ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ပုံရိပ်ဖော်နည်းပညာများကို COVID-19 ရောဂါရှာဖွေရေးတွင်အသုံးပြုခြင်း

ဒီနေ့အထိ ကမ္ဘာ့လူဦးရေ ၅ သန်းခွဲကျော်မှာ  COVID-19 ရောဂါ ကူးစက်ခံထားရပါပြီ။ ရောဂါအသစ်အဆန်းတစ်ခု ဖြစ်တဲ့အပြင် ကူးစက်နှုန်းလည်းမြန်ဆန်လွန်းတာကြောင့် ရောဂါကိုထိန်းချုပ်ဖို့ တစ်ကမ္ဘာလုံး အသည်းအသန် ကြိုးပမ်းနေရဆဲပါ။ COVID-19 လို ကူးစက်မြန်ရောဂါပိုးတွေကို ထိန်းချုပ်ရေးမှာ ရောဂါရှိမရှိ အချိန်တိုအတွင်း စစ်ဆေးသိရှိပြီး လိုအပ်တဲ့ ကြပ်မတ်ကုသမှုတွေပေးဖို့က အဓိကကျပါတယ်။ ဒါ့ကြောင့် သွေးစစ်ခြင်း၊ နှာခေါင်းတို့ဖတ်နမူနာယူပြီး စစ်ဆေးခြင်းနည်းတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲပြီး ရောဂါရှိသူတွေကို လျင်လျင်မြန်မြန် ရှာဖွေဖော်ထုတ်နိုင်အောင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။   နောက်ပြီး COVID-19 ရောဂါက အဆုတ်နဲ့တခြားကိုယ်တွင်းကလီစာတွေကိုပါ တိုက်ခိုက်တဲ့အတွက် ရင်ဘတ်ဓာတ်မှန်နဲ့ ကွန်ပြူတာဓာတ်မှန်လို ပုံရိပ်ဖော်နည်းပညာတွေကိုပါ ရောဂါရှာဖွေ အတည်ပြုတဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ တစ်ဖက်တစ်လမ်းက အသုံးပြုလျက်ရှိပါတယ်။ ရင်ဘတ်ဓာတ်မှန် (X-ray) အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါအတော်များများကို ရောဂါရှာဖွေအတည်ပြုဖို့အတွက် ရင်ဘတ်ဓာတ်မှန်ရိုက်ဖို့ လိုအပ်လေ့ရှိပါတယ်။ COVID-19 ကလည်း ပြင်းထန်ကူးစက်အဆုတ်ရောင်ရောဂါကို ဖြစ်စေတာမို့ ရောဂါရှာဖွေတဲ့အဆင့်မှာ […]


ကိုရိုနာဗိုင်းရပ်စ်

စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

နေအိမ်မှာပဲ နေထိုင်ပြီး COVID-19 ရောဂါကပ်ဘေးကို ကာကွယ်နေထိုင်ကြရတဲ့ အချိန်တွေဟာ ထင်သလောက်တော့ လွယ်ကူတဲ့ ကာလတွေမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းလူတွေဟာ ဒီကာလတွေမှာ နေအိမ်တွေမှာနေထိုင်ရင်း စိတ်၊ ရုပ်နဲ့ ခံစားချက်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ COVID ရန်ကို ကာကွယ်ဖို့ နေအိမ်ကနေ အပြင်ကို မထွက်ဖြစ်တာကြောင့် ပိုမိုစားသောက်ဖြစ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို မစားဖြစ်တာ၊ အညောင်းထိုင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း စနစ်တကျမလုပ်ဖြစ်တာတွေကြောင့် ကိုယ်အလေးချိန်တိုးတက်လာတာတွေဖြစ်လာနိုင်ပါတယ်။ လူအတော်များများဟာ နေအိမ်မှာနေထိုင်တဲ့ကာလတွေမှာ အသင့်စားအစားအစာတွေကိုသာ ချက်ပြုတ်စားသောက်တာ၊ Junk Food တွေကို မှာယူစားသောက်တာတွေ ပိုမိုများပြားလာပါတယ်။ ဒါ့အပြင် နေအိမ်မှာထိုင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်မယ်လို့ လူတော်တော်များများက မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာအပါအဝင် ကိုယ်လက်လှုပ်ရှားမှုနည်းပါးတဲ့ အပြုအမူတွေကိုသာ ပိုမိုပြုမူဖြစ်ကြတာများပါတယ်။ ဒါကြောင့်လည်း Lockdown ကာလ နေအိမ်မှာနေထိုင်ရင်း ကိုယ်အလေးချိန် မြင့်မားလာနေတာကို “Quarantine […]


ကိုရိုနာဗိုင်းရပ်စ်

ဘာကြောင့် ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို Mask ပေးမတပ်သင့်တာလဲ

COVID-19 ကပ်ဘေးကာလကြီးက ဘယ်အထိ ခရီးဆက်ဦးမလဲ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။ ရောဂါကူးစက်ပြန့်နှံ့မှုတွေ ရှိနေဆဲဖြစ်သလို သက်သာပျောက်ကင်းလာသူတွေကလည်း ထုနဲ့ထေးရယ်ပါ။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ထုတ်ဖော်နိုင်ခြင်းမရှိသေးတာမို့ တိကျရေရာစွာ ကုသနိုင်တဲ့နည်းလမ်းတွေ မရှိသေးပါဘူး။ ဒါကြောင့် လူတိုင်းအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကိုသာ အားကိုးပြီး ရောဂါဆိုးကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောတာ၊ တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေတာနဲ့ အပြင်သွားတဲ့အခါတိုင်း လုံခြုံစိတ်ချရတဲ့ Mask တပ်ဆင်တာတွေက ကာကွယ်တားဆီးရေးအတွက် အဓိကကျတဲ့ လုပ်ငန်းစဉ်တွေဖြစ်ကြပါတယ်။ ဒီလိုအခြေအနေမှာ ရင်သွေးတွေ ရှိထားတဲ့ မိဘတွေမှာလည်း ပူပင်သောကတွေ ရှိလာရပါတယ်။ မဖြစ်မနေ အပြင်သွားရမယ့် အခြေအနေမျိုး ကြုံဆုံလာချိန်မှာ မိမိတို့ရင်သွေးတွေအတွက် Mask တွေ တပ်ဆင်ပေးတာမျိုးတွေလည်း ပြုလုပ်လာကြပါတယ်။ ဘယ်အသက်အရွယ်ကလေးတွေကို Mask မတပ်ပေးသင့်ဘူးလဲ ဒါပေမယ့် အသက် ၂ နှစ်အောက် […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ

COVID-19က ခုဆိုရင် လူသားတွေကို နှောင့်ယှက်နေတာ ၅လကျော်ခဲ့ပါပြီ။ ဗိုင်းရပ်စ်အသစ်ဖြစ်တာကြောင့် သူနဲ့ ပတ်သတ်တဲ့  အချက်အလက်တွေကို အများကြီး လေ့လာနေရပါတယ်။ ဒီအတွက်ကြောင့်ပဲ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ထုတ်ဖို့ ကြန့်ကြာနေရတာပါ။ သူရဲ့ ထူးခြားတဲ့ လက္ခဏာတွေကလည်း တစ်နေ့ တစ်ခြား ပိုပြီး တွေ့လာရပါတယ်။ နောက်ဆုံးတွေ့ရှိချက်က သူက Kawasakiလို့ ရောဂါတစ်မျိုးနဲ့ ဆက်စပ်နေတယ်ဆိုတာပါပဲ။ COVID-19 နဲ့ Kawasaki ရောဂါ လွန်ဘာဒီ၊ အီတလီနဲ့ နယူးယောက်မှာရှိတဲ့ COVID-19 ကူးစက်ခံထားရတဲ့ ကလေးတွေကို လေ့လာကြည့်တဲ့အခါမှာ ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းတဲ့ လက္ခဏာမျိုး တွေ့ရတယ်လို့ဆိုပါတယ်။ ဒါကို  (Multisystem Inflammatory Syndrome in Children, or MIS-C) လို့ ခေါ်ပါတယ်။ ဒါက Kawasaki ရောဂါနဲ့ အတော်ကို ဆင်တူနေပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

ရာသီတုပ်ကွေးလား ကိုဗစ်လား ဘယ်လိုသိနိုင်မလဲ

ဆောင်းရာသီကတည်းက စတင်လာတဲ့ COVID-19 ကပ်ဘေးကြီးဟာ နွေရာသီကိုဖြတ်သန်းပြီး မိုးဦးအချိန်အခါကို ရောက်လာတဲ့အထိ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ပြဿနာကြီးတစ်ခု ဖြစ်နေဆဲဖြစ်ပါတယ်။ လူတွေမှာလည်း တစ်နေ့တစ်နေ့ COVID-19 သတင်းတွေချည်း ကြားနေကြရတော့ ကိုယ့်ခန္ဓာကိုယ်က တစ်ခုခု ချို့ယွင်းလာရင်တောင် ဒီရောဂါစွဲကပ်ပြီလားလို့ တွေးပူနေကြရပါတယ်။ ချောင်းလေးဆိုးလည်း စိတ်ပူရ၊ နှာခေါင်းယားလည်း စိတ်ပူရ၊ ကိုယ်ပူချိန်မြင့်လည်း စိတ်ပူရနဲ့ ဘာဝေဒနာခံစားရ ခံစားရ COVID-19 လားလို့ တွေးတွေးပူနေရတာက အလုပ်တစ်ခုလိုပါပဲ။ ကိုဗစ်ပြဿနာက မပြီးသေးချိန်မှာ ရာသီအကူးအပြောင်းတွေမှာ ဒုက္ခပေးနေကျ နောက်ထပ်ရောဂါ တစ်ခုကလည်း အဆင်သင့်စောင့်ကြိုလို့ နေပြန်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးပါပဲ။ ရာသီတုပ်ကွေး (Influenza) ရော၊ ကိုရိုနာဗိုင်းရပ် (COVID-19) ရောဟာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဝေဒနာတွေဖြစ်ကြပြီး တချို့သော ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေကလည်း ဆင်တူနေတာမို့ ယုန်ထင်ကြောင်ထင်နဲ့ သောကပွားစရာ […]


ကိုရိုနာဗိုင်းရပ်စ်

Stay at Home ရင်း Support from Home လုပ်ကြမယ် (၁)

COVID-19 ကြောင့် အိမ်ထဲမှာပဲ အောင်းနေရပေမဲ့ ရှေ့တန်းကတိုက်ပွဲဝင်နေကြတဲ့ ဆရာဝန် သူနာပြုတွေ ၊ စေတနာလုပ်အားရှင်တွေကို အိမ်ထဲမှာနေရင်း ကူညီလို့ရတယ်၊ အထောက်အပံ့ပေးလို့ ရတယ်ဆိုရင် နည်းနည်းတော့ အံ့သြစရာကောင်းသွားမယ်ထင်ရဲ့။ ပလတ်စတစ်လျှော့ချရေးလုပ်ကြသလိုပေါ့။ လူတိုင်းလူတိုင်းက တစ်ကိုယ်ရေ တစ်ကာယ ပလတ်စတစ် သုံးစွဲမှုတွေကို လျှော့ချလိုက်တဲ့အခါ ပလတ်စတစ်ထွက်နှုန်း လျော့ကျသွားသလိုပါပဲ။ COVID-19 ကာလမှာ အိမ်ထဲမှာနေနေရပေမဲ့ ရှေ့တန်းမှာတိုက်ခိုက်နေရသူတွေကို ကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်ဗျာ။ ၁။ အဝတ် Mask ကို သုံးကြမယ် COVID-19 ကိစ္စ ခေတ်စားလာချိန်မှာ ပထမဦးဆုံးဖြစ်တဲ့ ဒုက္ခက Mask တွေရှားပါးသွားတာပါ။ အရင်က ၅၀ကျပ်တန် Mask က ၆၀၀ ကနေ ၁၀၀၀ ကျပ်ထိ ၁၀ ဆကနေ အဆ ၂၀ လောက်ခုန်တက်သွားတဲ့အပြင် ဝယ်လိုအားက အဆမတန်များသွားတာမို့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

(၁)      ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ COVID-19 ကူးစက်ဖို့ သာမန်လူတွေထက် အလားအလာပို များသလား လေ့လာတွေ့ရှိချက်တွေအရ ယခုအချိန်အထိ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ COVID-19 ရောဂါ ပိုပြီးကူးစက်နိုင်ခြေများတယ်ဆိုတဲ့ သက်သေအထောက်အထားမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ရှိနေစဉ်မှာ ခန္ဓာကိုယ်ဟာ ပြောင်းလဲမှုတွေရှိပါတယ်။ ခုခံအားစနစ်ဟာလည်း သာမန်အချိန်တွေနဲ့ မတူညီဘဲ ပြောင်းလဲပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာရင် သာမန်လူတွေထက် ပိုပြီးအထိနာကြပါတယ်။ ခံနိုင်ရည်သိပ်မရှိတတ်ပါဘူး။ ဒါကြောင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းဆောင်တာတွေကို ပိုမို အလေးထားပြုလုပ်ဖို့လိုပါတယ်။ ဖျားခြင်း၊ ချောင်းဆိုးခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ဖြစ်လာရင် လည်း ဆရာဝန်နဲ့ မြန်နိုင်သမျှအမြန်ဆုံးပြပါ။ (၂)ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုကြိုတင်ကာကွယ်မှုမျိုးတွေကို ပြုလုပ်သင့် သလဲ။ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းတွေကတော့ သာမန်လူတွေနဲ့ အတူတူပါပဲ။ လက်ကို စနစ်တကျမကြာခဏဆေးမယ်။ [ ရေနဲ့ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့်] လူစုလူဝေးရှောင်မယ် မျက်လုံး၊ နှာခေါင်းနဲ့ […]


ကူးစက်ရောဂါများ

COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည်နှင့်အမျှ ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော ကပ်ရောဂါဆိုးကြီးများကို တင်ပြအပ်ပါသည်။ ကမ္ဘာ့ကပ်ရောဂါ Pandemic ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံလုံးအတွင်း (သို့) တိုက်ကြီးတစ်တိုက်လုံးအတွင်း (သို့) ကမ္ဘာတဝှမ်းတွင် အချိန်ကာလတစ်ခုအတွင်း၌ ရောဂါတစ်ခု ကူးစက်ပျံ့နှံ့နေခြင်းကို ဆိုလိုပါသည်။ 1 ကမ္ဘာ့ကပ်ရောဂါဆိုးများနှင့် လူသေနှုန်းများ ကပ်ရောဂါအမည် ကြာချိန် လူသေနှုန်း အန်တိုနီပလိပ် ၁၆၅ ခုနှစ် - ၁၈၀ ခုနှစ် ၅ သန်း ဂျပ်စတီနီယန်ပလိပ် ၅၄၁ ခုနှစ် - ၅၄၂ ခုနှစ် ၃၀ သန်း မှ ၅၀ သန်း ဂျပန်ကျောက်ကြီး ၇၃၅ ခုနှစ် - ၇၃၇ ခုနှစ် ၁ သန်း Black Death ပလိပ် ၁၃၄၇ ခုနှစ် - ၁၃၅၁ ခုနှစ် ၂၀၀ သန်း ကျောက်ကြီး ၁၅၂၀ ခုနှစ် ၅၆ သန်း ၁၇ ရာစု ပလိပ် (ဥရောပ) ၁၆ ရာစု ၃ သန်း ၁၈ ရာစု ပလိပ် (ဥရောပ) ၁၇ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

ကျန်းမာရေးဝန်ထမ်းတစ်ယောက်ဖြစ်ရခြင်းဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ် ပါဘူး။ လူတစ်ယောက်ရဲ့ အသက်ကိုကယ်ဆယ်ရင်း မိမိအပေါ်ကိုလည်း ဘေးအန္တရာယ်တွေပြန်လည်ကျရောက်လာနိုင်ပါ တယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါဟာ သာဓကပါပဲ။ ဆရာဝန်တွေ၊ ဆရာမတွေဟာ Corona virus ကူးစက်ခံရသူ လူနာတွေရဲ့ အသက်ကိုကယ်တင်ကုသပေးရင်း သူတို့ပါ Virus ကူးစက်ခံလိုက်ရပါတယ်။ အီတလီနိုင်ငံမှာဆိုရင် ဆရာဝန်စုစုပေါင်း ၅၉ ယောက်ဟာ COVID-19 ကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ယောက်မှာ ဘယ်လိုအန္တရာယ်တွေ ရှိနေသလဲဆိုတာ ကြည့်လိုက်ကြရအောင်။ (၁)     ကူးစက်ရောဂါတွေ ကူးစက်နိုင်ပါတယ် ကူးစက်ရောဂါတစ်ခုခုရှိနေတဲ့ လူနာတစ်ယောက်ကို ကုသပေးရာမှာ ဆရာဝန်တွေဆီကိုပါ ကူးစက် သွားနိုင်ပါတယ်။  ကူးစက်တဲ့အခါ နည်းလမ်း(၃)မျိုးနဲ့ ကူးစက်နိုင်ပါတယ်။ ထိတွေ့ရုံနဲ့ကူးစက်ခြင်း (By contact) လူနာတွေ ချောင်းဆိုး၊ နှာစေးရာမှ ထွက်လာတဲ့ တံတွေး၊ နှာရည်စက်တို့မှ ကူးစက်ခြင်း (By droplets) […]


ကိုရိုနာဗိုင်းရပ်စ်

နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ

ဒါဟာ ရောဂါပိုး ကူးစက်မှုကာကွယ်ရေးအတွက် အန္တရာယ်ဖိတ်ခေါ်မှု တစ်ခုပါနော်။ နှာခေါင်းစည်း (Mask) တွေက နှာခေါင်းနဲ့ ပါးစပ် တို့ကနေ ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတာပါ။ ခုတော့ အသက်ရှူမဝတာ၊ ချွေးထွက်တာ၊ ပူအိုက်တာ၊ စိတ်ကျဉ်းကျပ်တာတွေကြောင့် နှာခေါင်းစည်းကို အောက်ဆွဲချထားကြတာ အတော်များများပါပဲ။ တချို့ဆို နှာခေါင်းလေးပဲ ထုတ်ထားတာက ရှိပါသေးတယ်။ ဒီလို ဆွဲချရင် ဘာဆိုးကျိုးတွေ ရှိလာမလဲ ဆိုတာလေး တစ်ချက် ဖတ်ကြည့်လိုက်ပါ။ ဆိုးကျိုးအန္တရာယ် နှာခေါင်းစည်း ဆိုတဲ့အတိုင်းပဲ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ဖုံးအုပ် ကာကွယ်ပေးတဲ့ပစ္စည်းပါ။ သူ့ရဲ့ကာကွယ်နိုင်စွမ်းက တကယ်ကို ထိရောက်၊ အသုံးဝင်လှတာမို့ အပြင်ထွက်တိုင်း တပ်ဖို့ သတိပေးလာကြတာပါ။ နှာခေါင်း နဲ့ ပါးစပ် ကို ဖုံးအုပ်ကာကွယ်ဖို့ သုံးတဲ့ ပစ္စည်းကို နှာခေါင်း ဖော်ထားတာ၊ မေးစေ့အောက်မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း