ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် Antibody စစ်ဖို့ လိုမလို

အရင်က ကာကွယ်ဆေးထိုးပြီးရင် ဆေးအောင် မအောင် Antibody (Ab)လေး စစ်ကြည့်ကြပါတယ်။ ဥပမာ အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေးဆိုရင် ထိုးပြီး ဆေးအောင် မအောင် စစ်ကြသလို ဒီအဖြေကို ကြည့်ပြီး ပြန်ထိုးဖို့ လိုမလို ဆုံးဖြတ်ကြပါတယ်။ ကိုဗစ်ကာကွယ်ဆေး မှာရော ဒီလို လုပ်ဖို့ လိုသလား။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင် Antibody စစ်သင့် မသင့် ယူအက်စ် FDAကတော့ Antibody ကို စစ်ပြီး လူနာက ရောဂါခုခံနိုင်စွမ်း ရမရ တစ်နည်းအားဖြင့် ရောဂါပြီးမပြီး မဆုံးဖြတ်သင့်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးထိုးပြီး ခုခံအား ရမရကို Antibody စစ်ပြီး မကြည့်သင့်ဘူးလို့ ဆိုပါတယ်။ ရောဂါလက္ခဏာပြထားတဲ့ သူတွေမှာ Antibody စစ်ကြည့်လိုက်လို့ ရှိနေရင် အရင်က ကိုဗစ်ပိုးကူးခဲ့တယ်လို့ ပြောလို့ရပေမယ့် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီးရင် ကာကွယ်ဆေး ထိုးဖို့ လိုမလို

ကိုဗစ် တတိယလှိုင်းကလည်း ငြိမ်စပြုလာပြီ။ ကာကွယ်ဆေး တွေလည်း ထိုးလို့ရပြီဆိုလို့ သွားထိုးနေကြပြီ။ ကိုယ်က တတိယလှိုင်းမှာ ဖြစ်ထားတယ် ဒါမှမဟုတ် ရှေ့လှိုင်းတွေမှာ ဖြစ်ဖူးတယ်။ ကိုဗစ်ဖြစ်ရင် တော်တော်အခြေအနေဆိုးတာတွေကို တွေ့ထားတော့ ကာကွယ်ဆေးကလည်း ထိုးချင်တယ်။ ထိုးသင့် မထိုးသင့်ဆိုတာ ပြောပြပေးပါမယ်။ ကိုဗစ်ဖြစ်ပြီးသွားပြီ၊ ကောင်းသွားပြီ။ ကာကွယ်ဆေး ထိုးဖို့ လိုသေးလား။ ဆိုလိုတာကတော့ သူက ရောဂါဖြစ်ပြီးသွားပြီ။ Antibody စစ်ကြည့်တော့လည်း Ig Gလေး ပေါ်နေတယ်။ ဒါမှမဟုတ် စစ်မထားဘူး။ ဖြစ်ဖူးတာ သေချာတယ်။ ကာကွယ်ဆေးထိုးရမှာလား။ ရောဂါကနေ ခုခံအား ရပြီးပြီ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းပါ။ တစ်ခွန်းတည်း ဖြေရရင်တော့ ထိုးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ဖြစ်တုန်းက ထွက်ထားတဲ့ Antibodyက ဘယ်လောက်ကြာကြာ ကိုယ့်ကို ကာကွယ်ပေးနိုင်သလဲဆိုတာ မသိလို့ပါပဲ။ ရှားပေမယ့် ကိုဗစ်ဖြစ်ပြီးသား လူက […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် Antibody စစ်ပြီး အဖြေဖတ်နည်း

ကိုဗစ်ကနေ သက်သာလာပြီဆိုရင်  Test kitလေးတွေနဲ့ Antibody စစ်လေ့ရှိပါတယ်။ ဒီအခါမှာ Mတို့ Gတို့ ပေါ်ပြီ။ ဟိုဟာပေါ်ပြီ၊ ဒီဟာ မပေါ်သေးဘူး။ ခုခံအားက ရတာလား၊ မရတာလားဆိုပြီး ပြောကြပါတယ်။ ဒီအဖြေတွေက ဘာကို ပြောတာလဲ။ Test Kitနဲ့ စစ်ပြီး ဘာသိနိုင်မလဲဆိုတာ ပြောပြပေးပါ့မယ်။ Antibody Mနဲ့  G Mနဲ့ Gကို Immunoglobulin (Ig)လို့ ခေါ်ပါတယ်။ သူတို့နှစ်ခုအပါအဝင် ၅မျိုး ရှိပြီး ကိုဗစ်အတွက်တော့ ဒီနှစ်ခုလောက် သိရုံနဲ့ လုံလောက်ပါတယ်။ Test kitမှာ Cဆိုတာ Controlပါ။ Test kitက ကောင်းကောင်းအလုပ်လုပ်တယ်ဆိုရင် Cနေရာမှာ လိုင်းလေးပေါ်နေပါတယ်။ Cမှာမှ လိုင်းမပေါ်ရင် ဒီTest kitကို ဆက်မသုံးသင့်တော့ပါဘူး။ Antibodyစစ်နည်းက အမျိုးမျိုးရှိပြီး Test Kitကတော့ […]


ကိုရိုနာဗိုင်းရပ်စ်

လောက်သေရွက် က ကိုဗစ်ကို မနိုင်ပါဘူး။

ငါးပိနှပ်တဲ့အခါ အကောင်တွေ မတွယ်အောင်ဆိုပြီး ထည့်လေ့ရှိတဲ့ လောက်သေရွက် က ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ ကိုဗစ်ရောဂါကို ပျောက်ကင်းစေနိုင်တယ်၊ လို့ အခုတလော နာမည်ကြီးနေပါတယ်။ ဒီသတင်းကို အမှန်လို့ ယူဆပြီး လောက်သေရွက်ကို ကျိုသောက်သူတွေ ရှိသလို၊ လောက်သေရွက်နဲ့ ရေချိုးတယ်။ အာလုတ်ကျင်းတယ် ဆိုသူတွေလည်း မနည်းပါဘူး။ ဒါဆို မေးစရာရှိတာက လောက်သေရွက်က တကယ်ပဲ ကိုဗစ်ဗိုင်းရပ်စ်ကို နိုင်သလားလို့ပေါ့။ တကယ်အမှန်ကတော့ လောက်သေရွက်က ကျန်းမာရေးအာနိသင်ရှိပေမယ့် ကိုဗစ်ဗိုင်းရပ်စ်ကိုတော့ မနိုင်ပါဘူး။ လောက်သေရွက် ဆိုတာ လောက်သေပင်ဆိုတာက အမြင့်ပေ ၃ မီတာလောက်ပဲ ရှိတဲ့ အပင်ငယ်တစ်မျိုးပါ။ ပင်စည်ကလည်း ကြီးကြီးမားမား မဟုတ်ပါဘူး။ ရိုးတံ ပျော့ပျော့လေးမှာ အရွက်လေးတွေ စီပြီး ပေါက်နေတာပါ။ အရွက်တွေက ခပ်ရွယ်ရွယ် ရှိပါတယ်။ ဆေးဖက်ဝင်တဲ့ လောက်သေပင်ကို သဘာဝ တောရိုင်းတွေထဲမှာ တွေ့ရနိုင်ပါတယ်။ ဈေးတွေထဲမှာလည်း […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ နှစ်ကြိမ်လုံး ပြည့်ပါစေ။

ကိုဗစ် ကာကွယ်ဆေးတွေ အမျိုးမျိုး ကွဲပြားပေမယ့် ဆေးအမျိုးအစားတိုင်း (Jassen Covid-19 vaccineကလွဲလို့) ကတော့ တစ်ကြိမ်တည်း ထိုးရတာ မဟုတ်ဘဲ နှစ်ကြိမ် ထိုးရတာပါ။ တစ်ကြိမ်မကတဲ့ ကာကွယ်ဆေးကို ထိုးတဲ့အခါ အဖြစ်များတဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ ကာကွယ်ဆေးကို ပထမ တစ်ကြိမ် ထိုးပြီး ဒုတိယ တစ်ကြိမ် ထပ် မထိုးဖြစ်တာပါ။ တကယ်ကတော့ နှစ်ကြိမ် ထိုးရတယ်ဆိုတဲ့ ကာကွယ်ဆေးတိုင်းက နှစ်ကြိမ် ထိုးမှ လုံလောက်စိတ်ချရမှာ မို့ပါ။ ကလေးလေးတွေကို ကာကွယ်ဆေး ထိုးတဲ့အခါ ကာကွယ်ဆေးကို course ကုန်အောင် ထိုးဖို့ လိုတယ်လို့ ပြောရတာက ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ဖို့ပါ။ အခုလည်း ဒီလိုပါပဲ။ မျိုးဗီဇတွေ အဆင့်ဆင့်ပြောင်းရင်း လက္ခဏာတွေ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် ပြန် လှုပ်ရှား ကြမလဲ။

ကိုဗစ်က ပြန်ပြီး နာလန်ထလာတဲ့သူတွေကို မလှုပ်ပါနဲ့ဦး။ နားပါဦးလို့ ပြောလေ့ရှိပါတယ်။ လူနာတွေကလည်း ဘယ်အချိန်ထိ နားရမှာလဲ။ ဘာတွေ လုပ်လို့မရဘူးလဲဆိုတာကို သိချင်ကြပါတယ်။ သူတို့အနေနဲ့ အလုပ်ပြန်လုပ်ဖို့လည်း ရှိသေးတာကိုး။ ဒီတော့ လူနာတွေ ဘယ်လောက်နားပြီး ဘယ်တော့လောက် ပြန် လှုပ်ရှား လို့ ရမလဲဆိုတာ ပြောပြပေးပါမယ်။ ကိုဗစ်ဖြစ်ပြီးရင် ဘာကြောင့် မ လှုပ်ရှား ခိုင်းသေးတာလဲ။ ကိုဗစ်ဖြစ်ပြီးရင် မလှုပ်ပါနဲ့ဦးလို့ ပြောတာက ကိုဗစ်မှာ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်လို့ပါ။ အထူးသဖြင့် ဆေးရုံတက်ရလောက်အောင် ပြင်းထန်ခဲ့တဲ့ လူနာတွေဆို ပိုဆိုးပါတယ်။ ရောဂါဖြစ်တုန်းက အကောင်း၊ နာလန်ထချိန်ကျမှ နောက်ဆက်တွဲတွေ ဖြစ်လာပြီး ဆုံးပါးသွားတာမျိုးတွေ ရှိပါတယ်။ ကိုဗစ်လူနာတွေ နာလန်ပြန်ထစမှာ တွေ့ရတတ်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေကတော့ နှလုံးကြွက်သား ရောင်ရမ်းတာ သွေးခဲတာ၊ ဒီကနေမှ သွေးခဲပြုတ်ထွက်ပြီး […]


ကိုရိုနာဗိုင်းရပ်စ်

ထူးထူးခြားခြား ကိုဗစ်လက္ခဏာ များ

ခုချိန်မှာ ဖျားရင်၊ ချောင်းဆိုးရင်၊ အနံ့ပျောက်ရင် ကိုဗစ်လက္ခဏာ ပဲလို့ သတ်မှတ်လို့လောက်အောင် ကိုဗစ်ကူးစက်မှုက များနေပါပြီ။ တော်တော်များများကလည်း ကိုဗစ်လက္ခဏာတွေကို ရင်းနှီးလာကြပါပြီ။ ဒါပေမယ့် ကိုဗစ်မှာ တခြားတွေ့ရတတ်တဲ့ လက္ခဏာတွေလည်း ရှိပါသေးတယ်။ လူနာတွေအနေနဲ့ ကိုဗစ်မှာ တွေ့နေကျလက္ခဏာတွေ မဟုတ်ဘဲ တခြားထူးထူးခြားခြားတွေ ဖြစ်လို့ (ဥပမာ အရေပြားမှာ အနီစက်တွေ ထွက်လို့၊ ရင်တုန်လို့) ကိုဗစ်လားဆိုပြီး လာမေးတဲ့အခါ ဆရာဝန်အနေနဲ့ ဖြေရတော်တော်ခက်ပါတယ်။ ကိုဗစ်က မှန်းလို့မရအောင် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ခုထက်ထိလည်း နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေ အများကြီး တွေ့နေပါသေးတယ်။ ဒါကြောင့် လူနာတွေ လာမေးတဲ့အခါ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ယတိပြတ် ပြောဖို့ ခက်တာပါ။ ထူးထူးခြားခြား ကိုဗစ်လက္ခဏာ များ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ ပျို့တာ၊ အန်တာ၊ ဝမ်းလျှောတာ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကာကွယ်ဆေး ထိုးပြီးရင် ကလေးရပါဦးမလား.........

ကိုဗစ်ကာကွယ်ဆေးတွေလည်း ထွက်လာပြီ။ နိုင်ငံတိုင်းလိုလိုမှာ ကာကွယ်ဆေးတွေ ထိုးနှံပေးနေတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်လို့ ထွက်ပေါ်လာတဲ့ မေးခွန်းလေးတွေ ရှိနေပါတယ်။ ဒါကတော့ COVID-19 ကာကွယ်ဆေး ထိုးပြီးရင် ကလေးရပါဦးမလား......... ဆိုတာပါ။ ဒီမေးခွန်းလေးရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်လား....... COVID-19 ကာကွယ်ဆေး ထိုးပြီးရင် ကလေးရပါဦးမလား......... ကိုဗစ်ကာကွယ်ဆေးက ကလေးရရှိမှုကို ထိခိုက်စေတာမျိုး မရှိနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိသူတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံတာက အကောင်းဆုံး နည်းလမ်းတစ်ရပ်ပါ။ ဒါကြောင့် ကလေး မရမှာကို စိုးပြီး ကာကွယ်ဆေး မထိုးဘဲ နေတာမျိုး မလုပ်သင့်သလို ကာကွယ်ဆေး ထိုးလိုက်လို့ဆိုပြီး ကလေး ယူဖို့ကို ရွှေ့ဆိုင်းတာမျိုး လုပ်ဖို့လည်း မလိုပါဘူး။ ဒါပေမယ့် ကာကွယ်ဆေး ထိုးနှံပေးနေချိန်မှာ ပျံ့နှံ့လာတဲ့ သတင်းက အမျိုးသမီးတွေ အနေနဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် အိပ်မပျော် တဲ့ Coronasomiaကို ကျော်လွှားနိုင်ဖို့

ကိုဗစ်ကာလမှာ အိပ်မပျော် တဲ့ လူဦးရေက အရင်ကထက်ပိုပြီး များလာပါတယ်။ ဒါကို ကိုဗစ်ကြောင့် အိပ်မပျော်ခြင်း Coronasomiaလို့ ခေါ်ပါတယ်။ ဒီလိုသာ အိပ်မပျော်ဘူးဆိုရင် ကြာလာရင် ပစ်လဲသွားမှာပါ။ ဒီတော့ ကြိုးစားပြီး အိပ်ကြည့်ရအောင်။ ကိုဗစ်ကာလမှာ ဘာကြောင့် အိပ်မပျော် ရတာလဲ။ အဓိကကတော့ ကိုဗစ်ရောဂါကြောင့်ပါပဲ။ အပြင်မထွက်ရဘဲ အိမ်ထဲမှာပဲ အောင်းနေရတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိတော့ဘဲ အထီးကျန်တယ်။ အလုပ်တွေ၊ ကျောင်းတွေ ရပ်လိုက်ရတာကြောင့် ရည်မှန်းထားတာတွေ ပျက်စီးသွားတာ၊ တချို့တွေဆို ရောဂါကြောင့် အလုပ်တွေ ရပ်လိုက်ရတာ၊ အလုပ်ပြုတ်သွားတာ၊ ဒီထက်ဆိုးတဲ့ အခြေအနေမှာ ချစ်ခင်ရတဲ့လူတွေ ကူးစက်ခံရတာ၊ ကွယ်လွန်သွားတာ စတာတွေကြောင့် ဖြစ်ပါတယ်။ ဒီလောက်ဆိုးတဲ့ အတွေ့အကြုံတွေ ခံစားနေရမှတော့ အိပ်မပျော်တာ ဆန်းတော့ မဆန်းပါဘူး။ အိပ်မပျော်တာအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တဲ့ စိတ်ဓာတ်ကျတာ၊ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား.....

ကိုဗစ် ဖြစ်ပွားခဲ့တာလည်း  ၂ နှစ်လောက် ရှိလာချိန်မှာ ကာကွယ်ဆေးတွေလည်း ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီ အသီးသီးရဲ့ ကြိုးပမ်းမှုနဲ့အတူ ကာကွယ်ဆေးကို နိုင်ငံ အသီးသီးက တံဆိပ် အမျိုးမျိုးနဲ့ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထွက်လာသလို  ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကလည်း အဖုံဖုံပါ။ ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေး ထိုးလို့ ရပါ့မလား။ ကာကွယ်ဆေး ထိုးပြီး နောက်ဆက်တွဲ ဘာ​တွေ ဖြစ်မလဲကစလို့ အမျိုးမျိုးပါ။ ဒီအမျိုးမျိုးတွေထဲကမှ အခုတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် မေမေတွေ နဲ့ နို့တိုက်မိခင်တွေ ကာကွယ်ဆေး ထိုးလို့ ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းလေးတွေနဲ့ ပတ်သက်ပြီး ဖြေပေးသွားပါမယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား..... ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ COVID-19 ကာကွယ်ဆေး ထိုးလို့ရလား..... အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း COVID-19 […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း