ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီး နောက် ထိန်းမရအောင် စားလာခြင်း

ကိုဗစ်ဖြစ်ပြီး တဲ့ လူနာတွေမှာ နာလန်ပြန်ထပြီးတဲ့အခါ ထိန်းမရအောင် စားပြီး ဝလာကြတာကို တွေ့ရပါတယ်။ တချို့ကလည်း ကိုဗစ်ဖြစ်တုန်းက ကောင်းကောင်း မစားနိုင်တဲ့အတွက် ခုချိန်မှာ အတိုးချပြီး စားကြတာဖြစ်သလို တချို့ကလည်း ကိုဗစ်ရဲ့ နောက်ဆက်တွဲပြဿနာအနေနဲ့ စားချင်စိတ်ကို ထိန်းမရတာပါ။ ဘယ်လိုဖြစ်တာလဲဆိုတာ ကြည့်ကြရအောင်။ ဘာလို့ ကိုဗစ်ဖြစ်ပြီး မှ ပိုစားလာရတာလဲ။ ဒီနေရာမှာ ဖြစ်နိုင်ခြေ ၂ခုကို တွေ့ရပါတယ်။ ကိုဗစ်က တစ်ကိုယ်လုံးကို ရောင်ရမ်းစေတဲ့ ကူးစက်ရောဂါဖြစ်ပြီး ဒီထဲမှာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုလည်း ချန်ထားလို့မရပါဘူး။ ကိုဗစ်ဖြစ်ပြီးတဲ့ လူနာတွေမှာ Long hauler နောက်ဆက်တွဲ လက္ခဏာအနေနဲ့ အာရုံကြောပြဿနာတွေ ဖြစ်တဲ့ ခေါင်းကိုက်တာ၊ မူးတာ၊ အာရုံစူးစိုက်မရတာ၊ ခြေတုန်လက်တုန် ဖြစ်တာ စတာတွေ ခံစားရတာကို တွေ့ရပါတယ်။ ခုပြောမယ့် ကိုဗစ်ဖြစ်ပြီး ထိန်းမရအောင် စားတာကလည်း ကိုဗစ်ရဲ့ […]


ကူးစက်ရောဂါများ

COVID-19 အတွက် ကုထုံးတစ်ရပ် sotrovimab

ကိုဗစ်အတွက် ကာကွယ်ဆေးတွေ ထွက်ပေါ်နေပေမယ့် ကာကွယ်ဆေးရဲ့ အခန်းကဏ္ဍက ရောဂါ မဖြစ်အောင် ကာကွယ်ပေးတာပါ။ ရောဂါ တကယ်ကူးစက်ခံရတဲ့အခါ ထိရောက်တဲ့ ကုသမှုကို ရရှိမှ ရောဂါကို ပြင်းပြင်းထန်ထန် မခံစားရမှာပါ။ ဒီတစ်ခေါက်တော့ ကိုဗစ်ကူးစက်ခံရသူတွေအတွက် ထိရောက်မှု ရှိတာကြောင့် နိုင်ငံ အများစုမှာ အသုံးပြုခွင့်ရရှိလာတဲ့ ကုထုံးလေး တစ်ရပ်အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ sotrovimab လို့ အမည်ရတဲ့ ကုထုံးလေးပါ။ COVID-19 အတွက် ကုထုံးတစ်ရပ် sotrovimab ကုထုံးဆိုတာက သေဆုံးနိုင်ခြေကို လျှော့ချနိုင်ဖို့ လိုသလို ရောဂါ ပြင်းထန်မှုကိုပါ လျှော့ချနိုင်ဖို့ လိုပါမယ်။ ဒါအလည်း ထိရောက်အသုံးဝင်တဲ့ ကုထုံးဖြစ်မှာပါ။ Sotrovimab ကုထုံးဆိုတာ Sotrovimabကုထုံးဆိုတာက novel monoclonal antibody ကုထုံး အမျိုးအစားပါ။ ဓာတ်ခွဲခန်းမှာ ကိုဗစ်ဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့အခါ ကိုယ်ခံအားက […]


ကိုရိုနာဗိုင်းရပ်စ်

HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား

ကာကွယ်ဆေးတွေ ထိုးလို့ရနေပြီဆိုတော့ ကာကွယ်ဆေး ထိုးဖို့နဲ့ ပတ်သက်ပြီး အားလုံးက စိတ်ဝင်စားနေမှာပါ။ ပုံမှန် ရောဂါ အခံမရှိသူက ဘာမှ သိပ်တွေးဖို့ မလိုပေမယ့် ရောဂါ အခံရှိသူတွေကျ ရောဂါရှိလို့ ဖြစ်ပါ့မလားဆိုပြီး တွေးနေရပါတယ်။ ဒီတစ်ခေါက်တော့ HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား ....ဆိုပြီးဆုံးဖြတ်ရခက်နေတဲ့ မေးခွန်းလေးအတွက် အဖြေထုတ်ပေးပါရစေ။ HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား ...... HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား ဆိုတော့ ကာကွယ်ဆေး ထိုးလို့ ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးက HIV ပိုးရှိသူတွေအတွက်လည်း စိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်မှုကို ပေးပါတယ်။ ဒီလိုပြောရတာက ကိုဗစ် ကာကွယ်ဆေးကို ထုတ်လုပ်စဉ်ကတည်းက ရောဂါ ပြင်းထန်မှုနဲ့ သေဆုံးမှုတွေကနေ ကာကွယ်ဖို့ဆိုပြီး ရည်ရွယ်ထုတ်လုပ်ထားတာပါ။ နောက်တစ်ချက်က ကာကွယ်ဆေးကို ထုတ်လုပ်စဉ်မှာလည်း HIV […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ

ကိုဗစ်ကာကွယ်ဆေးတွေ ထိုးလို့ မရခင်ကတော့ ကာကွယ်ဆေး ထိုးလို့ ရဖို့အရေးက အဓိကကျတဲ့ ကိစ္စတစ်ရပ်ဖြစ်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေလည်း ရောက်လာပြီ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်လည်း ကာကွယ်ဆေးတွေ ထိုးလို့ရပြီဆိုတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးဖို့ထက် ပိုပြီး အဓိက ကျလာတဲ့ ကိစ္စ တစ်ခု ရှိလာပါတယ်။ ဒါကတော့ ဘယ်ကာကွယ်ဆေးက ထိရောက်မှု ကောင်းသလဲဆိုတာကို ရွေးချယ်တာပါ။ တရုတ်က ဆေးလား...... စိတ်ချရပါ့မလား။  အိန္ဒိယဆေးက ပိုစိတ်ချရမယ်ထင်တယ်။ ရုရှားက ဆေးက ပိုကောင်းမလားဆိုပြီး အမျိုးမျိုးတွေ ရွေးချယ်နေကြမယ် ထင်ပါတယ်။ အထိရောက်ဆုံး ကာကွယ်မှုကို လိုချင်တာကိုး။ ဒါကြောင့် ဘယ်ကာကွယ်ဆေးက ပိုကောင်းလဲ ဆိုပြီး ရွေးရမခက်ရအောင် ကာကွယ်ဆေးတွေရဲ့ တစ်ခုနဲ့တစ်ခု ကွာခြားချက်လေးတွေကို ပြောပြပေးသွားပါမယ်။ ကိုဗစ်ကာကွယ်ဆေးတွေ ရဲ့ ကာကွယ်ပေးနိုင်စွမ်း ကိုဗစ် ကာကွယ်ဆေးမှ မဟုတ်ပါဘူး။ ကာကွယ်ဆေး တစ်မျိုးမျိုးကို ထုတ်ဖို့ဆိုရင် […]


ကူးစက်ရောဂါများ

Hybrid immunity ဆိုတာ ဘာများလဲ.........

လူတွေ ကျန်းမာနေစေဖို့ အရေးကြီးဆုံး အချက်တစ်ချက်က ကိုယ်ခံအား ကောင်းဖို့ပါ။ အခုလို ကိုဗစ် ဖြစ်ပွားမှုတွေ အရမ်းများနေချိန်မှာ ကိုယ်ခံအားက တော်တော်လေး အရေးပါတယ်ဆိုတာကို ခံစားမိလာပါတယ်။ ကိုဗစ်ကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေ ပေါ်လာပြီ ဆိုပေမယ့် ကိုဗစ်ကို ကာကွယ်ဖို့ ကာကွယ်ဆေး ထိုးပြီးရင်တောင် ကိုယ်ခံအားက ကိုဗစ်ဗိုင်းရပ်စ်ကို ခုခံနိုင်မယ့် antibody ထွက်မှ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းဖို့က တော်တော်လေး အရေးပါပါတယ်။ ကာကွယ်ဆေးထိုးပြီးလို့ ထွက်လာတဲ့ ကိုယ်ခံအားက ဘယ်လောက်အတိုင်းအတာ အထိ ကာကွယ်ပေးမှာလဲ ဆိုတာကလည်း လူတိုင်း သိချင်နေမယ့် ကိစ္စတွေထဲက တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ ကိုဗစ်ဖြစ်ပြီးတဲ့သူတွေ ကာကွယ်ဆေး ထိုးတဲ့အခါ ထွက်လာတဲ့ ကိုယ်ခံအားနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ပြင်းထန်တဲ့ ကပ်ရောဂါ တစ်မျိုးဖြစ်တဲ့ ကိုဗစ်ကို ခုခံနိုင်မယ့် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို

ကိုဗစ်ဒဏ်ကို အလူးအလဲခံကြရတဲ့ထဲမှာ ဆီးချို ရောဂါရှိသူတွေ တော်တော်လေး များကြပါတယ်။ ဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစားရမှု ပိုပြင်းထန်ကြသလို သေဆုံးနိုင်ခြေကလည်း ပုံမှန်ထက် များနေတတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို အကြောင်းလေး ပြောပြချင်ပါတယ်။ ကိုဗစ်ကို ကာကွယ်တဲ့ နည်းလမ်းတွေကို လိုက်နာတာက နည်းလမ်းကောင်းဆိုပေမယ့် အကောင်းဆုံး နည်းလမ်းလို့တော့ မဆိုသာပါဘူး။ ဆီးချို ခံစားနေရသူတွေအတွက် ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက ကာကွယ်ဆေး ထိုးတာပါ။ ကာကွယ်ဆေး ထိုးပါလို့ ပြောပေမယ့် ရောဂါအခံရှိသူတွေအနေနဲ့ ကာကွယ်ဆေးထိုးရင် စိုးရိမ်ရမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမလား၊ ဆေးထိုးလို့ တည့်ပါ့မလားဆိုတာတွေကို စိုးရိမ်မှုတွေ ရှိနေနိုင်ပါတယ်။ ဒီလို စိုးရိမ်နေတဲ့ ဆီးချိုရောဂါ ခံစားနေရသူတွေအတွက် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ဆီးချိုရှိတယ် ကိုဗစ် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းကြောင့် တော်တော်လေး အသေအပျောက် များခဲ့ပါတယ်။ အခုဆိုရင် ကာကွယ်ဆေးတွေ စထိုးလို့ရနေပြီဆိုတော့ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေက ထိုးထားလိုက်တာ ကောင်းပါတယ်။ ဒီလိုထိုးတဲ့အခါ ဘာတွေများဖြစ်မလဲ။ ကိုဗစ်ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဘယ်လို ဂရုစိုက်မှုတွေ လုပ်ရမလဲဆိုပြီး သိချင်နေမယ် ထင်ပါတယ်။ ဒီတော့ ကာကွယ်ဆေးထိုးပြီးရင် ဘယ်လိုတွေ ဂရုစိုက်ရမလဲ။ ဘာတွေ ခံစားရနိုင်လဲဆိုတာလေးတွေကို ပြောပြပေးသွားပါမယ်။ မြန်မာနိုင်ငံမှာ ထိုးနှံလို့ရတဲ့ ကာကွယ်ဆေးတွေက ဘာတွေလဲ ကိုဗစ်ကာကွယ်ဆေးကတော့ နိုင်ငံတကာက ပညာရှင်တွေ ကြိုးပမ်းမှုကြောင့် အများအပြား ထွက်ပေါ်လာနေပါတယ်။ ဒါတွေက Pfizer-BioNTech Moderna Johnson & Johnson’s Janssen AstraZeneca vaccine Covidshield Sinopharm တို့ပါ။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ထိုးလို့ရနေတဲ့ ကိုဗစ် ကာကွယ်ဆေး အမျိုးအစားတွေကတော့ Covidshield နဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မဟုတ်တဲ့ သွေးတွင်း အောက်ဆီဂျင်ကို ကျစေတဲ့ အကြောင်းအရင်းများ

အခုကာလက မောလာတယ်။ အသက်ရှူလို့ မဝတော့ဘူးဆိုလို့ သွေးတွင်း အောက်ဆီဂျင် တိုင်းလိုက်တဲ့အခါ သွေးတွင်းအောက်ဆီဂျင်က ရှိသင့်တဲ့ ပမာဏထက် ကျနေပြီဆိုရင် ကိုဗစ်လို့ သတ်မှတ် လိုက်ကြတာ များပါတယ်။ တကယ်တော့ သွေးတွင်းအောက်ဆီဂျင်ကို ကျဆင်းစေတဲ့ အကြောင်းအရင်းက ကိုဗစ် တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အခြားအကြောင်းအရင်း များစွာလည်း ရှိနေပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပုံမှန် အနေအထား ရှိရဲ့လား....... သွေးတွင်းအောက်ဆီဂျင် အနေအထားက ၉၅%  ကနေ ၁၀၀% အနေအထားမှာရှိနိုင်ပါတယ်။ ဒါက ပုံမှန် အနေအထားတစ်ရပ်လို့ ဆိုရပါမယ်။ ကျန်းမာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏပေါ့။ တကယ်လို့ သွေးတွင်းအောက်ဆီဂျင်ပမာဏက ၉၀% နဲ့ အဲ့ပမာဏအောက်ရောက်နေမယ်ဆိုရင်တော့ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျနေတာပါ။ ဘာကြောင့် ကျရတာလဲဆိုတာကိုတော့ တတ်ကျွမ်းနားလည်သူက အဖြေထုတ်ပေးနိုင်ပါလိမ့်မယ်။ သွေးတွင်းအောက်ဆီဂျင် တအားနည်းတဲ့အခါ  ခန္ဓာကိုယ်က ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ပေးပို့ဖို့ […]


ကူးစက်ရောဂါများ

ကိုဗစ်အလွန် ချောင်းခြောက်ဆိုးခြင်း ဒီလို ဖြေရှင်းပါ။

ကိုဗစ်က အခုချိန်ထိ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေဆဲပါ။ ကိုဗစ်ကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေလည်း မနည်းပါဘူး။ ကိုဗစ်က ပြန်သက်သာလာခဲ့ရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေက အတော်လေးများပါတယ်။ ဒီထဲမှာမှ အဖြစ်အများဆုံး ကိုဗစ် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာက ချောင်းခြောက်ဆိုးတာ ပါ။ ကိုဗစ်ကြောင့် ခံစားရတဲ့ အခြားလက္ခဏာတွေ သက်သာလာပေမယ့် ချောင်းခြောက်ဆိုးတာက ကျန်နေတာကြောင့် နေ့စဉ်ဘဝ နေထိုင်မှုမှာ စိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ချောင်းခြောက်ဆိုးခြင်း Covid-19 ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထဲကို ဝင်ရောက်ကူးစက်တာပါ။ ကိုဗစ်က အဆုတ်ကို အဓိက တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ချောင်းဆိုးတာ၊ အောက်ဆီဂျင်ကျတာတွေကို ခံစားလာရတာပါ။ ကိုဗစ်ဖြစ်တဲ့အခါ လက္ခဏာတွေအနေနဲ့ အဖျားတက်တာ ချောင်းခြောက်ဆိုးတာ ပင်ပန်းနွမ်းနယ်တာ မျက်စိနာတာ လည်ချောင်းနာတာ အသံဝင်တာ ခြေလက်တွေ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား…….

ကိုဗစ်ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးနှံလို့ ရနေပြီဖြစ်တာကြောင့် လူအတော်များများက ကာကွယ်ဆေး ထိုးနှံဖို့ကို စိတ်ဝင်စားနေကြသလို ကာကွယ်ဆေး ထိုးပြီးသူတွေလည်း ရှိနေကြလောက်ပါတယ်။ ကာကွယ်ဆေး မထိုးရသေးခင်ကတော့ ကာကွယ်ဆေးမှာ ဘယ်ကာကွယ်ဆေး အမျိုးအစားက စိတ်ချရလဲ။ ကာကွယ်ဆေး ထိုးရင် ဘယ်လိုတွေ ခံစားရမလဲ။ ကာကွယ်ဆေး ထိုးပြီး ခံစားရတဲ့ လက္ခဏာတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာတွေပါ။ အခုချိန်မှာတော့ ကာကွယ်ဆေးတွေ ထိုးတာ ၁ ကြိမ် ပြီးတဲ့သူတွေလည်း ရှိသလို ၂ ကြိမ်လုံး ပြည့်ပြီးသွားသူတွေလည်း ရှိနေမှာပါ။ ဒီတော့ စိတ်ဝင်တစား သိချင်နေမယ့် အကြောင်းအရာက ကာကွယ်ဆေး ထိုးပြီးရင် ကာကွယ်ဆေးက ကိုဗစ်ရန်ကနေ ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ဆိုတာကိုပါ။ ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကိုဗစ်ကာကွယ်ဆေးကပေးတဲ့ ခုခံအား ကိုဗစ်ရောဂါကို ကူးစက်ခံရပြီးချိန်မှာလည်း ပြန်ကောင်းလာပြီဆိုရင် ခန္ဓာကိုယ်မှာ ကိုဗစ်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း