ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

အိမ်ပြင်ထွက်ဖို့ ကြောက်နေပြီလား

COVID-19 ရောဂါကပ်ဘေးကြီး ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့လာနေတာဟာ လအတော်ကြာလာခဲ့ပြီဖြစ်ပါတယ်။ လူသန်းပေါင်းများစွာကို ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးသူအရေအတွက်လည်း ၂ သိန်း ၆ သောင်းကျော်အထိ ရှိခဲ့ပါတယ်။ ဒီဆိုးရွားလှတဲ့ ကူးစက်ရောဂါ ကပ်ဘေးကြီးဟာ ကမ္ဘာတစ်ဝှမ်းက လူတွေဆီကို ကူးစက်မြန်အဆုတ်ရောင်ရောဂါအပြင် တခြားသော ဘေးထွက်ဆိုးကျိုးတွေကိုပါ ယူဆောင်လာခဲ့ပါတယ်။ ဒီရောဂါဟာ နဂို နာတာရှည်ရောဂါအခံရှိသူတွေကို ပိုမိုထိခိုက်စေခဲ့သလို ပုံသဏ္ဍာန်မျိုးစုံနဲ့ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် နေအိမ်တွင်းမှာသာနေထိုင်ကြဖို့ အစိုးရအာဏာပိုင်တွေက တိုက်တွန်းမှုတွေပြုလုပ်ခဲ့ကြပြီး Stay Home အနေနဲ့ နေအိမ်တွေကနေ အပြင်ကို မထွက်ဖို့ နှိုးဆော်ထားပါတယ်။ Stay Home လုပ်ဆောင်ချက်ဟာ ရောဂါကာကွယ်ရေးမှာ ထိရောက်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် တခြားဘက်မှာလည်း နောက်ဆက်တွဲအကျိုးဆက်တွေကို လူအများအနေနဲ့ ခံစားခဲ့ကြရပါတယ်။ Stay Home ရဲ့ နောက်မှာ အဓိကအားဖြင့် Stay Home ကာလတွေမှာ လူအများစုဟာ နေအိမ်ကနေ အပြင်ကို ထွက်ဖို့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် အလွန် new normal life

အခုဆိုရင် ကိုဗစ် ကို နိုင်ငံတကာနဲ့အတူ တိုက်ခိုက်လာခဲ့တာ တော်တော်ကြာလာပါပြီ။  ဒီအတောအတွင်းမှာ ကိုဗစ်ကြောင့် လူတွေ အိမ်မှာပဲနေကြရတာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေကြတာ၊ လုပ်ငန်းတွေ နားလိုက်ရတာ ဒါမှမဟုတ် တချို့တွေမှာဆိုရင် ကုန်ထုတ်တာတွေ နည်းသွားတာ စသဖြင့် စီးပွားရေးမှာရေ လူမှုရေးမှာရော ထိခိုက်မှုလေးတွေ ရှိလာပါတယ်။ ကိုဗစ်က လက်ရှိမှာလည်း ပျောက်ကင်းမယ့်ပုံ မပေါ်သေးတာကြောင့် ရေရှည်မှာ အိမ်မှာပဲ နေတာက အဆင်ပြေပါ့မလားဆိုတာ စဉ်းစားစရာပါ။ ကိုဗစ်ကို ကာကွယ်ဖို့ တချို့သော နိုင်ငံတွေမှာ lockdownဆိုတာတွေလည်း လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း lockdown မဟုတ်သည့်တိုင် လူနာအတွေ့များတဲ့ တချို့မြို့နယ်တွေမှာ အပြင်ထွက်ချိန်ကို ကန့်သတ်လိုက်တာမျိုးတွေ ရှိပါတယ်။ ရေရှည်ကို မျှော်ကြည့်ရင် ကိုဗစ်ထက် စိုးရိမ်စရာ ကောင်းတဲ့ကိစ္စတွေကို တွေ့ရမှာပါ။ ဥပမာ စီးပွားရေး […]


ကိုရိုနာဗိုင်းရပ်စ်

COVID ကာလမှာ ဟင်းသီးဟင်းရွက် တွေ ဆေးကြောမယ်ဆိုရင်

COVID ကာလမှာ လူတွေ စိုးရိမ်နေကြတဲ့ နောက်တစ်မျိုးကတော့ စျေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ဗိုင်းရပ်စ်ကပ်ပါလာမှာကို စိုးရိမ်တာပါ။ ဒါကြောင့် စျေးက ပြန်လာတာနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆပ်ပြာနဲ့ ဆေးတော့တာပါပဲ။ တစ်လောကဆို ဟင်းရွက်တွေကို ပိုးသေအောင် ပိုးသတ်ဆေးဖြန်းတာပါ တွေ့လိုက်ရပါတယ်။ ဒါတွေက တကယ်ပဲ ပိုးသေတာလား။ ဒီလိုလုပ်လိုက်ရင် ဗိုင်းရပ်စ်မကူးတော့ဘူးလား စတာတွေကို ပြောပြပေးပါမယ်။ ဟင်းသီးဟင်းရွက် တွေကနေ ကူးနိုင်လား။  ယခုလက်ရှိ အချိန်အထိ (၇.၅.၂၀၂၀) အထိတော့ COVID-19က အစားအစာကနေ ကူးတယ်ဆိုတဲ့ အချက်အလက်မျိုး မရှိသေးပါဘူး။ အဓိက ကူးတာက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကနေ ကူးတယ်။ ဒီအမှုန်အမွှားတွေ ရှိတဲ့ လက်နဲ့ မျက်နှာကို ကိုင်ရင် ကူးတယ်။ Aerosalကနေ ကူးတယ်ဆိုတာလောက်ပဲ ပြောနိုင်သေးတာပါ။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို […]


ကိုရိုနာဗိုင်းရပ်စ်

Infrared သာမိုမီတာ နဲ့ အပူချိန်တိုင်းမယ်ဆိုရင်

ခုတလော အမေးများနေတာက shopping mallတွေ၊ တခြား လူစုနိုင်တဲ့နေရာတွေရဲ့ အဝင်အထွက်မှာ အပူချိန်တိုင်းတာတွေက မှန်ပါ့မလားဆိုတာပါပဲ။ သူတို့မေးလည်းမေးချင်စရာပါ။ ရာသီဥတုက ပူလာပြီလေ။ ဒီလိုအပူထဲက လာတဲ့သူကို ထိပ်ကနေ ဆီးပြီး တိုင်းလိုက်လို့ အပူချိန်က ၃၇ ဒီဂရီ စင်တီဂရိတ်ကျော်နေပြီဆိုတာနဲ့ ဖျားနေပြီလို့ သတ်မှတ်လိုက်မှာလား။ လူကြည့်တော့လည်း အကောင်းကြီး။ အရင်ကတော့ အပူချိန်တိုင်းမယ်ဆိုရင် ပြဒါး သာမိုမီတာ ကိုပဲ သုံးကြတာပါ။ ဆေးခန်းတွေက အစပေါ့။ နောက်ပိုင်း တိုးတက်လာတော့ ဒစ်ဂျစ်တယ်သာမိုမီတာကို ပြောင်းသုံးလာကြပါတယ်။ ဒါတွေက သုံးရလွယ်တယ်။ ပြဒါးသာမိုမီတာလိုလည်း အကြာကြီး စောင့်စရာမလိုဘူး။ ပြဒါးဆိပ်လည်း သင့်ဖို့ အခွင့်အရေးနည်းတယ်။ နဖူးပဲတိုင်းမလား။ နားထဲပဲ တိုင်းမလား အမျိုးစုံရှိတယ်။ အဖြေလည်း မြန်မြန်ထွက်တယ် စတဲ့ အကြောင်းပြချက်တွေကြောင့် အသုံးများလာကြပါတယ်။ ဒါပေမယ့် ခုနကပြောသလိုပဲ။ ပစ္စည်းတိုင်းမှာ သုံးပုံ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ရောဂါအချိန်အတွင်း သားသားမီးမီးလေးတို့ကိုဘယ်လိုစောင့်ရှောက်သင့်သလဲ

ကလေးတစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ရတာလွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ပုံမှန်အချိန်မှာတောင် ပြုစုစောင့်ရှောက်ရတာ ခက်ခဲအတွက် ဒီလိုကိုဗစ်ရောဂါအချိန်ကျောင်းတွေပိတ်ပြီး အိမ်မှာပဲနေရတဲ့အခါ စောင့်ရှောက်ရတာပိုတောင်ခက်ခဲပါသေးတယ်။ စိုးရိမ်ပူပန်မှုတွေကို လျော့ချပြီး လုပ်သင့်လုပ်ထိုက်တာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်တော့ သားသားမီးမီးတို့နဲ့အတူ အဆင်ပြေပြေ ကျော်ဖြတ်နိုင်မှာပါ။ သင့်ကိုယ်သင်အရင် ဂရုစိုက်ပါ။ လေယာဉ်ပေါ်မှာ အရေးပေါ်အခြေအနေရောက်ရင် မိမိကိုယ်ကိုယ် အောက်စီဂျင်အရင်တပ်ပြီးမှ သူများကိုတပ်ပေးဖို့အတွက် သတိပေးလေ့ရှိပါတယ်။ ဒီလိုပါပဲ သူများကိုဂရုစိုက်ပေးဖို့အတွက် အရင်ဆုံးကိုယ့်ကိုယ်ကိုဂရုစိုက်ရပါမယ်။ ကလေးငယ်တွေကို ဂရုစိုက်နိုင်ဖို့အတွက် ကိုယ်ကကျန်းမာနေမှဖြစ်မှာပါ။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့်အပြင်သွားရတိုင်း ဂရူစိုက်ပြီး ပြန်လာရင်လည်း ကလေးငယ်တွေကို မပွေ့ချီပဲ လက်အရင်ဆေးကြောရပါမယ်။ ကလေးတွေက ကိုယ့်ဆီပြေးလာရင်တောင်ငြင်းပယ်ပြီး အရင်ဆုံးသန့်စင်အောင်လုပ်ရပါမယ်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း အကောင်ဆုံးဖြစ်နေမှ ကလေးတွေကို ပိုပြီးကောင်းမွန်အောင်ထိန်းကြောင်းနိုင်မှာဖြစ်လို့ မှန်ကန်တဲ့သတင်းအချက်အလက်တွေနဲ့ ကျန်းမာရေးဗဟုသုတတွေရှိနေအောင်လုပ်ထားရပါမယ်။ ကလေးတွေကိုကောင်းကောင်း ဂရုစိုက်ပေးချင်တယ်ဆိုရင် အရင်ဆုံးမိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းနဲ့စပေးရပါမယ်။ စိတ်ခံစားချက်ကိုထိန်းချုပ်ပါ။ စိုးရိမ်ပူပန်တာ၊ စိတ်အလိုမကျဖြစ်တာမျိုးက ဒီလိုအချိန်တွေမှာ လူတိုင်းနီးပါးဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် စိတ်ခံစားချက်နောက်ကို အလွန်အကြူးလိုက်ပါမယ်ဆိုရင်တော့ အိမ်အတွက်ပုံမှန်လုပ်နေကြအလုပ်တွေ လစ်လပ်သွားတဲ့အခါ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ရဲ့ Second wave ကို ဘယ်လို ကိုင်တွယ်ကြမလဲ............

အခုကာလမှာ ရောဂါကူးစက်နှုန်း နည်းလာသလို သက်သာတဲ့ အရေအတွက်လည်း တိုးလာခဲ့ပါတယ်။ ဒီလိုဆိုတာနဲ့ ခပ်ပေါ့ပေါ့နေမယ် အရင်လိုပဲ အပြင်သွားမယ်ဆိုတာတွေ လုပ်လို့ မဖြစ်သေးပါဘူး။ ပြည်ပရောက်မြန်မာတွေ ပြန်ဝင်လာမှာရှိနေသေးသလို ရောဂါပိုးရှိနေမှန်း လက္ခဏာမပြဘဲ သယ်ဆောင်နေသူ silent carrier တွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒီတော့ အကောင်းဆုံးက ရောဂါ ကူးစက်မှုနှုန်း ဆက်လက် ကျဆင်းနေစေဖို့ ကိုဗစ် ရဲ့ Second wave ကို ဘယ်လို အကောင်ဆုံးကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စဉ်းစားထားကြရုံပါ။ ကိုဗစ် ရောဂါပိုးကို ကာကွယ်ဖို့က တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ရှိပါတယ် ကိုဗစ်ကို ကာကွယ်ဖို့က အစိုးရမှာမှ တာဝန်ရှိတာ မဟုတ်သလို ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ပဲလေလို့ မသတ်မှတ်စေချင်ပါဘူး။ တကယ်က ကိုဗစ်ကို ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အားလုံး အတူတူ ပူးပေါင်းပါဝင်မှ ဒီ […]


ကိုရိုနာဗိုင်းရပ်စ်

COVID_19 နှင့် အတူယှဉ်တွဲ နေထိုင်ခြင်း

လက်ရှိကာလဟာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်းက သိပ်တက်မလာတော့ဘူး။ သေဆုံးမှုနှုန်း ကျလာတယ်။ အသွားအလာကန့်သတ်မှုတွေကို ဖြေလျော့ပေးလာတယ်ဆိုပေမယ့် ကိုဗစ်က လုံးဝ ပြီးဆုံးသွားတာ မဟုတ်သေးပါဘူး။ အချိန်မရွေး ပြန်လည် ခေါင်းမော့လာနိုင်ပါတယ်။ ဒီလို ကိုဗစ်နဲ့ အတူ ယှဉ်တွဲနေထိုင်နေစဉ်မှာ ကိုဗစ်ကြောင့် ထိခိုက်မှုကင်းစေဖို့ ဘာတွေကိုများ ဂရုစိုက်မလဲ.......... ကိုဗစ်ရန်ကို မမေ့ပါနဲ့........... ကိုဗစ် ကူးစက်မှုနည်းလာတာနဲ့အမျှ လုပ်ငန်းတွေ ပြန်လည် စတင်မှုနဲ့ အတူ လုပ်ငန်းခွင်ကို ကိုယ်တိုင်ကိုယ်ကျ  သွားရောက် လုပ်ကိုင်ကြရတော့မယ့် အချိန်ကည်း ရောက်လာပါပြီ။ ဒီကာလမှာ သွားလာမှုကစလို့ အလုပ်ခွင်မှာ လုပ်ကိုင်နေစဉ် တလျှောက်လုံး သတိထားရပါမယ်။ တစ်ဦးတစ်ယောက်ချင်းကစလို့  အားလုံး အတူပူးပေါင်းမှပဲ ကိုဗစ်ကို တ​ကျော့ပြန် ခေါင်းထောင်မလာအောင် လုပ်ဆောင်နိုင်မှာပါ။ ကာကွယ်ဆေးရော ကုသဆေးရော ရေရေရာရာ မရှိသေးတဲ့ ကိုဗစ်ကို ကာကွယ်ဖို့က တစ်ဦးတစ်ယောက်ချင်းရဲ့ စည်းကမ်းတကျ […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေ အိမ်မြဲနေချိန် အိမ်မှာ သတိထားစောင့်ကြည့်သင့်တဲ့ အရာများ

Stay Home နေတဲ့အချိန် ကလေးတွေလည်း ကျောင်းမတက်ရ၊ အိမ်ပြင်လည်း ထွက်မဆော့ရတော့ အိမ်မှာပဲ ဆော့ကြမှာပေါ့။ အိမ်ထဲပဲ နေရတဲ့အခါ တွေ့ရာ ကစားရင်း အိမ်သုံးပစ္စည်းတွေနဲ့ ဘေးအန္တရာယ်မဖြစ်အောင် မိဘတွေ ဂရုစိုက်ပေးသင့်ပါတယ်။ ဓာတ်ခဲပိစိလေးတွေ အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓာတ်ခဲသေးသေးလေးတွေ(ဥပမာ -နာရီဓါတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေ မျိုချမိနိုင်ပါတယ်။ Nine-volt ဓာတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီး ပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက်စတီးမျှင်ထွေးတွေလို သံသတ္ထုတွေနဲ့ ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။ တီဗီ ဘယ်သူမဆို မတော်တဆ ဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေ အတွက် ပိုသတိထားသင့်ပါတယ်။ တီဗီတွေကို အောက်ခြေ မငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့ အပြင် လျှပ်စစ်အန္တရာယ် လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင်တွေကို လည်း သတိထား […]


ကိုရိုနာဗိုင်းရပ်စ်

Stay Home နေတဲ့အချိန် အိမ်လေး သန့်ဖို့ လိုတယ်နော်

Covid-19 ကြောင့် အိမ် မှာ နေရတဲ့ အချိန်ကာလ အတွင်းမှာ အိပ်လိုက်၊ စားလိုက်၊ ဖုန်းလေးပွတ်လိုက်၊ ပြန်ပျင်းလိုက်နဲ့ လုံးချာလည်လိုက်နေသူတွေ ရှိကြလား။ အရင်လို ပြန်ဖြစ်ချင်လှပါပြီလို့ တောင်းတနေကြလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်မှာပဲ နေကြရမှာပါပဲ။ ဒီလိုအချိန်မှာ ရောဂါကာကွယ်ရေးအတွက် လက်တော့ဆေးကြမယ် မဟုတ်လား။ ဆပ်ပြာတဖွားဖွားနဲ့ ဆေးမယ်၊ လက်သန့်ဆေးရည်လေးလည်း ပါသေးတယ်။ ဒါပေမယ့် အိမ်သန့်ရှင်းမှု မရှိရင် ရောဂါပိုးများစွာ ကပ်ငြိနေမှာ သိပ်အန္တရာယ်များပါတယ်။ အရင်ဆို အိမ် မှာ သိပ်မနေဖြစ်လည်း အခုက အရင်ထက်ကြာကြာနေရမယ်၊ အိမ်ထဲက လေထုကို ပိုရှူရှိုက်ရမယ်၊ အိမ်ထဲက ပစ္စည်းတွေနဲ့ ပိုပြီးထိတွေ့ရမယ်။ ဆိုတော့ အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်နော်။ မဖြစ်မနေ သန့်ရှင်းပေးသင့်တဲ့ နေရာများ လက်ကိုင်ဖုန်း နေ့တိုင်း မထိဘဲ၊ မကိုင်ဘဲမနေနိုင်တာ လက်ကိုင်ဖုန်းတွေပါ။ စမတ်ဖုန်းတွေဆိုတာ ဖုန်းနံပါတ်တွေ၊ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများနဲ့ဘယ်လိုကာကွယ်ကြမလဲ။

အသည်းရောင်အသားဝါ ရောဂါဆိုတာ အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပြီး အသည်းခြောက်၊ အသည်းကင်ဆာ အထိ ဖြစ်စေနိုင်တဲ့အတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိက အားဖြင့်တော့ အသည်းရောင် အသားဝါ ပိုး ၅ မျိုး ( A,B,C,D,E ) ကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ အသည်းရောင်အသားဝါ A ပိုး။ အသည်းရောင်အသားဝါ A ပိုးဟာ ပိုးပါတဲ့ အစားအစာ၊ ရေတွေကို စားသောက်မိခြင်း၊ လိင်မှတဆင့် ကူးစက်ခြင်း၊ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ A ပိုးကြောင့် ဖြစ်တဲ့ ရောဂါဟာ များသောအားဖြင့် သိပ်မပြင်းထန်ပဲ ပြန်လည်ကောင်းမွန်နိုင်ခြေ များပါတယ်။ ၂။ အသည်းရောင် အသားဝါ B ပိုး။ အသည်းရောင်အသားဝါ Bပိုး ဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း