ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ပူတိုင်း COVID_19 လား………………….

ကိုယ်တွေပူတယ်။ ချောင်းတွေ ဆိုးတယ်၊ နှာချေတယ်ဆိုရင် လူတိုင်းက စိုးရိမ်ထိတ်လန့်တဲ့ ပုံစံနဲ့လှမ်းကြည့်တတ် ကြပါတယ်။ ခန္ဓာကိုယ် အပူချိန် မြင့်တက်တယ်ဆိုတာက ကိုယ်ခံအားက ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးတွကို အပြင်းအထန် ခုခံတိုက်ခိုက်နေတဲ့ သဘောပါ။ ဒီတော့ ကိုယ်ပူလာတဲ့အခါ ငါများ COVID_19 ဖြစ်နေပြီလား ဆိုတဲ့ စိုးရိမ်စိတ်လေး ကင်း​ကြစေဖို့ ကိုယ်မှာဖြစ်တဲ့ လက္ခဏာတွေက ဘာကြောင့်လဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်လား………… ဘယ်အချိန်မှာ ကိုယ်ပူနေပြီလို့ပြောနိုင်မလဲ……….. ခန္ဓာကိုယ် အပူချိန်က လူတစ်ယောက်နဲ့တစ်ယောက်မှာ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ ပုံမှန်ချိန်ကတော့ ၉၈.၆ ဒီဂရီဖာရင်ဟိုက် ရှိပါတယ်။ တစ်နေ့တာမှာ စားသောက်တာ၊ အိပ်စက်တာနဲ့ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွေအပေါ်လိုက်ပြီး ကိုယ် အပူချိန်က ပြောင်းလဲနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ် အပူချိန်က  ညနေ ၆ နာရီ ဝန်းကျင်မှာ အမြင့်ဆုံး […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19က လေထဲက ကူးနိုင်လား။

COVID-19နဲ့ ပတ်သတ်တဲ့ သတင်းတွေက တစ်နေ့တစ်မျိုးပါပဲ။ ဒီလေးလသား ဗိုင်းရပ်စ်လေးက ၂၀၂၀အတွက်တော့ Hot topicလို့ ပြောရမှာပါ။ ဘာနဲ့ တူလဲဆိုတော့ ရပ်ကွက်ထဲကို လူသစ်တစ်ယောက် ပြောင်းလာသလိုပါပဲ။ ခုမှ အသစ်ရောက်တဲ့ သူဆိုတော့ ပတ်ဝန်းကျင်က သူဘယ်လိုလူလဲဆိုပြီး စပ်စုကြတာပေါ့။ ခုလည်း ဒီလိုပါပဲ။ လေးလအတွင်းမှာ လူပေါင်း သန်းနဲ့ချီကူးစက်ပြီး သိန်းနဲ့ချီ သေဆုံးစေခဲ့တဲ့ ဒီဗိုင်းရပ်စ်ဟာ ဘယ်လိုမျိုးပါလိမ့်လို့ ပညာရှင်တွေက အပြိုင်အဆိုင်လေ့လာတဲ့ အခါကြတော့ သူ့သတင်းတွေက နေ့စဉ်နဲ့ အမျှ ပါပဲ။ ခုလည်း လာပြန်ပါပြီ။ လေထဲက ကူးနိုင်လားတဲ့။ ဒါနဲ့ ပတ်သတ်ပြီး ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO)က ဘယ်လို ဖြေရှင်းထားလဲဆိုတာ ဆက်ကြည့်ရအောင်။ COVID-19 ဘယ်လိုကူးလဲ။ အားလုံးသိတဲ့ အကြောင်းကပဲ စပြောရအောင်။ COVID-19က နှာချေ ချောင်းဆိုးလို့ ထွက်တဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

Social distancing အကြောင်း

Covid-19 ရောဂါက တစ်ကမ္ဘာလုံးကို အရှိန်အဟုန်နဲ့ ကူးစက်ပျံ့နှံ့လာချိန်မှာ ရောဂါကို ထိန်းချုပ်ဖို့ ကာကွယ် နည်း၊ ကုသနည်းအမျိုးမျိုး အသုံးပြုလာရပါတယ်။ ဒီလိုနည်းစနစ်တွေထဲမှာ ရောဂါပျံ့နှံ့မှုကို လျှော့ချဖို့အသုံးပြု လာတဲ့ social distancing အကြောင်းကို နည်းနည်းလောက်ပြောပြချင်ပါတယ်။ Covid-19 ရောဂါက လူစုလူဝေးလုပ်လေ ပိုလျင်လျင်မြန်မြန်ကူးစက်လေဆိုတာ လူအတော်များများ သိပြီးဖြစ်မှာပါ။ ရောဂါပိုးမရှိတဲ့သူတွေချည်းစုဝေးနေရင် ကိစ္စမရှိပေမဲ့ ခက်တာက ဘယ်သူ Covid-19 ဖြစ်နေသလဲ၊ မဖြစ်နေဘူးလဲဆိုတာကို ကြိုတင်သိနိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။ ရောဂါလက္ခဏာတွေမပြခင် တည်းက ကူးစက်ပျံ့နှံ့နိုင်တာဖြစ်လို့ အစကတည်းက လူစုလူဝေးမဖြစ်အောင် ကာကွယ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် Social distancing လုပ်ဖို့လိုအပ်လာတာပဲဖြစ်ပါတယ်။ ဆေးကုသမှုနည်းလမ်းကို အသုံးမပြုဘဲ ကူးစက်ရောဂါတစ်ခုခု ပျံ့နှံ့မှုကို ရပ်တန့်နိုင်အောင် (ဒါမှမဟုတ်) နှေးကွေးသွားအောင် ဆောင်ရွက်တာကို Social distancing လုပ်တယ်လို့ခေါ်ဆိုပါတယ်။ Social distancing […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ခေါ် ပြင်းထန်ကူးစက်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ သံသယရှိလူနာများနှင့် ၎င်းတို့အား ပြုစုစောင့်ရှောက်သူများလိုက်နာရန်အချက်များ

- လူနာအား လေဝင်လေထွက်ကောင်းသော အခန်းတစ်ခုထဲတွင်ထားပါ (ပြတင်းပေါက်များနှင့် တံခါးပါ ဖွင့်ထားပါ) - လူနာအားနေအိမ်ထဲတွင်တတ်နိုင်သမျှသွားလာလှုပ်ရှားခြင်းကို ကန့်သတ်ပါ၊ မိသားစုဝင်များပါ အသုံးပြုသော နေရာများဖြစ်သည့် မီးဖိုချောင်၊ သန့်စင်ခန်းတို့ကို လေဝင်လေထွက်ကောင်းအောင်ထားပါ - သံသယလူနာသည် အတူနေမိသားစုဝင်များနှင့်အခန်းသီးသန့်ခွဲနေသင့်ပါသည်၊ အကယ်၍ခွဲနေရန် အဆင်မပြေပါက သံသယလူနာနှင့် အနည်းဆုံး တစ်မီတာအကွာတွင်နေထိုင်သင့်ပါသည် - သံသယလူနာကိုပြုစုရန် လူတစ်ယောက်ကိုသာ သီးသန့်တာဝန်ပေးထားပါ၊ အထူးသဖြင့် ကျန်းမာရေး ကောင်းမွန်ပြီး ရောဂါအခံမရှိသည့်သူသာ လူနာကိုပြုစုသင့်ပါသည်။ လူနာလုံးဝနေပြန်မကောင်းသရွေ့ တခြားသူများလာရောက်တွေ့ဆုံခြင်းကို လုံးဝလက်မခံပါနှင့် - သံသယလူနာနှင့်လည်းကောင်း၊ လူနာ၏ပတ်ဝန်းကျင်နှင့်လည်းကောင်း ထိတွေ့ပြီးပါက လက်ကိုစနစ်တကျသေချာဆေးကြောပါ။ အစားအစာများကို ပြင်ဆင်မချက်ပြုတ်မီ၊ ချက်ပြုတ်ပြီး၊ မစားမီ၊ သန့်စင်ခန်းအသုံးမပြုမီနှင့် လက်ညစ်ပတ်နေသည့်အချိန်တိုင်း လက်ကိုသေချာစွာဆေးကြောပေးပါ။ လက်များ သိသာစွာညစ်ပေနေခြင်းမရှိပါက အယ်လ်ကိုဟောပါဝင်သော လက်ဆေးရည်ဖြင့် ဆေးကြောနိုင်သည်။ သိသာစွာညစ်ပေနေပါက ဆပ်ပြာနှင့်ရေသုံး၍ ဆေးကြောပေးပါ - ဆပ်ပြာနှင့်ရေသုံး၍ လက်ဆေးပြီးသည့်အခါ လက်ခြောက်အောင် တစ်ခါသုံးစက္ကူဖြင့် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 (Coronavirus disease) ယုံတမ်းပုံပြင်များ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလစပြီး တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါက အခုဆိုတစ်ကမ္ဘာ လုံး လူတစ်သိန်းကျော်ကူးစက်ခံထားရပြီး သေဆုံးသူလည်း အယောက် ၄ ထောင်ကျော်သွားပြီဖြစ်ပါတယ် (ဒီစာရေးသားတဲ့ အချိန်ထိ)။ ရောဂါကူးစက်နှုန်းနဲ့ယှဉ်ရင် သေဆုံးမှုနှုန်းက ၆% ပဲရှိပေမဲ့ ကူးစက်နှုန်းကတော့ အင်မတန်မြန်တာကို တွေ့ ရမှာပါ။ ရောဂါအသစ်ဖြစ်သလို သုတေသနလုပ်နေဆဲ အဆင့်ဖြစ်တာကြောင့် COVID-19 နဲ့ ပတ်သက်ပြီး ယုံတမ်းစကားတွေ၊ ထင်ရာမြင်ရာ ပြောဆိုကြတာတွေ အတော်လေးများပြားပါတယ်။ ဒါကြောင့် ဒီဆောင်းပါး မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖြေရှင်းထားတဲ့ COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ယုံတမ်းပုံပြင်တချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။ COVID-19 ရောဂါအတွက် ကာကွယ်ဆေး (ဒါမှမဟုတ်) ကုသဆေး ရှိသလား ဒီနေ့အထိတော့ COVID-19 အတွက် ဘာကုသဆေး၊ ကာကွယ်ဆေးမှ မပေါ်သေးပါဘူး။ ဘယ်အားဆေးကို ဘယ်လိုသောက်ရင်၊ဘယ်အရွက်ကို ဘယ်လိုသောက်ရင် […]


ကိုရိုနာဗိုင်းရပ်စ်

Covid 19 ကြောင့် ဖြစ်လာရတဲ့ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ဘယ်လိုထိန်းချုပ်လျှော့ချသင့်သလဲ

Covid 19 ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဟာ လူသားတွေကို တော်တော်လေးခြောက်လှန့်လျက် ရှိပါတယ်။ ကြောက်ရွံ့မှု‌တွေ၊ စိတ်ဖိစီးမှုတွေဟာလည်းလူငယ်တွေ၊ လူကြီးတွေနဲ့ ကလေးတွေဆီမှာ လွှမ်းခြုံနေကြပါပြီ။ စိတ်ဖိစီးမှုကို လျှော့ချနိုင်လေလေ သင်ရော၊သင်ချစ်ရသူတွေနဲ့ သင့်ပတ်ဝန်းကျင်အတွက် ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို မှန်ကန်စွာလိုက်နာနိုင်လေပါ။ တစ်ယောက်နဲ့တစ်ယောက်တော့ ကြောက်ရွံ့မှုအတိုင်းအတာချင်း မတူနိုင်ပါဘူး။ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါခံစားနေရသူတွေ ကလေးတွေ၊ ဆယ်ကျော်သက်တွေ စိတ်ကျန်းမာရေးချို့တဲ့နေသူတွေ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ကစဉ့်ကလျားဖြစ်နေသူတွေနဲ့ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ထွက်တိုက်နေသူတွေ (ဥပမာ ဆရာဝန်၊ သူနာပြုတွေ၊ အခြားကျန်းမာရေး ဝန်ထမ်းတွေ) ဟာ Covid 19 ကြောင့် စိတ်ဖိစီးမှုဒဏ်ကို တခြားသူတွေထက်ပိုပြီးခံစား နေရသူတွေပါ။ စိတ်ဖိစီးမှုဟာ ဘာလို့ဖြစ်ရတာလဲ မိမိကျန်းမာရေးတင်မက မိမိချစ်ခင်ရသူတွေ ကူးစက်မှာစိုးတာကြောင့် အအိပ်အစားမမှန်တော့ဘူး ညအိပ်မပျော်ဘဲ၊ အာရုံစိုက်မှုတွေလျော့နည်းလာမယ် ရှိရင်းစွဲနာတာရှည်ရောဂါတွေပိုဆိုးလာမယ် အရက်၊ ဆေးလိပ်နဲ့ မူးရစ်ဆေးဝါးတွေ သုံးစွဲမှုတွေပိုများလာတာကြောင့်ပါ။   ဒီလိုစိတ်ဖိစီးမှုတွေကနေ မိမိကိုယ်ကိုဘယ်လိုကျော်ဖြတ်မလဲ […]


ကိုရိုနာဗိုင်းရပ်စ်

Covid 19 ကို ကာကွယ်ရင်းအိမ်မှာပဲနေရတဲ့အချိန်တွေကို အကျိုးရှိအောင်ဘယ်လိုအသုံးချမလဲ

ကြောက်စရာကောင်းလှတဲ့ Covid 19 ကိုရင်မဆိုင်ရအောင် အကောင်းဆုံးသောနည်းလမ်းရှိပါ တယ်။ ဒါကတော့ ကြိုတင်ကာကွယ်ခြင်းပါပဲ။ ဒီလိုကာကွယ်တဲ့နေရာမှာ မိမိနဲ့ မိမိမိသားစုဆီကို ဒီလိုပြင်းထန်အဆုတ်ရောင်ရောဂါပိုးကြီးကူးစက်မလာစေဖို့ Quarantine လုပ်ဖို့လိုအပ်ပါတယ်။ Quarantine ဆိုတာဟာ ရောဂါပိုးမကူးစက်လာရန် သီးသန့်ထိန်းချုပ်နေထိုင်ခြင်းပါ။ Quarantine အမျိုးမျိုးတော့ ရှိပါတယ်။ ယနေ့အချိန်မှာ ဥရောပနိုင်ငံကြီးတွေအပါအဝင် နိုင်ငံတော်တော်များများဟာ Lock Down  ချလိုက်ပါပြီ။ Lock Down ဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်စပ်နေတဲ့ Border တွေကိုအကုန်ပိတ်ပြီး (ပြည်တွင်း၊ ပြည်ပလေယာဉ်ကွင်းတွေအပါအဝင်) အိမ်ပြင်မထွက်ရအမိန့်ထုတ်လိုက်ခြင်းပါ။ မြန်မာနိုင်ငံမှာ Lock Down မချသေးသော်ငြားလည်း မိမိနဲ့မိသားစုကိုကာကွယ်ဖို့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် (Self-Quarantine) လုပ်ဖို့လိုအပ်နေပါပြီ။ အပြင်ကိုမထွက်ရတော့ဘဲ ရုတ်တရက်ကြီးဆိုသလို လုပ်ကိုင်စရာမရှိတော့တဲ့အခါမှာ လူတွေဟာ အနည်းနဲ့အများစိတ်ပူပန်သောကတွေ၊ စိတ်ဖိစီးမှုတွေ၊ ငြီးငွေ့မှုတွေကြုံလာရတတ်ပါတယ်။ အိမ်ထဲမှာ နေရင်း မိမိကိုယ်ကို ကာကွယ်နိုင်သလို […]


ကိုရိုနာဗိုင်းရပ်စ်

Covid 19 နဲ့ ပတ်သက်တဲ့ အယူအဆအမှားများ (၁)

Covid 19 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တော်တော်များများကို‌တော့ သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမဲ့ သင်သိထားတာ မှန်မမှန် ရှင်းရှင်းလင်းလင်း ကွဲပြားဖို့လည်းလိုအပ်ပါတယ်နော်။ အောက်မှာဖော်ပြ ထားတဲ့အချက်တွေကိုတော့ သင့်အနေနဲ့မှန်သလား၊မှားသလားခွဲခြားလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။ (၁)   Covid 19 ကိုကာကွယ်လို့ရတဲ့ ကာကွယ်ဆေးပေါ်နေပါပြီ။ ဒီအချက်ကတော့ လုံးဝမှားယွင်းနေပါတယ်။ ယခုအချိန်ထိ Covid 19 ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရယ်လို့ ကမ္ဘာမှာ မပေါ်သေးပါဘူး။ သိပ္ပံပညာရှင်တွေကတော့ နည်းအမျိုးမျိုးနဲ့ရှာဖွေနေပါ ကြပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပေါ်လာဖို့ဆိုတာက လကနေ နှစ်ပေါင်းများစွာချီပြီးလည်း ကြာနိုင်ပါတယ်။ (၂)    ကွမ်းယာဆိုင်မှာ အလွယ်တကူရနိုင်တဲ့ စပ်ဆေးသောက်ခြင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်နိုင်တယ်။ မှားပါတယ်။ စပ်ဆေးတွေဟာ Covid 19 ကိုမကာကွယ်နိုင်တဲ့အပြင် ဘေးဥပါဒ်တောင်ဖြစ်စေနိုင်ပါ သေးတယ်။ အမှန်တကယ် Covid 19 ရောဂါကူးစက်မှုကို ကာကွယ်ချင်တယ်ဆိုရင်တော့ ရေနဲ့ဆပ်ပြာ ကိုအသုံးပြုကာ လက်ကို […]


ကိုရိုနာဗိုင်းရပ်စ်

လူငယ် များနဲ့ COVID-19

ဧပြီ ၁၃ရက်နေ့တုန်းက စာရင်းတွေအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာ ၂၂ယောက် တွေ့ခဲ့တဲ့ထဲမှာ ၃ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒီထဲက ၂ယောက်က သက်ကြီးပိုင်း၊ နဂို ရောဂါအခံရှိတဲ့သူတွေပါ။ နောက်ဆုံးတစ်ယောက်က လူငယ် သက်လတ်ပိုင်း အမျိုးသား တစ်ဦးပါ။ ဘာရောဂါအခံလည်း မပြောနိုင်ပေမယ့် ရုတ်တရက် သန်သန်မာမာ သွားနိုင်လာနိုင်ကနေ ရုတ်တရက် သေဆုံးသွားခဲ့တဲ့ အတွက် လူတွေစိတ်ထဲမှာ အတော်ပဲ ကြောက်လန့်သွားခဲ့ကြပါတယ်။ ခု စက်တင်ဘာ ၃ရက်နေ့မှာလည်း ၄၆နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြန်ပါတယ်။ သူကတော့ အရေပြားလေးဖက်နာနဲ့ ကျောက်ကပ်ရောဂါအခံရှိသူလို့ဆိုပါတယ်။ လက်ရှိစာရင်းတွေ (၉.၄.၂၀၂၀)အရတော့ သေဆုံးသူ ၇ဦးထိရှိသွားပါပြီ။ ကိုယ့်တစ်နိုင်ငံထဲလား ဆိုတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်ရပ်တွေ ရှိပါတယ်။ အမေရိကန်မှာဆိုရင် မှတ်မှတ်ရရ အသက်၃၀အရွယ် အမျိုးသား တစ်ဦးက […]


ကိုရိုနာဗိုင်းရပ်စ်

ကပ်ကြီးအပြီးမှာ ဝက်ကြီးမဖြစ်စေမယ့် နည်းလမ်း ၇ သွယ်

COVID-19 ရောဂါကြီးကြောင့် လူအများစုက လမ်းပေါ်မထွက်ဖြစ်ကြတော့ဘူး။ ဒီကြားထဲ သင်္ကြန်ပိတ်ရက်နဲ့ပါ တိုက်ဆိုင်နေတာမို့ အိမ်ထဲမှာပဲနေဖြစ်ဖို့ အရာရာအကြောင်းကဖန်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အားလုံးက စားလိုက်၊ အိပ်လိုက်နဲ့ တစ်နေ့တာကို ပျင်းရိငြီးငွေ့စွာဖြတ်သန်းနေကြရတာများပါတယ်။ တစ်ချို့ကတော့ Work Form Home အနေနဲ့ နေအိမ်မှာ အလုပ်လုပ်နေကြရတာမို့ ကွန်ပျူတာနဲ့ မျက်နှာ မခွာနိုင်ပဲ တစ်နေ့တာလုံး ရုံးတက်ချိန်လိုပဲ အလုပ်တွေနဲ့ လုံးပန်းနေကြရတာမျိုးလည်း ရှိကြရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိလူအများစု နေထိုင်နေကြတဲ့ လူနေမှုစတိုင်တွေကတော့ ကျန်းမာရေးနဲ့ မညီညွတ်တာအမှန်ပါပဲ။ တနေ့တနေ့ စားလိုက်သောက်လိုက်နဲ့မို့ ကပ်ကြီးလဲပြီး ဝက်ကြီးလဲဖြစ် ဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာတောင် နောက်ပြောင်နေကြရတဲ့အထိပါပဲ။ ပျင်းရိငြီးငွေ့မှုနဲ့ ရောဂါဆိုးကြီးအပေါ် စိုးရိမ်တဲ့ စိတ်ဖိစီးမှုတွေကြောင့် အစားတွေပိုစားဖြစ်၊ ပိုအိပ်ဖြစ်၊ ပိုအညောင်းထိုင်ဖြစ်ကြနဲ့ တချို့များ အိပ်ယာထဲကတောင် မထွက်တဲ့အထိ အရည်ထွက်အောင် ပျင်းနေကြရတယ်ဆိုပဲ။ ဒီလိုပုံနဲ့ဆိုရင် COVID-19 ရောဂါကို ရှောင်နိုင်မရှောင်နိုင်နဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း