ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

အိမ်မှာ နေရင်း ကိုယ်ခံအား ကောင်းအောင် ဘာလုပ်ကြမလဲ

အိမ်မှာ နေရတဲ့ အချိန်လေး ရအောင် အနားယူကြနော်။ ကိုယ်ခံအားကောင်းမှ ရောဂါကပ်ဆိုးကြီးကို ရင်ဆိုင်ကျော်လွှားနိုင်မှာဆိုတော့ ကိုယ်ခံအားစနစ်က အရေးကြီးတာ သိတယ်မဟုတ်လား။ ဒီတော့ ကိုယ်ခံအားကောင်းဖို့ ဒီအချက်တွေ သေချာဂရုစိုက်ကြပါလို့ အကြံပြုပေးချင်ပါတယ်။ အိမ်မှာနေရင်း ကိုယ်ခံအားစနစ် ကျန်းမာအောင် ဘယ်လိုလုပ်ကြမလဲ ကြည့်ရအောင်... (၁) အိပ်မယ် အိပ်ရေးပျက်ရင် ကိုယ်ခံအား နည်းစေပြီး ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေမှာ ဆုတ်ယုတ်မှုတွေ ရှိလာစေနိုင်ပါတယ်။ တော်တန်ရုံ ရောဂါမဖြစ်ဘဲ ကိုယ်ခံအားကောင်းနေချင်ရင် တစ်နေ့ကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီအတွင်း ရှိဖို့ လိုပါတယ်။ (၂) Relax နော် Relax စိတ်ဖိစီးမှု ကြောင့် ခန္ဓာကိုယ်မှာ ထွက်လာတဲ့ ကော်တီဆော ဟော်မုန်းက ကြာလာရင် အစားအသောက် မူမမှန်တာ၊ အအိပ် မမှန်တာ စတဲ့ဆိုးကျိုးတွေနဲ့ ခန္ဓာကိုယ်ကိုပါ ဖိစီးလာပြီး […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19ကာလမှာ ကိုယ်အလေးချိန် တိုးခြင်းကို ကာကွယ်ဖို့

COVID-19 မြန်မာပြည်ကို ရောက်လာကတည်းက လူတိုင်းနီးပါးဟာ အိမ်တွင်းအောင်း နေကြရပါတယ်။ဒီကာလမှာ အားလုံးတူတူကြုံတွေ့ရတဲ့ ပြဿနာကတော့ အိမ်မှာအောင်းနေပြီး အစားတွေ တစ်ဇွတ်ဇွတ်စားရာကနေ ကျန်းမာသောဝက်ကြီးတွေ ဖြစ်လာကြတာပါပဲ။ လူငယ်တွေ တော်တော်များများ နေ့နှင့်ညမှားရာကနေ အစားအသောက်ပုံစံမမှန်ဖြစ်ခြင်း၊ညနက်ထိ တီဗီကြည့်ရင်း အစားမျိူးစုံ စားသောက်ကြခြင်းတိုကြောင့် တဖြည်းဖြည်းဝလာလို့ ကိုယ့်ကိုယ်ကို စိတ်ပျက်နေကြသူတွေ ရှိနေပါပြီ။ဒါတင်မကသေးပဲ COVID-19ကြောင့် ဖြစ်ပေါ်တဲ့ စိတ်ဖိစီးမှုအမျိူးမျိူးကလည်း သင့်ကို တစ်ချိန်လုံး အစားတွေ စားစေတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ထွက်ပေါ်လာတဲ့ ကော်တီဇောဟော်မုန်းကြောင့် အချိူတွေ၊သရေစားတွေ၊အချိူရည်နဲ့ဘီယာတွေကို ပိုမိုစားသောက်လိုစိတ် ဖြစ်ပေါ်ကြပါတယ်။ COVID-19လည်းအပြီး လူလည်း နှစ်ဆလောက် ဝတုတ်နေတာမျိူး မဖြစ်ချင်ကြဘူးဆိုရင်တော့ လိုက်နာရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စားသောက်မှုပုံစံကို အလေးထားပါ။ သရေစာ ကြိုက်သူတွေကတော့ သရေစာတွေ ဆက်စားနေကြမှာပါပဲ။ဒါပေမယ့် ယခင်စားနေကျထက်တော့ လျှော့စားနိုင်ပါတယ်။ ကယ်လိုရီများပြီး ဝဖြိုးစေတဲ့ ရေခဲမုန့်၊ အာလူးကြော်၊ ဟမ်ဘာဂါ၊ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19ကာလကို အိမ်ထောင်သည် စုံတွဲတွေ ချစ်ခင်ရင်းနှီးစွာ ဘယ်လိုကျော်ဖြတ်ကြမလဲ

Covid-19ကာလမှာ လူတိုင်းနီးပါးဟာ မဖြစ်မနေကိစ္စကလွဲရင် အိမ်တွင်းအောင်းနေကြရတာမို့ အိမ်ထောင်သည် စုံတွဲများအနေနဲ့  အိမ်မှာတူတူနေရချိန် ပြောဆိုဆက်ဆံရချိန်တွေဟာ အရင်ထက်ပိုမိုများပြားလာပါတယ်။ ဒီလိုတူတူနေချိန်များပြားလာခြင်းဟာ စုံတွဲတွေအတွက် ချစ်ခင်ရင်းနှီးဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်စေသလို တစ်ဖက်မှာလည်း သဘောထားခြင်းမတိုက်ဆိုင်စရာတွေ ဖြစ်စေဖို့ ပိုမိုအခွင့်အလမ်းများစေတာလည်း ငြင်းလို့မရပါဘူ။ဒါကြောင့်မို့ Covid-19ကာလတွင်း စုံတွဲတွေအကြား ချစ်ခင်ရင်းနှီးမှုတွေ တိုးပွားပြီး ရန်ဖြစ်တာတွေနည်းစေမယ့် နည်းလမ်းကောင်းလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ (၁)ကိုယ့်ကိုယ်ကို စိတ်ပျက်ငြီးငွေ့တာမျိူး မဖြစ်ပါစေနှင့်။မိမိကိုယ်ကိုချစ်ပါ၊လက်တွဲဖော်ကိုလည်း ချစ်ပါ။ ကမ္ဘာကြီးဟာ ကပ်ဘေးနှင့်ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ဒီအချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ပျက်နေတာမျိူး၊ဖြစ်ချင်တာတွေ မဖြစ်လာလို့ ပေါက်ကွဲနေတာမျိူးအစား အကောင်းမြင်စိတ်ကို ကြိုးစားမွေးမြူပါ။ တစ်ကမ္ဘာလုံးဟာ သင့်နည်းတူရင်ဆိုင်နေရတာမို့ အနည်းဆုံးတော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။စစ်တမ်းများအရ မိမိကိုယ်ကိုကျေနပ်ချစ်ခင်နေတယ်ဆိုရင် လက်တွဲဖော်ကိုပါ အကောင်းမြင်ပေးနိုင်ဖို့ အလားအလာပိုများပါတယ်။ဒါကြောင့် ဒီကာလမှာ စိတ်ရောကိုယ်ပါ ကောင်းကောင်းအနားယူပါ။ (၂)သင့်ရဲ့ ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းကြေကွဲနိုင်ပါတယ် Covid-19ကြောင့် မိသားစုဝင်တွေ၊မိတ်ဆွေတွေကို ဆုံးရှုံးသွားသောသူများ၊ လုပ်ငန်းတွေရပ်ပစ်လိုက်ရလို့ ဝင်ငွေလုံးဝမရှိတော့သူများ၊မျှော်လင့်ထားတဲ့အရာတွေအတော်များများကို ရပ်တန့်ထားရသူများအနေနှင့် အနည်းဆုံးတော့ ဝမ်းနည်းပူဆွေးကြမှာ […]


ကိုရိုနာဗိုင်းရပ်စ်

Lockdown ကာလမှာ ဘော်ဒါတွေမပါဘဲ တစ်ယောက်တည်း မော့တဲ့အခါ

Covid-19 ကြောင့် အပြင်မထွက်ရဘဲ အိမ်မှာနေရပြီဆိုမှတော့ အရင်လို ဘော်ဒါတွေနဲ့ မထိုင်ရတော့ဘူးပေါ့။ ဘီယာလေး၊ အမြည်းလေးနဲ့ စကားစမြည်ပြောကြဖို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါနဲ့ပဲ ပျင်းပျင်းနဲ့ ဝယ်ထားတဲ့ ရိက္ခာတချို့ အမြည်းလုပ်ပြီး ထိုင်သောက်မိပါရောလား။ ခက်တာက Covid-19 ရဲ့ အိမ်နေကာလက ဘယ်တော့ပြီးဆုံးမယ် မသေချာတဲ့အခါ ကိုယ်တိုင်မသိလိုက်ဘဲ ခဏခဏ မော့မိတာ ပြဿနာရှိပါတယ်။ တစ်ခါတလေ မဟုတ်တော့ဘဲ မကြာခဏ အရက်၊ ဘီယာတွေ ထိုင်သောက်နေရင် အရင်ကထက်တောင် ပိုသောက်မိနေပါလိမ့်မယ်။ နေ့တိုင်း လိုလို သောက်မိနေရင် အရက်ကို နေ့တိုင်းလိုလို၊ မကြာခဏသောက်မိနေတယ်ဆိုရင် ပမာဏမများရင်တောင် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအပေါ် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ကာလတို အတွင်း ဘယ်လို ထိခိုက်လာနိုင်လဲ  အရက်ကို ဆက်တိုက်သောက်နေမိတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေနဲ့ စနစ်တွေကို ထိခိုက်စေနိုင်တယ်၊ နာတာရှည်နာကျင်ကိုက်ခဲမှုပြဿနာတွေ အစပြုလာနိုင်တယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

ဓာတ်မတည့်တာ (Allergies) လား? တုပ်ကွေးလား? COVID-19 လား?

ကပ်ဘေးကာလကြီးထဲမှာ တစ်နေ့တစ်နေ့ COVID-19 သတင်းတွေချည်း ကြားနေကြရတော့ ကိုယ့်ခန္ဓာကိုယ်က တစ်ခုခု ချို့ယွင်းလာရင်တောင် ဒီရောဂါစွဲကပ်ပြီလားလို့ တွေးပူနေကြရပါတယ်။ ချောင်းလေးဆိုးလည်း စိတ်ပူရ၊ နှာခေါင်းယားလည်း စိတ်ပူရ၊ ရင်ဘတ်အောင့်လည်း စိတ်ပူရ၊ အရေပြားယားယံလည်း စိတ်ပူရ၊ ကိုယ်ပူချိန်မြင့်လည်း စိတ်ပူရနဲ့ ဘာဝေဒနာခံစားရ ခံစားရ COVID-19 လားလို့ တွေးတွေးပူနေရတာက စိတ်မချမ်းမြေ့ဖွယ်ပါပဲ။ ခုကာလက ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလမို့ အပူချိန်မြင့်မားလွန်းလှပြီး ခန္ဓာကိုယ်မှာ ဓာတ်မတည့်မှု (Allergies) လက္ခဏာတွေ ဖြစ်ပေါ်လေ့ရှိတဲ့ ကာလမျိုးပါ။ တချို့သော Allergies လက္ခဏာတွေနဲ့ တုပ်ကွေးလက္ခဏာတွေဟာ COVID-19 ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတာမို့ ယုန်ထင်ကြောင်ထင်နဲ့ သောကပွားစရာ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ခုဆောင်းပါးမှာတော့ ဓာတ်မတည့်မှု (Allergies)၊ တုပ်ကွေး (Flu) နဲ့ ကိုရိုနာဗိုင်းရပ် (COVID-19) တွေရဲ့ တူမယောင်နဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ရန်ရှောင်ပြီး ဈေးဘယ်လိုဝယ်ကြမလဲ

COVID-19 ကပ်ဘေးကြီး စတင်လာကတည်းက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေလည်းပိတ်၊ သွားစရာလာစရာတွေလည်း မရှိနဲ့ အိမ်တွင်းအောင်းနေရတဲ့အပြင် ဟိုနားက ကူးနိုင်တယ် ဒီနားက ကူးနိုင်တယ်ဆိုတဲ့ သတင်းစကားတွေကြောင့်လည်း အပြင်သွားဖို့ အခက်တွေ့နေကြရတယ်မဟုတ်လား။ ဘယ်လိုပဲ အပြင်ထွက်ဖို့ ခက်တယ်၊ သွားဖို့မလွယ်ဘူးပြောပြော နေ့စဉ်စားဝတ်နေရေးအတွက် ဈေးပဲဖြစ်ဖြစ်၊ grocery store တွေကိုပဲဖြစ်ဖြစ် ရက်ခြားတစ်ခါပဲဖြစ်ဖြစ်၊ နေ့စဉ်ပဲဖြစ်ဖြစ်တော့ သွားနေကြရတာပါပဲ။ မသွားရင်လဲ မိသားစုဝင်တွေရဲ့ စားရေးသောက်ရေး အခက်တွေ့မှာလေ။ တစ်ချို့ဒေသတွေမှာ မိသားစုဝင်တစ်ယောက်ကို အပြင်ထွက်ခွင့်ပေးထားပြီး တချို့ဒေသတွေမှာတော့ အိမ်ထောင်ဦးစီးကိုသာ အပြင်ထွက်ခွင့်ပေးထားပါတယ်။ ရောဂါကပ်ဘေးကာလအတွင်း ဘယ်လိုပဲဖြစ်ဖြစ် အပြင်ထွက်ရပြီဆိုတာနဲ့ ဘေးအန္တရာယ်ကိုတော့ စိုးရိမ်ကြရတာပါပဲ။ ခုလိုအချိန်မှာ ဈေးသွား ဈေးဝယ်သူတွေကို ဘေးကင်းရန်ကွာ ဈေးဝယ်နိုင်မယ့် နည်းလမ်းမျိုးကို လမ်းညွှန်ပေးရမယ်ဆိုရင် လူတိုင်းအတွက် အသုံးတည့်နိုင်မယ်ထင်ပါတယ်။ အိမ်ကနေ မထွက်ခင် အိမ်ကနေ မထွက်ခင်မှာ အောက်ပါ အချက်တွေကို သေချာကျနာစွာ စီစဉ်ပါ။ ဈေးဝယ်မယ့် […]


ကိုရိုနာဗိုင်းရပ်စ်

COVID_19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေ

၂၀၁၉ နှစ်ကုန်ပိုင်းကနေစပြီး ကူးစက်ပျံ့နှံ့လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာဆိုရင် စတင်ခဲ့တဲ့တရုတ်ပြည်သာမက ကမ္ဘာ့နိုင်ငံတော်တော်များများကိုပါ ကူးစက်ပြီး သေဆုံးမှုတွေလဲ ရှိလာနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာထားပြီးဖြစ်သလို လူအတော်များများကလည်း ကိုရိုနာဗိုင်းရပ်စ်ကိုကြောက်ရွံ့နေကြပါတယ်။ ကိုဗစ်ဟာ ကူးစက်နိုင်စွမ်းမြင့်မားပေမယ့် အသေအပျောက်နှုန်းကတော့ နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းပဲရှိတာမို့ အရမ်းကြီးစိုးရိမ်ထိတ်လန့်စရာတော့ မဟုတ်လှပါဘူး။ သို့သော်လည်း ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ခုခံအားကျဆင်းနေသူတွေ၊ နဂိုရောဂါအခံတစ်ခုခုရှိသူတွေ၊ ခုခံအားကျစေတဲ့ စတီးရိုက်လိုဆေးတွေသောက်သုံးနေရသူတွေ၊ ကင်ဆာရောဂါသည်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာတော့  အသေအပျောက်ပိုမိုရှိနိုင်တဲ့အတွက် အထူးဂရုပြုဖို့တော့လိုပါတယ်။ ဒါ့အပြင်COVID_19 ရောဂါအကြောင်းကို လူတွေကို နှိုးဆော်ခဲ့တဲ့ အသက်သုံးဆယ်ကျော်သာရှိသေးတဲ့ တရုတ်လူငယ်ဆရာဝန် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့တာကလည်း ဒီဗိုင်းရပ်စ်ကိုပေါ့ပေါ့ဆဆ သဘောထားဖို့ မသင့်တဲ့အကြောင်းဖော်ပြေနေပါတယ်။ အမေရိကန်ကူးစက်ရောဂါတိုက်ဖျက်ရေးနဲ့ကာကွယ်ရေးစင်တာက COVID_19 နဲ့ပတ်သက်လို့အများပြည်သူတွေ လိုက်နာသင့်တဲ့အချက်တွေကတော့ ဒီလိုပါ။  (၁) လက်ခဏခဏဆေးပါ။ ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး လက်ကို တံတောင်ဆစ်အထိ ကျကျနနသေသေချာချာ ဆေးကြောခြင်းဟာ COVID_19 […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာလမှာ လေ့ကျင့်ခန်းလုပ်ပေးသင့်တဲ့ အကြောင်းအရင်း

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ အလုပ်တွေကို အိမ်ကနေလုပ်နေကြရသလို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ အချိန်အများစုကိုနေနေကြရပါတယ်။ ဒီလိုကာလမှာ ရောဂါဖြစ်ပွားမှုတွေတိုးလာတိုင်း ကြောက်စိတ်တွေ၊ ပူပန်စိတ်တွေတိုးလာသလို ငါ့မှာများ ကူးစက်ခံနေရပြီလားဆိုတဲ့ အတွေးတွေကလည်း နှိပ်စက်မှုကို ခံရနိုင်ပါတယ်။ ဒီတော့ အခုလိုကာလမှာ ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်လို့ရတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိနေပါတယ်။ ဒါကတော့ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာပါ။ ကိုယ်လက်လေ့ကျင့်ခန်းက အိမ်မှာလုပ်လို့ရပါ့မလား.............. ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ မဖြစ်မနေ Gym ကို သွားဖို့မလိုပါဘူး။ အိမ်မှာတင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ကိရိယာတွေမှာ မရှိတာလေဆိုရင်တော့ ကိရိယာလွတ် လေ့ကျင့်ခန်းတွေ စလိုက်​ကြစို့လား။ လေ့ကျင့်ခန်းလုပ်ဖို့က အခင်းပြားတစ်ခုရှိရင်တောင် အဆင်ပြေပြေလုပ်လို့ရပါတယ်။ အရင်ဆုံး အကြောလျှော့ပါ။ အ​ကြောလျှော့တာက လေ့ကျင့်ခန်းမလုပ်ခင် မဖြစ်မနေလုပ်သင့်ပါတယ်။ ဒါမှာ ကြွက်သားတွေ ထိခိုက်နာကျင်မှု နည်းမှာပါ။ ပြီးရင်တော့ ဒိုက်ထိုးတာ၊ Plank ထောက်တာ၊ မတ်တတ်အနေအထားနဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကြောက်တဲ့ အရာများ

ဒီလပိုင်းလောက်မှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့  0.1 micron သာသာ လောက်ပဲ ရှိတဲ့ ကိုဗစ် ဗိုင်းရပ်စ် ဝင်မွှေသွားလိုက်တာ မဟာလူသားတွေ အတုံးအရုံးပါပဲလား။ ဒီဗိုင်းရပ်စ် ပိစိလေးကြောင့် လူပေါင်း သန်းနဲ့ချီ ကူးစက်ခံရပြီး သိန်းနဲ့ချီ သေဆုံးရတယ်ဆိုတာ မခံချင်စရာပါ။ ဒါတင်ပဲလားဆိုလားဆိုတော့ ကျန်တဲ့လူကောင်းတွေလည်း အကူးခံရမှာ စိုးလို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ကြဘူး သတဲ့လေ။ ကဲ ဒီတော့ ဒီတိုင်းနေလို့တော့ မဖြစ်သေးဘူး။ ကိုဗစ်မှာလည်း ကြောက်ရတဲ့အရာတွေ ရှိဦးမှာပဲ။ ဒါတွေနဲ့ သူ့ကို ကာကွယ်ရမှာပေါ့။ ကိုဗစ် ကြောက်တဲ့ အရာများ ဒီနေရာမှာ ၄ပိုင်း ခွဲပြောကြရအောင်။ အိမ်တွင်းမှာ၊ အိမ်ပြင်မှာ၊ ကိုယ်ပြင်ပမှာ၊ ကိုယ်တွင်းမှာ ဆိုပြီး ခွဲပြီး ကြည့်ရအောင်။ အိမ်တွင်းမှာ ဘယ်လို သတ်မလဲ။ အိမ်တွင်းမှာ ဆိုရင် အိမ်အသုံးအဆောင် ပစ္စည်းတွေ၊ ကြမ်းခင်းတွေ၊ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာကွယ်ဖို့ အားဆေးတွေကို အလွန်အကျွံ အားမကိုးပါနဲ့

ဒါကတော့ အကြောက်လွန်တာထက် ပြင်ဆင်တာ လွန်သွားတဲ့ အခြေအနေမျိုးပေါ့။ များသောအားဖြင့် လူတွေက ရောဂါဆိုရင် ကြောက်ကြတယ်။ ကြောက်တဲ့အထဲမှာမှ တချို့လူတွေက သေချာ ပြင်ဆင်ကြတယ်။ ကိုယ်ခံအားကောင်းဖို့အတွက်၊ ကျန်းမာစေဖို့အတွက် အစရှိသဖြင့် အားဆေးတွေကို အများအပြား ဝယ်ပြီး လှောင်ထားကြတယ်။ Covid-19 နဲ့ ပတ်သက်ပြီးတော့လည်း အခုချိန်ထိ ဖြေဆေးက ပေါ်မလာသေးဘူး။ ကူးစက်ခံရသူ အရေအတွက်ကလည်း များသထက် များလာတယ်ဆိုရင် ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ လူက ပူပန်လာတော့တာပါပဲ။ အဲ့လို ပူပန်လာပြီဆိုရင် ကိုယ် ပုံမှန်မလုပ်တတ်တဲ့ အမှားမျိုးတွေ မှားတတ်ကြပါတယ်။ အဲ့အမှားကတော့ အားဆေးကို အလွန်အကျွံ သောက်လိုက်ခြင်းပါပဲ။ တန်ဆေး လွန်ဘေးကို အမြဲ သတိရပါ။ အစားအစာမှ မဟုတ်ပါဘူး။ ဆေးဝါးနဲ့ ပတ်သက်လာရင်လည်း တန်ဆေး လွန်ဘေး ဆိုတာ ရှိပါတယ်။ လိုအပ်သလောက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း