ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

COVID-19 နဲ့ ပတ်သက်ရင် အစိုးရိမ်ရဆုံး လူအုပ်စု (၇) ခု

COVID-19 ကူးစက်ပြန့်ပွားမှု ဘယ်လောက် မြန်ဆန်သလဲ၊ ကူးစက်လွယ်သလဲ ဆိုတာ သိထားပြီးသား ဆိုတော့ သူသူကိုယ်ကိုယ် စိုးရိမ်နေကြမှာပဲ။ ကိုယ့်အတွက်၊ ကိုယ် ချစ်ခင်ရသူတွေ၊ အိမ်က လူကြီးမိဘတွေ၊ ကိုယ့်ရဲ့ ရင်သွေးလေးတွေ အတွက် စိတ်မအေးနိုင်ဘူးပေါ့။ အားလုံးထဲမှာ ဒီဗိုင်းရပ်စ်ကို ကူးစက်ခံနိုင်ရခြေ ပိုများတဲ့ ဒါမှမဟုတ် ကူးစက်ခံရရင်လည်း ဝေဒနာ ပိုပြင်းထန်နိုင်ခြေ ပိုများတဲ့ သူတွေ ရှိနေပါတယ်။ အသက်ကြီးသူတွေနဲ့ ရောဂါအခံ ရှိသူတွေမှာ အန္တရာယ်ပိုများတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ပြောထားပြီးသား မဟုတ်လား။ အစိုးရိမ်ရဆုံး လူအုပ်စု (၇) ခု ဒီလို ကူးစက်နိုင်ခြေ များတဲ့သူတွေ ထဲမှာမှ အစိုးရိမ်ရဆုံး လူအုပ်စုတွေ ကို အခုဖော်ပြပေးမှာပါ။ ဘယ်သူတွေမှာ အန္တရာယ် အများဆုံးလဲ ဆိုတာ သိထားပြီးရင် ပိုသတိထားလို့ ရတာပေါ့။ (၁) […]


ကိုရိုနာဗိုင်းရပ်စ်

ပြင်းထန် COVID-19 အတွက် ကုနိုင်မယ့်ဆေး

COVID-19 ကို ကုသဖို့ ဆေးတွေ အပူတပြင်း လိုက်ရှာနေတဲ့ အချိန်မှာ သတင်းကောင်း တစ်ခုကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ Dexamethasone ဆိုတဲ့ ဆေးပါပဲ။ မနေ့က (ဇွန် ၁၆ ၂၀၂၀) မှာ အောက်စ်ဖို့တက္ကသိုလ်က ပညာရှင်တွေက Dexamethasone  (Dexa) က COVID-19 လက္ခဏာဆိုးဆိုးဝါးဝါး ခံစားနေရသူတွေမှာ သက်သာစေတယ်ဆိုတာ ကြေညာခဲ့ပါတယ်။ သုတေသန အခြေအနေ အောက်စ်ဖို့တက္ကသိုလ်က ဦးဆောင်ပြီး လုပ်ခဲ့တဲ့ ဒီသုတေသနမှာ COVID-19 ကြောင့် ဆေးရုံတက်နေတဲ့ လူပေါင်း၂၀၀၀ကို Dexaပေးခဲ့ပြီး မပေးတဲ့ လူပေါင်း ၄၀၀၀နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ တွေ့ရှိချက်ကတော့ -အသက်ရှူစက် တင်ထားရလောက်အောင် ပြင်းထန်တဲ့ လူနာတွေမှာ သေနှုန်းကို ၄၀ရာခိုင်နှုန်းကနေ ၂၈ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။ -အောက်ဆီဂျင် ပေးဖို့ လိုအပ်တဲ့ လူနာတွေမှာတော့ သေနှုန်းကို ၂၅ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းအထိ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ကာကွယ်ထားသင့်သော ဆုံဆို့နာရောဂါ

ဆုံဆို့ရောဂါဟာ နှာခေါင်းနဲ့ လည်ချောင်းထဲမှာရှိတဲ့ အချွဲမြှေးတွေကို ထိခိုက်စေနိုင်တဲ့ ပြင်းထန် ဘက်တီးရီးယား ကူးစက်ရောဂါ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာတော့ ဒီရောဂါဟာ မဖြစ်သလောက်ကို ရှားပါးသွားပါပြီ။ ဒါဟာ ကာကွယ်ဆေးအစီအစဉ်တွေ လူထုအကြားကို ထိရောက်စွာ ရောက်ရှိထားပြီး ဖြစ်လို့ပါပဲ။ ဆုံဆို့ရောဂါကို ဆေးဝါးတွေနဲ့ကုသလို့ ရနိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာတော့ နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြောစနစ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဆုံဆို့ရောဂါဟာ သေစေနိုင်တဲ့ ရောဂါပါ။ အထူးသဖြင့် ကလေးတွေမှာဖြစ်ရင် ပိုဆိုးတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ လည်ချောင်းနာခြင်းနှင့် အသံကွဲအက်ခြင်း၊ လည်ပင်းအကျိတ်များ ရောင်ရမ်းခြင်း၊ အသက်ရှူရ ခက်ခဲခြင်းနှင့် အသက်ရှူမြန်ခြင်း၊ နှာရည်ယိုခြင်း၊ ချမ်းတုန်ဖျားခြင်းနဲ့ အားအင်ကုန်ခမ်း၍ မအီမသာဖြစ်ခြင်းတွေ ခံစားရတတ်ပါတယ်။ လက္ခဏာတွေဟာ ရောဂါပိုး ကူးစက်ပြီး နှစ်ရက်ကနေ ငါးရက်အကြာမှာ ပြလာမှာပါ။ အချို့လူတွေမှာတော့ ရောဂါလက္ခဏာ […]


ကိုရိုနာဗိုင်းရပ်စ်

ဘာကြောင့် ခုချိန်မှာ Gym သွားဖို့ အန္တရာယ်များနေသေးတာလဲ

အခုချိန် စားသောက်ဆိုင်၊ အလုပ်၊ ရုံး အပြင် ဆိုင်နေရာ တော်တော်များများ ပြန်ဖွင့်နေကြပါပြီ။ ဒီထဲမှာ လေ့ကျင့်ခန်း လုပ်ဖို့ Gym တွေလည်း အပါအဝင်ပါပဲ။ ၂လလောက်ကို အိမ်ပြင်မထွက်၊ ကိုယ့်အိမ်မှာလည်း အလေးအပင်မရှိလို့ လေ့ကျင့်ခန်း မလုပ်လိုက်ရတဲ့ ကျား၊ မ မရွေး ဒီချိန်ဆိုရင် Gym သွားဖို့ကို စိတ်အားထက်သန်နေကြမှာပါ။ ဒါဆို ခုချိန်က Gym သွားဖို့အတွက် အဆင်ပြေပြီလား။ ကျန်းမာရေးအမြင်ကနေ ကြည့်မယ်ဆိုရင် ဒီကပ်ဘေး ကာလမတိုင်ခင်ကတည်းက Gym ဆိုတာ ရောဂါပိုးပေါင်းစုံ တစ်ယောက်စီကနေ နောက်တစ်ယောက်ကို ကူးသွားဖို့ အရမ်းလွယ်တဲ့ နေရာတစ်ခုပါ။ ခုလို ကပ်ဘေးမှာ လူတွေကလည်း အပြင်မှာသာ Mask တပ်ပြီး ကာကွယ်ချင် ကာကွယ်ကြလိမ့်မယ်။ Gym မှာတော့ ဘယ်သူမှ Mask တပ်ပြီး လေ့ကျင့်ခန်း လုပ်မှာမဟုတ်ပါဘူး။ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ရေကြီးမှု၏ ကပ်ပါးကောင်ဆိုးများ

မိုးရာသီရောက်လာပြီဆိုတော့ မိုးအမြောက်အများ ရွာသွန်းမှုရဲ့ နောက်ကွယ်မှာ ရေကြီးရေလျှံမှုတွေ ရှိလာနိုင်ပါတယ်။ ကမ္ဘာနှင့်တဝှမ်းမှာလည်း မိုးရာသီကာလ ရောက်လာတိုင်း နှစ်စဉ် နှစ်တိုင်း ရေကြီးရေလျှံမှုတွေ ကြုံရစမြဲပါ။ လူသားတွေဟာ ရေကြီးမှုနဲ့အတူ အသက် အန္တရာယ်၊ စားဝတ်နေရေးပြဿနာတွေကိုသာ ရင်ဆိုင်ရတာမဟုတ်ပါဘူး။ လျှံလာတဲ့ ရေတွေဟာ အညစ်အကြေးတွေများစွာ ပါဝင်တာမို့ ရေကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း နောက်ဆက်တွဲအနေနဲ့ ခံစားကြရပါတယ်။ ဒါ့အပြင် စီးဆင်းမှုမရှိ၊ တည်ငြိမ်နေတဲ့ရေဟာ ခြင်ပေါက်ပွားနိုင်တဲ့ အဓိကအကြောင်းအရင်း ဖြစ်တာနဲ့အညီ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး ရဲ့ အဆိုအရ ရေကြီးရေလျှံမှုတစ်ခုရဲ့ နောက်ကွယ်က ရောဂါ(၆)မျိုးကို မျှဝေပေးလိုက်ပါတယ်။ (၁)     အူရောင်ငန်းဖျားရောဂါ အူရောင်ငန်းဖျားဟာ “Salmonella Typhi” ဆိုတဲ့ ဘက်တီးရီးယားကြောင့် ကူးစက်တဲ့ ရောဂါပါ။ ဘတ်တီးရီးယားဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးပြီးချင်းမှာ အကောင်တွေ ပွားပါတယ်။ ဒီလိုပွားများပြီးရင်တော့ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

နေ့စဉ်ထိတွေ့ကိုင်တွယ်မိနေတဲ့ ရောဂါပိုးမွှားတို့ရဲ့ ဌာနချုပ်များ

ကိုယ်နေ့စဉ် ထိတွေ့ ကိုင်တွယ်နေတဲ့ အရာဝတ္ထုတွေ၊ ကိုယ့်အနီးအနားက ဝတ္ထုပစ္စည်းတွေမှာ ရောဂါပိုးမွှားတွေ တပြုံတခေါင်းကြီး ကပ်ငြိနေလိမ့်မယ်လို့ တွေးထင်မိဖူးသလား။ တကယ်တမ်းတော့ မိမိနဲ့ အနီးကပ်ဆုံးပစ္စည်းတစ်ချို့ဟာ ရောဂါပိုးမွှားတွေ ပျော်ပါးပေါက်ပွားရာ အန္တရာယ်အများဆုံးသော အရာတွေဖြစ်နေတတ်ပါတယ်။ တချို့အရာတွေဟာဆိုရင် ကိုယ့်လက်ထဲမှာ တစ်နေကုန်နီးပါးရှိနေတတ်တာမျိုးတွေပါ။ ဟိုပိုး ဒီပိုးတွေ သိပ်ပေါများပြီး ခပ်ဆန်းဆန်းရောဂါတွေလည်း မကြာခဏပေါ်ထွက်လာနေတတ်တဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ့်အနီးနားက ပိုးမွှားတွေရဲ့ ဌာနချုပ်တွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သန့်စင်အောင် သန့်ရှင်နိုင်မှာမဟုတ်လား။ ကိုယ့်အနီးနားက ရောဂါပိုးမွှားတွေ အခြေကုပ်ယူတပ်စွဲထားတဲ့ ပစ္စည်းတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် … မိုဘိုင်းလ်ဖုန်း သုတေသနပြုချက်တွေအရဆိုရင်တော့ မိုဘိုင်းလ်ဖုန်းတွေရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ ပိုးမွှားအရေအတွက်ဟာ အိမ်သာကမုတ်က ပမာဏထက် ၁၀ ဆ ပိုများပါတယ်တဲ့။ ကဲ ကိုယ့်ရဲ့ ဖုန်းလှလှလေးကို သန့်ရှင်းဖို့ ဘယ်လောက်တောင် လိုအပ်နေပြီလဲဆိုတာကို နားလည်လောက်ကြမယ်ထင်ပါတယ်နော်။ ရီမု(တ်) ကွန်ထရိုးလ် တီဗီတွေ၊ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

မိုး အေးအေးမှာ ထိခိုက်ပေါက်ပြဲဒဏ်ရာ ကျက်ဖို့ နှေးနေသလား

အေးတဲ့ ရာသီဆို အနာကျက်နှေးတယ် တဲ့။ ဒါဟာ ဆောင်းရာသီမှာ အအေးဓာတ်နဲ့ အရေပြားခြောက်သွေ့မှုကြောင့် ဆိုပေမယ့် မိုး ရာသီမှာတော့ အအေးဓာတ်နဲ့ စိုစွတ်မှုကြောင့် ဖြစ်ပါလိမ့်မယ်။ မိုး ကြောင့် ဖြစ်ဖြစ် ဆောင်းကြောင့် ဖြစ်ဖြစ် ရာသီဥတု အေးတဲ့အခါ သွေးလည်ပတ်မှု ကိုလည်း နှေးစေနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းဖို့ က အနာကျက်ခြင်း အတွက် အရေးပါတဲ့ အချက်ပါ။ သွေးလည်ပတ်မှု မကောင်းရင် အနာတစ်ဝိုက် ဧရိယာကို အောက်ဆီဂျင် မရောက်နိုင်တော့ဘဲ အနာကျက်ဖို့ နှေးစေပါတယ်။ နောက်ပြီး သွေးလည်ပတ်မှု မကောင်းတဲ့ အခါ အနာတစ်ဝိုက်က အရေပြားတစ်ရှူးအသစ် ဖြစ်ပေါ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ တုပ်ကွေး ရာသီ ဖြစ်တာကြောင့်လည်း လူတွေကြားမှာ အအေးမိ ဗိုင်းရပ်စ် နဲ့ တုပ်ကွေး ဗိုင်းရပ်စ်တွေ အတော် […]


ကိုရိုနာဗိုင်းရပ်စ်

Mask ကြောင့် ထွက်တဲ့ ဝက်ခြံ ဘယ်လိုဖြေရှင်းရပါ့မလဲ

အခုလို အချိန်မှာ Covid-19 ကူးစက်မှုအန္တရာယ်ကို ကာကွယ်ဖို့ အတွက် အပြင်ထွက်တိုင်း Mask (နှာခေါင်းစည်း) တွေကို တပ်လာကြပါတယ်။ ဒီလို တပ်ရတဲ့အခါ အဖြစ်များလာတဲ့ အလှအပရေးရာ ပြဿနာ တစ်ခုက ဝက်ခြံ ထွက်တာ ပါပဲ။ ဘာလို့ ဝက်ခြံ ထွက်ရလဲ (၁) Mask တပ်တဲ့အခါ မျက်နှာမှာ ပုံမှန်ထက် ချွေးပိုထွက်တယ်။ အပြင်သွားရင်း ခဏခဏ ချွေးမသုတ်နိုင်ဘဲ လှောင်ပိတ်နေရပါတယ်။ ရှူထုတ်လိုက်တဲ့ လေငွေ့နဲ့ Mask ထဲမှာ စိုထိုင်းမှုက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဖြစ်လာအောင် ပံ့ပိုးပေးနိုင်တာပေါ့။ (၂) မျက်နှာ အသားအရေ မှာ Mask နဲ့ ထိတွေ့မှု၊ ပွတ်တိုက်မှု အမြဲရှိနေတယ်။ မျက်နှာဆိုတာ လက်နဲ့တောင် မကြာခဏ မထိ၊ မကိုင်သင့်တဲ့ အသားအရေ ဧရိယာပါ။ […]


ကိုရိုနာဗိုင်းရပ်စ်

ပြည့်ဝမှန်ကန်မှုမရှိတဲ့အာဟာရနဲ့ အဖိုးအဖွားတွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး

စားသုံးလိုက်တဲ့ အာဟာရတွေက ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းအတွက် အရေးပါပါတယ်။ ကိုယ် ဘယ်လို စားသောက်နေထိုင်လဲဆိုတာက ကိုယ့်ရဲ့ အတွင်းအပြင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာမယ် မကျန်းမာဘူးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါတယ်။ အဲဒီ အင်္ဂါအစိတ်အပိုင်းတွေထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အစိတ်အပိုင်းတွေလည်းပါပါတယ်။ ဒါကို အကျယ်တဝင့်ပြောရတာက အခုဆိုရင် ကူးစက်ရောဂါ အန္တရာယ်ဆိုးကြီးတွေ ဖြစ်ပွါးနေတဲ့အပြင် သိပ်မကြာခင်မှာလည်း နှစ်စဉ်ပျံ့နှံ့နေကျ အသက်ရှူလမ်းကြောင်းကနေပဲကူးစက်တဲ့ တုပ်ကွေးလိုရောဂါတွေလည်း ပျံ့နှံ့တော့မှာဖြစ်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးက အရေးကြီးလို့ဖြစ်ပြီး အဖိုးအဖွားတွေလို အသက်ကြီးတဲ့သူတွေမှာ ဒီရောဂါတွေက ပိုပြီး ဆိုးကျိုးတွေ ပေးနိုင်တာကြောင့် ဒီအကြောင်းကိုအထူးပြု ပြောဆိုရခြင်း ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုတာဟာ ခန္ဓာကိုယ်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ရယူခြင်း လုပ်ငန်းစဉ်ကိုဆောင်ရွက်တာဖြစ်လို့ ဒီ အသက်ရှူလမ်းကြောင်းမှာ ပြဿနာတစ်ခုခုဖြစ်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး လုပ်ငန်းစဉ်တွေ ရပ်တန့်သွားနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အဖိုးအဖွားတွေရဲ့ အသက်ရှူစနစ် ကျန်းမာဖို့အတွက် […]


ကူးစက်ရောဂါများ

COVID-19 ကာလအတွင်း မိမိရင်သွေးလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲ

COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးက မိသားစုတွေရဲ့ဘဝတွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြုလုပ်လိုက်ပါတယ်။ ကျောင်းတွေပိတ်တယ်၊ အလုပ်တွေကို အိမ်ကနေလုပ်ကြရတယ်၊ တတ်နိုင်သမျှအိမ်မှာပဲနေကြရတယ်၊ လူတစ်ဦးနဲ့ တစ်ဦးနဲ့က ခပ်ခွာခွာနေကြရတယ်။ အပြောင်းအလဲတွေက အများကြီးပါပဲ။ အခုအချိန်မှာတော့ ကျောင်းတွေ၊ ကျူရှင်တွေ၊ သင်တန်းတွေ ပိတ်နေလို့ အိမ်မှာပဲဂျီကျနေကြတဲ့ အသည်းကျော်ရင်သွေးလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲဆိုတာ ပြောပြပေးပါမယ်။ ၁။       COVID-19 ရောဂါအကြောင်းကို ပြောပြပါ။ ဂရုတစိုက်နဲ့ သေချာလေးပြောပြပေးပါ။ မိမိရင်သွေးလေးတွေ ကိုယ်တိုင်ကိုက ကြားသိပြီးဖြစ်နိုင်ပါတယ်။ သူတို့အတွက် ကြောက်လန့်စရာမဖြစ်အောင်နဲ့ အတွေးမှားနေတာလေးတွေကို ပယ်ဖျောက်ပေးဖို့အတွက် မိဘတွေကိုယ်တိုင်က ပြောပြပေးဖို့လိုပါတယ်။ ပြောပြတဲ့အခါ ကိုယ့်ရင်သွေးက ဘယ်လောက်အထိ နားလည်နိုင်မယ်ဆိုတာကို တွေးပါ။ ကိုယ့်ရင်သွေး ဘယ်အတိုင်းအတာအထိ နားလည်နိုင်မယ်ဆိုတာ ကိုယ်သာအသိဆုံးဖြစ်ပါလိမ့်မယ်။ ပြောပြတဲ့အခါမှာ ရိုးသားပွင့်လင်းမှုရှိပါစေ။ အရမ်းမကြောက်အောင် ချန်လှပ်ပြီး ပြောလိုက်တာမျိုးမလုပ်ပါနဲ့။ မသိရင် မသိဘူးပဲ ပြောပေးပါ။ ရင်သွေးလေးကြောက်သွားရင် သူတို့နားမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း