ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

အဝတ်အစားတွေပေါ် ရောဂါပိုး မကပ်ငြိစေဖို့ဆိုရင်

လက်ရှိမှာ ကပ်ဘေးတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတဲ့ COVID-19 ရောဂါဆိုးဟာ ကူးစက်နှုန်းမြန်သလို မျက်နှာပြင်အမျိုးမျိုးကိုလည်း တွယ်ငြိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။ မျက်နှာပြင် အမျိုးမျိုး၊ ဧရိယာအမျိုးမျိုးမှာ တွယ်ငြိနေနိုင်တာမို့ မျက်နှာကို နှာခေါင်းစည်း တပ်ဖို့နဲ့ လက်ကို သန့်စင်စွာ ဆေးကြောဖို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက တိုက်တွန်းနေကြရပါတယ်။ နောက်ပြီး နေအိမ် အပြင်ကို တတ်နိုင်သမျှ မထွက်ဖို့နဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ဖို့လည်း သတိပေးမှုတွေ ပြုလုပ်ထားကြပါတယ်။ ခုလိုအချိန်မျိုးမှာ မဖြစ်မနေ အလုပ်သွားရမယ်၊ အပြင်ကို သွားရဖို့ ကြုံလာမယ်၊ အိမ်အတွက် လိုအပ်တာတွေ ဝယ်ခြမ်းဖို့ ဈေးဝယ်ရမယ့် အခြေအနေမျိုးတွေ ကြုံလာရနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာမယ်ဆိုရင်တော့ မိမိတို့ဆီကို ရောဂါပိုးမကူးစက်အောင် ကာကွယ်ဖို့ ပိုမိုလိုအပ်လာပါပြီ။ အပြင်ထွက်နေတဲ့ အခိုက်အတန့်မျိုးတွေမှာ တခြားလူတွေနဲ့ ထိတွေ့မိတာ၊ စီးနင်းတဲ့ယာဉ်၊ ကိုင်တွယ်မိတဲ့ ပစ္စည်းတွေရှိနိုင်တာကြောင့် […]


ကူးစက်ရောဂါများ

ကလေးမွေးဖွားခါနီးမေမေတွေ COVID_19 ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ……….

အခုလိုကာလမှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မွေးဖွားတော့မယ့် မေမေတို့အနေနဲ့ ဘာတွေများ ပြင်ဆင်ထားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။  (COVID-19) ဆိုတာ…………….. Coronavirus disease (COVID-19) ဆိုတာ ကူးစက်ပြန့်ပွားနိုင်တဲ့ ဗိုင်းရပ်စ်မျိုးစိတ် အသစ် တစ်ရပ်ပါ။ အသက်ရှူလမ်းကြောင်း ကို ထိခိုက်စေနိုင်ပြီး တုပ်ကွေးလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ချောင်းဆိုးတာ၊ ကိုယ်ပူတာ၊ အခြားပြင်းထန်တဲ့ လက္ခဏာတွေနဲ့ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ကူးစက်ခံရနိုင်ခြေများတယ်၊ ကူးစက်တာနဲ့ သေမှာပဲလားလို့ဆိုပြီး စိုးရိမ်မနေပါနဲ့။ လက်ကို မကြာခဏ ဆေးကြောသန့်စင်မယ်။ မျက်နှာကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေ (၁ မီတာ) ခွာနေမယ်ဆိုရင် ရောဂါကို ကာကွယ်ပြီးသားဖြစ်မှာပါ။ နေမကောင်းတဲ့သူနဲ့ အနည်းဆုံး ၃ ပေခွာပြီး နေဖို့လိုပါ မယ်။ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ………….. Coronavirus disease (COVID-19) […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဖြစ်ပွားနေချိန်မှာ ကလေးမွေးဖွားကြမယ့် မေမေတွေ သိချင်နေမယ့်မေးခွန်းများ

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ကြေညာထားတဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ သာမန်လူတွေတောင် စိုးရိမ်နေတယ်ဆိုရင် ဘေဘီလေးကို လွယ်ထားရတဲ့ မေမေတွဆို ပိုကြောက်နေနိုင်ပါတယ်။ ကြောက်ရွံ့မှုနဲ့အတူ မေးချင်နေမယ့် မေးခွန်းတွေလည်း ရှိနေလောက်ပါတယ်။ ဒီမေးခွန်းတေါထဲကမှ မေမေတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေ မေးချင်နေလောက်မယ့် မေးခွန်းများ ကိုယ်ဝန်ဆောင်နေချိန်က မေမေရော ဘေဘီလေးအတွက်ပါ အရေးကြီးပါတယ်။ ဒီအရေးအကြီးဆုံးအချိန်မှာ COVID_19 ကို ကြောက်ရွံ့နေတဲ့ မေမေတို့အနေနဲ့ စိုးရိမ်နေတာတွေက ဖြစ်နိုင်ခြေရှိလားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်မေမေတွေက အခြားသူတွေထက် COVID_19 ကူးစက်ခံရနိုင်ခြေ ပိုများနေသလား……….. ဒီကိစ္စကို အတိအကျ အဖြေထုတ်နိုင်ဖို့ သုတေသနေတွေလုပ်ဆောင်နေပါတယ်။ COVID_19 ကလူတိုင်းကို ကူးစက်နိုင်သလို ကိုယ်ဝန်ဆောင် မေမေတို့ကိုလည်း ကူးစက်နိုင်ပါတယ်။ အခုထိတော့ COVID_19 က ကိုယ်ဝန်ဆောင်မေမေတွေမှာ အခြားသူထက် ကူးစက်နိုင်ခြေ […]


ကိုရိုနာဗိုင်းရပ်စ်

တီဘီ ကာကွယ်ဆေးကCOVID-19အတွက်အဖြေတစ်ခုဖြစ်လာမလား။

COVID-19 အတွက် ကမ္ဘာ့နိုင်ငံ တော်တော်များများက ပညာရှင်တွေက ကာကွယ်ဆေးနဲ့ ကုသဆေးကို အပူတပြင်း ရှာဖွေနေကြပါပြီ။ အခုမှ တွေ့ဖူးတဲ့ ဗိုင်းရပ်စ်ဆိုပေမယ့် ကူးစက်နှုန်းမြန်ပြီး ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားခံရတာကြောင့် တတ်နိုင်သမျှ စမ်းသပ်မှုတွေလုပ်ပြီး ဆေးတွေ တီထွင်ဖို့ ကြိုးစားနေပါတယ်။ ဒီထဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတည်းက ရှိခဲ့တဲ့ တီဘီ ကာကွယ်ဆေးက COVID-19ကို ကာကွယ်နိုင်မလားဆိုတဲ့ စမ်းသပ်ချက်တွေ လုပ်နေတာပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။ တီဘီ ကာကွယ်ဆေးဆိုတာ ဘာလဲ။ Bacillus Calmette-Guérin (BCG) လို့ ခေါ်တဲ့ ဒီကာကွယ်ဆေးဟာ တီဘီ ရောဂါကို ကာကွယ်ဖို့ တီထွင်ထားတာပါ။ သာမန် တီဘီထက် ပြင်းထန်တီဘီ၊ ဦးနှောက်အမြှေးရောင်တီဘီ လို့ ပြောရင် ပိုမှန်ပါတယ်။ ၁၉၂၀လောက်တည်းက […]


ကိုရိုနာဗိုင်းရပ်စ်

ကောလဟလတွေယုံပြီး ပြောရဆိုရခက်နေတဲ့ လူကြီးတွေကို ဘယ်လိုနားချကြမလဲ

COVID-19 ကြောင့် အိမ်ပြင်လည်း မထွက်ရ၊ အိမ်ထဲမှာချည်း ပျင်းရိငြီးငွေ့နေပါတယ်ဆိုမှ အိမ်က လူကြီးမိဘတွေက တမာရွက်တွေပြုတ်တိုက်၊ လောက်သေရွက်တွေပြုတ်တိုက်၊ ဖယောင်းတိုင်တွေ ကက်ကြေးပေါ်ထွန်းနဲ့ စိတ်ထင်တိုင်း လုပ်နေကြပြီလား။ ဒါမှ မဟုတ် မျက်နှာကို Mask တပ်ခိုင်းလဲ မတပ်၊ မနက်မိုးလင်းတိုင်းလည်း တောက်တောက် တောက်တောက်နဲ့ ရပ်ကွက်ဈေးထဲ ဟင်းချက်စရာသွားဝယ်လို ဝယ်၊ လက်ဖက်ရည်ဆိုင်ထွက်ထိုင်လို ထိုင်နဲ့ ပြောရဆိုရ နားချရ အဆင်မပြေဖြစ်နေပြီလား။ သက်ကြီးရွယ်အိုတွေရဲ့ အလွန်အကျွံ တွေးတောပူပန်တတ်တဲ့ စိတ်အခြေအနေမျိုးဟာ စိတ်ဓာတ်ကျဆင်းတာထက် ၂ ဆ ပို အဖြစ်များပါတယ်။ ဒါကို ရောဂါအဖြစ် မဆိုလိုကြပေမယ့် ပုံမှန်ဖြစ်နေကျ စိတ်သောကများတဲ့ဝေဒနာ (generalized anxiety disorder) တစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။ GAD ဟာ အသက်အရွယ်ကြီးရင့်သူတွေမှာ ဖြစ်နိုင်ခြေမြင့်မားတဲ့ ဝေဒနာတစ်မျိုးပါ။ ပျမ်းမျှအားဖြင့် အသက် ၆၀ […]


ကိုရိုနာဗိုင်းရပ်စ်

အိမ်အပြင်မထွက်ရလဲ ပျော်အောင် နေလို့ရပါတယ်

COVID-19 ရောဂါကြီး ပျံ့နှံ့လာတော့ လူတွေလည်း အပြင်မထွက်ရ ဘာမထွက်ရ၊ ဟိုမသွားရ ဒီမသွားရနဲ့ ဖြစ်ကုန်ကြပါလေရော။ တစ်ချို့များဆိုရင် ရက်ထပ်နှစ်နဲ့ တိုက်တဲ့ သင်္ကြန်ကာလကို ကြုံရမှာမို့ အပြတ်ကဲဖို့ ပြင်ဆင်ထားပြီးမှ ခုတော့ အိမ်တွင်းအောင်းနေရလို့ စိတ်ညစ်နေရတယ်လို့ ဆိုနေကြတယ်။ ဒါပေမယ့်လည်း တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာကြီးမို့ ဘယ်သူမှ ဘာမှမတတ်နိုင်ကြဘူးလေ။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ COVID-19 ဟာ ကမ္ဘာ့နိုင်ငံအားလုံးမှာ ကူးစက်ပြန့်နှံ့နေပြီးတော့ လူ ၆ သိန်းနီးပါး ကူးစက်ခံထားရပါတယ်။ သေဆုံးသူအရေအတွက် ၄ သောင်းနီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။ ဒီကပ်ဘေးကို ကာကွယ်နိုင်ဖို့ လူချင်း ထိတွေ့မှု လျှော့ချဖို့၊ အိမ်ပြင်ကို တတ်နိုင်သမျှ မထွက်ဖို့၊ လက်ပုံမှန်ဆေးဖို့ စတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အပြင်မထွက်နဲ့ဆိုတဲ့ ကိစ္စက လူကြီးတွေအတွက် […]


ကိုရိုနာဗိုင်းရပ်စ်

ဆီးချိုဝေဒနာရှင်တွေ COVID-19 အန္တရာယ်မသက်ရောက်အောင် ဘယ်လိုနေထိုင်ရမလဲ

COVID-19 ကူးစက်ရောဂါကြီး ပြန့်နှံ့လာချိန်မှာ ရောဂါကူးစက်ခံရမှာကို လူတိုင်းနီးပါး စိုးရိမ်ပူပန်လာကြပါတယ်။ ဒီဝေဒနာကလည်း သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေ၊ ကိုယ်ခံအားစနစ် အားနည်းတာတွေရှိနေရင် ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒီတော့ ဒီလို ဝေဒနာတွေ၊ လက္ခဏာတွေ ရှိနေသူတွေကတော့ ပိုပြီး စိုးရိမ်ပူပန်နေမှာ အသေအချာပါပဲ။ အသံကြားတာနဲ့တင် လူတွေ ကြောက်တဲ့ ရောဂါထဲမှာ ဆီးချို လည်း ပါပါတယ်။ ဆီးချိုဖြစ်နေရင် အစားအသောက်တွေ ရှောင်နေရ၊ ထိခိုက်ဒါဏ်ရာရမှာ ပူရတဲ့အကြားထဲ ခုလို COVID-19 ကိုပါ ထပ်တိုး စိတ်ပူနေရတာတွေကြောင့် ဝေဒနာရှင်တွေအတွက်တော့ စိတ်ပင်ပန်းမှုပို ကြုံရနိုင်ပါတယ်။ ပူပန်နေသူတွေကိုလည်း အပြစ်တင်လို့မရပါဘူး။ လေ့လာချက်တွေအရလည်း COVID-19 ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုတွေထဲမှာ ဒုတိယ အန္တရာယ်အပေးနိုင်ဆုံး ရောဂါက ဆီးချိုရောဂါဖြစ်နေပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အသက်ဆုံးရှုံးခဲ့သူစုစုပေါင်းရဲ့ ၃၅.၅% မှာ […]


ကိုရိုနာဗိုင်းရပ်စ်

အိမ်ပြင်ကို ထွက်မယ့် ခြေလှမ်းတွေ ခဏလောက် တုံ့ဆိုင်းထားပါဦး

တရုတ်နိုင်ငံကနေ အစပြုလာခဲ့တဲ့ ကိုရိုနာ ပြင်းထန် အဆုတ်ရောင်ရောဂါ (COVID-19) ဟာ မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကို ကူးစက်လာခဲ့ပါပြီ။ ဒီလို အခြေအနေမျိုးမှာ ကမ္ဘာ့ကုလသမဂ္ဂရော၊ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းက ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ၊ သမားတော်တွေ၊ ရောဂါနဲ့ ပတ်သက်ပြီး တတ်သိနားလည်တဲ့ သူတိုင်းက အကြောင်းမရှိဘဲ ဘယ်သူမှ အပြင်မထွက်ဖို့ မှာကြားနေရပါတယ်။ ဘာကြောင့် ဒီရောဂါဟာ ကြောက်ဖို့ ကောင်းတာလဲ။ လူတော်တော်များများရဲ့ ဦးနှောက်ထဲမှာ တရားသေ စွဲယူထားတဲ့ အချက်က လူတစ်ယောက်ဟာ ရောဂါဖြစ်နေရင် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင် တစ်မျိုးမျိုးက ရောဂါသည်နဲ့ တူကို တူနေရမယ် ဆိုတာပါပဲ။ ဒီနေရာမှာတော့ အဲ့လို လုံးဝတွေးလို့ မရပါဘူး။ ကိုရိုနာ ဗိုင်းရပ်စ်ပိုးသည် လူတွေဆီကို ကူးစက်ခံရပြီးသွားရင်တောင် ကိုယ်ခန္ဓာထဲမှာ ဒီအတိုင်း ရှိနေတတ်ပြီး […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19နဲ့ ထိတွေ့ခဲ့တဲ့သူ လို့ဘယ်လို သတ်မှတ်မှာလဲ။

ခုအခါမှာ COVID-19လူနာတွေကို တွေ့နေရပြီဖြစ်တဲ့အတွက် တွေ့ပြီဆိုတာနဲ့ ရောဂါမပြန့်ပွားအောင် သူတို့နဲ့နဲ့ ထိတွေ့ခဲ့တဲ့သူ (Contact person) ကို ရှာရပါတယ်။ ဟိုနေ့က အိမ်နားက သံသယလူနာက ပိုးတွေ့တယ်လို့ အဖြေထွက်တယ်။ သူ့အိမ်နဲ့ ငါ့အိမ်နဲ့က နီးနီးလေး။ ငါ့ကိုများ ရောဂါကူးသွားပြီလား။ ဒါမှ မဟုတ် ဟိုနေ့က ငါ့ဘေးက ဖြတ်လျှောက်သွားတဲ့ တစ်ယောက်က ခုသံသယလူနာဖြစ်နေပြီ။ ဒုက္ခပါပဲ။ သူ့မှာ ပိုးတွေ့ခဲ့ရင် ငါ့ဆီမှာရော ရှိနေမျာလား စသဖြင့်  အတွေးများပြီး စိုးရိမ်နေတတ်ပါတယ်။ ဒါကြောင့် ရောဂါရှိသူနဲ့ ထိတွေ့ခဲ့တဲ့သူ ဆိုတာ ဘယ်လိုမျိုးလဲ။ ကိုယ်က ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့တယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲ စတဲ့ မေးခွန်းတွေကို ဖြေပေးသွားမှာပါ။ COVID-19နဲ့ ထိတွေ့ခဲ့တဲ့သူ ဆိုတာ ဘယ်သူလဲ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ (Version 4) […]


ကိုရိုနာဗိုင်းရပ်စ်

ရာသီတုပ်ကွေး ကာကွယ်ဆေးတွေကCOVID-19 ကိုကာကွယ်ပေးနိုင်လား။

မကြာခင်မှာ တုပ်ကွေးရာသီကို ရောက်လာတော့မှာပါ။တုပ်ကွေးရာသီရောက်ပြီဆိုရင် လုပ်နေကြအလုပ်က တုပ်ကွေး ကာကွယ်ဆေး ထိုးတာပါ။ အရင်နှစ်တွေနဲ့ မတူတာက ခုက COVID-19 ဖြစ်နေတယ်လေ။ ဒီတော့ ဒီ ရာသီတုပ်ကွေး ကာကွယ်ဆေးက COVID-19ကိုများ ကာကွယ်နိုင်မလားလို့ မေးချင်နေကြမှာပါ။ ဒီတော့ တကယ်ပဲ ကာကွယ်နိုင်လားဆိုတာ ကြည့်ကြည့်ရအောင်။ ရာသီတုပ်ကွေး ကာကွယ်ဆေးဆိုတာ ဘာလဲ။ ရာသီတုပ်ကွေးကို Influenza လို့ ခေါ်ပါတယ်။ Aနဲ့ Bဆိုပြီး ၂မျိုးရှိပါတယ်။ Influenza Aနဲ့ Influenza Bပေါ့။ သူတို့အောက်မှာ H1N1တို့ H3N2 တို့ စသဖြင့် မျိုးကွဲတွေ အများကြီး ရှိပါတယ်။ Strainလို့ ခေါ်ပါတယ်။ ဒီပိုးတွေက တစ်ချိန်တစ်ခါက ကမ္ဘာမှာ လူတော်တော်များများကို သေစေခဲ့တဲ့ ရောဂါတွေပါ။ တစ်နှစ်နဲ့ တစ်နှစ် Strain မတူတဲ့ အတွက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း