ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်က ဘာလို့အသေအပျောက်တွေ များလာတာလဲ။

ကိုဗစ်ဒုတိယလှိုင်းမှာ ပိုးတွေ့လူနာပဲ တစ်နေ့ တစ်နေ့ ရာချီပြီး တွေ့နေတာတင်မကဘဲ သေဆုံးလူနာတွေပါ များလာတာပါ တွေ့ရမှာပါ။ ပထမလှိုင်းမှာ ၆ယောက်နဲ့ ငြိမ်နေရာက ဒုတိယလှိုင်းစပြီး ၂ပတ်ကျော်ကျော် (၁၈.၉.၂၀၂၀ ဒေတာအရ)မှာပဲ ၆၁ယောက်ထိ ၁၀ဆ တက်လာခဲ့ပါတယ်။ ဒါတွေဟာ ဘာကြောင့်များပါလဲ။ ဖြစ်နိုင်ခြေတွေကို အတူတူစဉ်းစားကြည့်ရအောင်။ ကိုဗစ်က ဘာလို့အသေအပျောက်တွေ များလာတာလဲ။ အသက် ဆုံးတဲ့သူကို ကြည့်လိုက်ရင် အသက် ၆၀ပိုင်းတွေ တော်တော်များပါတယ်။ တကယ်တော့ ဒီလိုသက်ကြီးပိုင်းတွေဆိုတာ ဘာရောဂါအခံမှ မရှိရင်တောင် ဗိုင်းရပ်စ်ဒဏ်ကို ခံနိုင်ဖို့ရာ တော်တော်အားထုတ်ရမှာပါ။ ခုလို နောက်ခံရောဂါတွေပါ ပါနေတော့ ပိုဆိုးပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ ရောဂါအခံရှိရှိ မရှိရှိ သတိထားနေထိုင်သင့်ပါတယ်။ ရောဂါအခံ ရောဂါအခံလို့ ပြောရင် အရင်က ဆီးချို၊ သွေးတိုးက အဓိကပေါ့။ အဲ့ဒီမှာမှ ရောဂါအခံကို မထိန်းနိုင်တဲ့သူဆို […]


ကိုရိုနာဗိုင်းရပ်စ်

ကွာရန်တင်းဝင်ပဲ ဝင်ပါစေ၊ စိတ်မထိခိုက်ပါစေနဲ့

ကွာရန်တင်း (Quatentine) ဆိုတဲ့ စကားက ခုကာလတွေမှာ အရမ်းကို ခေတ်စားနေတဲ့ စကားလုံးတစ်ခုပါ။ ကွာရန်တင်းဝင်ရတယ်၊ Q ဝင်နေရတယ်ဆိုတာမျိုးတွေ သိပ်ပြောဖြစ်ကြတယ်။ COVID-19 ရောဂါကူစက်ပျံ့နှံ့နေတာကြောင့် ရောဂါပိုးရှိသူတွေနဲ့ ထိစပ်မိသူတွေ၊ သွားလာခဲ့တဲ့နေရာတွေက လူတွေဟာ သတ်မှတ်နေရာတွေမှာ ရောဂါပိုးစစ်ဆေးမှုအဖြေ Negative ဖြစ်ချိန်အထိ သီးခြားသွားရောက်နေထိုင်ရတာကို ကွာရန်တင်းဝင်တယ်လို့ခေါ်ဆိုတာပါ။ နဂိုကမှ ရောဂါကို ကြောက်ရွံ့နေရတာကတစ်မျိုး၊ နေအိမ်ကနေ အပြင်ဘက်ကို ထွက်ခွာခွင့်မရတာ၊ လူလူချင်း ကူးစက်နိုင်တာကြောင့် လူတစ်ဦးချင်းစီအကြား ယုံကြည်မှုလျော့နည်းလာတာ၊ အလုပ်ပျက်အကိုင်ပျက်တွေဖြစ်တာကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေ များလာနေရတဲ့ကြားထဲ ကိုယ်က သံသယလူနာအဖြစ် ကွာရန်တင်းပါဝင်ရပြီဆိုရင် စိတ်ဓာတ်ကျတာ၊ စိတ်ထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း WHO က စိတ်ဝေဒနာခံစားရမှုဟာ COVID-19 ရဲ့ နောက်ဆက်တွဲ ဘေးဆိုးလို့ ကင်ပွန်းတပ်ခဲ့တာဖြစ်ပါတယ်။ ကွာရန်တင်းက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဘယ်လို သက်ရောက်စေသလဲ ကိုဗစ်ရောဂါ ပျံ့နှံ့လာချိန်မှာ […]


ကိုရိုနာဗိုင်းရပ်စ်

အိမ်မှာပဲ နေပါ။

ဒီစကားက ခုကာလမှာ တော်တော်လေး ကြားရမှာပါ။ ခင်မင်ရင်းနှီးသူတွေဆီကရော မီဒီယာတွေကနေရောပေါ့။ ကာကွယ်ဆေးရော ကုသဆေးပါ မပေါ်သေးတဲ့ ကိုဗစ် ဖြစ်ပွားနေချိန်မှာ အထိရောက်ဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုက အိမ်မှာနေခြင်းပေါ့။ အိမ်မှာနေတာက ကိုဗစ်ကိုတင် ကာကွယ်နိုင်တာ မဟုတ်ဘဲ အခြား ဘယ်လို အကျိုးကျေးဇူးတွေ ရှိသလဲဆိုတာကို ဒီ ဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ အိမ်မှာပဲ နေတဲ့အခါ ဘာအကျိုးကျေးဇူးတွေ ရမလဲ......... အိမ်မှာပဲ နေတဲ့အခါ ကိုဗစ် ကူးစက်ခံရနိုင်ခြေ နည်းမယ် အိမ်မှာနေပါ။ ကိုဗစ်ကို အထိရောက်ဆုံး ကာကွယ်ပါဆိုတဲ့ စကားအတိုင်း အိမ်မှာပဲနေတာက လူတွေနဲ့ ထိတွေ့မိနိုင်ခြေ နည်းပြီး ရောဂါပိုး ကူးစက်ခံရနိုင်ခြေက်ု သိသိသာသာ လျှော့ချနိုင်မှာပါ။ တုပ်ကွေး ကူးစက်ခံရနိုင်ခြေ နည်းမယ် လူစုလူဝေး ဖြစ်တဲ့နေရာကို မသွားဘဲ အိမ်မှာပဲ နေတာက တုပ်ကွေး ကူးစက်ခံရနိုင်ခြေကို လျှော့ချရာ ရောက်ပါတယ်။ မုတ်သုံနဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

အသုံးမတတ်ရင် ကိုယ့်ကို ပြန်ပြီး ဘေးဖြစ်စေမယ့် Face Shield

Face Shield နဲ့ ပတ်သက်ပြီး အခုဆိုရင် ကျန်းမာရေးစောင့်ရှောက်သူတွေသာမက ပြည်သူတွေပါ အသုံးများလာတာကို သတိထားမိပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ခုလို Covid-19 ကပ်ဘေးကာလအတွက် တော်တော်လေးကို ကောင်းတဲ့အချက်လို့ ဆိုရမှာပါ။ ဒါပေမယ့် မှားယွင်းနေတာလေးတွေတော့ တွေ့ရပါသေးတယ်။ Face Shield ဆိုတာ ဘာလဲ။ Mask အပြင် ရောဂါပိုးတွေကို ထပ်ပြီးအပိုကာကွယ်ပေးနိုင်ဖို့အတွက် တပ်ဆင်ပေးရတဲ့ ကိရိယာပါ။ အရှေ့ဘက်မှာ ပလတ်စတစ် အခုံးတစ်ခုပါရှိပြီး ဒီအခုံးဟာ တပ်ဆင်ထားသူရဲ့ အသက်ရှူလမ်းကြောင်းထဲက အမှုန်အမွှားများကို အပြင်ဘက် မရောက်ဘဲ ပလတ်စတစ်အပြားပေါ်မှာ ကပ်သွားစေပါတယ်။ Face Shield ဟာ နားရွက်နှစ်ဖက်အထိ ခုံးနေတာဖြစ်လို့ အရှေ့ဘက်က တည့်တည့်ဝင်လာတဲ့ ရောဂါပိုးများကို အပြင်ဘက်ခြမ်းမှာ ကပ်သွားစေပါတယ်။ Face Shield ကို ဘယ်သူတွေ အများဆုံးတပ်ဆင်နေကြလဲ။ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်း ဘိုးဘွားအရွယ်တွေ၊ […]


ကိုရိုနာဗိုင်းရပ်စ်

စားသောက်ကုန် ပို့ဆောင်နေသူများနှင့် Covid-19 ကာကွယ်ရေး

Covid-19 ကပ်ဘေး တဖန်ပြန်ပြီး ထလာတဲ့အချိန် ရုံးတွေ၊ ကျောင်းတွေ၊ ဆိုင်တွေ တော်တော်များများလည်း ပိတ်ကုန်ကြပါပြီ။ ဒါပေမယ့် ဘယ်လိုမှ ပိတ်လို့မရဘဲ အလုပ်တောင် ပိုလုပ်ရတဲ့သူတွေကတော့ စားသောက်ကုန် ပို့ဆောင်သူတွေပါပဲ။ တော်ရုံတန်ရုံ အိမ်မှာ ဟင်းမချက်သူတွေ၊ ရောဂါကြောက်လို့ စျေးမသွားတဲ့သူတွေ၊ စိတ်ပျောက်လက်ပျောက် အိမ်ကနေ မှာစားသူတွေဟာ တစ်နေ့ထက် တစ်နေ့ များလာတာနဲ့အမျှ ပို့ဆောင်သူတွေအနေနဲ့ ပုံမှန်အချိန်တွေထက် ပိုအလုပ်လုပ်ရသလို Covid-19 ကာကွယ်ဖို့အတွက်လည်း ပိုဂရုစိုက်ရပါတယ်။ စားသောက်ကုန် ပို့ဆောင်နေသူတွေ ဘာကြောင့် ကျန်းမာရေးကို ပိုဂရုစိုက်ဖို့လိုအပ်တာလဲ။ ပို့တဲ့သူတွေ ကျန်းမာမှ ကိုယ့်ဆီကနေတစ်ဆင့် အစားအစာတွေ၊ ထုပ်ပိုးထားတဲ့ အိတ်တွေကို ရောဂါပိုးကူးစက်မှု မဖြစ်မှာပါ။ ကိုယ်အစားအစာ ပို့ဆောင်လိုက်တဲ့အိမ်မှာ နေထိုင်သူတွေဟာလည်း ရောဂါပိုးကင်းစင်ပါတယ်လို့ အတိအကျ သတ်မှတ်ယူဆထားလို့ မရတဲ့အတွက် မဖြစ်ခင် ကြိုတင်ကာကွယ်ဆိုသလို ကိုယ့်ဘက်က ကြိုပြီးကာကွယ်ထားနိုင်ရင်တော့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်က လေထဲကနေ ကူးတယ်ဆိုတာ ဘယ်လိုမျိုးလဲ။

ကိုဗစ်ကို လေထဲကကူးတယ်လို့ ပြောကြတဲ့အတွက် လူတော်တော်များများရဲ့ စိတ်ထဲမှာ ဘာကို တွေးသလဲဆိုတော့ လေထဲက ဗိုင်းရပ်စ်က ရှိနေတယ်။ ရှူလိုက်ရင် ကူးတော့မှာ၊Positiveထွက်တော့မှာလို့ ထင်နေကြပါတယ်။ ဒါကြောင့် တချို့က အိမ်ထဲမှာနေလည်း မထူးဘူး။ အသက်ရှူနေတော့ လေထဲကနေ ကူးမှာပဲလို့ ထင်တတ်ကြပါတယ်။ မြန်မာလို လေထဲကကူးတယ်လို့ တစ်ခွန်းထဲပြောလို့သာ ရှုပ်သွားတာပါ။ တကယ်တော့ ဒီလိုမလုပ်ပါဘူး။ ကိုဗစ်ဘယ်လိုကူး ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေဆိုတာ အကြောင်းမဲ့ထုတ်ထားတာ မဟုတ်ပါဘူး။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို လိုက်ပြီး ဘယ်လိုကာကွယ်လိုက်ရင်တော့ မကူးနိုင်တော့ဘူးဆိုပြီး တွက်ချက်ထားတာပါ။ ကူးနိုင်တဲ့ပုံစံလေးတွေကို တစ်ခုချင်းစီ ကြည့်လိုက်ရအောင်။ ထိရာက ကူးတယ်။ ထိတယ်ဆိုတာက လူနာကို အသားချင်းထိမိတာနဲ့ ကူးတာ မဟုတ်ပါဘူး။ ဆိုပါစို့။ လူတစ်ယောက်က ဗိုင်းရပ်စ်အပြင်ထွက်လာနိုင်တဲ့ အပြုအမူတစ်ခုလုပ်လိုက်တယ်။ ဥပမာ နှာချေလိုက်၊ ချောင်းဆိုးလိုက်တယ်။ ပြီးတော့ သူကမရှိတော့ဘူး။ အပြင်ထွက်သွားတယ်။ နောက်တစ်ယောက်ဝင်လာတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

လူစုလူဝေးကို ရှောင်ကြဉ်တဲ့ သင်ဟာ COVID-19 ကာလ သူရဲကောင်းပါ

“လက်ကို ခဏ ခဏ ဆေးပါ၊ လူစုလူဝေးကို ရှောင်ရှားပါ” ဆိုတဲ့ သီချင်းစာသားလေးကို မှတ်မိကြမယ်ထင်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း လူစုလူဝေးကို ရှောင်ကြဉ်ဖို့နဲ့ အိမ်ထဲမှာပဲနေဖို့ အပြင်းအထန်တိုက်တွန်းနေပါတယ်။ ဒီလို COVDI-19 ရောဂါဆိုးကြီး နေ့စဉ်လူရာချီဆီကို တိုးပွားကူးစက်နေတဲ့ ကာလမှာ ဆိုင်ကယ်ကို ၂ ယောက် ၃ ယောက်ပူးပြီး စီးနင်းနေကြတာတွေ၊ လက်ဖက်ရည်ဆိုင်ကို ဆိုင်တံခါးပိတ်ပြီး အတွင်းထဲမှာ ပုံမှန်အတိုင်း ရောင်းချနေတာတွေ၊ ဘတ်စ်ကားကို နေ့ညမပြတ် တိုးဝှေ့စီးနေရတာတွေ၊ ချစ်သူရည်းစား အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အကြာကြီး မတွေ့ရတော့မှာစိုးလို့ဆိုပြီး နောက်ဆုံးတစ်ခေါက်၊ နောက်ဆုံးတစ်ခေါက်ပြောပြောပြီး ပြေးပြေးတွေ့နေတာတွေက မှန်ကန်တဲ့နည်းလမ်းတွေမဟုတ်ပါဘူး။ မကြာခဏကြားနေရတဲ့ “လူစုလူဝေးကို ရှောင်ပါ၊ လူစုလူဝေးကို ရှောင်ပါ” ဆိုတဲ့စကားကို ဘာကြောင့် အထပ်ထပ်အခါခါပြောနေကြတယ်ထင်ပါသလဲ။ လူစုလူဝေးကို ရှောင်ကြဉ်ခြင်းက သင်နဲ့ သင့်မိသားစုကို COVID-19 […]


ကိုရိုနာဗိုင်းရပ်စ်

ဝက်ခြံ ဖြစ်လွယ်သူတွေ Mask တပ်ကြတဲ့အခါ

Covid-19 ရောဂါ အန္တရာယ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ လူတိုင်း Mask တပ်ကြဖို့ အရေးကြီးပါတယ်။ ဒီလိုအခြေအနေမှာ အစာစားချိန်၊ ရေသောက်ချိန်ကလွဲလို့ Mask ကို မချွတ်တမ်း တပ်ထားဖို့ လိုအပ်လာပါတယ်။ ဝက်ခြံ ပိုင်ရှင်တို့အတွက် ပြဿနာက အဲဒီမှာ စတော့တာပါပဲ။ နဂိုကမှ မျက်နှာပေါ် ဆံပင်လေးတစ်မျှင်ကျတာတောင် ဝက်ခြံထပေါက်ရတဲ့အထဲ ချွေးတလုံးလုံးနဲ့ အလုံပိတ် Mask ကို တစ်နေကုန် တပ်ထားရမယ်တဲ့လား။ ဝက်ခြံ ပိုများမလာအောင် ဘာတွေ သတိထားရမလဲ Mask တပ်တိုင်း ဝက်ခြံ မဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘက်က ဂရုစိုက်ပေးရတာလေးတွေတော့ ရှိတာပေါ့။ အရေးကြီးတဲ့ အချက်လေးတွေ အကြံပေးလိုက်မယ်နော် - (၁) သုံးပြီးသား Mask ကို အခါခါ ပြန်မသုံးပါနဲ့။ တစ်ခါသုံး Mask ပဲ ဖြစ်ဖြစ်၊ အဝတ် Mask […]


ကိုရိုနာဗိုင်းရပ်စ်

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

အပြင်လည်း မထွက်ရဲ၊ ဆေးခန်းလည်း ပြလို့အဆင်မပြေတဲ့ ဒီလို ကာလမျိုးမှာ ကလေး နေမကောင်းဖြစ်ရင် အတော်ဒုက္ခရောက်ရပါတယ်။ Covid-19 အတွက် အစိုးရိမ်ပိုနေရချိန်မှာ ကိုယ့်ရဲ့ ကလေးနေမကောင်း ဖြစ်ခဲ့ရင် မေမေတို့ လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေ အကြံပေးလိုက်ပါရစေနော်။ နေမကောင်းတဲ့ ကလေးကို ဘယ်လိုပြုစုရမလဲ ကလေးနေမကောင်း တဲ့အခါ အရည်ဓာတ် များများဝင်အောင် ရေ၊ ဓာတ်ဆားရည်၊ ဒါမှမဟုတ် စွပ်ပြုတ်နွေးနွေး တိုက်ကျွေးပေးပါ။ အစာဝင်အောင် ကျွေးပါ။ နေမကောင်းရင် ထမင်းမကျွေးရဘူးဆိုတာ မဟုတ်ပါဘူး။ အားမရှိတဲ့အတွက် အရင်ကထက်တောင် ပိုကျွေးရမှာပါ။ နှာစေးနှာပိတ် သက်သာစေဖို့ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပြီး ကလေးတွေအတွက် စိတ်ချရတဲ့ nasal sprays တွေ ရှိပါတယ်။ ကလေးကို ဆေးလိပ်ငွေ့ မရှူမိအောင် ထားပါ။ အိမ်ထဲက မိသားစုဝင်တွေရဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်နဲ့ စီဗစ်

ကိုဗစ်ကာလမှာ လူတိုင်းက ကာကွယ်နည်းပေါင်းစုံကို သုံးလာကြတယ်။ လက်တွေဆေးကြတယ်၊ နှာခေါင်းစည်းတွေ တပ်လာကြတယ်၊ အိမ်ထဲမှာပဲ နေကြတယ်။ ဒါနဲ့အတူ အားဆေးတွေပါ သောက်လာကြတယ်။ အထူးသဖြင့်တော့ ဗီတာမင်စီပေါ့။ သောက်တာက ပြဿနာ သိပ်မရှိပေမယ့် ဘယ်လောက်ပမာဏသောက်မှာလဲ၊ ဘယ်လောက်ကြာကြာသောက်မှာလဲ၊ မဖြစ်မနေသောက်ရမှာလား စတာတွေ သိဖို့လိုလာပါတယ်။ ဗီတာမင်စီက ဘာကောင်းသလဲ။ အားလုံးသိကြတာ ဗီတာမင်စီက ခုခံအားကို ကောင်းစေတယ်။ အနာကျက်မြန်စေတယ်ပေါ့။ ဟုတ်ပါတယ်။ ဒါမှန်ပါတယ်။ ဗီတာမင်စီက နာမည်ကြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါ။ ခန္ဓာကိုယ်ထဲမှာ ပြင်ပက ရောဂါပိုး တစ်ခုခုဝင်လာရင်ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများရင်ဖြစ်ဖြစ် ဆဲလ်တွေ ထိခိုက်ဒဏ်ရာရပါတယ်။ ဓာတ်တိုးပါတယ်။ ဆဲလ်တွေ ဒီဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ဗီတာမင်စီက ကူညီပေးပါတယ်။ ဆဲလ်တွေ ရောင်ရမ်းတာကိုလည်း သက်သာစေပါတယ်။ သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်တာကို အားပေးပြီး ဒီဆဲလ်တွေ ဓာတ်တိုးမှုကြောင့် မပျက်စီးရလေအောင် ကာကွယ်ပေးပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း