ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

COVID_19 ဖြစ်ပွားနေချိန်မှာ ကိုယ့်မှာရှိတဲ့ ထိခိုက်ဒဏ်ရာ အနာတွေကို နေအိမ်မှာပဲ ဘယ်လို ဂရုစိုက်မလဲ

အခုလက်ရှိအချိန်အခါက ကမ္ဘာ့ကပ်ရောဂါလို့ ထုတ်ပြန်ကြေညာထားတဲ့ COVID_19 ဖြစ်ပွားနေတာကြောင့် တတ်နိုင်သမျှ အပြင်ထွက်သွားလာတာတွေမလုပ်ကြဖို့ သတိပေးထားတဲ့ ကာလပါ။ မလိုအပ်ဘဲ ရောဂါကူးစက်တာတွေမဖြစ်အောင် အပြင်အသွားအလာတွေကို လျှော့ချနေချိန်မှာ ကိုယ့်မှာရှိတဲ့ ထိခိုက်ဒဏ်ရာ အနာတွေကို နေအိမ်မှာ ဘယ်လိုမျိုး ကုသရမလဲဆို တာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာကဘာလဲ…….. ဒါကတော့ ရှင်းပါတယ်။ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာက ထိခိုက်ရှနာပါပဲ။ တစ်လလုံးမှာ တစ်ခါ ဖျားချင်မှဖျားနိုင်ပေမယ့် တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ထိခိုက်မိနိုင်ပါတယ်။ ဓားရှတာကစလို့ ချော်လဲတာ၊ အပူလောင်တာ အမျိုးမျိုးပါ။ ခလုတ်တိုက်တာတောင် အစစ်ပါနိုင်သေးပါတယ်။ ထိခိုက်ဒဏ်ရာ အမျိုးအစားတွေက ဘာတွေများလဲ……… အရေပြားပေါက်ပြဲဒဏ်ရာ - အရေပြားအတွင်းပိုင်း အထိ ထိခိုက်မိတဲ့ဒဏ်ရာပါ။ ချွန်ထက်တဲ့ အရာတွေကို ကိုင်တွယ်အသုံးပြုရင်းက ထိခိုက်မိနိုင်ပါတယ်။ ဒီလိုမျိုးထိခိုက်ဒဏ်ရာတွေရတဲ့အခါ အနာနက်ရင်နက်သလောက် သွေးထွက်များနိုင်ပါတယ်။ ပြတ်ရှဒဏ်ရာ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကပ်ဘေးကာလမှာ အရက်၊ ဆေးလိပ် သုံးစွဲမှုကို လျှော့ချပါ

လူတွေ ဘာလို့ အရက်၊ ဆေးလိပ်ကို မကောင်းမှန်း သိလျက်နဲ့ သုံးစွဲကြတယ်ထင်လဲ။ ဆေးဘက်ဆိုင်ရာ နည်းပညာတွေ၊ ကုထုံးတွေက ပိုပြီး ထိရောက်စေသလို ရေရှည်အတွက်လည်း ကောင်းတယ်၊ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးက မရှိသလောက် နည်းတယ်။ လူငယ်တွေ အများစုကတော့ စိတ်ကျန်းမာရေး ပြဿနာကြောင့် ခံစားရတဲ့ ဝေဒနာတွေကို တစ်ဒင်္ဂ မေ့ပျောက်သွားစေဖို့ပါပဲ။ အဲ့ဒီအတွက် ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲတယ်။ လူငယ်ဆိုတော့ အပေါင်းအသင်းကလည်း မက်သလို စူးစမ်းလေ့လာချင်စိတ်၊ ကိုယ်တိုင် လက်တွေ့လုပ်လိုတဲ့ စိတ်ကလေးကလည်း ရှိနေပြန်တယ်။ အဲ့တော့ တစ်ယောက်က စလိုက်တာနဲ့ ကျန်တဲ့လူငယ်တွေ အကုန်လုံးက လိုက်တော့တာပေါ့။ ခုလို ကပ်ဘေးကာလမျိုးမှာဆိုရင် ဒီလို အရာတွေကို ပိုတောင် မလုပ်မိဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းရမှာပါ။ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကာလမှာ ဘယ်လို ပိုးသတ် သန့်စင်ကြမလဲ။

COVID-19 ကပ်ရောဂါဆိုးဖြစ်နေချိန်မှာ လူတိုင်းက ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီကြတာဝမ်းသာစရာပါ။ ကျန်းမာရေးဝန်ထမ်းတွေပဲ မဟုတ်ဘဲ အားလုံးက တစ်တပ်တစ်အား ကူညီနေတာက အားရစရာကောင်းပါတယ်။ ဒီတလောမှာ မကြာမကြာ ကြားနေရတာက ရပ်ကွက်တွေ၊ လမ်းတွေမှာ ပိုးသတ် ဆေးဖျန်းတဲ့ ကိစ္စပါ။ ဒါလည်း ကောင်းပါတယ်။ မတော် ကိုယ့်ပတ်ဝန်းကျင်မှာ ပိုးရှိပြီးသားဆိုရင် သေသွားတာပေါ့။ ဆေးရုံတွေမှာတော့ ပုံမှန်ပိုးသတ်ဆေးဖျန်း၊ ပိုးသတ်ဆေးတွေ သုံးပြီး ကြမ်းတိုက်နေကြမို့လို့ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အခု ပတ်ဝန်းကျင်မှာပါ သုံးလာပြီဆိုတော့ ဒါနဲ့ ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ပြောပြသွားပါ့မယ်။ ဘာ ပိုးသတ် ဆေးတွေ သုံးလို့ရလဲ။ လတ်တလော ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာက သုံးမျိုးရှိပါတယ်။ 0.1% hypochlorite solution 70% ethyl alcohol spray ဆပ်ပြာရည် စတာတွေပဲ […]


ကိုရိုနာဗိုင်းရပ်စ်

ပျံ့နှံ့လွယ်တဲ့ ကိုရိုနာ ဆေးနည်းမှားတွေ အတွက် အမှား၊ အမှန်ဝေခွဲနည်း

COVID-19 ကိုရိုနာ ဗိုင်းရပ်စ်ကို ကာကွယ်ဖို့၊ တားဆီးဖို့ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေ စွန့်စားကြိုးပမ်းနေရချိန်မှာ လူထုကြား လွှမ်းခြုံလာတဲ့ ပြဿနာက ဆေးနည်းအမှားတွေပါ။ သတင်းမှား၊ သတင်းတုတွေ ခေတ်စားလာတာ အဆန်းမဟုတ်တော့ပေမယ့် ကျန်းမာရေး နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကတော့ လူ့အသက်တွေကို အဆိပ်မခတ်မိစေဖို့ အရေးကြီးပါတယ်။ ခုဆို အရင်းအမြစ်သေချာ မသိရတဲ့၊ အခြေအမြစ်မရှိသေးတဲ့၊ အာမခံချက်မရှိတဲ့ ဆေးနည်း၊ ဆေးဝါးတွေ ဘယ်လောက်များ ပျံ့နှံ့နေပြီလဲမသိ။ အခုပဲ တမာရွက် အပါအဝင် သဘာဝဆေးဖက်ဝင် အရွက်တွေကို အချိုးအဆမသိ၊ ဘေးထွက်ဆိုးကျိုးမသိ၊ ကိုရိုနာ တကယ်ကာကွယ် မကွယ် မသိဘဲ ကိုယ့်သဘောနဲ့ကိုယ် ပမာဏများများ နေ့စဉ်ပြုတ်သောက်နေကြတာ တွေ့ရပါတယ်။ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တတ်တာ မှန်ပေမယ့် ဒီကာကွယ်နိုင်စွမ်းကို သုတေသနတွေ့ရှိချက် အတည်ပြုထားတာ မရှိသလို ဘေးကင်းမကင်း လည်း ဘယ်သူမှမသိနိုင်ပါဘူး။ ဥပမာပြောရရင် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 နဲ့ လိင်မှုဘဝ ဆောင်ရန်၊ ရှောင်ရန်များ

အခုဆိုရင် COVID-19 နဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေမျိုး ရောက်နေပြီလဲဆိုတာ တော်တော်များများ နားလည်ထားကြမှာပါ။ ကူးစက်ခံရသူ အရေအတွက်ဟာလည်း များသထက် များလာပြီ ဖြစ်တာကြောင့် အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းကရော ကိုရိုနာ ပြင်းထန် အဆုတ်ရောင်ရောဂါ (COVID-19) ကို ကမ္ဘာ့ ကပ်ရောဂါ အခြေအနေ အဖြစ် သတ်မှတ်လိုက်ပါပြီ။ ဒီတော့ ကူးစက်ခံရခြင်း မရှိစေဖို့ ဘာတွေ အဓိက လုပ်ရမလဲ။ အနောက်နိုင်ငံနဲ့ ဥရောပနိုင်ငံတချို့လိုမျိုး ကူးစက်ခံရသူ၊ သေဆုံးသူ အရမ်းများလွန်းတဲ့ အခြေအနေထိ မရောက်သေးတဲ့အတွက် ဒီအတိုင်းပဲ ဆက်ပြီး ထိန်းထားနိုင်ဖို့ မိဘပြည်သူအားလုံး တစ်တပ်တအားနဲ့ ဝိုင်းဝန်းပူးပေါင်းပေးကြဖို့ အရမ်း အရေးကြီးပါတယ်။ အဓိက လိုက်နာဖို့ လိုအပ်တဲ့ အချက်တွေကတော့ • မလိုအပ်ဘဲ အပြင်ကို လုံးဝမထွက်ပါနဲ့ • […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ပိုးက အဝတ်အစားနဲ့ ဖိနပ်ကနေ အိမ်ကို ကပ်ပါလာနိုင်လား

ခုလိုအချိန် ကျွန်တော်တို့ နိုင်ငံမှာတော့ lockdown လုပ်တာမျိုး မရှိတဲ့အပြင် ရောဂါအခြေအနေကလည်း ဆိုးရွားနေတဲ့အထဲမှာ မပါသေးဘူးဆိုတော့ နည်းနည်း စိတ်အေးရတယ် ဆိုရမှာပါ။ ပြည်သူတွေ အားလုံးကလည်း မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ အရေးတကြီး အိမ်အတွက် ဈေးဝယ်စရာ ရှိမှသာ အပြင်ထွက်တာမျိုး လုပ်နေကြပြီဆိုတာ ပြန်ကြားရတော့ တော်တော်လေးကို ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုအတိုင်းလေးပဲ ဆက်ပြီး ထိန်းထားနိုင်ကြဖို့လည်း မျှော်လင့်မိပါတယ်။ ဟိုတလောကတော့ ကျွန်တော်တို့ဆီကို အိမ်ထောင်ရှင် အမျိုးသမီးတွေ လာမေးကြတယ်ဗျ။ Covid-19 က ချောင်းဆိုး၊ နှာချေလိုက်ရာကနေ ပါးစပ်က ထွက်လာတဲ့ အမှုန်အမွှားက တစ်ဆင့် ကူးစက်တာဆိုတော့ အဝတ်အစားတွေ၊ ဖိနပ်တွေကိုရော မကူးနိုင်ဘူးလား၊ အဲ့ကနေ အိမ်ကို ပြန်သယ်လာမိနိုင်လား ဆိုတာပေါ့။ ဖြစ်လေ့ဖြစ်ထ အရမ်းနည်းတဲ့ ကိစ္စဆိုပေမယ့် ပုံမှန်ထက် ပိုပြီး တိကျတဲ့သူတွေ၊ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကပ်ဘေးကာလမှာ ဘေးကင်းစွာ ဈေးဝယ်ထွက်မယ်ဆိုရင်

၂၀၁၉ ဒီဇင်ဘာ အကုန်လောက်ကတည်းက တရုတ်နိုင်ငံကနေ စတင်လာခဲ့တဲ့ Covid-19 ပြင်းထန် အဆုတ်ရောင်ရောဂါဟာ ဆိုရင်တော့ဖြင့် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကိုပါ ကူးစက်ပျံ့နှံ့ခဲ့ပြီပဲ ဖြစ်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကနေ ကပ်ရောဂါအဖြစ်နဲ့ မကြေငြာခင်ကတည်းက ကျန်းမာရေးပညာရှင် အများစုက စားနပ်ရိက္ခာတွေ ကြိုတင်လှောင်ထားဖို့ သတိပေးခဲ့ပေမယ့် ပြည်သူအများစုက မယုံခဲ့ကြပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံ လူတန်းစားဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း ငွေရေးကြေးရေး အခက်အခဲကြောင့် ကြိုတင်သိုလှောင်လို့ မဖြစ်တဲ့ အခြေအနေလည်း ရှိတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့တော့ မရပါဘူး။ အဲ့တော့ ဘာလုပ်လို့ ရမလဲဆိုရင် မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့နဲ့ ကိုယ့်အိမ်အတွက် ထမင်း၊ ဟင်း ချက်ပြုတ်ဖို့ စားနပ်ရိက္ခာ ကုန်ခါနီးမှသာ ထွက်ဝယ်ဖို့ လိုပါတယ်။ ထွက်ဝယ်တဲ့အခါမှာလည်း သတိထားရမှာတွေ အများကြီးပါပဲ။ ဒီတော့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19အတွက် mask တပ်ရတော့မှာလား။

COVID-19 စဖြစ်ဖြစ်ချင်းတုန်းက maskကို ကျန်းမာရေးဝန်ထမ်းတွေ၊ နေမကောင်းတဲ့သူတွေ၊ သူတို့ကို အနီးကပ် စောင့်ရှောက်နေတဲ့ သူတွေ အဓိက တပ်သင့်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် မကြာသေးခင်က လေ့လာမှုတစ်ခုမှာ mask တပ်တဲ့ နိုင်ငံတွေနဲ့ မတပ်တဲ့ နိုင်ငံတွေ နှိုင်းယှဉ်လိုက်ရင် တပ်တဲ့နိုင်ငံတွေမှာ ရောဂါဖြစ်တဲ့သူ နည်းနေလို့ maskတွေ တပ်ပြီး တတ်နိုင်သမျှ ကာကွယ်ကြရအောင်လို့ နိုင်ငံတော်တော်များများက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တကယ်တော့ ဒီလို မထုတ်ပြန်ခင်ကတည်းက ဟိုးအရင် ရောဂါစဖြစ်နေချိန်မှာ ဒီ maskတွေကို အလုအယက်တွေ ဝယ်ကြတာ စျေးတွေတက်၊ ပစ္စည်းတွေပြတ်တဲ့အထိပါပဲ။ ဒါဆို  maskတွေ တပ်ကြရတော့မှာပေါ့။ ဒါပေမယ့် ပစ္စည်းတွေပြတ်၊ စျေးတွေတက်နေချိန်မှာ ဒီmaskပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြည့်ရအောင်။ ဘာ mask တွေလဲ။ လတ်တလောမှာ အသုံးများတဲ့ maskတွေက […]


ကိုရိုနာဗိုင်းရပ်စ်

သွေးတိုးနဲ့ COVID-19

ရာသီဥတုက နွေရာသီမို့ ပူကလည်းပူ၊ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ရောဂါကြီး ပြန့်နှံ့နေတာမို့ ခုချိန်ကတော့ လူတိုင်း အိမ်ထဲက အိမ်ပြင်မထွက်ကြပဲ အိမ်တွင်း အောင်းနေကြတဲ့ ကာလမျိုးပေါ့။ ဒီလိုကာလမျိုးမှာ ရောဂါကူးစက်ခံရမှာကို လူတိုင်းနီးပါး စိုးရိမ်ပူပန်လာကြပါတယ်။ ဒီဝေဒနာကလည်း သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေ၊ ကိုယ်ခံအားစနစ် အားနည်းတာတွေရှိနေရင် ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားတယ်မဟုတ်လား။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာ၊ အသည်း၊ အဆုပ်နဲ့ ကိုယ်ခံအားစနစ်အားနည်းသူတွေအနေနဲ့ ဂရုတစိုက်နေထိုင်သင့်တဲ့ ကာလမျိုးပေါ့။ အထူးသဖြင့် သွေးတိုးဝေဒနာခံစားနေရသူတွေအဖို့တော့ စိတ်မသက်မသာစရာ အချိန်မျိုးဖြစ်ပါတယ်။ သွေးတိုးဝေဒနာဆိုတာကလည်း လူအများစုမှာ အဖြစ်များတဲ့ ဝေဒနာမျိုးဖြစ်တာမို့ လူအတော်များများနဲ့ ဆက်ဆိုင်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ နေပူလို့ သွေးတိုးမှာ စိုးရိမ်နေရတဲ့အကြားထဲ ခုလို COVID-19 ကိုပါ ထပ်တိုး စိတ်ပူနေရတာမို့ […]


ကိုရိုနာဗိုင်းရပ်စ်

ရေချိုးရင် COVID-19 ကို ကာကွယ်နိုင်သလား

COVID-19 ရောဂါကြီး ပြန့်နှံ့နေတာ ၄ လ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ လူ ၁ သန်းကျော် ကူးစက်ခံခဲ့ရပြီး သေဆုံးသူအရေအတွက်ဟာလည်း ၅၃၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရောဂါကို အတိအကျ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမျိုး၊ ကာကွယ်နိုင်တဲ့ ဆေးဝါးမျိုး မပေါ်ထွက်သေးတာကြောင့် ကာကွယ်ရေးနည်းလမ်းတွေကိုသာ အားလုံးက အာရုံစိုက် လုပ်ဆောင်နေကြရပါတယ်။ လက်ဆေးတာ၊ မျက်နှာကို Mask တပ်ပြီးကာကွယ်တာနဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို အနည်းဆုံးလျှော့ချပြီး Social Isolation အဖြစ် နေထိုင်တာတွေဟာ ရောဂါကူးစက်ခံရမှုဘေးကနေ ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေဖြစ်ကြပါတယ်။ အထူးသဖြင့် လက်ကို မကြာခဏ ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပေးတာဟာ ရောဂါပိုး ကူးစက်မခံရအောင်၊ ရောဂါပိုး ရုတ်တရက် ကပ်ငြိခဲ့ရင်တောင်မှ သန့်စင်ဖယ်ရှားနိုင်အောင် အထောက်အကူပြုပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ လူတစ်ချို့က အတွေးအခေါ်တစ်ခုကို လက်ခံယုံကြည်လာကြပါတယ်။ အဲဒါကတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း