ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

COVID-19 Outbreak ဖြစ်လာရင် သက်ကြီးရွယ်အိုတွေကို ဘယ်လို စောင့်ရှောက်မလဲ

လွန်ခဲ့တဲ့ ၄ လ နီးပါးကာလတွေကတည်းက စတင်လာခဲ့တဲ့ COVID-19 ကူးစက်ရောဂါဟာ လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးကို ထိခိုက်မှုတွေဖြစ်လာစေနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်ခံထားရသူတွေ စတင်တွေ့ရှိနေရပြီဖြစ်ပြီးတော့ သံသယလူနာလည်း ရာရှိနေပါပြီ။ ဒီရောဂါဆိုးကြီး နိုင်ငံအများအပြားဆီ ကူးစက်မှုစတင်လာချိန်ကတည်းက ထူးခြားချက်အနေနဲ့ ရောဂါကြောင့် ထိခိုက်မှုမှာ သက်ကြီးရွယ်အိုတွေ ပိုမိုထိခိုက်ခံစားကြရကြောင်း သက်သေအထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက်အရွယ်အလိုက် ထိခိုက်မှုတွေမှာ အသက် ၃၅ နှစ်အောက် လူတွေမှာ သေဆုံးနိုင်ချေက ဝ.၂% နီးပါးသာရှိပြီးတော့ အသက် ၄၀ - ၈၀ ကြား မှာ ရောဂါကူးစက်နိုင်ခြေအများဆုံးဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၇၀-၇၉ သက်ကြီးရွယ်အိုတွေ ရောဂါကူးစက်ခံရမယ်ဆိုရင် သေဆုံးနိုင်ချေ ၈% အထိရှိပြီးတော့ အသက် ၈၀ နဲ့အထက် အရွယ်မှာဆိုရင်တော့ သေဆုံးနိုင်ချေ ၁၄.၈% အထိ ရှိပါတယ်။ ဒါကြောင့် […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေကို COVID-19 ဘေးကနေကင်းဝေးအောင် ဘယ်လို စောင့်ရှောက်မလဲ

အချိန်အတန်ကြာ ဘေးအန္တရာယ်ကင်း ရန်ကွာအခြေအနေမျိုးရှိနေခဲ့ပေမယ်လည်း တခြားကမ္ဘာ့နိုင်ငံတွေလိုပဲ COVID-19 ရောဂါကြီးဟာ မြန်မာနိုင်ငံထဲကို ရောက်ရှိလို့လာပြီဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၉၀ ကျော်ဆီကို ပြန့်နှံ့နေပြီဖြစ်တဲ့ ဒီကူးစက်ရောဂါကြီးဟာ မြန်မာနိုင်ငံတွင်းကို ရောက်ရှိနေပြီဖြစ်ပြီးတော့ လူနာ ၁၀ ဦးအထိ ရှာဖွေတွေ့ရှိထားပြီးဖြစ်သလို သံသယလူနာလည်း ရာနဲ့ချီပြီး စောင့်ကြည့်ခံနေရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် ကပ်ဘေးကြီး (Big Outbreak) ဖြစ်လာနိုင်တယ်လို့တောင်ဆိုထားပါတယ်။ ဒီလိုကာလမျိုးမှာ အပြင်ထွက်တာမျိုးကို တတ်နိုင်သမျှ ရှောင်ကျဉ်ဖို့၊ လက်ကို ပုံမှန်ဆေးကျောသန့်စင်ဖို့၊ ကိုယ်ခံအားကောင်းမွန်အောင် စားသောက်နေထိုင်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီလိုကာလမျိုးမှာ လူကြီးတွေနဲ့ သန်သန်စွမ်းစွမ်းလူငယ်တွေအတွက် စိုးရိမ်ပူပန်နေကြရသလို လူမမယ် ကလေးတွေအတွက်လည်း ပူပန်ကြရပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရမှုဆိုင်ရာ အချက်အလက်တွေအရ ကလေးငယ်တွေ ကူးစက်ခံရမှုနှုန်းဟာ အလွန်နည်းပါးပြီး သေဆုံးနှုန်းကလည်း (ရောဂါကူးစက်ခံရသူ အရေအတွက်ရဲ့) ဝ.၂% အောက်သာရှိပါတယ်။ ဒါပေမယ့် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19နဲ့ လူထု ခုခံအား ( Herd immunity )

အားလုံးသိတဲ့အတိုင်း COVID-19 က ဗိုင်းရပ်စ် အသစ်ဖြစ်တဲ့ အတွက် သူနဲ့ ပတ်သတ်တဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ကာကွယ်ဆေး ထွက်ဖို့ကလည်း အစောဆုံးဆိုရင်တောင် ၁နှစ် ၁နှစ်ခွဲ စောင့်ရဦးမယ်ဆိုတော့ အဲ့အချိန်လောက်ဆို လူဘယ်လောက်တောင် ထိခိုက်ပြီးပြီလဲဆိုတာ မှန်းရခက်ပါတယ်။ ဒီအချိန်မှာ ပညာရှင်တွေကြားမှာ စကားတစ်ခုကို ပြောလာပါတယ်။  "Herd immunity" တဲ့။ ဒီတိုင်းဆို ကာကွယ်ဆေး မစောင့်တော့ဘဲ Herd immunity မြန်မြန်ရသွားရင် ကောင်းမယ်။ ဒီလောက် ကူးနေတာ Herd immunityမရသေးဘူးလား ဆိုပြီး ပြောကြတဲ့ စကားတွေပါ။ အင်္ဂလန်လိုနိုင်ငံကတောင် Herd immunityကိုပဲ စောင့်တော့မယ်ဆိုပြီး ပြောသွားပါသေးတယ်။ ဒါ ဘာကို ပြောတာလဲ။ Herd immunityက COVID-19 အတွက် ရွေးချယ်စရာ ဖြစ်လာမလားဆိုတာ […]


ကူးစက်ရောဂါများ

ရေမလို လက်သန့်ဆေးရည်ကို အသုံးပြုနည်းမှန်ကန်ရဲ့လား………

ရောဂါတွေက ဘယ်လောက်ပြင်းပြင်း ပြောင်းလဲမသွားတဲ့ ရိုးစင်းတဲ့ ကာကွယ်နည်းတစ်ခုရှိပါတယ်။ ဒါကတော့ လက်ဆေး တာပါ။ လက်ဆေးခြင်းက ရောဂါတွေကို ကာကွယ်ရာမှာ အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံးပါ။ လက်ဆေးတယ် ဆိုတဲ့နေရာမှာ ရေနဲ့ဆပ်ပြာသုံးပြီး ဆေးတာရှိသလို ရေမလိုလက်သန့်ဆေးတွေကို သုံးပြီး ဆေးတာလည်း ရှိပါတယ်။ လက်ဆေးတယ် ဆိုတဲ့နေရာမှာ အကောင်းဆုံးကတော့ ရေနဲ့ဆပ်ပြာကိုသုံးပြီး စက္ကန့် ၂၀ ကြာအောင် ဆေးကြောတာပါ။ ဒါပေမယ့် ရေအလွယ်တကူမရနိုင်တဲ့အခြေအနေမျိုးမှာတော့ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ ရေမလို လက်သန့် ဆေးရည်ကို အားကိုးရပြီပေါ့။ အခုလိုမျိုး ကြောက်စရာကောင်းတဲ့ COVID-19 ကိုကာကွယ်နေရချိန်မှာ လက်ကို ရေမလိုလက်သန့်ဆေးရည် သုံးပြီး ဆေးကြောသန့်စင်မှုတွေ လုပ်ကြတယ်ဟုတ်။ ဒီလိုလုပ်တဲ့အခါနည်းစနစ်မှန်မှလည်း ဗိုင်းရပ်စ် ကူးစက်ခံရမှု ကင်းတော့မှာ ပေါ့။ ဒီတော့ ရေမလိုလက်သန့်ဆေးရည်ကို နည်းစနစ်မှန်မှန်လေး အသုံးပြုကြရအောင်လား………… ရေမလို လက်သန့်ဆေးရည် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဘယ်နေရာ မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။

COVID-19 က နှာချေ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေက အရာဝတ္ထုပေါ် ရောက်မယ်။ ဒီကနေ တစ်ဆင့် လက်နဲ့ ကိုင်မိတဲ့မယ်။ ပြီးတော့ မျက်နှာကို ပွတ်မိမယ်ဆိုရင် ရောဂါကူးနိုင်တယ်လို့ အားလုံးသိထားပြီးသားပါ။ ဒါကြောင့် ဒီဗိုင်းရပ်စ်က ဘယ်နေရာ မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။ ဒီပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲဆိုတာ သိထားရင် ပိုကောင်းတာပေါ့နော်။ ဘယ်နေရာ မှာ ဘယ်လောက်ကြာကြာ လက်ရှိ လေ့လာချက်တွေအရ ဆိုရင်တော့ သတ္တုပစ္စည်းများ (ဥပမာ တံခါးလက်ကိုင်၊ လက်ဝတ်ရတနာ၊ ငွေထည်ပစ္စည်းတွေ)   -   ၅ရက်ကြာ ဖန်တည်ပစ္စည်းများ (ဥပမာ ဖန်ခွက်၊ ပြတင်းပေါက်၊ မှန်)                          […]


ကိုရိုနာဗိုင်းရပ်စ်

သိထားဖို့လိုမယ့် COVID-19 အကြောင်း

ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့ ၂၀၂၀ ခုနှစ် ည ၁၁ နာရီ ၃၅ မိနစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန် ကြေညာခဲ့တဲ့ COVID-19 ဟာ ကာကွယ်ဆေး မရှိသေးသလို ကုသနိုင်မယ့်ဆေးလည်း မရှိသေးပါဘူး။ ဒီလို အချိန်မှာ အကောင်းဆုံးလုပ်နိုင်မှာတစ်ခုက ကာကွယ်တာပါ။ ဒီတော့ ကာကွယ်မှုကိုလုပ်မယ်ဆိုရင် ဘယ်လိုဖြစ်တာလဲ၊ ဘယ်လို ကူးစက်တာလဲဆိုတာကို သိဖို့က မဖြစ်မနေလိုတော့မှာပေါ့။ ဒီတော့ COVID -19 နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ Coronavirus disease (COVID-19) ဆိုတာ…………….. Coronavirus disease (COVID-19) ဆိုတာ ကူးစက်ပြန့်ပွားနိုင်တဲ့ ဗိုင်းရပ်စ်မျိုးစိတ် အသစ် တစ်ရပ်ပါ။ အသက်ရှူလမ်းကြောင်း ကို ထိခိုက်စေနိုင်ပြီး တုပ်ကွေးလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ချောင်းဆိုးတာ၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID ကြောင့် လူချင်း ဝေးနေပေမယ့် ရင်ခုန်သံချင်း နီးစပ်စေမယ့် နည်းလမ်းများ

COVID-19 ကပ်ဘေးကြီး ကြုံဆုံလာရတဲ့အခါ လူတစ်ဦးချင်းစီရဲ့ လူနေမှုဘဝတွေ၊ လုပ်ငန်းဆောင်တာတွေနဲ့ လူမှုပတ်ဝန်းကျင်တွေ အနည်းနဲ့အများဆိုသလို ထိခိုက်မှုတွေရှိလာပါတယ်။ ဒီလိုအချိန်မျိုးမှာ လူတိုင်းအတွက် စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ်။ လူတွေကြားထဲက လူတွေပဲဖြစ်ကြတဲ့ ချစ်သူရည်းစားတွေအတွက်တော့ ပိုဆိုးပါတယ်။ အပြင်ထွက်ဖို့ အဆင်မပြေနိုင်သလို အတူရှိနေဖို့ဆိုတာကတော့ ပိုလို့တောင် ခက်ခဲပါသေးတယ်။ Work from Home ကြောင့်ပဲဖြစ်ဖြစ် Social Distancing ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဒေသ Lock-down ချခံထားရတာကြောင့်ပဲဖြစ်ဖြစ် ချစ်သူရည်စားတွေအတွက်ကတော့ ဒီအချိန်ကို ဖြတ်သန်းရတာက စိတ်မချမ်းမြေ့ဖွယ်ကာလတွေဖြစ်ပါတယ်။ ခုလို ရောဂါကပ်ဘေးမျိုး ကြုံဆုံနေရချိန်မျိုးမှာ လူအများအစုအနေနဲ့ ပူပင်သောကတွေ၊ စိတ်ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေ ခံစားနေရနိုင်ပါတယ်။ ချစ်သူရည်စားတွေအတွက်တော့ ချစ်ရသူနဲ့ မထင်မှတ်ပဲ ကွေကွင်းရတဲ့ အပူပါ တစ်ပူထပ်တိုးနေကြရမှာပါ။ ဒီလိုအခြေအနေမှာ ချစ်ရသူနဲ့ ရှိနှင့်ပြီးသား ဆက်ဆံရေးကို တည်မြဲဖို့၊ အဖုအထစ်တွေ ဖြစ်မလာစေဖို့၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကပ်ဘေးကာလမှာ ဘာတွေစားသောက်ပြီး ကိုယ်ခံအားကို မြှင့်တင်မလဲ

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် (Immune System) ကောင်းမွန်နေမယ်ဆိုရင် ရောဂါအတော်များများကို ကာကွယ်နိုင် တိုက်ထုတ်နိုင်ပါတယ်။ ခုလို COVID-19 ကူးစက်မြန်ရောဂါဆိုးကြီး ပျံ့နှံ့နေချိန်မျိုးတွေမှာ ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့ ပိုပြီးအရေးကြီးပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်နေရင် COVID-19 ရောဂါပိုးကို ကာကွယ်တိုက်ထုတ်နိုင်တယ်လို့ ဆေးသိပ္ပံနယ်ပယ်က အတည်ပြုထားပြီးဖြစ်တာမို့ ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ဖို့ နည်းလမ်းတွေ ရှာဖွေလေ့လာထားဖို့ လိုအပ်ပါတယ်။ နေ့စဉ် မိနစ် ၃၀ ဝန်းကျင်လောက် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်တာနဲ့ အာဟာရ ပြည့်ဝအောင်စားသောက်တာကတော့ အသင့်လျော်ဆုံးနည်းလမ်းတွေပါပဲ။ အာဟာရပြည့်ဝအောင် စားသောက်တယ်ဆိုရာမှာလည်း တွေ့ကရာအစားအစာတွေကို အတင်းကာရောစားသောက်တာမျိုးမဟုတ်ပဲ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အစားအစာတွေကို သေချာရွေးချယ်စားသောက်တာက ပိုမိုကောင်းမွန်တဲ့ အမူအကျင့်ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘယ်လိုအစားအစာမျိုးတွေက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသလဲဆိုတာကို သင်သိနားလည်ထားဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အစားအစာတွေကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အစားအစာများ - Citrus […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19နဲ့ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများ

ခုဆိုရင် တစ်ကမ္ဘာလုံးမှာ COVID-19 ကြောင့် သေတဲ့သူတွေလည်း သေ၊ ပြန်လာမယ်ပြောပြီး မလာနိုင်တော့တဲ့ သူတွေလည်း အများကြီး၊ မိသားစုနဲ့ ရက်ရှည်လများ ခွဲခွာနေရတဲ့ သူတွေ၊ အိမ်ထဲမှာပဲ ခြေချုပ်မိနေတဲ့သူတွေ၊ စီးပွားရေး ထိခိုက်ပြီး လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ သူတွေ၊ အလုပ်မဆင်းနိုင်တော့လို့ ငွေကြေးပြတ်တောက်သွားတဲ့ သူတွေ၊ ပြောရရင် နက်ဖြန်ဘာဖြစ်လာမယ်မှန်းတောင် မမှန်းရဲတော့ပါဘူး။ နိုင်ငံတကာကလည်း ဒီရောဂါက နှစ်ပေါက်ဦးမယ် ပြောထားတယ်။ ခုထိ ကာကွယ်ဆေးရော၊ ကုသဖို့ ဆေးရော မတွေ့သေးဘူး။ ကုန်ကုန်ပြောရရင် ဒီရောဂါနဲ့ ပတ်သတ်ပြီး လူတွေ မောပန်းနေကြပါပြီ။ စိတ် ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။ မြန်မြန်ပြီးစေချင်ကြပါပြီ။ အားလုံးက ရောဂါနဲ့ ပတ်သတ်ပြီး ကာကွယ်ကုသနေတဲ့ အချိန်မှာ သူတို့ရဲ့ အတွင်းစိတ်မှာ ဒီရောဂါကြောင့် အမာရွတ်တွေ မကျန်စေချင်ပါဘူး။ ဒါကြောင့် […]


ကိုရိုနာဗိုင်းရပ်စ်

ဒီရောဂါအခံတွေ ကိုယ့်မှာရှိနေရင် COVID-19 ကိုသတိထားပါ

COVID-19 ဟာ ကူးစက်နှုန်းမြန်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးနှုန်းနဲ့ ထိခိုက်မှုနှုန်းကတော့ ထင်မှတ်ထားသလောက် မမြင့်မားပါဘူး။ တိကျခိုင်မာတဲ့ ကုထုံးမပေါ်သေးပေမယ့် ကိုယ်ခံအားစနစ်ဟာ ဒီရောဂါကို ကောင်းကောင်းတွန်းလှန်နိုင်ပါတယ်။ လက်ရှိမှာ ကူးစက်ခံခဲ့ရသူ ၄၂၁၄၁၃ ဦး (ကမ္ဘာ့လူဦးရေရဲ့ ၀ ဒဿမ ၀၀၅၄%)၊ သေဆုံးသူ ၁၈၈၁၀ ဦး (၀ ဒဿမ ၀၀၀၂၄%/ ရောဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၄.၅%) နဲ့ အပြည့်အဝ ပြန်လည်သက်သာလာသူ ၁၀၈၃၈၈ (ရောဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၂၆%) တို့ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် လက်ကျန် လူနာအရေအတွက်က ၂၉၄၂၁၅ ဦးဖြစ်ပြီးတော့ အခြေအနေပြင်းထန်ခြင်းမရှိသူက ၂၈၀၉၄၆ ဦး (လက်ကျန်လူနာအရေအတွက်ရဲ့ ၉၅%) နဲ့ ပြင်းထန်စွာ ဝေဒနာခံစားနေရသူအရေအတွက်က ၁၃၂၆၉ ဦး (လက်ကျန်လူနာအရေအတွက်ရဲ့ ၅%) ရှိပါတယ်။ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဒီရောဂါရဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း