ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

အစားအသောက်မှကူးစက်သောရောဂါများ

အစာအဆိပ်သင့်ခြင်းအကြောင်း

အစာအဆိပ်သင့်ခြင်းဆိုသည်မှာ အစာအဆိပ်သင့်တယ်ဆိုတာ အစားအစာကနေ ရောဂါပိုးဝင်ရောက်ခြင်းပဲ ဖြစ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့၊ အဆိပ်သင့်တဲ့၊ ရောဂါပိုးရှိတဲ့ အစားအစာတွေကို စားမိရင် ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အစာအဆိပ်သင့်ခြင်း လက္ခဏာများ အစာအဆိပ်သင့်တဲ့အခါ ကူးစက်ခြင်းဖြစ်ရာ ဇစ်မြစ်ပေါ်မူတည်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ အချိန်တနာရီလောက်ကနေ ၂၈ ရက်လောက်ထိ ကြာသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ အောက်ပါလက္ခဏာတွေထဲက အနည်းဆုံးသုံးချက်ခန့်ကို ကြုံတွေ့နိုင်ပါတယ်။ - ဗိုက်ရစ်နာခြင်း - ဝမ်းပျက်ခြင်း - ပျို့တက်ခြင်း - အစားပျက်ခြင်း - ငွေ့ငွေ့ဖျားခြင်း - အားနည်းခြင်း - အန်ခြင်း - ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အစာအဆိပ်သင့်ခြင်း လက္ခဏာတွေကတော့ - သုံးရက်ဆက်တိုက်ထက်ပိုပြီး ဝမ်းပျက်နေခြင်း - အပူချိန် ၁၀၁.၅ ဒီဂရီဖာရင်ဟိုက်ထက်ကျော်ပြီးဖျားခြင်း - ကောင်းကောင်းမမြင်ခြင်း၊ စကားပြောရခက်ခြင်း - ရေဓာတ်သိသိသာသာခန်းခြောက်ခြင်း၊ အာခြောက်ခြင်း၊ ဆီးသွားနည်းခြင်း - ဆီးသွားသွေးပါခြင်း အထက်ပါလက္ခဏာတမျိုးမျိုးရှိရင် ဆရာဝန်ပြသင့်ပါတယ်။ အစာအဆိပ်သင့်ခြင်း ဘာကြောင့်ဖြစ်သလဲ အဓိကအကြောင်းအရင်းသုံးခုအနက် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကို ထုံးမှုန့်က သတ်နိုင်သလား

ခုနောက်ပိုင်း အရပ်ထဲမှာ ထုံးမှုန့်တွေ လိုက်ဖြူးကြတယ်၊ လိုက်ဖြန်းကြတယ်ဆိုတဲ့ သတင်းတွေ ခပ်စိပ်စိပ်ဆိုသလို ကြားနေ မြင်နေရပါတယ်။ မြန်မာတွေက ထုံးမှုန့်ဟာ ပိုးမွှားတွေကို ဖယ်ရှားသတ်ဖြတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကလေးကလည်း ရှိထားပါတယ်။ ဒီလိုယူဆချက်တွေကြောင့်ပဲ ခုလို COVID-19 ကာလမှာ ပိုးမွှားတွေကို သတ်နိုင်တဲ့ ထုံးမှုန့်တွေကို ရပ်ကွက်တွေ၊ လမ်းတွေ၊ ရေမြောင်းတွေနဲ့ နေအိမ်ခြံဝန်းတွေမှာ လိုက်ပြီး ဖြူးတာ ဖြန်းတာမျိုးတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေကြတာပါ။ ဘယ်သို့သော လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေကြောင့် ဒီလိုပြုမူနေကြတယ်ဆိုတာကို တိကျသေချာစွာမသိရှိထားရပေမယ့် လူနေနေရာတွေမှာ ထုံးမှုန့်တွေ ဖြန်းနေတာကတော့ မြင်ရတွေ့ရ များလာနေပါတယ်။ တကယ်တမ်းအားဖြင့် ထုံးမှုန့်တွေဟာ သံမဏိနဲ့ ပလတ်စတစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအတွက် ဖန်တီးထားတဲ့ အရာတွေဖြစ်ပြီးတော့ ကွန်ကရစ်ဖျော်ဖို့၊ Filler အနေနဲ့ သုံးဖို့၊ စိုက်ခင်းတွေမှာသုံးဖို့၊ သတ္တုပုံသွန်းဖို့နဲ့ ရေသန့်စင်မှုတွေမှာအသုံးပြုဖို့တွေအတွက် ရည်ရွယ်ထားကြတာပါ။ ပါဝင်ပစ္စည်းအနေနဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာကွယ်ဆေး

ကိုဗစ်ကိုတော့ ထပ်ပြီး မိတ်မဆက်တော့ဘူး။ အခု ပြောချင်တာကတော့ ကာကွယ်ဆေးအကြောင်းပါ။ တရုတ်နိုင်ငံမှာ ကာကွယ်ဆေးထုတ်နိုင်ပြီဆိုတဲ့သတင်းတွေကိုလည်း မြင်မိကြမှာပါ။ ကာကွယ်ဆေး ဘယ်လိုအလုပ်လုပ်လဲ။ ကာကွယ်ဆေးထုတ်တဲ့အကြောင်းမပြောခင် ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို အရင်သိသင့်ပါတယ်။ ရောဂါမှန်သမျှကို တိုက်ထုတ်ပေးနိုင်ဖို့အတွက် အရေးကြီးဆုံး စွမ်းဆောင်ရှင်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ပါ။ ကာကွယ်ဆေး (vaccine) ဆိုတာကတော့ အဲဒီ ကိုယ်ခံအားစနစ်ကို စွမ်းအားပြည့်ဝနေအောင် ကြိုတင်ပြီး လေ့ကျင့်ပေးတဲ့အရာတွေပါ။ တုပ်ကွေးရောဂါကို ဥပမာကြည့်မယ်ဆိုရင် တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးက influenza ဗိုင်းရပ်စ်ပါ။ သူက ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာချိန်မှာ ခန္ဓာကိုယ်က ဒီဗိုင်းရပ်စ်အကြောင်းကို ဘာမှန်းမသိသေးဘူး။ ဝင်လာတဲ့အချိန်မှာလည်း ချက်ခြင်းမတိုက်ထုတ်ဘူး။ စစ်ဆင်ရေးအရပြောမယ်ဆိုရင် အချက်အလက်တွေစုဆောင်းမယ်။ ရန်သူမိတ်ဆွေခွဲမယ်။ ပြီးမှ အဆင့်အလိုက် ပြန်တုံ့ပြန်မယ်။ ဒါပေမယ့် သူပြန်တုံ့ပြန်တဲ့အချိန်မှာ ဗိုင်းရပ်စ်က အင်အားကြီးနေပြီ အများကြီးဖြစ်နေပြီဆိုရင် တိုက်ပွဲက ပြင်းထန်ပြီး ခန္ဓာကိုယ်က ဒဏ်ခံရတယ်။ အရမ်းဆိုးတဲ့အချိန်မှာ ကိုယ်ခံအားစနစ်က ရှုံးသွားတယ်။ အဲဒါဆိုရင်တော့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ပိုးဟာ ရေထဲမှာ ရှင်သန်နိုင်ပြီလား

COVID-19 ရောဂါပိုးဟာ ရေထဲမှာ အသက်ရှင်နိုင်သလား? အလွန်စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ရေဆိုတာဟာ လူ့ခန္ဓာကိုယ်ရဲ့ အဓိကအရင်းအမြစ် ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတွေ အသက်ရှင်သန်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက်ဆိုလည်း မှန်ပါတယ်။ ခုဆို ဒီရောဂါဆိုးကြီး ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့နေတာဟာ ၄ လ ကျော်နေခဲ့ပါပြီ။ ခုချိန်ထိ တိကျရေရာတဲ့ ကုထုံးမျိုးကို ဖန်တီးနိုင်ခြင်းမရှိသေးပဲ သေဆုံးသူအရေအတွက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက်ကတော့ မှန်မှန်ကြီး တိုးတက်လာနေပါတယ်။ ဒီတော့ လူတိုင်းက ဒီရောဂါကို ကြောက်ရွံ့နေကြပြီး လက်လှမ်းမှီရာအချက်အလက်တိုင်းကို သိလိုနေကြပါတယ်။ ကူးစက်မြန် အဆုတ်ရောင်ရောဂါဆိုးကြီး ပြန့်ပွားလာချိန်ကတည်းက ဘယ်လိုနေရာတွေမှာ ရောဂါပိုး ကပ်ငြိနိုင်ပြီး ဘယ်လိုရှောင်ရှားရမလဲဆိုတာကို လူတိုင်း စိတ်ဝင်စားခဲ့ကြပါတယ်။ အစောပိုင်း လေ့လာချက်တွေအရ ဒီရောဂါပိုးဟာ မာကျောတဲ့ မျက်နှာပြင်တွေမှာ ပိုမိုရှင်သန်နိုင်ပြီး ရက်အတန်ကြာအထိကပ်ငြိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ရေထဲမှာ ရောဂါပိုး […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ရဲ့ နောက်ဆက်တွဲလှိုင်းလုံးက စိတ်ရောဂါစွဲကပ်မှုလား

မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်ခံရသူ များလာနေပြီမို့ နေအိမ်ကနေ အပြင်ကို မထွက်ကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြီး သတိပေးထားကြရတဲ့အထိပါပဲ။ သင်္ကြန်ပွဲတော်ကြီးဟာလည်း COVID-19 ကြောင့် ဖျက်သိမ်းလိုက်ရပြီမဟုတ်လား။ ခုလို ရောဂါဆိုးကြီး ပျံ့နှံ့လာတော့ လူတွေလည်း အပြင်မထွက်ရ ဘာမထွက်ရ၊ ဟိုမသွားရ ဒီမသွားရနဲ့ စိတ်ကျဉ်းကျပ်ဖွယ် စိတ်ညစ်ညူးဖွယ် အချိန်တွေနဲ့ ရင်ဆိုင်လာကြရပါတယ်။ လူဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုကြတဲ့အခါ ပေါင်းသင်းဆက်ဆံရေးသတ္တဝါလို့ ဆိုကြတယ်မဟုတ်လား။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ လှုပ်ရှားသက်ဝင်နေဖို့ လိုအပ်တယ်မဟုတ်လား။ ဒါကြောင့်လည်း ခုလို အပြင်မထွက်ပဲ နေအိမ်ထဲမှာပဲ နေထိုင်ဖို့ တားမြစ်ခံထားရချိန်မှာ လူအများစုမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်ကြရတာပါ။ လူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာနေကြရတာကတော့အမှန်ပဲဖြစ်နေပြီးတော့ အထီးကျန်တာ၊ ပူပင်သောကများတာနဲ့ စိတ်ပင်ပန်းဆင်းရဲတာတွေကို အနည်းနဲ့အများဆိုသလို ကြုံနေကြရပါတယ်။ ရောဂါကြောင့် ပူပင်ရတဲ့သောကနဲ့ အပြင်ထွက်ခွင့်မရချိန်မှာ ရင်ဆိုင်ရတဲ့ စိတ်ညစ်ညူးမှုတွေကြောင့် ခုလို […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကို အစားအသောက်ကနေ ကူးနိုင်သလား

Covid-19 ရောဂါကူးစက်မှုတွေကို ကာကွယ်ဖို့အတွက် အိမ်မှာနေကြ၊ ကာကွယ်နည်းတွေ လိုက်နာနေကြတဲ့ အချိန်မှာ လူတွေသိချင်နေမယ့် မေးခွန်းတစ်ခုကတော့ အစားအသောက်ကနေ ကူးနိုင်လား ဆိုတာပါပဲ။ ဟုတ်တယ်လေ။ ကိုယ်က နှာခေါင်းစည်းတွေတပ်၊ လက်တွေ ခဏခဏဆေး၊ အမျိုးစုံ ဂရုစိုက်ပေမယ့်လည်း ဆိုင်ကဝယ်လာတဲ့ အစားအသောက်တွေကနေ ရောဂါပိုးများ ကူးလာနိုင်သလား စိုးရိမ်မိကြပါလိမ့်မယ်။ အိမ်ကနေ မှာစားတာ၊ မားကတ်တွေမှာ ပြေးဝယ်ထားတာတွေ အတွက် တွေးပူမိပြီပေါ့။ ကူးနိုင်လား ဒီတော့ အစားအသောက်ကနေ ကူးနိုင်လား မကူးနိုင်လားဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ဖော်ပြချက်တချို့ကို ကြည့်ရအောင်။ သူတို့ရဲ့အချက်အလက်တွေအရဆို အစားအသောက် သို့မဟုတ် အစားအသောက်ထုပ်ပိုးမှုကနေ လူတွေကို Covid-19 ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ သိပ်မရှိနိုင်ပါဘူးတဲ့။ ဘာလို့လဲ Covid-19 ဟာ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုဖြစ်ပြီး မူလပထမကူးစက်မှုလမ်းကြောင်းဟာ လူလူချင်းထိတွေ့မှု၊ ရောဂါပိုးရှိသူ ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ အစက်မှုန်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကတဆင့် ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 သတင်းတွေကြောင့် ညအိပ်မပျော်နိုင်အောင် စိုးရိမ်နေရပြီလား

လူဆိုတာ စိုးရိမ်စရာတွေ၊ စိတ်ပူစရာ ကိစ္စတွေ ခေါင်းထဲ ပြည့်နေရင် မျက်စိကြောင်ပြီး အိပ်မပျော်တတ်တာ သဘာဝပါပဲ။ အခုလိုမျိုး Covid-19 ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် တစ်ကမ္ဘာလုံး ကပ်ဘေးဆိုက်နေတဲ့ အခြေအနေမျိုးမှာဆို ပိုဆိုးတော့တာပေါ့။ မြန်မာနိုင်ငံအတွက်လည်း ဆုတောင်းနေတဲ့ ကြားထဲက ပိုးကူးစက်ခံရသူ အရေအတွက်က များသထက် များလာပြီဆိုတော့ မိဘပြည်သူတွေအနေနဲ့လည်း နဂိုထက်တောင် ပိုပြီး စိုးရိမ်ပူပန်မိမှာ သဘာဝပဲလေ။ အဲ့ဒီအတွက် အိပ်ရေးအပျက်ခံပြီး ကိုယ့်ကျန်းမာရေးကို မထိခိုက်စေဖို့ ဘာတွေ ဆောင်ပြီး ဘာတွေ ရှောင်ရမလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ရအောင်။ ၁။ ကိုယ့်ရဲ့ တစ်နေ့တာကို ပုံမှန်လုပ်နေကျအတိုင်း လည်ပတ်ပါ။ မလိုအပ်ဘဲ အပြင်မထွက်ဖို့ရယ် ခါတိုင်းအချိန်ထက် ပိုဂရုစိုက်ဖို့ရယ်က လွဲရင် လူတိုင်းရဲ့ တစ်နေ့တာမှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ အခြေအနေပေါ် […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာလမှာ အစားတွေ ထိန်းမရအောင် စားနေမိပြီလား

ဒီရက်ပိုင်း အိမ်မှာပဲ နေနေရတာဆိုတော့ အရမ်းကို ပျင်းနေမှာပဲနော်။ အပြင်လည်း မသွားရ၊ အလုပ်လည်း မလုပ်ရ၊ သူငယ်ချင်းတွေနဲ့လည်း တွေ့ပြီး စကားမပြောရ၊ အဆိုးဆုံးက အိမ်မှာပဲ လှောင်ပိတ်ခံထားရသလို ဖြစ်နေတော့ ဘာမှလုပ်စရာ မရှိရင် အစားအသောက်ဘက်ကို မျက်စောင်းထိုးတတ်ကြတာ လူ့သဘာဝပဲလေ။ ဒါ့အပြင် တက်လာတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းတွေကလည်း စိုးရိမ်စရာတွေချည်းပဲ ဆိုတော့ လူက စိတ်ဖိစီးပြီး အစားပိုစားချင်လာတော့တာပေါ့။ အစာစားတာကတော့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါတယ်။ တစ်ခု သတိထားရမှာက လူတော်တော်များများက စိတ်ဖိစီးမှုကြောင့် ဒါမှမဟုတ် ဘာမှလုပ်စရာ မရှိလို့ ပျင်းနေပြီဆိုရင် တွေ့ရာကို စားတတ်ကြတာပါ။ အာဟာရမဖြစ်တာတွေ စားပြီး ဗိုက်က ပြည့်နေရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မရနိုင်တော့ဘဲ […]


ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးကို COVID_19 ကနေ ဒီလို ကာကွယ်ပါ

အခုချိန်ခါက မေမေတိုင်း ကိုယ်တိုင်ကိုရော ရင်နဲ့အမျှချစ်ရတဲ့ ဘေဘီလေးတွေကိုပါ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 ကူးစက်နေမှာကို စိုးရိမ်နေလောက်မှာပါ။ ဒီတော့ ဘေဘီလေးကို COVID_19 မကူးစက်စေဖို့ ဘယ်လိုကာကွယ်ရမလဲ ပြောပြပေးပါရစေနော်။ ဘေဘီလေးတွေရော COVID_19 ကူးစက်နိုင်လား……… ဒီရောဂါက အရွယ်သုံးပါးစလုံး ကူးစက်နိုင်ပါတယ်။ ကိုယ်ခံအား ဖွံ့ဖြိုးဆဲဖြစ်တဲ့ ဘေဘီလေးတွေမှာလည်း ကူးစက်နိုင်ပါတယ်။ ဒီတာ့ ဘေဘီလေးကို ရောဂါပိုး မကူးစက်စေဖို့က ဘယ်လိုကာကွယ်ကြမလဲ……… ကလေးကို အာဟာရပြည့်ဝအောင် ကျွေးမွေးပါ ကလေးကို နေ့စဉ်တိုင်းမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်ကြတဲ့ ပရိုတင်း၊ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် D၊ ကယ်လ်ဆီယမ် ကစလို့ အာဟာရတွေ ပြည့်ဝနေအောင် ကျွေးမွေးပေးရပါမယ်။ တစ်နေ့ကို ၃ ကြိမ် ထက်မနည်း အာဟာရကျွေးပေးရပါမယ်။ အိပ်ရေးဝအောင် ဂရုစိုက်ပါ ဘေဘီလေးတွေကို တစ်နေ့တာမှာ အိပ်ချိန် အနည်းဆုံး ၈ […]


ကိုရိုနာဗိုင်းရပ်စ်

COVID_19 လား……………. အပူလျှပ်တာလား………………

ပူပြင်းတဲ့နွေရောက်လာရင် အဖြစ်များတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒါကတော့ အပူလျှပ်တာပါ။ အခုလိုချိန်မှာ ကပ်ရောဂါ COVID_19 ကိုလည်း စိုးရိမ်နေရချိန်ဖြစ်တာကြောင့် ခန္ဓာကိုယ် အပူချိန်မြင့်တာကို လူတိုင်း စိုးရိမ်မိမယ်ထင်ပါတယ်။ ဒီတော့  အပူဒဏ်ကြောင့် အပူလျှပ်ပြီး ကိုယ်ပူနေတာလား COVID_19 ကြောင့် ကိုယ်အပူချိန်မြင့်နေတာလားဆိုတာကို သေသေချာချာလေး သိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် အသိပေးပါရစေ။ အပူလျှပ်တယ်ဆိုတာ နွေအပူချိန် အမြင့်ဆုံးဖြစ်တဲ့ ဒီကာလမှာ အပူလျှပ်တာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အပူချိန်မြင့်နေတဲ့ အချိန်မှာ နေပူထဲမှာ အကြာကြီးနေမိမယ်။ ပင်ပင်ပန်းပန်း နေပူထဲမှာ လုပ်မိတာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါမျိုးမှာ အပူလျှပ်တာမျိုးဖြစ်နိုင်ပါတယ်။ အပူလျှပ်ခြင်း အပူလျှပ်တယ်ဆိုတာက အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့ အခြေအနေမှာ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ် အပူချိန် က ပုံမှန်ရှိသင့်တာထက် အရမ်းမြင့်တက်တဲ့ အခြေအနေတစ်ရပ်ပေါ့။ အပူလျှပ်တဲ့အခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း