ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာလမှာ ရေဓာတ်မခန်းခြောက်အောင် ဂရုစိုက်ကြမယ်

ခုရက်ပိုင်း ရာသီဥတုက ပူလိုက်၊ အေးလိုက်ပဲနော်။ မိုးတွင်းထဲ ရောက်လို့ အပြင်မှာ မိုးရွာနေတဲ့ အချိန်ကလွဲရင် ကျန်တဲ့ အချိန်တွေက ပူနေမြဲပါပဲ။ ဒါကလည်း ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်တော့ သိပ်ပြီး ထူးဆန်းမယ် မထင်ပါဘူး။ ဒီလိုမျိုး ရာသီဥတုပူပြီဆိုရင် လူတော်တော်များများ ခေါင်းမူးခေါင်းကိုက်တာ၊ မူးဝေပြီး အန်ချင်သလို၊ ခြေတွေလက်တွေ ညောင်းကိုက်ပြီး အလုပ်မလုပ်ချင်လောက်အောင် မောပန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ သင့်မှာ ရေဓာတ်ခန်းခြောက်နေပြီဆိုတာကို ပြနေတာပါပဲ။ ဘာကြောင့် ရေဓာတ်ခန်းခြောက်မှု ဖြစ်ရတာလဲ။ အိမ်မှာပဲနေနေ၊ အပြင်ပဲသွားသွား အပြင်က နေပူဒဏ်က ကိုယ်ခန္ဓာကို သက်ရောက်နေမှာပါ။ နေပူဒဏ်ကြောင့် အရေပြားကနေ ချွေးတွေ ထွက်လာပြီး ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးမှာပါ။ ဒါ့အပြင် ဒီလိုရာသီမျိုးမှာ မကြာခဏ ဖျားနာတတ်တော့ ကိုယ်ခန္ဓာက ရေဓာတ်တွေနည်းပြီး အားမရှိပျော့ခွေနေမှာပါ။ ကိုယ်က ရေသောက်လည်း […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကာလမှာ မိဘတွေ လုပ်သင့်သမျှ

COVID-19 ဖြစ်ပွားချိန်မှာ မိဘတစ်ယောက်အနေနဲ့ မိမိကလေးအတွက် နည်းလမ်းကျကျ ဘယ်လို နေထိုင်သင့်သလဲဆိုတာ ပြောပြပေးပါမယ်။ သင်နဲ့ သင့်ကလေးရဲ့ အကျိုးအတွက် ဒီနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ပါ။ (၁)  ကလေးတစ်ယောက်ချင်းစီကို အချိန်ပေးပါ။ ကျောင်းပိတ်ထားတဲ့ အချိန်ဟာ ကလေးငယ်တွေ၊ ဆယ်ကျော်သက်လေးတွေနဲ့ မိဘတွေအကြား ဆက်ဆံရေး ပိုမိုခိုင်မာလာစေနိုင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းကို အချိန်ပေးလိုက်ခြင်းဟာ သူတို့လေးတွေကို ချစ်ခြင်းမေတ္တာနဲ့ လုံခြုံမှုတွေ ပေးစွမ်းနိုင်မှာပါ။ အချိန်သတ်မှတ်လိုက်ပါ။ တစ်ယောက်ကို ပျမ်းမျှ မိနစ် (၂၀) လောက်ဆိုအဆင်ပြေပါတယ်။ တိတိကျကျဖြစ်စရာမလိုပါဘူး။ နေ့တိုင်းလည်း အချိန်တူညီစရာမလိုပါဘူး။ အချိန်သတ်မှတ်ပေးပြီး ကလေးတစ်ဦးချင်းစီနဲ့ ကုန်ဆုံးလိုက်ပါ။ သင့်ကလေးဘာလုပ်ချင်သလဲဆိုတာကို မေးမြန်းပါ။ သူတို့လေးတွေ မိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့ တည်ဆောက်ပေးပါ။ ကလေးသေးသေးလေးတွေဆိုရင်တော့ အသံလေးတွေဖန်တီးပြုလုပ်ပေးတာမျိုး၊ အိုးခွက်တွေကို တီးပြီး သံစဉ်လေးတွေ လုပ်ပေးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ အတုံးဆက်တဲ့ကစားနည်းမျိုးတွေ ကို အတူဆော့ကစားပေးပါ […]


ကူးစက်ရောဂါများ

COVID_19 ကာလမှာ မဖြစ်မနေကာကွယ်သင့်တဲ့ အရာ

ကမ္ဘာ့ကပ်ရောဂါကြီးတစ်ရပ်လို့ WHO( ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး) ကထုတ်ပြန်ကြေညာထားတဲ့ COVID_19 ရောဂါဟာ လူတစ်ဦးကနေတစ်ဦးဆီကို လျင်လျင်မြန်မြန် ကူးစက်နေတဲ့ ကာလမှာ မဖြစ်မနေ ကျန်းမာရေးကို စောင့်ရှောက်ဖို့ လိုပါမယ်။ ဒီလိုစောင့်ရှောက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အားလုံး အဆင်ပြေစေဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ကို ထောက်ပံ့ပေးနေတဲ့ အသက်ရှူလမ်းကြောင်း စနစ်ကို မေ့ထားလို့ မဖြစ်ပါဘူး။ အသက်ရှူလမ်းကြောင်းစနစ်က ဘာတွေလုပ်ပေးလဲ.............. အသက်ရှူလမ်းကြောင်းစနစ်လို့ ဆိုလိုက်ရင် နှာခေါင်းကနေစလို့ အဆုတ်ထဲက လေအိတ်တွေအထိ ပါဝင်နေပါတယ်။ဒီ  အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့ပေးဖို့အတွက် နှာခေါင်းကနေ ရှူသွင်းလိုက်တဲ့ လေထဲမှာ ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေကို ဖယ်ရှား စစ်ထုတ်ပေးပါတယ်။ ကိုဗစ်က ဘယ်ကနေစတင်ဝင်ရောက်တာလဲ............. COVID_19 က ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်းကနေတဆင့် အဓိကဝင်ရောက်တာဖြစ်ပြီး ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ စနစ်တွေထဲမှာမှ အသက်ရှူလမ်း​ကြောင်း စနစ်ကို […]


ကိုရိုနာဗိုင်းရပ်စ်

COVID Toe ဟာ COVID-19 ရောဂါ လက္ခဏာသစ်လား

COVID-19 ရောဂါဆိုးကြီး တစ်ကမ္ဘာလုံးမှာ ကူးစက်ပြန့်ပွားနေတာ ၄ လ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၃ သန်းကျော်သွားခဲ့ပြီဖြစ်သလို ဒီရောဂါကြောင့် ကွယ်လွန်သွားသူတွေကလည်း ၂ သိန်းကျော်အထိ ရှိနေပါတယ်။ ပြန်လည်သက်သာလာသူအရေအတွက်ကလည်း ၁ သန်းကျော်အထိရှိနေပါပြီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကူးစက်ခံခဲ့ရသူ ၁၅၀ ဦးအထိ တွေ့ရှိထားခဲ့ပြီးဖြစ်သလို သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၆ ဦးအထိ ရှိထားပါတယ်။ ရောဂါအသစ်တစ်မျိုးဖြစ်တာနဲ့ အညီ ရောဂါပိုးရဲ့ သဘောသဘာဝကို မှန်းဆရာမှာ အခက်အခဲတွေရှိနေတာမို့ ပညာရှင်တွေလည်း အကျပ်ရိုက်နေဆဲဖြစ်ပါတယ်။ ကုသနိုင်တဲ့ ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေကို ဖန်တီးထုတ်လုပ်နိုင်ဖို့ကလည်း ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ အားကြိုးမာန်တက် ကြိုးပမ်းနေကြဆဲဖြစ်ပေမယ့် အမှန်တကယ်ပေါ်ထွက်လာဖို့တော့ အချိန်တစ်ခုစောင့်ဆိုင်းရပါဦးမယ်။ ကိုဗစ်ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေပြသလဲ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ COVID-19 ဟာ ကုသဖို့ ခက်ခဲနေဆဲဖြစ်တာမို့ ကောလဟာလတွေ […]


ကိုရိုနာဗိုင်းရပ်စ်

အများသုံးအိမ်သာကနေလည်း ကူးစက်နိုင်ခြေရှိတဲ့ Covid-19

Covid-19 နဲ့ ပတ်သက်ပြီး အမြဲ အပြင်ထွက်နေရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတချို့ လာမေးထားတဲ့ မေးခွန်းလေးတွေကို ပြန်ဖြေပေးချင်ပါတယ်။ သူတို့ သိချင်တာကတော့ ဈေးဝယ်ထွက်နေရင်း အပေါ့အပါး သွားချင်လာတာ၊ မအောင့်နိုင်လို့ အများသုံး သန့်စင်ခန်းထဲ ဝင်မိတယ်၊ Covid-19 ကူးနိုင်လား အစရှိသဖြင့်ပေါ့။ ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် ကူးနိုင်ခြေတော့ ရှိပေမယ့် တော်တော်လေးကို နည်းပါတယ်။ လက်ရှိစစ်ဆေးချက်အရ Covid-19 သည် ပါးစပ်က ထွက်တဲ့ တံတွေး အစက် အမှုန်အမွှား (Droplets) က လေထဲကို ပြန့်သွားပြီး သူ့ဘေးမှာ ရှိတဲ့သူတွေဆီကို ဝင်ရောက်ကူးစက်တာလို့ပဲ သိထားပါသေးတယ်။ လေထဲကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါ (Airborne Disease) အနေနဲ့တော့ အတိအကျ သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။ နောက်ပြီးတော့ မစင် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ အသက်ရှူလမ်းကြောင်းကို ကာကွယ်ဖို့ သတိရပါ

လူတွေနေ့စဉ် ရှင်သန်မှုအတွက် လိုအပ်ချက်တစ်ခုရှိပါတယ်။ ဒါကတော့ အောက်ဆီဂျင်ရရှိမှုပါ။ အောက်ဆီဂျင် ရရှိမှ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ ဒီ​အောက်ဆီဂျင်ကို ပံ့ပိုးပေးနေတဲ့ စနစ်က အသက်ရှူလမ်း​ကြောင်းစနစ်ပါ။ နှာခေါင်းကနေစလို့ အဆုတ်ထဲက လေအိတ်တွေအထိပါဝင်နေတဲ့ အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်က အောက်ဆီဂျင် ထောက်ပံ့ပေးဖို့အတွက် နှာခေါင်းကနေ ရှူသွင်းလိုက်တဲ့ လေထဲမှာ ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေကို ဖယ်ရှား စစ်ထုတ်ပေးပါတယ်။ COVID_19 အဓိက တိုက်ခိုက်တဲ့ ခန္ဓာကိုယ်ရဲ့ စနစ်တစ်ခု ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ထားတဲ့ COVID_19 က ခန္ဓာကိုယ်ရဲ့ စနစ်တွေထဲမှာမှ အသက်ရှူလမ်း​ကြောင်း စနစ်ကို အဓိက တိုက်ခိုက်တာပါ။ အဆုတ်က လေအိတ်ငယ်လေးတွေကို ပျက်စီးစေရင်းက အဆုံးသတ်မှာ အသက်ဆုံးရှုံးတာမျိုးအထိဖြစ်စေတာပါ။ ဒီ Coronavirus ဟာ Severe Acute Respiratory Syndrome (SARS) […]


ကူးစက်ရောဂါများ

ကိုရိုနာအတွက် ဘယ်လိုပြင်ဆင်ကြမလဲ

တစ်ကမ္ဘာလုံး နိုင်ငံပေါင်း ၁၉၀ ကျော် ကူးစက်ခံထားရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေဖို့ မိမိဖာသာ လုပ်သင့်တာတွေ၊ ရှောင်သင့်တာတွေ ပြောပြပေးချင်ပါတယ်။ လက်ဆေးပါ လုပ်သင့်တာ - အစာမစားခင် ဒါမှမဟုတ် ဟင်းမချက်ပြုတ်ခင်၊ သန့်စင်ခန်းဝင်ပြီးရင်၊ နှာစေး၊ချောင်းဆိုးပြီး ရင်လက်ကို သေချာဆေးကြောပါ။ ဆေးတဲ့အခါမှာလည်း ဆပ်ပြာနဲ့ရေသုံးပြီးဆေးနိုင်သလို အယ်လ်ကိုဟော ၆၀% ပါတဲ့ လက်ဆေးရည်နဲ့ဆေးလည်းရပါတယ်။ အနည်းဆုံး စက္ကန့် ၂၀ လောက်ဆေးပေးပါ။ ရှောင်သင့်တာ - နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို လက်နဲ့မပွတ်ပါနဲ့။ တကယ်လို့ လက်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေရင် မျက်နှာကိုပွတ်လိုက်ရာကတဆင့် ကိုယ်တွင်းကိုပိုးဝင်သွားနိုင်ပါတယ်။ ကျန်းမာရေးအသိရှိပါ လုပ်သင့်တာ - ကိုရိုနာဗိုင်းရပ်စ်ဝင်ရင်ဖြစ်ပေါ်လာမဲ့ လက္ခဏာတွေကိုသိထားသင့်ပါတယ်။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်း စတာတွေအဖြစ်များပြီး တုပ်ကွေးလက္ခဏာတွေနဲ့ဆင်တူပါတယ်။ ကူးစက် ခံရသူအများစုမှာတော့ နှာရည်ယိုခြင်း မဖြစ်တာကိုတွေ့ရပါတယ်။ ရှောင်သင့်တာ - အကြောက်မလွန်ဖို့ ပြောချင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးခံရတာနဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

အမျိုးသားတွေဟာ Covid-19 ရဲ့ သားကောင် ဖြစ်နေပြီလား

Covid-19 စတင် ဖြစ်ပွားခဲ့စဉ်ကလည်း ကူးစက်ခံရသူဦးရေကို ယှဉ်ကြည့်တဲ့အခါ ယောက်ျားလေးဦးရေက မိန်းကလေးဦးရေထက် ပိုများနေတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့တာ မှတ်မိကြမယ်လို့ မျှော်လင့်ပါတယ်။ အခုချိန်ထိလည်း လေ့လာကြည့်ရသလောက် ပိုးကူးစက်ခံရသူ အသစ်တွေမှာလည်း ယောက်ျားလေး ဦးရေ ပိုများတဲ့အပြင် ရောဂါဝေဒနာကို ပိုခံစားနေရပါတယ်လို့ ဆိုထားပါတယ်။ ဘာကြောင့် ဒီလို ဖြစ်တာလဲ။ စစ်ဆေးတွေ့ရှိချက်အရ အမျိုးသားတွေရဲ့ မှားယွင်းတဲ့ နေထိုင်မှုပုံစံတွေကြောင့် မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် Covid-19 ရဲ့ဒဏ်ကို ပိုပြီး ခံစားရနိုင်ပါတယ်။ အဓိက အကြောင်းရင်းတွေကတော့ ၁။ ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်တဲ့သူ အများစုကို ကြည့်လိုက်ရင် ယောက်ျားလေးတွေ ချည်းပါပဲ။ ဆေးလိပ်က အဆုတ်နဲ့ ကျောက်ကပ်ကို ပျက်စီးစေသလို ကိုယ်ခံအားကိုလည်း ကျဆင်းစေတယ်။ Covid-19 ဟာ ကိုယ်တွင်း အင်္ဂါတွေထဲမှာမှ အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် အဆုတ်ကို အများဆုံး ဒုက္ခပေးတဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာလမှာ ကလေးတွေရဲ့ ပညာရေးကို မိဘတွေဘယ်လိုကူညီမလဲ

ဒီလိုမျိုး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်နေချိန်မှာ ကလေးရော လူကြီးပါ စိုးရိမ်ပူပန်နေမှာ၊ စိတ်ဖိစီးနေမှာကတော့ အသေအချာပါပဲ။ ကိုယ်တိုင် လူငယ်ဘဝတုန်းက ဘဝကြီးက သိပ်ပြီး စိတ်ပူစရာ မရှိ၊ အေးဆေးနေတယ် ဆိုပေမယ့် ကိုယ့်မိသားစု ကိုယ်စီနဲ့ မိဘနေရာ ရောက်လာပြီဆိုရင်တော့ အခြေအနေတွေက ပြောင်းပြန်ဖြစ်လာပါပြီ။ ခုလို အချိန် တချို့ရုံးတွေက ပြန်ဖွင့်ပြီဆိုပေမယ့် စာသင်ကျောင်းတွေကတော့ ပိတ်ထားဆဲပါပဲ။ ဒီတော့ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးရဲ့ ပညာရေး နှောင့်နှေးကြန့်ကြာသွားမှာ စိုးရိမ်မိမှာပဲလေ။ ဒီဆောင်းပါးမှာ မိဘတွေရဲ့ သောကအပူကို အေးငြိမ်းစေပြီး ကလေးတွေအတွက်ရော မိဘတွေအတွက်ပါ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ Covid-19 အကြောင်းကို ကလေးကို သေချာရှင်းပြပါ။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကလေးကို ဒီလိုအချိန်မှာ ရောဂါနဲ့ ပတ်သက်ပြီး ဖြစ်ပွားပုံတွေ၊ ကူးစက်ပုံတွေ၊ အခြေအနေ […]


ကူးစက်ရောဂါများ

မကူးစက်နိုင်သော ရောဂါရှိသူများ နှင့် ကူးစက်ရောဂါဆိုးကြီး COVID-19 တို့အကြောင်း

မကူးစက်နိုင်သောရောဂါများ (Non-communicable diseases) ဆိုတာကတော့ နှလုံး၊ သွေးတိုး၊ ဆီးချို အစရှိတဲ့ရောဂါတွေပါ။ COVID-19 ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေချိန်မှာ လူတိုင်းဟာ မိမိကိုကူးစက်သွားမှာ ကြောက်ကြပါတယ်။ ကူးစက်ပြီးချိန်မှာ ကျန်းမာရေးအခြေအနေဟာ ဘယ်လိုရှိမလဲ၊ ပြန်ကောင်း လာနိုင်မှာလား စသဖြင့်ပါ။ ပုံမှန်သာမန်လူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခြင်းခံရတာနဲ့ ဆိုးရွားတဲ့အလား အလာရှိဖို့ နည်းပါတယ်။ ကိုယ်ခံအားစနစ်ကောင်းကောင်းကို ပိုင်ဆိုင်ထားတာကြောင့် ပြန်လည် ကောင်းမွန်သွားနိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါဆိုရင်တော့ ဒီလိုကပ်ရောဂါဆိုးကြီးမှာ အထိအနာဆုံးဟာ ဘယ်သူတွေလဲ။ ကမ္ဘာမှာ COVID-19 ကြောင့် သေဆုံးနေရတဲ့သူတွေထဲမှာဘယ်လိုလူမျိုးတွေ အများဆုံးလဲ။ အသက် (၆၀) ကျော်တွေ နှလုံးသွေးကြောကျဉ်းရောဂါခံစားနေရသူတွေ လေဖြတ်ဖို့ရန် အလားအလာရှိသူတွေ သွေးတိုးရှိသူတွေ ဆီးချိုရှိသူတွေ ကင်ဆာဝေဒနာရှင်တွေ ခုခံအားကျဆင်းနေသူတွေ (HIV ဝေဒနာရှင်တွေ) အသက်ရှူလမ်းကြောင်းရောဂါ (COPD) နဲ့ ရင်ကျပ်ပန်းနာ (Asthma) ရောဂါသည်တွေ ကလေးတွေပါဝင်ပါတယ်။ ဆေးလိပ်သောက်လွန်းသူတွေဟာလည်း ဗိုင်းရပ်စ်ကူးစက်နိုင်မှုနှုန်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း