ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

သမိုင်းဆိုးနဲ့ ပလိပ်ရောဂါပိုး တရုတ်တွင်တွေ့ပြန်

Bubonic Plague လို့ ခေါ်တဲ့ ရှေးဟောင်းပလိပ်ရောဂါတစ်မျိုး တရုတ်ပြည်က အတွင်းမွန်ဂိုးလီးယားပြည်နယ် (Inner Mongolia) မှာ ဖြစ်ပွားနေတယ်လို့ ဒေသခံအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အတွင်းမွန်ဂိုးလီးယားပြည်နယ် ဘယန်နာမြို့မှာ ဒီရောဂါပိုးကို စတင်တွေ့ရှိထားတာဖြစ်ပြီးတော့ ဒီမြို့ဟာ ဘေကျင်းမြို့ရဲ့ အနောက်မြောက်ဘက်မှာတည်ရှိပါတယ်။ ဒေသခံဆေးရုံတစ်ခုက ရောဂါပိုးကူးစက်ခံထားရတဲ့ ဝေဒနာသည်တွေတွေ့ရှိထားကြောင်း အာဏာပိုင်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူဟာ ပထမလူနာဟာ နွားကျောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ဆီကနေ လက်ရှိမှာတော့ သူ့ရဲ့အခြေအနေက တည်ငြိမ်ကောင်းမွန်နေပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘယ်လို ကူးစက်ခံထားရတယ်ဆိုတာကို ရှင်းလင်းစွာ မသိရှိရပါဘူး။ ဒုတိယလူနာကတော့ အသက် ၁၅ နှစ် အရွယ် လူငယ်ဖြစ်ပြီး သူကလည်း အမဲလိုက်သူတစ်ဦးပါ။ ဒေသခံအာဏာပိုင်တွေက ရောဂါပိုးသယ်ဆောင်နိုင်ခြေရှိနေတဲ့ ကြွက်၊ ရှဉ့်၊ ဌက် နဲ့ တွင်းအောင်းကောင်တွေကို သတ်ဖြတ်စားသောက်ခြင်းမလုပ်ဖို့ အမိန့်ထုတ်ထားပြီး တစ်စုံတစ်ခုထူးခြားမှုရှိရင် ကျန်းမာရေးဌာနကို […]


အစားအသောက်မှကူးစက်သောရောဂါများ

အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ

အစားအသောက်တွေကို အစာအဆိပ်မသင့်အောင် ဘယ်လိုသိမ်းဆည်းကြမလဲ၊ ဘယ်လိုပြင်ဆင်ချက်ပြုတ်ကြမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ လက်သေချာဆေးပါ လက်ကို စနစ်တကျဆေးကြောခြင်းက ရိုးရှင်းပေမဲ့ ရောဂါအတော်များများကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ နည်းတစ်ခုပါ (အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်)။ ရေနဲ့ ဆပ်ပြာသုံးပြီး လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ပွတ်တိုက်ဆေးကြောပါ၊ အသားစိမ်းငါးစိမ်းတွေ၊ ဟင်းသီးဟင်းရွက်တွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ နောက်ပြီး သန့်စင်ခန်းသွားပြီးတိုင်း၊ အမှိုက်ပစ်ပြီးတိုင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွတ်သပ်ပြီးတိုင်းလည်း လက်ဆေးပါ။ ဟင်းချက်တဲ့နေရာကို သန့်ရှင်းရေးလုပ်ပါ အစားအစာတွေ မချက်ပြုတ်ခင်နဲ့ ချက်ပြီးတိုင်းမှာ ဟင်းချက်ခဲ့တဲ့နေရာကို သေချာဆေးကြောသန့်ရှင်းပစ်ပါ။ အထူးသဖြင့် အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပြီးခုတ်ထစ်ခဲ့တဲ့ နေရာတွေကို သေချာဂရုတစိုက် သန့်ရှင်းပေးပါ။ ပိုးသတ်ဆေးရည်တွေဖြန်းတာ၊ ဆပ်ပြာရည်နဲ့ တိုက်ချွတ်ဆေးကြောတာတွေ လုပ်စရာမလိုပါဘူး၊ […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါပါ။ ကူးစက်ပျံ့နှံ့မှုနှုန်း အလွန်မြင့်ပါတယ်။ ဘာလို့ကြက်ညှာချောင်းဆိုးလို့ ခေါ်ရသလဲဆိုရင်တော့ ချောင်းဆိုးတဲ့အသံဟာ စူးစူးအက်အက်ကြီးဖြစ်နေပြီး ကြက်တစ်ကောင်ရဲ့အသံနဲ့ အလားသဏ္ဍန် တူပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးထိုးဖို့ရန် အလွန်ငယ်သေးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါကြောင့် သေဆုံးခြင်းရာခိုင်နှုန်းကတော့ နည်းပါတယ်။ သေဆုံးမှုဟာ (၁)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးကို လူတိုင်းထိုးထားဖို့ လိုအပ်တာပါ။  ရောဂါလက္ခဏာများ ရောဂါပိုးကူးစက်ပြီး (၇)ရက်မှ (၁၀)ရက်အတွင်း ရောဂါလက္ခဏာတွေ စပြပါတယ်။ ဒီထက်လည်း ကြာကောင်းကြာနိုင်ပါတယ်။ အစပိုင်းမှာ လက္ခဏာဟာ သိပ်မပြင်းထန်တတ်ပါဘူး။ တုပ်ကွေးရောဂါနဲ့ ဆင်တူတတ်ပါတယ်။ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ မျက်လုံးရဲခြင်းနဲ့ မျက်ရည်များကျခြင်း၊ ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေ ခံစားရတတ်ပါတယ်။ တစ်ပတ်(သို့မဟုတ်)နှစ်ပတ် အကြာမှာတော့ ရောဂါလက္ခဏာဟာ ပိုဆိုးလာနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ အချွဲတွေ စုဆောင်းမှုများလာပြီး ချောင်းဆိုးခြင်းကို မရပ်တန့်နိုင်တော့ပါဘူး။ စက္ကန့်(၂၀)ကြာအောင် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

ပါးစပ်က အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေပါ ရာနဲ့ပြီး မှီခိုနေထိုင်ရာ နေရာ တစ်ခုပါ။ ဒီတော့ တစ်ယောက်ယောက်ရဲ့ တံထွေးနဲ့ ထိတွေ့မိရင် ဘာဖြစ်မယ် ထင်လဲ။ တံထွေးက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကာကွယ်ခုခံမှုတွေကို လုပ်ဆောင်ပေးတယ်။ တံထွေးမှာ antibodies နဲ့ enzymes တွေ ပါဝင်နေပြီး ခန္ဓာကိုယ်ကို ရောဂါကူးစက် မခံရအောင် ကာကွယ်ပေးတယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ ရှိနေဆဲပါ။ တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ တံထွေးမှာ antibodies နဲ့ enzymes တွေပါဝင်နေတာကြောင့် ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ဒီလို ရောဂါတွေ ကူးစက်နိုင် ပါသေးတယ်။ အအေးမိ၊ ဖျားနာ တုပ်ကွေးဗိုင်းရပ်စ် Epstein-Barr virus […]


ကိုရိုနာဗိုင်းရပ်စ်

Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

ကိုဗစ်အတွက် ကာကွယ်မှုကတော့ ဆက်လက်လုပ်ဆောင်နေရဆဲကာလပါ။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း mask တပ်ရတာ၊ မကြာခဏ လက်ဆေးတာစတဲ့ ကိုဗစ် ကာကွယ်ရေး အလေ့အထတွေကိုတော့ ဆက်လက်လုပ်ဆောင်နေရဆဲပါ။ Mask တပ်တာက သာမန်လူတွေအတွက် အခက်အခဲမရှိပေမယ့် မျက်မှန်တပ်ရသူတွေ အတွက်ကတော့ အခိုးရိုက်တာကြောင့် မျက်မှန် မှုန်ဝါးတာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တာ့ ကိုဗစ်ကာလမှာ မဖြစ်မနေ မတ်ခ် တပ်နေရတဲ့ မျက်မှန်သမားလေးတွေအတွက် အသုံးတည့်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့ ကိုဗစ် ကာကွယ်ဖို့အတွက် Mask တပ်ရင်း မျက်မှန်မှာ အခိုးရိုက်ပြီး မှုန်ဝါးဝါး မဖြစ်စေဖို့ဆိုရင် ရေနဲ့ ဆပ်ပြာ ရေနဲ့ဆပ်ပြာမှုန့် ဒါမှမဟုတ် ဆပ်ပြာရည် ခပ်ကျဲကျဲဖျော်ထားတာကို သုံးပြီး မျက်မှန်ကို ဆေးလိုက်ပါ။ ပြီးရင် ရေပြန်ဆေးချတာမျိုး၊ တစ်သျှူးတွေနဲ့ သန့်စင်တာမျိုး မလုပ်ဘဲ မျက်မှန်ကနေ ရေတွေ စင်သွားအောင် […]


ကိုရိုနာဗိုင်းရပ်စ်

Face Mask တပ်ရင် ဒီအမှားတွေ လုပ်မိနေတုန်းပဲလား

ယခုဆိုရင် Covid-19 နဲ့ ပတ်သက်ပြီး လူတွေ တော်တော်များများလည်း အခြေအနေ အချိန်အခါနဲ့ လိုက်အောင် ပြောင်းလဲနေထိုင်တတ်နေပြီလို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကပ်ဘေးအခြေအနေဟာဆိုရင်လည်း ရောဂါပိုးကူးစက်ခံရသူ၊ သေဆုံးသူရဲ့ အရေအတွက်ဟာ တခြားအိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် တော်တော်လေးကို နည်းနေပါသေးတယ်။ ဒီအတွက်ကြောင့် နိုင်ငံရဲ့ ကပ်ဘေးထိန်းချုပ်မှုဟာ ထိရောက်နေတယ်လို့ပဲ ဆိုရမှာပါ။ ဒီအခြေအနေကို ဆက်ပြီး ထိန်းထားနိုင်ဖို့အတွက် မြန်မာပြည်သူတွေအားလုံး ယခုအတိုင်း ကာကွယ်ခြင်းသည်သာ ထိရောက်တဲ့ကုသမှုပုံစံအတိုင်း ကျင့်ကြံနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ Covid-19 ကပ်ဘေးကာလအတွက် မဖြစ်မနေ သိထားသင့်တဲ့ နေထိုင်မှုပုံစံ ဘယ်လောက်ပဲ ရောဂါပိုးကူးစက်ခံရသူ နည်းနေနိုင်ပါစေ၊ ရောဂါပိုးဟာ လေထဲမှာ ရှိနေနိုင်သေးသလို ရောဂါပိုးရှိတယ်လို့ အတည်ပြုခံထားခြင်း မရှိသေးသူတွေလည်း အပြင်မှာ တွေ့ရနိုင်ပါတယ်။ အဲဒါကြောင့် အမြဲတမ်း ကိုယ့်ဘက်ကနေ အဆင်သင့် ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ ဘာတွေ အဓိက […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာလမှာ စမတ်ဖုန်းတွေကို ပိုးသတ်ပေးဖို့ လိုလား

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အစိုးရိမ်ကြီးနေသူ တော်တော်များများက လာမေးနေကြလို့ ပြန်တင်ပေးရခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်နဲ့ အမြဲထိတွေ့နေရတဲ့၊ ဘယ်သွားသွား ကိုယ်နဲ့ မကွာ ဆောင်ယူသွားကြတဲ့ စမတ်ဖုန်းတွေမှာ လူတွေထင်မထားနိုင်လောက်အောင် ရောဂါပိုးပေါင်းများစွာ ကပ်ငြိနေတယ်ဆိုတာ အခု Covid-19 ကာလမှ မဟုတ်ပါဘူး၊ အရင်ကတည်းပါပဲ။ ဒီအတွက် ဖုန်းစကရင်ကိုလည်း သန့်ရှင်းရေးလုပ်ဖို့ လိုတယ်ဆိုပေမယ့် တကယ်တမ်း လိုက်နာတဲ့သူဟာ အယောက်တစ်ရာမှာ တစ်ယောက်တောင် မရှိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ခုလိုအချိန်မျိုးမှာတော့ ကိုယ့်လက်နဲ့ အမြဲထိတွေ့နေတဲ့ စမတ်ဖုန်းတွေကို သေချာ ပိုးသန့်စင်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။ ဘယ်လိုအချိန်တွေမှာ စမတ်ဖုန်းတွေကို ပိုးသန့်စင်သင့်လဲ။ ပုံမှန်အားဖြင့် ဘယ်မှ မသွားဘူးဆိုရင်တောင် တစ်ပတ်ကို တစ်ကြိမ်လောက် သန့်ရှင်းရေး လုပ်သင့်ပါတယ်။ တစ်ရက် တစ်ကြိမ် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ခုလို […]


ကိုရိုနာဗိုင်းရပ်စ်

Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့

တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါပိုးကြောင့် ကပ်ဘေးသင့်နေချိန်မှာ တရုတ်နိုင်ငံမှာ ကပ်ဘေးအဆင့်ဖြစ်လာနိုင်ချေရှိတဲ့ ဝက်တုပ်ကွေးရောဂါပိုးကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ G4 လို့ အမည်ပေးထားတဲ့ ဒီရောဂါရဲ့မျိုးဗီဇဟာ တရုတ်က မွေးမြူရေးလုပ်သား ၁၀% မှာ ကပ်ညှိနေပြီး လူအချင်းချင်းကူးစက်နိုင်ခြေရှိမရှိ တိတိကျကျ သိရှိရခြင်းမရှိသေးပါဘူး။ G4 ဟာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ H1N1 နဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း သုတေသနပညာရှင်တွေကဆိုကြပါတယ်။ ဗိုင်းရပ်စ်ရဲ့ အမည် အပြည်အစုံကတော့ G4 EA H1N1 ပါ။ ဝက်သားထုတ်လုပ်ငန်းတွေကဝန်ထမ်း ၃၀၀၀၀ လောက်ရဲ့ Swab နမူနာတွေကို ရယူဆန်းစစ်ကြည့်ရာကနေ ခုလို ပိုးကူးစက်ခံထားရတာကို သိရှိလာရတာဖြစ်ပါတယ်။ H1N1 genes ဟာ လူလူချင်းကူးစက်နိုင်ပေမယ့် လက်ရှိပိုးသစ်ဟာ human to human ကူးစက်နိုင်တဲ့ သက်သေအထောက်အထားမတွေ့ရှိရသေးဘူးလို့ National Academy […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

မိုးခေါင်ရေရှား အန္တရာယ်များ

မိုးခေါင်ခြင်းဟာ သဘာဝမှာ တွေ့ရနိုင်တဲ့ ရာသီဥတုဖောက်ပြားမှုတစ်ခုပါ။ အချိန်ကာလ တစ်ခုအထိ မိုးခေါင်ခြင်းဖြစ်လာပြီဆိုပါက ရေရှားပါးမှုနဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားလာရ တော့မှာပါ။ မိုးခေါင်ခြင်းဟာ သင့်ရဲ့ ကျန်းမာရေးနဲ့ သင့်မိသားစုရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လို သက်ရောက်နိုင်သလဲဆိုတာကို သိရှိထားပါမှ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မှာပါ။ မိုးခေါင်ခြင်းကြောင့် ထိခိုက်ခံရမှုမှာ ဒေသတစ်ခုနဲ့ တစ်ခု၊ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ဒေသတစ်ခုမှာ ရှိနှင့်ပြီးသားဖြစ်တဲ့ ရေစွမ်းအင်စနစ်၊ အစိုးရရဲ့ ဘေးအန္တရာယ် ကျရောက်မှုအပေါ်ကို စီမံခန့်ခွဲနိုင်မှု၊ စီးပွားရေးအခြေအနေများ၊ မိုးခေါင်ဒေသမှာ နေထိုင်သူ လူဦးရေများနဲ့ အခြားအကြောင်းအရာတွေအပေါ် မူတည်နိုင်ပါတယ်။ နံပါတ် (၁) ကတော့ ရေပါပဲ။ စမ်းချောင်းတွေ၊ မြစ်တွေက စီးဆင်းလာမယ့်ရေတွေဟာ မိုးခေါင်ခြင်းကြောင့် နည်းပါးလာတဲ့ နောက်မှာ အနည်ထိုင်ခြင်းနဲ့ အညစ်အကြေးများ စုပုံခြင်းတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ သဘာဝ […]


ကူးစက်ရောဂါများ

ကိုဗစ်ကုသရေးအတွက် အရေးပါလာနိုင်တဲ့ သွေးရည်ကြည်ကုထုံး

ကိုဗစ်ရောဂါ ကုသပျောက်ကင်းအောင် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်တဲ့  သွေးရည်ကြည် အစားထိုးကုထုံးအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကိုဗစ်က ၂၀၁၉ နှစ်ကုန်မှာ စတင်ဖြစ်ပွားပေမဲ့ အခုပြောပြမယ့် သွေးရည်ကြည်ကုထုံးကိုတော့ ရောဂါကုသရေးမှာ သုံးစွဲလာတာ နှစ်ပေါင်းများစွာရှိပါပြီ။ ကိုဗစ်ကုသရာမှာ သွေးရည်ကြည်ကုထုံးကို ဘာကြောင့်သုံးရသလဲဆိုတာ မပြောခင် အရင်ဆုံး သွေးရည်ကြည်ဆိုတာ ဘာလဲ၊ သွေးရည်ကြည်ကုထုံး ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အကြမ်းဖျင်းပြောပြဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်အနှံ့အပြားမှာ သွေးတွေလှည့်ပတ် သွားလာနေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ သွေးရည်ကြည်ဆိုတာ သွေးဖြစ်အောင် ပါဝင်ဖွဲ့စည်းပေးထားတဲ့ အရည်တွေဖြစ်ပါတယ်။ သွေးရည်ကြည်ထဲမှာ ပရိုတင်းဓာတ်တွေရယ်၊ ရောဂါတိုက်ထုတ်တဲ့ အခန်းကဏ္ဍမှာ အရေးကြီးတဲ့ ပဋိပစ္စည်း (antibodies) တွေရယ်ပါဝင်နေတာကြောင့် သွေးရည်ကြည်က သွေးခဲဖို့နဲ့ ခုခံအားကောင်းဖို့လည်း ကူညီပေးနိုင်ပါတယ်။ တစ်ကိုယ်လုံးက သွေးတွေရဲ့ ၅၅% ကို သွေးရည်ကြည်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရောဂါပျောက်သွားသူရဲ့ သွေးရည်ကြည်ကို တခြားတူညီတဲ့ရောဂါခံစားနေရသူတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း