ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

အများသုံး သန့်စင်ခန်းထဲ မဖြစ်မနေ ဝင်ရတော့မယ်ဆိုရင်

ကျွန်တော်တို့ အပြင်မှာ သွားရင်းလာရင်း ရုတ်တရက်ကြီး အပေါ့အပါး သွားချင်လာတာမျိုး ကြုံဖူးကြမှာပါ။ အိမ်ကလည်း ပြန်လို့ မဖြစ်၊ ရုံးပြန်သွားဖို့ကလည်း အချိန်မမီဆိုရင် ရွေးချယ်စရာ ဆိုလို့ အပြင်ဘက်က ၁၀၀၊ ၂၀၀ ပေးပြီး တက်ရတဲ့ အများသုံး သန့်စင်ခန်းတွေရယ်၊ ရှော့ပင်းစင်တာတွေက သန့်စင်ခန်းတွေပဲ ရှိတော့တာပေါ့။ သန့်စင်ခန်းဆိုတဲ့ အတိုင်း ရောဂါပိုးတွေက အမြဲရှိနေမှာပါပဲ။ လူနည်းနည်းပဲ နေတဲ့ အိမ်က အိမ်သာတောင် မသန့်ရှင်းဘူးဆိုရင် အပြင်က လူပေါင်းများစွာ မိနစ်၊ စက္ကန့်နဲ့အမျှ ဝင်ထွက်နေတဲ့ သန့်စင်ခန်းတွေဆိုတာ ပိုလို့တောင် ညစ်ပတ်နေမှာပါ။ ဒီအတွက် သိထားသင့်တဲ့ အများဆုံး သန့်စင်ခန်းသုံး တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အချက်တွေရယ်၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီဆောင်းပါးမှာ ဗဟုသုတ အဖြစ်နဲ့ ပြောပြပေးချင်ပါတယ်။ ၁။ မလိုအပ်ဘဲ နံရံတွေ၊ […]


ကိုရိုနာဗိုင်းရပ်စ်

Mask ကို မေးစေ့မှာပဲ တပ်နေတော့မှာလား

နှာခေါင်းစည်း လို့ သိကြတဲ့ mask တွေဟာ Covid-19 ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ မဖြစ်မနေ သုံးရတာ သိထားပြီးသား မဟုတ်လား။ အခုတော့ mask ကို တပ်တော့ တပ်ကြပါရဲ့။ ပူလို့လား၊ မနေတတ်လို့လားပဲ မသိ၊ မေးစေ့အောက်ထိ ဆွဲချထားတဲ့ စတိုင် မြင်ရတာများလာပါတယ်။ ဒါဟာ ရောဂါပိုး ကူးစက်မှုကာကွယ်ရေးအတွက် အန္တရာယ်ဖိတ်ခေါ်မှု တစ်ခုပါနော်။ ဟိုးအရင်က mask တပ်တဲ့အခါ သတိထားဖို့ ကြိုတင်သတိပေးခဲ့ကြတဲ့ထဲ ဒီအချက်လည်း ပါဝင်ပါတယ်။ ဘာအန္တရာယ်လဲ နှာခေါင်းစည်း ဆိုတဲ့အတိုင်းပဲ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ဖုံးအုပ် ကာကွယ်ပေးတဲ့ပစ္စည်းပါ။ သူ့ရဲ့ကာကွယ်နိုင်စွမ်းက တကယ်ကို ထိရောက်၊ အသုံးဝင်လှတာမို့ အပြင်ထွက်တိုင်း တပ်ဖို့ သတိပေးလာကြတာပါ။ ဒါပေမယ့် သူ့ကို သုံးတဲ့အခါ အသုံးမတတ်ရင် ကာကွယ်တာထက် ကူးစက်ခံရနိုင်ခြေပိုများသွားနိုင်ပါတယ်။ mask […]


ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

လတ်တလောမှာ ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ပျံ့နှံ့ခဲ့တာ လအနည်းငယ်ကြာမြင့်နေပြီဖြစ်ပြီး သူ့ရဲ့ရိုက်ခတ်မှုလှိုင်းတံပိုးကို နိုင်ငံတိုင်းလိုလိုက ခံစားနေကြရတာဖြစ်ပါတယ်။ ကျန်းမာရေးသာမက စီးပွားရေး၊ အလုပ်အကိုင်၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေအထိပါထိခိုက်လျက်ရှိပြီး နေ့စဉ်လူနေမှုဘဝတွေမှာလဲ အပြောင်းအလဲတွေအများကြီးဖြစ်ပေါ်ခဲ့တဲ့အတွက် သူ့ရဲ့စိန်ခေါ်မှုတွေကို တစ်ကမ္ဘာလုံးက ကြံ့ကြံ့ခံရင်ဆိုင်အံတုနေကြရတဲ့ ကာလလဲဖြစ်ပါတယ်။ ဒီရောဂါနဲ့ပတ်သက်လို့ လူအများသိချင်ကြလေ့ရှိတဲ့ မေးခွန်းတွေနဲ့ အဖြေတွေကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။ (၁) Covid 19 ဟာ ပစ္စည်းတွေ၊ အရာ၀တ္ထုတွေအပေါ်မှာ ဘယ်လောက်ကြာကြာနေလဲ လေ့လာမှုတွေအရတော့ ကိုရိုနာဗိုင်းပ်စ်သည် ပလတ်စတစ်နဲ့ စတီးပစ္စည်းတွေပေါ်မှာ ခုနစ်ဆယ့်နှစ်နာရီရှင်သန်နိုင်ပါတယ်။ ကြေးထည်တွေအပေါ်မှာတော့ လေးနာရီနဲ့အောက်ပဲ အသက်ရှင်နိုင်ပြီး ဗီရိုတွေပေါ်မှာတော့နှစ်ဆယ့်လေးနာရီနဲ့အောက်သာ ရှင်သန်နိုင်ပါတယ်။ ကံကောင်းတဲ့ အချက်တစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ဆပ်ပြာ၊ အရက်ပျံ၊ ချွတ်ဆေး၊ကလိုရင်းစတဲ့ သာမန်အိမ်သုံးပစ္စည်းတွေနဲ့ သန့်စင်လို့ရတယ်ဆိုတာပါပဲ။ (၂) ဟင်းသီးဟင်းရွက်နဲ့ သစ်သီး၀လံတွေကို ဘယ်လိုဆေးကြောမလဲ မကိုင်တွယ်ခင် မဆေးကြောခင်မှာ လက်ကိုဆပ်ပြာနဲ့ရေကို သုံးပြီးအရင်သန့်ရှင်းပါ။ဒါပေမယ့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာလမှာ အရက်ကြောင့် ဒုက္ခရောက်ခံတော့မလို့လား

ခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဆီကို Covid-19 ကူးစက်ဝင်ရောက်လာတာ တစ်လတောင် ကျော်ပြီနော်။ ခုနောက်ပိုင်းတော့ တချို့ရုံးတွေ ပြန်ဖွင့်ပြီမို့ မဖြစ်မနေ အလုပ်သွားရတာမျိုးတွေ ရှိပေမယ့် လူစုလူဝေးတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့တော့ လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ကိုရိုနာဗိုင်းရပ်စ်ကို ဆက်ပြီး မပြန့်အောင် ထိန်းထားနိုင်တဲ့ အခြေအနေမှာ မရှိသေးလို့ပါ။ ခုပြောမယ့် အကြောင်းက ဒီလို Covid-19 ကာလမှာ အရက်သောက်လို့ ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။ မိန်းကလေးတွေကတော့ သိပ်ပြီး လုပ်မှာ မဟုတ်ဘူးဆိုပေမဲ့ တစ်ခွက် တစ်ဖလား မမော့ရရင် မနေနိုင်တဲ့ ဘော်ဒါတွေအတွက် ရည်ရွယ်ပြီး ရေးရခြင်းပဲ ဖြစ်ပါတယ်။ အရက်ကို အရင်ကတည်းက ကျန်းမာရေးအတွက် ကောင်းကျိုးမပြုတဲ့ အရာအဖြစ် လူအများက သတ်မှတ်ထားကြတယ်။ တချို့နေရာမှာတော့ အရက်ရဲ့ အသုံးဝင်ပုံတွေ ရှိတယ်ဆိုတာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်နဲ့ စည်းကမ်းမဲ့ တံတွေး ထွေးခြင်း

အရင်ထဲက တို့ဆီက လူတွေက စည်းကမ်းနဲ့ ပတ်သတ်ရင် အားနည်းကြတယ်။ ပြောရတာလည်း အားနာပါတယ်။ ခုလို အိမ်ထဲက အိမ်ပြင် မထွက်ကြတဲ့ အချိန်မှာသာ လမ်းမပေါ်မှာ အမှိုက်တွေ နည်းသွားတာ၊ အရင်တုန်းက ဆိုရင်တော့ အမှိုက်တွေ လမ်းမမှာ အများကြီးပါပဲ။ အမှိုက်တွေပဲလား ဆိုတော့ ကွမ်းတံတွေးတွေ၊ တံတွေး သလိပ်တွေပါ အဆစ်ပါပါသေးတယ်။ အရင်တုန်းကတော့ မသိချင်ယောင်ဆောင်လို့ ရပေမယ့် ခုတော့ အရေးတယူ ပြောမှ ရတော့မှာပါ။ ဘာလို့လဲ ဆိုတော့ ခုဖြစ်နေတဲ့ COVID-19က တံတွေးတွေကနေတစ်ဆင့် ကူးနိုင်တယ်လေ။ ဘာဖြစ်လို့ တံတွေး ထွေးတာကို ရှောင်ရမလဲ။ မြန်မာနိုင်ငံမှာ ဓာတ်ခွဲစစ်ဆေးချက်တွေအရ ၂၈.၄.၂၀၂၀အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၆ဦးအနက် ၈၃ဦး (၅၇%)က ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ပိုးရှိနေတာကို တွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က […]


ကိုရိုနာဗိုင်းရပ်စ်

COVID_19 ကာလမှာ မဖြစ်မနေ ဆောင်ထားဖို့လိုမယ့် အရာတွေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မတ်လ ၁၁ ရက်နေ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ ကိုယ်တိုင်ရော မိသားစုဝင်တွေပါ ရောဂါဘေးကနေ ကင်းဝေးနိုင်ဖို့ အရာရာကို ဂရုစိုက်နေရမယ် ထင်ပါတယ်။ ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးတဲ့ ကိုဗစ်ရောဂါကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းက ကြိုတင်ကာကွယ်တာဆိုတော့ အရာရာကို သတိထားတာက မမှားပါဘူး။ ဒီလိုအရာရာကို ဂရုစိုက်နေရချိန်မှာ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ရောဂါ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဘာတွေကို ဆောင်ထားသင့်တယ် ထင်လဲ။ ဘာတွေကိုများ ဂရုစိုက်ဖို့ လိုမယ်ထင်လဲ။ COVID_19 အန္တရာယ် မိမိကစ ကာကွယ်ပါ လူတစ်ယောက်ကနေတစ်ယောက်ကို လျင်လျင်မြန်မြန် ကူးစက်နေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ဆိုရင် အရေးအ​ကြီးဆုံးက ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့ပါ။ ကိုယ်ခံအားကောင်းမှ ရောဂါပိုးကို ကာကွယ်နိုင်မှာဖြစ်သလို […]


ကိုရိုနာဗိုင်းရပ်စ်

အယ်လ်ကိုဟောပါဝင်တဲ့ Wet Tissue (Disinfectant Wipes) တွေဟာ COVID-19 လို ပိုးတွေကို ဖယ်ရှားနိုင်သလား

နေအိမ်ကိုပဲဖြစ်ဖြစ်၊ ကိုယ်ခန္တာကိုယ်ပဲဖြစ်ဖြစ် နေ့စဉ် သန့်စင်အောင် ပြုလုပ်တတ်တဲ့ အလေ့အကျင့်ဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ခုလို COVID-19 ကူးစက်ရောဂါဆိုးကြီး တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေချိန်မှာ ဒီလိုအလေ့အထမျိုးတွေ ပိုမိုလိုအပ်ပါတယ်။ ခန္တာကိုယ်မှာ ရောဂါပိုးမွှားတွေ မကပ်ငြိအောင် ကာကွယ်ရာမှာ လက်ဆေးတာ၊ Hand Sanitizer နဲ့ ဆေးကြောတာတွေ ပြုလုပ်လို့ရသလို နေအိမ်နဲ့ အရာဝတ္ထုပစ္စည်းတွေကို ပိုးမွှားကပ်ငြိခြင်းမရှိအောင် သန့်စင်ရာမှာတော့ ပိုးသတ်ဆေးဖြန်းတာ၊ အယ်လ်ကိုဟောပါဝင်တဲ့ Disinfectant Wipes တွေ သုံးစွဲတာ စတဲ့နည်းလမ်းမျိုးတွေ အသုံးပြုနိုင်ပါတယ်။ Wet Tissue လို့ အလွယ်တကူခေါ်ကြတဲ့ Disinfectant Wipes တွေကို Grocery Store တွေနဲ့ ဈေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပြီး အသုံးပြုရတာလည်း လွယ်ကူသလို တာရှည်လည်း ထိမ်းသိမ်းထားလို့ရပါတယ်။ Disinfectant Wipes ဟာ တစ်ခုနဲ့တစ်ခုမတူညီကြပဲ တစ်ချို့အမျိုးအမယ်တွေမှာက […]


ကိုရိုနာဗိုင်းရပ်စ်

Cannabis နဲ့ COVID-19

ကိုရိုနာဗိုင်းရပ်စ်ကြီး တစ်ကမ္ဘာလုံးကို ပြန့်နှံ့လာတော့ လူတိုင်းက ရောဂါပိုးကို ကာကွယ်နိုင်ဖို့ နည်းလမ်းအသွယ်သွယ်ကို သန်ရာသန်ရှာ ရှာဖွေကြ ဖန်တီးကြတယ်။ ဒီလိုနဲ့ ကောလဟာလတွေ၊ ဆေးမြီးတိုတွေ၊ ရမ်းကုနည်းတွေ လူတွေအကြားထဲ ပြန့်နှံ့လာတော့တာပဲ။ COVID-19 ကို ကုသနိုင်မယ့်၊ ကာကွယ်နိုင်မယ့် ဆေးဝါးတွေ ထွက်ရှိမလာသေးပါဘူး။ ဒီလိုအချိန်မျိုးမှာ စိုးရိမ်စိတ်လွန်ကဲနေကြတဲ့လူတစ်ချို့က ဟိုနည်း ဒီနည်း အမျိုးမျိုး စမ်းကြတယ်။ တမာရွက်ပြုတ်သောက်တာကစလို့ အိန္ဒိယနဲ့ အာဖရိကမှာ ကျင်ငယ်ရေကို သောက်ကြတဲ့အထိပဲ။ ဒီလိုပဲ တစ်ချို့သောတိုင်းပြည်တွေမှာ မာရီယားနားလို့ ခေါ်တဲ့ ဆေးခြောက် (Marijuana/Cannabis) က COVID-19 ကာကွယ်ရေးမှာ အသုံးတည့်တယ်ဆိုတဲ့ ယုံတမ်းစကားတွေလည်း ပေါ်ထွက်လာတယ်။ ကင်ဆာတို့၊ နှလုံးရောဂါတို့၊ စိတ်ဝေဒနာတို့ကို သက်သာစေနိုင်တယ်ဆိုတဲ့ စကားတွေရဲ့ နောက်မှာ နောက်ထပ်ထွက်ပေါ်လာတဲ့ မာရီယားနားရဲ့ ပုံပြင်တစ်ပုဒ်ပေါ့။ မာရီယားနားက ကယ်တင်မှာလား ဒီဇာတ်လမ်းဘယ်ကစလဲဆိုရင် ဧပြီလအစောပိုင်းတုန်းက အမေရိကန်ပြည်ထောင်စု၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 က အကြိမ်ကြိမ် ပြန်ဖြစ်နိုင်သလား

COVID-19 ကပ်ဘေးဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုပါ။ ကုသနိုင်တဲ့ ကုထုံးရော၊ ကာကွယ်နိုင်တဲ့ ဆေးဝါးပါ မရှိသေးတဲ့ ရောဂါသစ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုအမျိုးမျိုးနဲ့ လူတိုင်းရဲ့ အကြောက်တရားတွေကလည်း တစ်နေ့တခြားတိုးပွားလို့လာနေပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း ကူးစက်ခံခဲ့ရသူပေါင်း သုံးသန်းကျော်သွားခဲ့ပြီဖြစ်သလို ရောဂါကူးစက်ခံရတာကြောင့် သေဆုံးခဲ့ရသူပေါင်းလည်း နှစ်သိန်းကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပြန်လည်ပျောက်ကင်းသက်သာလာသူ အရေအတွက်ကလည်း ၁ သန်းပြည့်လုနီးပါးအထိ ရှိလာခဲ့ပါပြီ။ (30.4.2020) ဒါပေမယ့် တချို့သောတိုင်းပြည်တွေမှာ ရောဂါပျောက်ကင်းသက်သာသွားသူတွေအကြားမှာ ပိုးပြန်တွေ့တာမျိုး သတင်းတွေ ထွက်ပေါ်လာတာမို့ လူထုအကြားက စိုးရိမ်မှုဟာ ရေချိန်ပိုမိုမြင့်တက်လာခဲ့ပါတယ်။ COVID-19 ဟာ ပျောက်ကင်းပြီးချိန်မှာ ထပ်ပြီး ဖြစ်ပေါ်လာနိုင်သလား ဧပြီလ လယ်လောက်တုန်းက တောင်ကိုရီးယားနိုင်ငံက ရောဂါပျောက်ကင်းသွားလို့ Negative ပြန်ဖြစ်နေပြီလို့ ကြေငြာခံထားရတဲ့ လူနာ ၁၁၆ ဦးဟာ ထပ်မံစစ်ဆေးချိန်မှာ ရောဂါပိုးပြန်လည်တွေ့ရှိခဲ့ရတာမို့ တစ်ကမ္ဘာလုံး ပွက်လောရိုက်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုး တရုတ်မှာလည်း ဖြစ်ပျက်ခဲ့ပါသေးတယ်။ ဒါပေမယ့် […]


ကိုရိုနာဗိုင်းရပ်စ်

Mask တွေ လက်အိတ်တွေကို စွန့်ပစ်မယ်ဆိုရင်

COVID-19ကာလမှာ လူတော်တော်များများက Mask တွေ တပ်လာကြပါပြီ။ တစ်ခါသုံးmaskတွေရော၊ အဝတ်maskတွေရော စုံလို့ပါပဲ။ ဒီကြားထဲမှာ တစ်ခါသုံး လက်အိတ်စွပ်တဲ့သူတွေကိုလည်း တွေ့ရပါသေးတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်တာမို့လို့ ပြောစရာမရှိပေမယ့် သုံးပြီးတဲ့ ပစ္စည်းတွေကို စွန့်ပစ်တဲ့နေရာမှာတော့ ပြောစရာရှိပါတယ်။ အရင်က အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ ပစ်ရင် ပတ်ဝန်းကျင်ညစ်ညမ်းတယ်ဆိုရုံလောက်ပဲ ဆိုပေမယ့် ခုလို maskတွေ လက်အိတ်တွေကို စနစ်တကျ မစွန့်ပစ်ဘူး ဆိုရင် အန္တရာယ်ရှိပါတယ်။ ဘယ်လိုအန္တရာယ်တွေလဲဆိုတာ ဆက်ကြည့်ရအောင်။ Mask တွေကို စနစ်တကျ မစွန့်ပစ်ဘူးဆိုရင် Maskတွေကို သုံးပြီးရင် စနစ်တကျ ချွတ်တတ်၊ စွန့်ပစ်တတ်ရပါမယ်။ Maskတွေကို မချွတ်ခင်နဲ့ ချွတ်အပြီးမှာ လက်ဆေးရပါမယ်။ ဒါမှ လက်က ရောဂါပိုးတွေ မျက်နှာကို မရောက်မှာပါ။ နောက်ပြီး Maskကို လွှင့်ပစ်မယ်ဆိုရင် သေချာ အိတ်ထဲထည့် ပြီးမှ အမှိုက်ပုံးထဲကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း