ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကူးစက်ရောဂါအန္တရာယ်ကနေ ကာကွယ်ကြရအောင်

တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ရောဂါတွေကလည်း ဆန်းပြားလာကြတယ်။ ကာကွယ်ကုသလို့ရတဲ့ ရောဂါတွေရော၊ ကာကွယ်ကုသဖို့ မဖြစ်နိုင်တဲ့ရောဂါတွေရောပေါ့။ ဒီရောဂါတွေထဲမှာ လူတစ်ဦးကနေတစ်ဦးကို အလွယ်တကူ လျင်လျင်မြန်မြန် ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ပါဝင်နေတယ်။ ဒီရောဂါတွေကို လူငယ်တွေက ခံနိုင်ရည်ရှိနေပေမယ့် ကိုယ်တွေကို ငယ်စဉ်ကတည်းက ထိန်းကျောင်းပျိုးထောင်လာပေးခဲ့တဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ကတော့ ဒီရောဂါတွေကို ခံနိုင်ရည်နည်းနေပါပြီ။ ငယ်တုန်းက ကိုယ်တွေကို သူတို့က စောင့်ရှောက်ပျိုးထောင်ခဲ့တယ်။ ခုချိန်မှာ ကိုယ်တွေက သူတို့ကို စောင့်ရှောက်ပြုစုပေးရမယ့်အချိန်ပါ။  ဒီတော့ ချစ်ရသူတွေကို ကျန်းမာပျော်ရွှင်နေစေဖို့ ဘာတွေ ဂရုစိုက်ပေးကြမလဲ.......... ကူးစက်နိုင်တဲ့ရောဂါတွေက များသလား .......... ကူးစက်နိုင်တဲ့ရောဂါတွေက များသလို ကူးစက်မှု နည်းလမ်းတွေကလည်း အမျိုးစုံပါပဲ။ ချွေးကနေတဆင့် ကူးတယ်။ လေထဲကနေတဆင့်ကူးတယ်။ ထိတွေ့မှုကနေတဆင့် ကူးတယ်။ နှာချေ၊ ချောင်းဆိုးရာကနေထွက်လာတဲ့ တံထွေး၊ချွဲအစအနတွေကနေ ကူးတယ်။ သွေးကဲ့သို့ခန္ဓာကိုယ်ကနေထွက်တဲ့ အရည်တွေကနေတဆင့် ကူးတယ်။ သွေးချင်းထိမိရာကတဆင့် […]


အစားအသောက်မှကူးစက်သောရောဂါများ

သင့်အစားအစာများထဲမှာ ခိုအောင်းနေနိုင်သော ကပ်ပါးပိုးနှင့် ဘက်တီးရီးယားများ

အစားအစာများကတစ်ဆင့် ကပ်ပါးပိုးနဲ့ ဘက်တီးရီးယားစတဲ့ ရောဂါပိုးတွေ ပျံ့နှံ့ခြင်းဟာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ အစားအစာတွေကို လတ်ဆတ်စွာစားဖို့၊ ကောင်းစွာချက်ပြုတ်စားဖို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနများက ဆော်သြနေခြင်း ဖြစ်ပါတယ်။ အစားအစာများကတစ်ဆင့် ရောဂါပိုးကူးစက်ခြင်းဟာ အစုလိုက်အပြုံလိုက်လည်း ဖြစ်ပွားတတ်ပါတယ်။ ဥပမာ အလှူအတန်းပွဲ၊ မင်္ဂလာပွဲ စသဖြင့် ရောဂါပိုးကူးစက်ထားတဲ့ အစားအစာကိုစားမိပြီး အစုလိုက်အပြုံလိုက် ရောဂါဖြစ်တတ်တာမျိုး ဖြစ်ပါတယ်။ ရောဂါပိုးတိုင်းဟာ အသက်အန္တရာယ်မပေးပေမယ့် မိမိရဲ့ နေ့စဉ်နေထိုင်မှုပုံစံအပေါ် သက်ရောက်မှုရှိပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အစားအစာတွေထဲမှာ ခိုအောင်းနေတတ်တဲ့ ကပ်ပါးပိုးမွှားများနဲ့ ဘက်တီးရီးယားရောဂါပိုးတွေအကြောင်း ဖြစ်ပါတယ်။ ၁။ E Coli ဘက်တီးရီးယားပိုး E Coli ဘက်တီးရီးယားကို ကောင်းစွာမချက်ပြုတ်ထားတဲ့ အသားတွေမှာ တွေ့ရတတ်ပါတယ်။ ဒီပိုးရှိနေကြောင်းကို အရောင်အဆင်း အနံ့အရသာအရ ဘယ်လိုမှ မသိရပါဘူး။ စားလိုက်ပြီးမှသာ အစာအိမ်အောင့်ခြင်း၊ အန်ခြင်း၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 အလွန် နောက်ဆက်တွဲ စိတ်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ခြင်း

ကမ္ဘာပေါ်မှာ COVID-19 ရောဂါဆိုးကြီး ပျံနှံ့လာခြင်းနဲ့အတူ နောက်ဆက်တွဲပြဿနာတွေလဲ တွဲလျက်ကပ်ပါလာခဲ့ပါတယ်။ ရောဂါကို ကြောက်ရွံ့နေရတာ၊ နေအိမ်ကနေ အပြင်ဘက်ကို ထွက်ခွာခွင့်မရကြတာ၊ လူလူချင်း ကူးစက်နိုင်တာကြောင့် လူတစ်ဦးချင်းစီအကြား ယုံကြည်မှု လျော့နည်းလာတာတွေကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာထိ ခိုက်ခံစားရမှုတွေ များလာနေပါတယ်။ ဒါကြောင့်လည်း WHO က စိတ်ဝေဒနာခံစားရမှုဟာ COVID-19 ရဲ့ နောက်ဆက်တွဲ ဘေးဆိုးလို့ ကင်ပွန်းတပ်ခဲ့တာဖြစ်ပါတယ်။ COVID ထက်ကြောက်ဖို့ ကောင်းလာနေပြီလား အမေရိကန်နိုင်ငံ ဖလိုရီဒါပြည်နယ်က အမျိုးသား သူနာပြု တစ်ဦး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ သူဟာ ကိုဗစ်ဝေဒနာသည်တွေကို ကူညီကုသပေးနေတဲ့ သူနာပြုတစ်ဦးဖြစ်ပြီးတော့ သူအသက်ဆုံးရှုံးရတာဟာ ကိုဗစ်ရောဂါကြောင့် မဟုတ်ပါဘူး။ ဝီလီယံ ကော့ဒင်တန်ဆိုတဲ့ ၃၂ နှစ်အရွယ် အဆိုပါ အမျိုးသား လူနာတွေကို ကုသပေးရင်း ခံစားလာရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေတာ ဒါမှမဟုတ် […]


ကိုရိုနာဗိုင်းရပ်စ်

စိတ်ချရတဲ့ Mask တစ်ခုရဲ့ လက္ခဏာ ၆ ရပ်

COVID-19 ကပ်ဘေးကာလကြီးမှာ မဖြစ်မနေ အိမ်ပြင်ထွက်ကြတဲ့အခါ Mask (မျက်နှာဖုံး) တစ်ခုခုတော့ တပ်ဆင်သွားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အိမ်ထဲမှာ နေနေတုန်းကတော့ Social Distancing လုပ်ရတာ အဆင်ပြေနိုင်ပေမယ့် အပြင်ထွက်ပြီဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်အကြား Physical Distancing လုပ်ဖို့ ခက်ခဲတဲ့ အနေအထားမျိုးတွေ ရှိလာမှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေရှိနေခဲ့မယ်ဆိုရင် စကားပြောတာ၊ သီချင်းဆိုတာ၊ အော်ဟစ်ရယ်မောတာကနေစလို့ နှာချေ၊ ချောင်းဆိုးတာအထိ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ထွက်လာတဲ့ အမှုန်အမွှားတွေမှာ ရောဂါပိုးတစ်စုံတစ်ရာ ပါရှိနေမယ်ဆိုရင် အသက်ရှူလမ်းကြောင်းထဲကနေ တဆင့် ရောဂါပိုးကူးနိုင်ချေရှိလို့ပါ။ ဒါကြောင့် ဘယ်သွားသွား Mask တပ်သွားဖို့ လိုတယ်လို့ ဆိုတာပါ။ Mask တပ်ဆင်ရာမှာလည်း စိတ်အချရဆုံးဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ရည်ရွယ်ထုတ်ထားတဲ့ N95 ရယ်၊ Surgical Mask ရယ်၊ အဝတ် Mask […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 နဲ့ ဗီတာမင် D ရဲ့ အခန်းကဏ္ဍ

COVID-19 ရောဂါပိုးကူးစက်မှုကို ရှောင်လွှဲနိုင်ရေးမှာ ဗီတာမင် D က ဘယ်လို အခန်းကဏ္ဍမျိုးကနေ ပါဝင်နေသလဲ? သွေးထဲက ဗီတာမင် D ပမာဏဟာ ကိုဗစ်ရောဂါဟန့်တားရေးမှာ အရေးပါနေသလား? နိုင်ငံအသီးသီးမှာ မတူကွဲပြားစွာပြုလုပ်ထားတဲ့ အမျိုးမျိုးသော သုတေသနရလဒ်တွေက ညွှန်ပြနေကြတာကတော့ ကိုဗစ်ဝေဒနာ ခံစားနေရတဲ့ လူနာအများမှာ သွေးတွင်း ဗီတာမင် D ပမာဏ နည်းပါးနေတယ်ဆိုတာပါပဲ။ ဒါ့အပြင် ဗီတာမင် D ချို့တဲ့မှု ဝေဒနာခံစားရတဲ့ တိုင်းပြည်တွေက လူနာတွေဟာ ဗီတာမင် D ပမာဏပိုများတဲ့ တိုင်းပြည်တွေက လူနာတွေထက် သေဆုံးနှုန်းပိုများပါသေးတယ်တဲ့။ ဗြိတိန်မှာဆိုရင် ကိုဗစ်လူနာတွေရဲ့ ၁၇% ဟာ ဗီတာမင် D ချို့တဲ့နေသူတွေပါ။ ကျွမ်းကျင်သူတွေကတော့ သွေးတွင်း ဗီတာမင် D ပမာဏဟာ ကိုဗစ်ကို တိုက်ထုတ်ရာမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အကူအညီဖြစ်စေတဲ့ အရာတစ်ခုဖြစ်ပြီး […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 နဲ့ အစာအိမ်၊ အူလမ်းကြောင်းပြဿနာ

COVID-19 လို့ အမည်သတ်မှတ်ထားခြင်းခံရတဲ့ ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ အဆုတ်ကိုသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကိုပါ တိုက်ခိုက်နိုင်တယ်လို့ ဆေးသုတေသနရလဒ်တွေက ယခုလအတွင်းမှာပဲ ဖော်ထုတ်ထားပါတယ်။ သုတေသနသစ်တွေရဲ့ ရလဒ်အရဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြင်းထန်တဲ့ အခြေအနေမျိုးတွေမှာ အစာအိမ်နဲ့ အစာခြေစနစ်တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားတာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ပြင်းထန်အဆုတ်ရောင် ရောဂါဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးကို ကပ်ရောဂါအသွင်နဲ့ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီးတော့ လူပေါင်း ၅ သန်း နီးပါးကို ကူးစက်ခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်သက်သာလာသူ ၂ သန်းနီးပါးရှိနေပြီဖြစ်ပေမယ့် ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၃ သိန်း ကျော်လွန်လာခဲ့ပါပြီ။ လက်ရှိမှာ အမေရိကန်၊ ရုရှား၊ စပိန်၊ ဘရာဇီးလ်နဲ့ ဗြိတိန်တို့ဟာ ဒီရောဂါဒါဏ်ကို အများဆုံး ခံနေရပြီး မူရင်းအစပြုရာ တရုတ်နိုင်ငံကတော့ […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေ mask တပ်ဖို့ လိုသလား။

အပြင်သွားရင် လူကြီးတွေ mask တပ်တာတော့ တွေ့ဖူးကြပါတယ်။ ကလေးတွေ maskတပ်ထားတာရော တွေ့ဖူးပါသလား။ တပ်သင့်တယ်လို့ ထင်ပါသလား။ မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်၊ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ ပြန်စတော့မယ်။ အဲ့ဒီအခါ ကလေးတွေ အပြင်ထွက်ရတော့မှာပါ။ အပြင်ထွက်တဲ့အခါ ကလေးတွေကို မဖြစ်မနေ maskတပ်ပေးရမှာလားလို့ မေမေတွေ သိအောင် ဖြေပေးလိုက်ပါတယ်။ ကလေးတွေ mask တပ်ရမှာလား။ CDCကတော့ ၂နှစ်အောက် ကလေးတွေကို maskတပ်ဖို့ အားမပေးပါဘူး။ အိမ်မှာပဲ အိမ်သားတွေနဲ့ နေတဲ့ကလေးတွေကလည်း maskတပ်စရာ မလိုပါဘူး။ ကလေးတွေကို သူများနဲ့ ၆ပေကွာအောင် ထားနိုင်တယ်။ ဗိုင်းရပ်စ်ရှိနိုင်တဲ့ မျက်နှာပြင်တွေနဲ့ မထိအောင် ထားနိုင်တယ်ဆိုရင်လည်း တပ်စရာ မလိုပါဘူး။ ဥပမာ- အပြင်ဘက်ကို လမ်းထွက်လျှောက်မယ်။ ကလေးက သူများနဲ့ ၆ပေအကွာမှာ နေနိုင်တယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

COVIDအလွန် ကျန်းမာရေးပြဿနာ များကို ရင်ဆိုင်ခြင်း

COVID ဖြစ်နေလို့ တခြားရောဂါတွေက စောင့်နေမှာ မဟုတ်ပါဘူး။ သူတို့လည်း သူတို့ဟာနဲ့ သူတို့ ဆက်ဖြစ်နေဦးမှာပါပဲ။ ဆိုလိုတာက ကိုဗစ်ကာလမှာ တခြားရောဂါတွေကိုလည်း မေ့မထားသင့်ပါဘူး။ နဂိုရောဂါအခံရှိတဲ့သူတွေဆိုရင် ပိုပြီးဂရုစိုက်ရမှာပါ။ ပြီးတော့ ဒီကာလမှာ ဆေးရုံဆေးခန်း မသွားချင်တာကြောင့် အိမ်မှာပဲ ကြိတ်ကုတာ၊ ကြိတ်ခံတာတွေလည်း ရှိနေမှာပါ။ ဒါတွေက အန္တရာယ်များပါတယ်။ ကိုဗစ်က ဘယ်လောက်ကြာမယ်မှန်း မသိပါဘူး။ ကိုဗစ်ပြီးမှ ရောဂါတွေ ဆက်ကုမယ်ဆိုပြီး လုပ်လို့လည်း မရပါဘူး။ ဒါကြောင့် ကိုဗစ်နဲ့အတူ တခြား ကျန်းမာရေးပြဿနာ တွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ပြောပြပေးပါမယ်။ COVIDနောက်ကွယ်က ကျန်းမာရေးပြဿနာ များ မကူးစက်နိုင်သော ရောဂါများ အဓိက ပြောချင်တာက ဆီးချို၊ သွေးတိုးပေါ့။ သူတို့တွေက တစ် နာတာရှည်ရောဂါတွေ ဖြစ်တယ်။ နှစ် ဆေးပုံမှန်သောက်နေရတဲ့ သူတွေ […]


ကိုရိုနာဗိုင်းရပ်စ်

နေအိမ်မှာ အလုပ်လုပ်ရင်း ဇက်ကြောနဲ့ နောက်ကျောာ နာကျင်မှု မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ

COVID-19 ရောဂါကပ်ဘေးကြီးစလာတော့ လုပ်ငန်းခွင်တွေလည်း သဘောသဘာဝတွေပြောင်းလဲပြီး နေအိမ်တွေကနေ အလုပ်လုပ်ဖို့ စီစဉ်ကြရတော့တာပေါ့။ Work form Home ပေါ့။ Work form Home ဖြစ်လာတဲ့အခါ မတူညီတော့တဲ့ လုပ်ငန်းခွင်အနေအထားကြောင့် မတူညီတဲ့ ပြဿနာတွေရင်ဆိုင်လာကြရပါတယ်။ နေအိမ်ကနေတဆင့် အလုပ်လုပ်ကိုင်ကြရတဲ့အခါ ရုံးလုပ်ငန်းခွင်တွေမှာလို Facility မျိုးတွေမဟုတ်တာကြောင့် ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်ရသူတွေမှာ ဇက်၊ လည်ပင်းနဲ့ ကျောကုန်းပိုင်ဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာကြရတာပါပဲ။ ဒီဘက်ခေတ်တွေမှာ Text Neck Syndrome လို ဝေဒနာ အသစ်အဆန်းတွေ ပေါ်ထွက်လာပါတယ်။ စမတ်ဖုန်းတွေ၊ အိတ်ဆောင် လက်ပ်တော့တွေနဲ့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာပြီးတဲ့နောက်ပိုင်းမှာမှ အဖြစ်များလာတဲ့ ရောဂါတစ်ခုလို့ ဆိုလို့ရပါတယ်။ မိုဘိုင်းဖုန်းနဲ့ တက်ဘ်လက် အသုံးပြုသူတွေအနေနဲ့ ခန္တာကိုယ်ကို ကိုင်းညွှတ်ပြီး စမတ်ဖုန်းမျက်နှာပြင်တွေကို အချိန်ကြာညောင်းစွာ စူးစိုက်ကြည့်ရှုတာကြောင့် လည်ပင်းရိုးနဲ့ ကျောရိုး ထိခိုက်နာကျင်မှုတွေ […]


ကိုရိုနာဗိုင်းရပ်စ်

Stay Home ကာလ ညှာတာသင့်တဲ့ မျက်စိ ကျန်းမာရေး

Covid -19 ကြောင့် အိမ်မှာ နေရတာ ပျင်းတော့ပျင်းတာပေါ့။ ဒါနဲ့ပဲ တီဗီကြည့်မယ်၊ ဖုန်းကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အင်တာနက်သုံးမယ်နဲ့ ဆက်တိုက်ပဲ။ အလုပ်ရှိပြန်တော့ work from home မို့ ကွန်ပျူတာရှေ့ တောက်လျှောက်ထိုင်ရပြန်ရော။ ညကျ အိပ်မပျော်တော့ ဖုန်းနဲ့ facebook သုံးတယ်။ ကဲ ဘယ်မှာလဲ မျက်စိ နားရတဲ့အချိန်… ဘာဆက်ဖြစ်လာမလဲ မျက်လုံးတွေ ကျိန်းစပ်သလို၊ ခိုးလို့ခုလုဖြစ်သလိုလို ဖြစ်တာ ခံစားဖူးကြမှာပေါ့။ မျက်စိမှိတ်လိုက်ရင်တောင် ပူခနဲ ခံစားလိုက်ရသေးတယ်။ မျက်ရည်လည်း မရှိတော့သလိုပဲ။ ဒါကို Dry eye ဖြစ်တယ်လို့ ခေါ်ပါတယ်။ Dry eye လို့ခေါ်တဲ့ မျက်လုံးခြောက်သွေ့တဲ့ပြဿနာဟာ ကွန်ပျူတာတွေ၊ ဖုန်းတွေလို ဒစ်ဂျစ်တယ်စခရင်မ်တွေ ကြည့်တာများတဲ့သူ တွေမှာ အဖြစ်များလှပါတယ်။ တကယ်တော့ မျက်လုံးကျန်းမာပြီး အမြင်အာရုံကြည်လင်စေဖို့ ထိန်းသိမ်းပေးနိုင်ဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း