ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

အသည်းရောင်အသားဝါ စီပိုး ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး သိထား သင့်တဲ့အချက်များ

အသည်းရောင်အသားဝါ စီပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး  လူတစ်ယောက်ကနေ တစ်ယောက်ကို သွေးကတဆင့် အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီး ခန္ဓာကိုယ်အပြင်ဘက်မှာ ရှင်သန်နိုင်ချိန် ကွဲပြားပါသေးတယ်။ ၂၀၁၃ ခုနှစ် တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင်အပူချိန် အပူချိန် ၃၉.၂ ဒီဂရီဖာရင်ဟိုက် (၄ ဒီဂရီစင်တီဂရိတ်) နဲ့ ၇၁.၆ ဒီဂရီဖာရင်ဟိုက် (၂၂ ဒီဂရီစင်တီဂရိတ်) အတွင်းမှာ ၆ နာရီအထိ ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့သွေးဟာ အရာဝတ္ထု မျက်နှာပြင်တွေ (ဥပမာ - စားပွဲ၊ ထိုင်ခုံ) ပေါ်မှာ ပေကျံနေမယ်ဆိုရင်လည်း သွေးနဲ့ထိတွေ့မိသူကို ရောဂါကူးစက်နိုင်ပါတယ်။ သွေးပမာဏများလေ ကူးစက်နိုင်ချေ မြင့်လေပါပဲ။ ဒီလိုကူးစက်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ဖို့အတွက် ထိတွေ့ကိုင်တွယ်မယ့် […]


သွေးလွန်တုပ်ကွေး

မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

မိုးတွင်းရောက်လာတော့မယ့်အချိန်မှာ အဖြစ်များလှပြီး အန္တရာယ်ကြီးမားနိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို သတိပေးပြောပြချင်ပါတယ်။ ကလေးတွေမှာ အဖြစ်များလှတဲ့ သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုကာကွယ်ကြရမှာလဲ။ သွေးလွန်တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်လာရတာပါ။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ဟာ ခြင်မှတစ်ဆင့် လူခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီး ရောဂါလက္ခဏာတွေ ခံစားရပါ တယ်။ တုပ်ကွေးလက္ခဏာနဲ့ဆင်တူပါတယ်။ အပြင်းဖျားခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရတတ်ပါတယ်။ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသ နိုင်ငံတွေမှာ အဓိက ဖြစ်ပွားပါတယ်။ ဖျားနာပြီး ကိုယ်လက်ကိုက်ခဲတာဟာ ပြဿနာသိပ်မရှိနိုင်ပေမဲ့ သွေးလွန်တုပ်ကွေး ရောဂါဟာ  ဆိုးရွားတဲ့ အခြေအနေတွေကိုလည်း ဦးတည်နိုင်ပါတယ်။ သွေးထွက်လွန်ခြင်း (ခန္ဓာကိုယ်အတွင်း (သို့မဟုတ်) အပြင်)၊ သွေးပေါင်ရုတ်တရက်ထိုးကျခြင်းနဲ့ သေဆုံးခြင်းတွေအထိ ဖြစ်ပွားနိုင်ပါတယ်။ မုတ်သုံရာသီ (မိုးရာသီ)ဟာ သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးရာသီပါ။ တည်ငြိမ်ပြီး စီးဆင်းမှုမရှိတဲ့ ရေမျက်နှာပြင်ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားစေတဲ့ ခြင်တွေပေါက်ဖွားဖို့ အကောင်းဆုံး နေရာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများ သိပ်မပြင်းထန်တဲ့ရောဂါအခြေအနေမှာ […]


ကိုရိုနာဗိုင်းရပ်စ်

Mask နောက်ကွယ်က ခံတွင်းနံ့များ

COVID-19 ရောဂါကြီး ပျံ့နှံ့လာချိန်မှာ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတွေက ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကြေညာခဲ့ပြီး လိုက်နာကြဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။ ဒီလို ထုတ်ပြန်အသိပေးထားတဲ့ အချက်တွေထဲမှာ အပြင်ထွက်တိုင်း မျက်နှာမှာ Face Mask တပ်ဆင်ပြီး ထွက်ကြဖို့ကလည်း အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။ Mask တပ်တာဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်တာမို့ ရောဂါကာကွယ်ရေးမှာ အထူးတလည် ထိရောက်အသုံးတည့်လှပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုကတော့ လူတွေက Mask တပ်ဖို့ တွန့်ဆုတ်နေကြတာပါပဲ။ လူတိုင်းက Mask မတတ်ချင်ကြပါဘူး။ ဒါကြောင့် လစ်ရင် လစ်သလို Mask တွေ ဖြုတ်ထားကြတာတွေ၊ တပ်ကိုမတပ်တာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း Mask မတပ်တဲ့သူတွေကို ဒဏ်ရိုက်အရေးယူတာတွေ ကမ္ဘာတစ်လွှားမှာပြုလုပ်နေကြတာဖြစ်ပါတယ်။ Mask မတက်ချင်ဘူး၊ နံတယ် ယျေဘုယျအားဖြင့်တေ့ Mask လေးတပ်လိုက်တာပဲ ဘာခက်တာမှတ်လို့ […]


ကိုရိုနာဗိုင်းရပ်စ်

အဆုတ်ကို ကျန်းမာစေမယ့် အားဖြည့် အစားအစာ (၁၀) မျိုး

အဆုတ် မကောင်းရင် မောပန်းလွယ်တယ်၊ သက်လုံမကောင်းနိုင်ဘူး။ အရေးကြုံရင်တောင် မပြေးနိုင်လောက်ဘူးနော်။ အသက်ရှင်ဖို့ အရေးကြီးတဲ့ အသက်ရှူတာအတွက် အဆုတ်ရဲ့ လုပ်ဆောင်ချက်က အဓိက အရေးပါနေတာပါ။ ဒီလို အရေးပါတဲ့ အဆုတ် ကို ဘယ်လို အစားအစာ တွေနဲ့ အားဖြည့်ပေးနိုင်မလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်ပါဦး ။ (၁) ချင်း ချင်း (ဂျင်း) ကလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ် ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။ (၂) နနွင်း ချင်းနဲ့ ကြက်သွန်ဖြူ လိုပဲ ဟင်းချက်ရာမှာ ထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ (၃) […]


ကိုရိုနာဗိုင်းရပ်စ်

ဆီးချိုသမားတွေ အရင်ကထက် ပိုပြီး သတိထားရတော့မယ့် COVID-19

Covid-19 က လူလူချင်းထိတွေ့မှု၊ အသက်ရှူလမ်းကြောင်းစတာတွေကနေ ကူးစက်နိုင်ပြီး နာတာရှည်ရောဂါအခံရှိသူတွေကို ပိုမိုထိခိုက်စေတဲ့ ဒီရောဂါဟာ ကုသဆေးနဲ့ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ ဒီဝေဒနာက နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေသာမက သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေကို ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားမဟုတ်လား။ လက်ရှိမှာတော့ ပြင်သစ်အခြေစိုက် ဆေးသုတေသနပညာရှင်တွေက တွေ့ရှိချက်အသစ်တစ်ခုကို ကြေညာခဲ့ပါတယ်။ ဒါကတော့ ကိုဗစ်ရောဂါဟာ ဆီးချိုဝေဒနာခံစားနေရသူတွေကို ကူးစက်မိပြီဆိုရင် တစ်ပတ်အတွင်း သေဆုံးစေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ် ဆိုတာပါပဲ။ ဒီတော့ ဒီလို ဝေဒနာတွေ၊ လက္ခဏာတွေ ရှိနေသူတွေကတော့ ပိုပြီး စိုးရိမ်ပူပန်နေမှာ အသေအချာပါပဲ။ အသံကြားတာနဲ့တင် လူတွေ ကြောက်တဲ့ ရောဂါထဲမှာ ဆီးချို လည်း ပါပါတယ်။ ဆီးချိုဖြစ်နေရင် အစားအသောက်တွေ ရှောင်နေရ၊ ထိခိုက်ဒါဏ်ရာရမှာ ပူရတဲ့အကြားထဲ ခုလို COVID-19 ကိုပါ ထပ်တိုး စိတ်ပူနေရတာတွေကြောင့် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ခံအားကောင်းဖို့ သောက်နေကြတဲ့ ကွမ်းရွက် ပြုတ်ရည် ဘာတွေ ဆေးဖက်ဝင်သလဲ

Covid-19 ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ ဘာနည်းတွေလဲဆိုတော့ ဆရာဝန်တွေဆီက အကြံပြုချက်တွေရယ်၊ အွန်လိုင်းပေါ်က ဟိုလူညွှန် ဒီလူညွှန်တာတွေရယ်၊ တိုင်းရင်းဆေးနည်း အယူအဆတွေရယ်၊ သဘာဝဆေးဖက်ဝင် အစားအသောက်တွေရယ် အကုန်ပါပဲ။ ဒီထဲမှာ မဖြစ်မနေ လိုက်နာသင့်တာက ဆရာဝန်တွေရဲ့ အကြံပြုချက်တွေဖြစ်ပေမယ့် တခြားနည်းလမ်းတွေမှာလည်း အမှားနဲ့ အမှန် ခွဲခြား လက်ခံဖို့သင့်ပါတယ်။ ဘာလို့ဆို လူ့ကျန်းမာရေးကို အကျိုးပြုစေတဲ့ စားသောက်နည်းတွေ လည်း အဲဒီအထဲ ပါဝင်နေလို့ပါပဲ။ အမှန်အမှားကတော့ သတင်းရင်းမြစ်ကို သေချာလေ့လာပြီးမှ ယုံစေချင်ပါတယ်။ ကွမ်းရွက် ပြုတ်ရည် ဆေးဖက်တကယ်ဝင်သလား Covid-19 ဗိုင်းရပ်စ် အတွက် ဆိုင်မဆိုင် လေ့လာတွေ့ရှိမှု မရှိပေမယ့် ကွမ်းရွက်က ကိုယ်ခံအားကောင်းစေတာ အပါအဝင် အသက်ရှူလမ်းကြောင်းပြဿနာတွေနဲ့ ဖျားနာခြင်းကိုတော့ ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ လူကြီးသူမတွေ အသုံးများတဲ့နည်းကတော့ ကွမ်းရွက်ကို ထန်းလျက်ခဲလေးနဲ့ပြုတ်ပြီး […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် အိပ်မပျော်ဖြစ်နေသလား

အိပ်ရေးဝခြင်း၊ နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်းဟာ ကျန်းမာရေးအတွက် အထူးအရေးကြီးလှပါတယ်။ စိုးရိမ်စိတ်များခြင်း၊ စိတ်ပူပန်ခြင်း စတာတွေဟာ အိပ်ရေးပျက်စေတဲ့ အကြောင်းအရင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါတယ်။ အထူးသဖြင့် ယခုလို COVID-19 ပြဿနာကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအနေအထားနဲ့ ရင်ဆိုင်လာရတဲ့အခါ လူထုရဲ့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာကြပါတယ်။ နဂိုအခံက စိုးရိမ်ပူပန်တတ်သူတွေဟာ အကောင်အထည်မမြင်နိုင်တဲ့ COVID ကို ကြုံလာရချိန်မှာ စိုးရိမ်စိတ်များပြားလာခြင်း၊ စိတ်ကျခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ်လာပြီး အိပ်မပျော်နိုင်တဲ့ ဝေဒနာပါ တိုးလာပါတယ်။ တကယ်တော့ ဒီကပ်ရောဂါကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံစွမ်းအား ပြည့်ဝနေဖို့ အိပ်ရေးကောင်းကောင်းဝဖို့ လိုပါတယ်။ အိပ်ရေးပျက်ပြီး ကိုယ်ခံအားကို ထိခိုက်လာတဲ့အခါ ပတ်ဝန်းကျင်မှာရှိတဲ့ ရောဂါပိုးမျိုးစုံရဲ့ဒဏ်ကို မခံနိုင်ဖြစ်လာနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြပေးမှာကတော့ COVID ကြောင့် စိုးရိမ်ပူပန် အိပ်မရဖြစ်နေသူတွေအတွက် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။ ၁။ ယခင် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ခုလို ကိုဗစ်ကာလမှာ ကျန်းမာဖို့က တော်တော်လေး အရေးကြီးပါတယ်။ ကိုယ်ခံအား ကောင်းအောင် သေချာ ဂရုစိုက်တာက ကိုဗစ်ကို ကာကွယ်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ကိုယ်ခံအားကောင်းစေဖို့ဆိုတဲ့ နေရာမှာ အာဟာရ မျှတအောင် စားသုံးတာအပြင် သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့လည်း လိုပါမယ်။ ဒီတော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်တဲ့ လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာကို ရွေးချယ်မယ်ဆိုရင် အခုလိုကာလမှာ ဘယ်လိုများ လမ်းလျှောက်ရမလဲ၊ လို့ တွေးပြီး စိတ်ညစ်မနေပါနဲ့။ ကိုဗစ်ကာလမှာ အန္တရာယ် ကင်းကင်းနဲ့ လမ်းလျှောက်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။ အခုလို ကာလမှာ လမ်းလျှောက်ထွက်တာ အန္တရာယ်များလား လူအများစုက ကိုယ်လက်လေ့ကျင့်ခန်းဆိုရင် လမ်းလျှောက်တာကို အများဆုံး လုပ်ဖြစ်ကြပါတယ်။ ဒါကလည်း လမ်းလျှောက်တာက ကျန်းမာရေး ပြဿနာအားလုံးအတွက် အဆင်ပြေတဲ့ လေ့ကျင့်ခန်း ဖြစ်နေတာလည်း ပါပါတယ်။ ပုံမှန်အားဖြင့် လူ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကပ်ဘေးကာလ မပြီးဆုံးသေးဘူးဆိုတာ အမြဲသတိကပ်ပါ

အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်၊ ဘားတွေလည်း ပြန်ဖွင့်ကုန်ကြပြီ။ လနဲ့ချီ ပိတ်ထားခဲ့တဲ့ ရုံးတွေလည်း ပြန်ဖွင့်ကုန်ပြီ။ ရောဂါပိုးကူးစက်ခံရမှု များခြင်းကြောင့် Stay-at-home အမိန့်ချထားခံရတဲ့ မြို့နယ်တချို့လည်း အမိန့်ကနေ ကင်းလွတ်သွားပြီနော်။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံသည် Covid-19 ကပ်ဘေးကို ကောင်းကောင်းထိန်းချုပ်နိုင်သေးတဲ့ အနေအထားမှာ ရှိသေးတဲ့အတွက် အနည်းငယ်တော့ စိတ်အေးရပါတယ်။ ဒါပေမယ့် အရင်တုန်းကလိုမျိုး စိတ်လွတ်ကိုယ်လွတ်၊ သတိမမူ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း မရှိရင်တော့ ဒီအခြေအနေဟာ အချိန်ပိုင်းအတွင်းမှာ ပြန်ပြောင်းသွားနိုင်တယ်ဆိုတာ အမြဲမှတ်ထားဖို့ အရေးကြီးပါတယ်။ Covid-19 ကို ပျောက်စေတဲ့ ဆေး၊ ကာကွယ်ပေးနိုင်တဲ့ ဆေး မထွက်သေးပါ။ လက်ရှိအခြေအနေအရ Covid-19 ကို သက်သာစေနိုင်တယ်လို့ ယူဆရတဲ့ ဆေးတွေနဲ့ လူနာတွေကို စမ်းသပ်နေတဲ့ အဆင့်မှာသာ ရှိနေပြီး ဒီဆေးတွေဟာ အမှန်တကယ် […]


သွေးလွန်တုပ်ကွေး

မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

နွေမှာ ပူလို့ မိုးရာသီ ကို မျှော်နေကြပေမယ့် မိုး နဲ့အတူ ပါလာလေ့ရှိတဲ့ ကျန်းမာရေးရဲ့ ရန်သူတော်တွေကိုလည်း ထည့်တော့ တွေးထားသင့်ပါတယ်။ အထူးသဖြင့် အိမ်မှာ ကလေးငယ်ငယ် ရှိတဲ့ မိသားစုတွေဆို ပိုအရေးကြီးပါတယ်။ ကလေးတွေကတော့ မိုးရွာရင် ပျော်တယ်၊ မိုးရေထဲ ဆော့ချင်တယ်၊ မိုးအေးအေးနဲ့ အိပ်ရတာကို သဘောကျတယ်။ ဒါပေမယ့် ကိုယ်ခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးတွေဟာ ရာသီဥတု အပြောင်းအလဲမှာ နေမကောင်းဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါ့အပြင် မိုးရာသီမှာ ကူးစက်ဖြစ်ပွားမှု ပိုများတတ်တဲ့ ရောဂါတွေ လည်းရှိနေပါတယ်။ ဘာတွေ အဖြစ်များလဲ မိုးရာသီ လို စိုစွတ်တဲ့ ရာသီဥတုမှာ ရောဂါပိုး ပေါက်ပွားမှု ပိုများတဲ့၊ ဒါမှမဟုတ် ကူးစက်ပြန့်ပွားနိုင်ခြေ ပိုများတဲ့ အနေအထားတွေ ဖြစ်ဖို့လွယ်ပါတယ်။ ဒီရာသီမှာ အဖြစ်များတဲ့ ရောဂါတွေက - (၁) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း