ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

လူသိနည်းတဲ့ COVID-19ရဲ့ တခြား လက္ခဏာ များ

COVID-19ရဲ့ လက္ခဏာ တွေက အရင်လို မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ တစ်ခေါက်ကပဲ မန္တလေးက အမျိုးသမီးတစ်ဦးက ဘာလက္ခဏာမှ မပြဘဲ ရုတ်တရက် အနံ့မရတော့တာကြောင့်  COVID-19လားဆိုပြီး စစ်ဆေးခဲ့တာ ပိုးတွေ့ခဲ့ပါတယ်။ ဒါဟာ တော်တော်ဗဟုသုတရှိပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်လို့သာ ဒီလို သတိထားမိတာပါ။ ဒါ့ပြင် ဒီရောဂါမှာ ပိုပြီး ထူးဆန်းတဲ့ တခြားသော လက္ခဏာတွေ ရှိပါတယ်။ ဘာတွေလည်း ဆိုတာ ဆက်ကြည့်ရအောင်။ COVID-19ရဲ့ သာမန် လက္ခဏာ များ အားလုံးသိကြတာက COVID-19မှာ ဖျားမယ်။ ဒါကြောင့်လည်း လူအဝင်အထွက်များတဲ့နေရာတွေမှာ အဖျားတိုင်းကြတာပေါ့။ မောမယ်။ အသက်ရှူကြပ်မယ်။ နုံးတာတွေ ဖြစ်မယ်။ အလွယ်ပြောရင် တုပ်ကွေးရဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ နောက်ပိုင်းမှာတော့ တုပ်ကွေးနဲ့ မတူတဲ့၊ လားလားမျှ မဆိုင်တဲ့ လက္ခဏာတွေကိုပါ တွေ့လာရနေပါပြီ။ COVID-19ရဲ့ ထူးဆန်းတဲ့ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ဆေးရုံ က ကူးတဲ့ ရောဂါများ

ဆေးရုံ က ကူးတဲ့ ရောဂါကို ဆေးပညာအရ nosocomial infectionလို့ ခေါ်ပါတယ်။ Health-care associated infections ဒါမှမဟုတ် hospital-acquired infectionsလို့လဲ ခေါ်ပါတယ်။ ဒီလို ရောဂါမျိုးက ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ အတွေ့ရများပါတယ်။ နောက်ပြီး ဒီရောဂါက လူနာကို အထိအခိုက်များစေသလို အသေအပျောက်များစေပါတယ်။ ဆေးရုံမှာ တွေ့ရတဲ့ ပိုးတွေက ပိုပြီး ပြင်းထန်ပြီး ဆေးယဉ်ပါးနေသလို ဆေးရုံက ကူးတဲ့ ရောဂါတွေကလည်း ပိုပြီးများလာပါတယ်။ ကံကောင်းတာက ဒီရောဂါတွေက ကာကွယ်လို့ရနေတာပါပဲ။ ဒီရောဂါပိုးကို ဘယ်သူတွေ ပိုကူးစက်နိုင်လဲ။ဘယ်လို ကာကွယ်လို့ရသလဲဆိုတာ ဆက်ပြီး ပြောပြပေးပါမယ်။ ဆေးရုံ က ကူးတဲ့ ရောဂါပိုးရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ရောဂါပိုးတစ်ခုက ဆေးရုံက ကူးတယ်လို့ ပြောဖို့အတွက် ဆေးရုံတက်ပြီး ၄၈နာရီ အတွင်း ဖြစ်ရမယ်။ […]


ကူးစက်ရောဂါများ

ဖျားတိုင်း COVID-19 ကို ကြောက်စရာလိုလား

Hello Sayarwon ရဲ့ စာဖတ်ပရိတ်သတ်များမင်္ဂလာပါ ။ အခုအချိန်မှာ ကောလဟာလ အမျိုး‌မျိုးတွေ ထွက်နေတော့ ပုံမှန် ကိုယ့်ဖာသာကိုယ်ဖျားနေရင်တောင် ရောဂါများ ဖြစ်နေလားဆိုပြီး မသင်္ကာတာမျိုး ခံစားရနိုင်ပါတယ် ။ COVID-19 ရဲ့ ရောဂါလက္ခဏာတွေကိုလည်း ကျွန်တော်တို့ Hello Sayarwon အပါအဝင် မီဒီယာအမျိုးမျိုးကနေ အကြိမ်ကြိမ် တင်ပြနေတဲ့အတွက် ပိုတောင် နားယဉ်‌နေမယ်လို့ ယူဆပါတယ် ။ အများသိတဲ့အတိုင်းပဲ COVID19ရဲ့ ရောဂါလက္ခဏာတွေက ဖျားမယ် ၊ ချောင်းဆိုးမယ် ၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်နိုင်တဲ့အတွက် သာမန်နေမကောင်းဖြစ်ခြင်းနဲ့ သိပ်မကွာခြားပါဘူး ။ အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာဆိုးဝါးတာလည်း COVID-19 virus ကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံမှာ အတွေ့များတတ်တဲ့ တခြားရောဂါတွေ ဥပမာ အဆုတ်ရောင်ခြင်း ၊ တီဘီရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ရေကျောက်ဆိုတာ ဘာလဲ

ခုတလော ဆေးရုံဆေးခန်းတွေမှာ ခပ်စိပ်စိပ်တွေ့နေရတာတော့ ရေကျောက်ရောဂါပါ ။အများအားဖြင့် ကလေးတွေမှာ ဖြစ်တတ်ပေမဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ် ။ အရည်ကြည်ဖုတွေ ရက်အတန်ကြာတဲ့အထိ ဖြစ်နိုင်ပြီးတော့ နောက်ဆုံးမှာ ပေါက်ထွက်တတ်ပါတယ် ။ အနာသက်သာတဲ့အထိတော့ ရက်သတ္တပတ် ၁ပတ်ကနေ ၂ပတ်အခန့်အထိ ကြာမြင့်တတ်ပါတယ် ။ ရေကျောက်ရောဂါကြောင့် နောက်ဆက်တွဲ‌ ရောဂါကြီးကြီးမားမား ဖြစ်နိုင်ခြေ အလွန်နည်းပါတယ် ။ အရည်ကြည်ဖုတွေ တကိုယ်လုံးအနှံ့ပေါက်နိုင်ပေမဲ့လည်း ဆိုးဝါးတဲ့ရောဂါ အခြေအနေ မဖြစ်ပါဘူး ။ ဒါပေမဲ့ တချို့သော အလွန်ဆိုးဝါးတဲ့အခြေအနေတွေမှာတော့ မျက်လုံး ၊ နှာခေါင်း၊ ပါးစပ်နဲ့ မျိူပွားအင်္ဂါတွေအထိ အရည်ကြည်ဖုတွေ ဖြစ်တတ်ပါတယ် ။ ဘယ်သူတွေမှာ ဖြစ်တတ်သလဲ ကလေးအသက် ၂နှစ်အောက် ကလေးတွေမှာတော့ ရေကျောက်ရောဂါ အဖြစ်ဆုံးပါ ။ ဒါပေမဲ့ ကလေးကြီးတွေမှာလည်း ဖြစ်တတ်ပါတယ် ။ တခြားသော […]


ကူးစက်ရောဂါများ

ကိုရိုနာက နေရောင်ခြည်ကို ကြောက်သတဲ့လား.......................

နေပူရင် ပိုးသေတယ်ဆိုတော့ လက်ရှိမှာ ကမ္ဘာပတ်ပြီး ခြိမ်းခြောက်နေတဲ့ ကိုရိုနာကရော နေရောင်ခြည်နဲ့ တွေ့ရင် သေသလား........ ဒီအကြောင်းကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ နေရောင်ခြည်က ရောဂါပိုးတွေကို သေစေနိုင်တယ် ဒီစကားက ငယ်ငယ်ကတည်းက ရင်းနှီးလာတဲ့ စကားဖြစ်မှာပါ။ နေရောင်ထဲထွက်နေလိုက် ပိုးသေတယ်။ ကလေးလေးတွေကို မနက်ခင်း နေရောင်ခြည် ပြပေးရတယ် ပိုးတွေ သေအောင်လို့ ဆိုတာမျိုးပေါ့။ ဒီအယူအဆက မှားလားဆိုတော့ မမှားပါဘူး။ ပုံမှန်ဖြစ်နေကျ ရာသီတုပ်ကွေး ဗိုင်းရပ်စ်တွေဆိုရင် ဆောင်းတွင်း နဲ့ မိုးတွင်းလိုမျိုး အေးတဲ့ ရာသီဥတုအခြေအနေတွေ စိုစွတ်တဲ့ရာသီဥတု အခြေအနေတွေမှာ ကူးစက်မှုနှုန်း ပိုမြန်တတ်ကြပါတယ်။ အေးမြစိုစွတ်တဲ့ ရာသီဥတုအနေအထားက ဗိုင်းရပ်စ်ကို ရှင်သန်ချိန်တိုးစေတာကြောင့်ပါ။ ရာသီဥတုလေးက နေသာနေမယ် ပူနွေးနေမယ်ဆိုရင် ရောဂါဖြစ်ပွားမှုနှုန်းက နည်းတယ်လေ။ ရောဂါပိုးတွေက ပူပြင်းတဲ့ ရာသီဥတုအခြေအနေကို ခံနိုင်စွမ်းနည်းကြပါတယ်။ ဒါဆိုရင် အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကရော အပူဒဏ် […]


ကူးစက်ရောဂါများ

COVID_19 ကူးစက်ခံရမှု အမျိုးသားနဲ့ အမျိုးသမီး ကွာခြားချက်ရှိသလား..........................

ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာထားတဲ့ COVID_19 ဟာ လူတွေရဲ့ နေ့စဉ်ဘဝကိုတော်တော်လေး သက်ရောက်မှု များလာပါတယ်။ ဒီသက်ရောက်မှုကြောင့် လိုက်နာလုပ်ဆောင်ရတာတွေကလည်း အများကြီးပါ။ နေ့စဉ် တစ်ကိုယ်ရေ သန့်ရှင်းရေးကစလို့ သွားလာမှုတွေကအဆုံး အကုန်လုံးကို ဂရုစိုက်နေရပါတယ်။ ဒီလို ဂရုစိုက် လုပ်ဆောင်မှုတွေထဲကမှ COVID_19 ရဲ့ နောက်ဆုံးရသတင်းတွေကို လိုက်လံဖတ်ရှုတာလည်း ပါမယ် ထင်ပါတယ်။ အခုတစ်ခေါက်တော့ COVID_19 နဲ့ပတ်သက်တဲ့ သတင်းတစ်ခုဖြစ်တဲ့ COVID_19 ကအမျိုးသား နဲ့ အမျိုးသမီးတို့အပေါ်မှာ သက်ရောက်မှု ကွာခြားသလားဆိုတဲ့ အကြောင်းလေးကို ပြောပြပေးပါရစေ။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ် ဒီလေ့လာမှုအတွက် တစ်ကမ္ဘာလုံးက နိုင်ငံတွေကို လေ့လာခဲ့တာ မဟုတ်ပေမယ့် နိုင်ငံပေါင်း ၂၀ ခန့်က ရလဒ်တွေကို သေချာစိစစ်ထားတာ ဖြစ်ပါတယ်။ လေ့လာမှုအရ သိရတာက ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ အမျိုးသားနဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာ နဲ့ ထင်ကြေးပေါင်းများစွာ

ကမ္ဘာတလွှားက နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ COVID_19 နဲ့ ပတ်သက်ပြီး သိထားတဲ့ အချက်တွေက မှန်ရော မှန်ရဲ့လား၊ လက်တွေ့လိုက်လုပ်ကြည့်ရင်ရော ဘေးကင်းပါ့မလားလို့ သေသေချာချာ သိချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး စစ်ဆေးအဖြေထုတ်လိုက်တော့လေ။ ကိုဗစ် နဲ့ မေးခွန်းပေါင်း များစွာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 နဲ့ ပတ်သက်ပြီး ကြားထားတဲ့အကြောင်းလေးတွေ သိထားတဲ့ အကြောင်းအရာလေးတွေက ဘယ်လောက်မှန်လဲဆိုတာကို အတူတူ ဆန်းစစ်​ကြည့်လိုက် ရအောင်လား............... အရေပြားပေါ်ကို ကလိုရင်း ဒါမှမဟုတ် အယ်လ်ကိုဟော ဖြန်းပေးရင် ဗိုင်းရပ်စ်ကို သေစေနိုင်တယ် ဒီလိုဖြန်းတာက အခန့်မသင့်လို့ မျက်လုံးတွေ၊ ပါးစပ်တွေထဲဝင်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ကလိုရင်း နဲ့ အယ်လ်ကိုဟောတို့က အရာဝတ္ထုတွေအပေါ်မှာရှိတဲ့ ရောဂါပိုးမွှားတွေကို နှိမ်နှင်းဖို့ အသုံးပြုလို့ရပေမယ့် အရေပြားပေါ်က ပိုးမွှားတွေကို သုတ်သင်ဖို့အတွက်တော့ အသုံးမပြုသင့်ပါဘူး။ နောက်တစ်ချက်က ဒီဓာတုပစ္စည်းတွေက ကိုယ်တွင်းက ဗိုင်းရပ်စ်တွေကိုတော့ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာလတွင်း မေမေတွေအတွက် ဈေးဝယ်အမှာစကား

ကိုဝစ်ကာလမှာ မေမေတွေ၊ ဇနီးသည်တွေ၊ အိမ်ထောင်ရှင် အမျိုးသမီးလေးတွေအတွက်တော့ အိမ်မှုကိစ္စ အဝဝကို တာဝန်ယူထားရတာမို့ အန္တရာယ်ကြားက မဖြစ်မနေ ဈေးဝယ်ထွက်ရမှာပါပဲ။ ဒီလိုမျိုး မလွှဲသာ မရှောင်သာ အပြင်ထွက် ဈေးဝယ်ရမယ့် ပျိုမေတွေ သိထားသင့်တာလေးတွေကို ဒီဆောင်းပါးကနေ မှာချင်ပါတယ်။ သိပြီးသားသူတွေလည်း ထပ်ပြီး နားဝင်သွားသလို မသိသေးတဲ့ သူတွေအတွက်လည်း ရှောင်သင့်တာတွေ ရှောင်လို့ ရတာပေါ့နော်။ ဒါဆို ဆက်ပြီး ဖတ်ကြည့်ကြရအောင်။ ဘာတွေ ဆောင်မလဲ၊ ဘာတွေကိုတော့ ရှောင်မလဲ။ မြန်မာနိုင်ငံရဲ့ အနေအထားပေါ် မူတည်ပြီး အဓိက ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။ ၁။ Mask နှာခေါင်းစည်းကို မဖြစ်မနေ တပ်သွားပါ။ N95 Mask လောက်အထိ ဈေးကြီးပေးဝယ်ပြီး တပ်စရာတော့ မလိုပါဘူး။ ရိုးရိုး Surgical Mask ဒါမှမဟုတ်လည်း အဝတ် […]


ကူးစက်ရောဂါများ

Covid-19 ကြောင့် ကြုံရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖြစ်ပွားတဲ့ Covid-19 ရောဂါဟာ အတော်လေးနားလည်ရခက်တဲ့ ရောဂါတစ်ခုပါ။ ကူးစက်ပျံ့နှံ့နှုန်းမြန်ဆန်သလို ရောဂါလက္ခဏာပြဖို့လည်း ၂ ပတ်လောက်ကြာတာကြောင့် ရောဂါကို ထိန်းချုပ်တဲ့နေရာမှာအခက်အခဲတွေ အများကြီးကြုံရပါတယ်။ ငယ်ရွယ်ပြီးကျန်းမာသူတွေ၊ ရောဂါအခံမရှိသူတွေမှာ သေဆုံးနိုင်ချေနည်းပေမဲ့ နဂိုကတည်းက ဆီးချို၊ နှလုံးရောဂါလို ရောဂါတစ်မျိုးမျိုးရှိနေခဲ့ရင် Covid-19 ကြောင့် နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ပါတယ်။ လူတိုင်းမဟုတ်ပေမဲ့ ပျမ်းမျှအနေနဲ့ Covid-19 ကူးစက်ခံရသူ ၆ ယောက်မှာ တစ်ယောက်လောက်က အခုပြောပြမယ့် နောက်ဆက်တွဲ ဝေဒနာတစ်မျိုးမျိုး ခံစားရနိုင်ချေ ရှိတာကို တွေ့ရပါတယ်။ ၁။ အဆုတ်ပုံမှန်အလုပ်မလုပ်နိုင်ခြင်း (Acute respiratory failure) အဆုတ်ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့အတွက် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးထဲမပို့ပေးနိုင်တော့သလို ကိုယ်ထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုလည်း ပြန်မစွန့်ထုတ်နိုင်တော့ပါဘူး။ ၂။ နမိုးနီးယားအဆုတ်ရောင်ရောဂါ တရုတ်နိုင်ငံမှာ Covid-19 ရောဂါစဖြစ်ချိန်က နမိုးနီးယားအဆုတ်ရောင်ရောဂါခံစားရသူတွေ အလွန်ပဲများပြားခဲ့တာတွေ့ရပါတယ်။ နမိုးနီးယားရောဂါကြောင့် အဆုတ်ထဲက လေအိတ်သေးသေးလေးတွေ ရောင်ရမ်းလာတဲ့အတွက် အသက်ရှူဖို့ခက်ခဲသွားစေပါတယ်။ ၃။ […]


ကူးစက်ရောဂါများ

COVID-19 (Coronavirus disease) နဲ့ ပတ်သက်တဲ့ အချက်အလက်အမှားများ

COVID-19 ရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို ရှင်းလင်းပြောပြထားပါတယ်။ ၁။ အရေပြားပေါ် အယ်လ်ကိုဟော (ဒါမှမဟုတ်) ကလိုရင်း ဖြန်းပေးရင် ဗိုင်းရပ်စ်ပိုးသေတယ် အရာဝတ္ထုတွေကို ပိုးသတ်ဖို့အတွက်ပဲ ဒါတွေသုံးစွဲသင့်ပါတယ်။ လူမှာသုံးစွဲရင် မျက်လုံး ဒါမှမဟုတ် ပါးစပ်ထဲ မတော်တဆ ဝင်သွားတဲ့အခါ အန္တရာယ်ရှိပါတယ်။ နောက်ပြီး ဒါတွေဖြန်းလိုက်ရုံနဲ့ ကိုယ်တွင်းကဗိုင်းရပ်စ်လည်း မသေသွားပါဘူး။ ရေမလို လက်သန့်ဆေးရည်မှာတောင် အယ်လ်ကိုဟောက ၇၀ရာခိုင်နှုန်းပဲ ပါရတာပါ။ ဒီထက်ပိုရင် အရေပြားကို ခြောက်သွေ့ပြီး ပျက်စီးစေတာကြောင့် ပိုးဝင်လွယ်ပါလိမ့်မယ်။ ၂။ ကလေးတွေမှာ COVID-19 မဖြစ်ဘူး လက်ရှိအချိန်ထိ COVID-19 ရောဂါကို လူသန်းနဲ့ချီကူးစက်ခံထားရပြီး ဒီအထဲမှာ ကလေးငယ်တွေ နည်းနည်းပဲ ပါဝင်ပါတယ်။ လူကြီးတွေနဲ့ယှဉ်ရင် ကလေးတွေက COVID-19 ကူးစက်ခံရနိုင်ခြေနည်းတာ ကိုတွေ့ရှိထားပေမဲ့ ရောဂါလုံးဝမဖြစ်ဘူးလို့တော့ မဆိုလိုပါဘူး။ ၃။ COVID-19 ဖြစ်ရင်သေပြီ လုံးဝမှားပါတယ်။ အမှန်အတိုင်းပြောရရင် COVID-19 ရောဂါက ကူးစက်မြန်ပေမဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း