပြီး ဆရာဝန်တွေက မှာလေ့ရှိပါတယ်။ ဒါပေမယ့် မာယာများတဲ့ ကိုဗစ်က အမြဲတမ်း လက္ခဏာ ပြတာ မဟုတ်ဘူးလေ။ တစ်ခါတလေ အရင်ရက်တွေက ကိုဗစ်ရှိနေတာ သတိမထားမိဘဲထိုး၊ ထိုးပြီးနောက်ရက်ကျဖျားလို့ စစ်လိုက်မှ ကိုဗစ်ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ဒီလိုမျိုး ကိုဗစ်ရှိ နေတာ မသိလိုက်ဘဲ ဆေးထိုးမိတယ်ဆို ဘာဖြစ်သွားနိုင်လဲ။  ကိုဗစ်ရှိ နေတာ မသိဘဲ ကာကွယ်ဆေးထိုးလိုက်မိရင် ဘာဖြစ်မလဲ။ အန္တရာယ်ဖြစ်သွားနိုင်လားဆိုပြီး စိုးရိမ်နေတဲ့သူတွေ ရှိမှာပါ။ လက်ရှိအချိန်ထိတော့ ခန္ဓာကိုယ်ထဲက ကိုဗစ်ဗိုင်းရပ်စ်နဲ့ ကာကွယ်ဆေးနဲ့ ဓာတ်ပြုသွားတယ်ဆိုတာမျိုး မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဒါက လက္ခဏာပြနေလား၊ ရောဂါပြင်းထန်လားဆိုတာပေါ်လည်း မူတည်နိုင်ပါတယ်။ တချို့လေ့လာချက်တွေမှာတော့ ကိုဗစ်ရှိတဲ့သူ ကာကွယ်ဆေး ထိုးမိပေမယ့်လည်း အန္တရာယ်ဖြစ်သွားတာ၊ ကာကွယ်ဆေးရဲ့ အာနိသင်ကို ထိခိုက်တာမျိုး […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါ ဘာတွေစားမလဲ ............

လူတော်တော်များများက ကိုဗစ်ကို မဖြစ်အောင် ကာကွယ်ကြပေမယ့် ကူးစက်မှုတွေ မြင့်တက်လာတာ ကူးစက်နှုန်းတွေ မြန်လာတာကြောင့် ကိုဗစ်ကို ခံစားရသူ အရေအတွက်ကလည်း တိုးလာပါတယ်။ ကိုဗစ် ကူးစက်ခံရတဲ့အခါ ရောဂါ ပြင်းထန်တဲ့အလျောက် ကိုယ်တွင်းမှာ ရောင်ရမ်းမှုတွေ ကို ခံစားရပါတယ်။ ဒါကို ကိုဗစ်ကြောင့် ရောင်ရမ်းမှု လို့ ခေါ်ပါတယ်။ ဒီလို ရောင်ရမ်းမှုတွေက အသက်ရှူရခက်စေပြီး အဆုတ်ကို ရေရှည် ထိခိုက်သွားတာမျိုး ဖြစ်စေနိုင်ကလို အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို လျှော့ချဖို့နဲ့ ပြန်လည် ကျန်းမာလာစေဖို့အတွက် အချို့သော အစားအစာတွေကို စားသုံးပေးဖို့ လိုပါမယ်။ ဒီလို စားသုံးမှုက ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး မြန်မြန် နလန်ထစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ရောင်ရမ်းမှုကို သက်သာစေဖို့ စားပေးသင့်တဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့ အမှန်အမှားများ

ကိုဗစ် ကာကွယ်ဆေး ထိုးမယ်ဆို ဆေးအကြောင်းတင် မကပါဘူး။ ဆေးနဲ့ ပတ်သက်တဲ့ မဟုတ်တဲ့ သတင်းကိုပါ သိထားသင့်ပါတယ်။ မရှင်းတာရှိရင်လည်း မထိုးခင်မှာ ဆရာဝန်ကို သေချာ မေးမြန်းသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဆေးထိုးပြီးရင် ဒါတွေ ဖြစ်တတ်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ကာကွယ်ဆေး မထိုးလိုက်ရရင် ကိုယ်ပဲ နစ်နာသွားနိုင်ပါတယ်။ ကိုဗစ် ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့ အမှန်အမှားများ ကိုဗစ်ကာကွယ်ဆေးမှာ မိုက်ခရိုချစ်တွေ ပါတယ်။ ကိုဗစ်ကာကွယ်ဆေးက ရောဂါကာကွယ်ဖို့ပဲ ထုတ်ထားတာပါ။ လူတွေကို စုံစမ်း ထောက်လှမ်းဖို့ မဟုတ်ပါဘူး။ ကာကွယ်ဆေးမှာ ခုခံအားကို ထွက်စေတဲ့ ပစ္စည်းတွေပဲ ပါပါတယ်။ ဒီလို ပစ္စည်းတွေ မပါပါဘူး။ ကာကွယ်ဆေးထိုးပြီးရင် ရောဂါပိုး ကူးထားသလိုပဲ ခုခံအား ရအောင် ထုတ်လုပ်ထားတာပါ။ ကိုဗစ်ကာကွယ်ဆေးက သံလိုက်ဆက်ကွင်းကို ဖြစ်စေတယ်။ ကိုဗစ်ကာာကွယ်ဆေးထိုးလို့ သင့်မှာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေးထိုး ပြီး ကိုဗစ်ဖြစ်ကြတာ ဘာကြောင့်လဲ။

ကိုဗစ်ကာကွယ်ဆေးထိုး ပြီး မကြာသေးဘူး။ ကိုဗစ်ဖြစ်လို့ဆိုတာတွေ မကြာခဏ ကြားကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေက အာနိသင်ကောင်းတာကြောင့် ရောဂါကို ကာကွယ်နိုင်စွမ်းပဲ ရှိတာပါ။ ရောဂါ ဖြစ်စေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုတွေ ကြားလာရတဲ့အခါကျတော့ နောက်ထိုးမယ့်သူတွေက သို့လော သို့လော ဖြစ်သွားနိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုး ပြီး ကိုဗစ်ဖြစ်ကြတာ ဘာကြောင့်လဲ။ ကာကွယ်ဆေးထိုးတယ် ရက်ပိုင်းလောက်လည်း နေရော။ ဖျားတယ်၊ အနံ့ပျောက်တယ်။ စစ်ကြည့်လိုက်တော့ ကိုဗစ်။ ဒီလို ဖြစ်နေတာ ဘာကြောင့်လဲ။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကာကွယ်ရေး နည်းလမ်းတွေကို မလိုက်နာတာ ကာကွယ်ဆေးက တစ်လခြား ၂ခါထိုး၊ ၂ခါပြည့်ပြီး ၁၄ရက်နေမှ ကာကွယ်နိုင်တဲ့ ခုခံအား ရတာပါ။ ပထမတစ်ခါ ထိုးပြီးရုံနဲ့ မရပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ထိုးပြီးပြီဆိုပြီး နှာခေါင်းစည်း မတပ်တာ၊ လူတွေနဲ့ နီးနီးကပ်ကပ်နေတာတွေ လုပ်မိတတ်ပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

နှာခေါင်းစည်း နှစ်ထပ် တပ်မယ်ဆိုရင်

ကိုဗစ်ကာလမှာ နှာခေါင်းစည်း တပ်တာက အမြဲတမ်း အရေးပါနေမှာပါ။ ကိုဗစ်ဖြစ်ပြီးသားပဲ ဖြစ်ဖြစ်၊ မဖြစ်ရသေးတဲ့သူပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေး ထိုးထားတဲ့ သူပဲ ဖြစ်ဖြစ် နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေတာကို လိုက်နာရဦးမှာပါ။ လေ့လာချက်အသစ်တွေအရ နှာခေါင်းစည်းကို  အရင်လို တစ်ထပ် မဟုတ်ဘဲ နှစ်ထပ်တပ်တာက ပိုကောင်းပါတယ်တဲ့။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာကြောင့် နှာခေါင်းစည်းနှစ်ထပ် တပ်သင့်တာလဲ။ အမေရိကန် CDCရဲ့ လေ့လာချက်အရ နှာခေါင်းစည်းနှစ်ထပ်တပ်တာက တစ်ထပ်တည်း တပ်တာထက် ကာကွယ်နိုင်စွမ်း ပိုကောင်းတယ်လို့ ဆိုပါတယ်။ သူတို့က နည်း၂နည်းနဲ့ စမ်းသပ်ခဲ့ပါတယ်။ ပထမတစ်နည်းက ချောင်းဆိုးတဲ့နည်းပါ။ စမ်းသပ်ခန်းထဲမှာ အပြင်မှာ လူတွေ ချောင်းဆိုးသလိုမျိုးနဲ့ ၃ခု စမ်းသပ်ခဲ့ပါတယ်။ -အဝတ် နှာခေါင်းစည်းတစ်ထပ်တည်း -ရိုးရိုး နှာခေါင်းစည်း(Surgical mask) တစ်ထပ်တည်း -ရိုးရိုး နှာခေါင်းစည်း ပေါ်ကနေ အဝတ် နှာခေါင်းစည်းတပ်ပြီး နှစ်ထပ် ဒီလို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်အတွက် အိမ်သုံးဆေး နည်းများ

ကိုဗစ်ဖြစ်တဲ့သူတိုင်းကတော့ ပြင်းထန်ကြတာ မဟုတ်ပါဘူး။ အများစုက သာမန်လက္ခဏာလောက်ပဲ ခံစားရပြီး နေပြန်ကောင်းသွားကြပါတယ်။ ဒီလို မပြင်းထန်တဲ့ အခြေအနေဆိုရင် အိမ်မှာပဲ ကိုယ့်ဟာကိုယ် ဆေးဝယ်သောက်ပြီး သက်သာအောင် နေလို့ ရပါတယ်။ ကိုဗစ်က ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ခုခံအားကို အားကိုးပြီး တိုက်ရမှာပါ။ ခုဆောင်းပါးမှာ ပြောပြမယ့် ဆေးတွေက ခံစားနေရတဲ့ လက္ခဏာ သက်သာအောင် သောက်ပေးနိုင်တဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။ ဆေးဆိုင်မှာ ဆရာဝန်ညွှန်ကြားချက် မလိုဘဲ အလွယ်တကူ ဝယ်သောက်နိုင်တဲ့ အိမ်သုံးဆေး တွေပဲ ဖြစ်ပါတယ်။ ကိုဗစ်လက္ခဏာများနဲ့ အိမ်သုံးဆေး နည်းများ ဖျားရင် ဖျားရင် ပါရာစီတမော သောက်ပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား သူဆိုရင် ပါရာစီတမော ၅၀၀ မီလီဂရမ် တစ်ကြိမ်မှာ ၁ပြား (သို့) ၂ပြား (သို့) ၆၅၀ မီလီဂရမ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း