ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

မျက်နှာအကာအကွယ် (Face Shield) တစ်မျိုးတည်း တပ်ခြင်းက စိတ်ချရပါ့မလား

COVID-19 ကပ်ရောဂါကြီးကို ရင်ဆိုင်နေရတဲ့အချိန်မှာ Stay at Home ဆိုတဲ့အစီအစဉ်အတိုင်းမလိုအပ်ဘဲနဲ့အပြင်ကိုမထွက်တာဟာအကောင်းဆုံးပါ။ သို့သော်လည်း မသွားမဖြစ်အကြောင်းအရာတွေဟာ ရှိနေပါတယ်။ ဥပမာ အစားအသောက်အတွက် စျေးသွား ရတာမျိုး၊နေထိုင်မကောင်းတဲ့အခါဆေးရုံဆေးခန်းသွားရတာမျိုးစတာတွေတော့ရှိနိုင်ပါတယ်။ ထိုအခါ နှာခေါင်းစည်း(Mask)နဲ့မျက်နှာအကာအကွယ်(FaceShield)ကိုတော့မဖြစ်မနေတပ်သွားသင့်ပါတယ်။ နှာခေါင်းစည်းကတော့ အလိုအပ်ဆုံးပါပဲ။  မပါမဖြစ်ပါ။ အချို့လူတွေကတော့ Face Shieldတစ်ခုတည်းသာ တပ်ဆင်သွားလာနေတာကိုတွေုရပါတယ်။ အကြောင်းပြချက်ကတော့ ပူအိုက်ခြင်းတွေနဲ့ အသက်ရှူရအဆင်မပြေခြင်းတို့ကြောင့် ပလတ်စတစ် Face Shield တွေကို အစားထိုးတပ်ကြတာပါ။ မျက်နှာအကာအကွယ်(Face Shield) တွေဟာ နှာခေါင်းစည်းတွေလောက် ကာကွယ်မှုပေးနိုင်ရဲ့လား။ ဘယ်လောက်ထိလုံခြုံစိတ်ချရသလဲဆိုတာကိုတော့ဘယ်သူမှမပြောနိုင်သေးပါဘူး။ Face Shieldတွေက အမှန်တကယ်ရော Covid19ရောဂါကူးစက်မှုကိုကာကွယ် ပေးနိုင်ရဲ့လား ဆိုတာမေးစရာရှိလာပါပြီ။ COVID-19 ရဲ့ကူးစက်မှုပုံစံဟာ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာတဲ့ အစက်အမှုန်တွေ အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ကာ ကူးစက်ရတာပါ။ ပလတ်စတစ် မျက်နှာအကာတွေဟာ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကိုဖုံးအုပ်ပေးထားတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကိုအတော်အသင့်ကာကွယ်ပေးနိုင်တယ်ဆိုတာတော့အမှန်ပါပဲ။ […]


ကိုရိုနာဗိုင်းရပ်စ်

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သွေးလေးဖက်နာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါလို နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ကိုဗစ်ရောဂါက ပိုဒုက္ခပေးနိုင်တာကို အတော်များများသိကြပြီးဖြစ်မှာပါ။ ဒါဟာအဓိကအားဖြင့် ဆီးချိုရောဂါရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့သက်ဆိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ဆီးချိုမရှိတဲ့သူတွေလောက် ကိုယ်ခံအား မကောင်းပါတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လာမှာတဲ့အခါ ခံနိုင်ရည်သိပ်မရှိသလို ရောဂါကိုလည်းပြန်မတိုက်ထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ကိုဗစ်လက္ခဏာတွေ ပိုဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆက်တွဲပြဿနာတွေပိုဝင်လာတာဖြစ်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါအပြင် နှလုံးရောဂါ (ဒါမှမဟုတ်) အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုပါ တွဲရှိနေရင်တော့ တအားအသက်အန္တရာယ်များသွားပါပြီ။ ခန္ဓာကိုယ်ကဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်ဖို့ အင်အားမရှိသလောက်ဖြစ်သွားပါပြီ။ ဆီးချိုရောဂါရှိသူ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီအထဲမှာအန္တရာယ်အများဆုံးက DKA (Diabetic ketoacidosis) ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို ခံစားနေသူတွေမှာပိုအဖြစ်များပါတယ်။ DKA ဝင်လာရင်ကိုယ်ထဲမှာ ကီတုန်း (ketone) လို့ခေါ်တဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ရောဂါဖြစ်ပွားချိန်မှာ ခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင်

အခုလိုကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာ ခွဲစိတ်ကုသဖို့လိုအပ်တဲ့ရောဂါတစ်ခုခုခံစားနေရမယ်ဆို ကြုံတွေ့ရနိုင်တာလေးတွေနဲ့ ပြင်ဆင်ထားသင့်တာတွေကို ပြောပြပေးချင်ပါတယ်။ ကိုဗစ်ရောဂါဆိုးကြီးက တစ်ကမ္ဘာလုံးအပေါ်သက်ရောက်မှုကြီးမားပါတယ်။ ဒီအထဲမှာအသိသာဆုံးနဲ့ အဆိုးရွားဆုံးသက်ရောက်မှုကိုခံစားရတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍပါပဲ။ ဆေးရုံတွေက လက်ရှိအချိန်မှာ ထိခိုက်ရှနာနဲ့အရေးပေါ်လူနာမျိုးစုံကို ကုသပေးရတဲ့အပြင် ကိုဗစ်လူနာတွေကိုလည်း လက်ခံကုသပေးနေပါတယ်။နောက်ပြီး ဆရာဝန်၊ဆရာမတွေကိုယ်တိုင် ရောဂါကူးစက်မခံရအောင်လည်း ဂရုစိုက်နေရပါတယ်။ ဒါ့ကြောင့်ဒီအချိန်မှာ ဆေးရုံဆေးခန်းလာတဲ့လူနာမှန်သမျှကို triage စနစ်လို့ခေါ်တဲ့ လူနာကိုပြင်းထန်မှုအလိုက် ခွဲခြားကုသမှုပေးတဲ့ စနစ်နဲ့သွားရမှာပါ။ ဆိုလိုတဲ့အဓိပ္ပာယ်က သင့်မှာခွဲစိတ်ကုသဖို့လိုအပ်တဲ့ရောဂါတစ်ခုခုခံစားနေရမယ်ဆိုရင် ဒီရောဂါက ဆေးရုံချက်ချင်းတက်ပြီးခွဲစိတ်ဖို့ လိုသလား ဒါမှမဟုတ် ဆေးထိုး ဆေးသောက်လုပ်ပြီးထိန်းထားလို့ ရသလား ဆိုပြီး (၂) မျိုးခွဲပါတယ်။ ပထမတစ်မျိုးကို အရေးပေါ်ခွဲစိတ်ကုသမှု (emergency surgery) လိုအပ်တဲ့အုပ်စုထဲထည့်ပါတယ်။ ဥပမာ - အူအတက်ပေါက်ခြင်း၊ ခြေပြတ်လက်ပြတ်တာလို ပြင်းထန်တဲ့မတော်တဆတွေနဲ့ ရုတ်တရက်နှလုံးဖောက်ခြင်း စတဲ့ကျန်းမာရေးပြဿနာတွေခံစားရရင် ချက်ချင်းကုသမှုခံယူဖို့လိုအပ်ပြီး  အချိန်မီကုသမှလည်း အသက်ရှင်နိုင်ခြေရှိမှာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ ချက်ချင်းကုသမှုမလုပ်လည်း အသက်အန္တရာယ်မရှိတဲ့ခွဲစိတ်မှုအမျိုးအစားတွေဖြစ်ပြီး elective surgery တွေလို့သတ်မှတ်ပါတယ်၊ ကင်ဆာကျိတ်မဟုတ်တဲ့အလုံးအကျိတ်တွေခွဲစိတ်ဖယ်ရှားတာ၊ […]


ကိုရိုနာဗိုင်းရပ်စ်

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

မြန်မာလူမျိုး တော်တော်များများက  အစားစားရင် ခပ်စပ်စပ်လေးမှ အရသာတွေ့တတ်ကြပါတယ်။ နေထိုင်မကောင်းတဲ့အခါ မုန့်ဟင်းခါးကို ငရုတ်သီး နိုင်ချင်းလေးထည့်ပြီး ခပ်စပ်စပ်လေး စားလိုက်တာ ဒါမှမဟုတ် ချဉ်ငန်စပ် မုန့်တီလေးများ သောက်လိုက်ရင် ချွေးလေးတွေ စို့လာပြီး ပေါ့ပါးသွားတတ်ကြပါတယ်။ ခံတွင်း မတွေ့တာတွေတောင် ပျောက်လို့ ခံတွင်းလိုက်လာပြီး နေကောင်းဖို့ အတော်လေး နီးစပ်လာပြီပေါ့။ ဒီလိုဆို ငရုတ်သီးက နေကောင်းစေဖို့ ထောက်ကူပေးနိုင်တယ်ပေါ့။ ဒါဆို ကိုဗစ်ကိုရော ကာကွယ်ပေးနိုင်မလား........... ငရုတ်သီး စပ်စပ်လေး နဲ့ ကျန်းမာရေး ငရုတ်သီးက ခံတွင်းတွေ့စေတာအပြင် သူ့မှာ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ကယ်လ်လိုရီ ရေဓာတ် ပရိုတင်း ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် ဗီတာမင် C ဗီတာမင် B6 ဗီတာမင် K1 ပိုတက်ဆီယမ် Copper ဗီတာမင် […]


ကိုရိုနာဗိုင်းရပ်စ်

နေအိမ်မှာအလုပ်လုပ်ခြင်းကို အကောင်းဘက်က ရှုမြင်ခြင်း

လူအများစုက ကိုယ့်အိမ်မှာပဲ အလုပ်လုပ်နေရတာကို မကြိုက်ပါဘူး၊ အသားကျတယ်လို့လည်း မခံစားရပါဘူး။ ဘာကြောင့်လဲဆိုတော့ နေအိမ်ဆိုတာ လုပ်ငန်းခွင်နဲ့ ဝေးကွာရာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့သာ သက်ဆိုင်တဲ့ ငြိမ်းချမ်းစရာ နေရာလေးတစ်ခု ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ခုလို Covid-19 ကပ်ဘေးကာလ အခြေအနေအရ အိမ်မှာပဲ အလုပ်လုပ်ရဖို့ဆိုတာ ကုမ္ပဏီဝန်ထမ်းအများစုအတွက် ရှောင်လွှဲလို့မရတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီတော့ ဒါကို စိတ်ညစ်နေမယ့်အစား အလိုက်အထိုက် နေထိုင်တတ်ဖို့သာ အရေးကြီးပါတယ်။ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်လည်း နေအိမ်မှာ အလုပ်လုပ်တဲ့သူအများစုက ရုံးမှာသွားပြီး အလုပ်လုပ်ရတာထက် စိတ်ဖိစီးမှုပိုပြီးနည်းစေသလို သက်သောင့်သက်သာ ပိုဖြစ်စေနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် ၁။ အလုပ်ခွင်နေရာက ကိုယ့်ရဲ့အိမ်ဖြစ်နေခြင်း အပေါ်မှာပြောခဲ့တဲ့အချက်ကိုပဲ ဆန့်ကျင်ဘက်ရှုထောင့်ကနေ ပြန်တွေးတာပါ။ ကိုယ့်အတွက် အမြဲတမ်းနေသားကျပြီး နွေးထွေးတယ်လို့ ခံစားရတဲ့ ကိုယ့်အိမ်မှာပဲ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလို၊ အလုပ်လုပ်ရတဲ့ ခံစားချက်က တော်တော်လေးကို […]


ကိုရိုနာဗိုင်းရပ်စ်

Cloth Mask နဲ့ လမ်းခွဲဖို့လိုပြီလား

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်တဲ့ COVID-19 ရောဂါပိုးကို ကာကွယ်နိုင်ဖို့ Mask တွေတပ်ဆင်ဖို့ လိုအပ်တယ်လို့ တစ်ကမ္ဘာလုံးက ကျန်းမာရေးဌာနတွေက တိုက်တွန်းထားပါတယ်။ ဒါကြောင့် အဝတ်မျက်နှာဖုံး (Cloth Mask) ၊ Procedural and Surgical Masks တွေနဲ့ N95 လိုမျိုး Professional Respirators Mask တွေကို အမျိုးမျိုး အထွေထွေ အသုံးပြုလာကြပါတယ်။ အထူးသဖြင့် ဈေးနှုန်းချိုသာပြီး အထပ်ထပ်ပြန်လည်အသုံးပြုလို့ရနိုင်တဲ့ Cloth Mask တွေဟာ အကြောင်းအမျိုးမျိုးကြောင့် လူသုံးများလာခဲ့ပါတယ်။ အလွယ်တကူချုပ်လုပ်နိုင်တဲ့အတွက် ကိုယ်တိုင်ချုပ်ဝတ်ကြတာမျိုး၊ ချုပ်လုပ်ဖန်တီးရောင်းချတာမျိုးတွေလည်း ပေါများလာခဲ့ပါတယ်။ ဒါပေမယ့် COVID-19 ရောဂါစတင်ဖြစ်ပွားချိန်တွေကတည်းက Cloth Mask တွေဟာ မဖြစ်မနေအခြေအနေမှာသာ ရသေ့စိတ်ဖြေသုံးဖို့ နိုင်ငံတကကျန်းမာရေးအဖွဲ့အစည်းတွေက တိုက်တွန်းခြင်းခဲ့တာဖြစ်ပြီး ရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေပြချက်မျိုး လုံးဝမရှိခဲ့ပါဘူး။ သို့သော်လည်း အလွယ်တကူရနိုင်တာ၊ […]


ကိုရိုနာဗိုင်းရပ်စ်

အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

အဆုတ်တွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။ အဆုတ်က ပြင်ပက ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်တွေကို ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ ဖလှယ်ပေးတဲ့ တာဝန်ကို အဓိက ထမ်းဆောင်တာပါ။ ခန္ဓာကိုယ်ရဲ့ လေသန့်စနစ်ဆိုလည်း မမှားပါဘူး။ အဆုတ် ကျန်းမာနေမှ အသက် ဝဝရှူလို့ စိတ်ရော ကိုယ်ပါ ကျန်းမာစေမှာပါ။ အဆုတ်က ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ......... အဆုတ်ရဲ့ အဓိကတာဝန်က ပြင်ပလေထုထဲကလေတွေကို ရှူသွင်းပြီး သွေးကြောတွေကနေတဆင့် အောက်ဆီဂျင်တွေကို ခန္ဓာကိုယ် အနှံ့ကို သယ်ပို့ပေးတာပါ။ အသက်ရှူရအဆင်ပြေစေဖို့လည်း တာဝန်ယူထားပါတယ်။ ဒါတွေအပြင် အဆုတ်က pH ပမာဏထိန်းညှိပေးတယ် အမှုန်အမွှားတွေ စစ်ထုတ်ပေးတယ် ကာကွယ်ပေးတယ် ကူးစက်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ် ရောဂါပိုးတွေကို ခန္ဓာကိုယ်ပြင်ပကို ထုတ်ပေးတယ် သွေးတွေကို သိမ်းဆည်းထားပေးတယ်။ အဆုတ်ကို ထိခိုက်စေတဲ့ တစ်ခုမကသော အရာများ အဆုတ်က တာဝန်တွေ […]


ကိုရိုနာဗိုင်းရပ်စ်

ဖျားရင် အိမ်မှာပဲ နေတော့မှာလား

လတ်တလော ဖေ့ဘွတ်မှာ ခေတ်စားနေတာက ဖျားရင် အိမ်မှာပဲ နေမယ်။ ဆေးသောက်မယ်။ ၁၄ရက်ပြည့်ရင်ရပြီ။ ပိုးရှိရှိ မရှိရှိ စစ်မနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဆေးရုံတက်လည်း ပါရာစီတမောပဲ သောက်ရတာပဲကို ဆိုပြီး အတွေ့ရများလာပါတယ်။ ဒါဟာ တကယ်ပဲ လက်တွေ့မှာ အလုပ်ဖြစ်နိုင်သလား။ တူတူစဉ်းစားကြည့်ရအောင်။ သင့်မှာ ရောဂါပိုးရှိတယ်လို့ သံသယရှိရင် ခုနေ မတော်တဆများ ဖျားတယ်၊ အနံ့ပျောက်တယ်၊ ချောင်းတွေဆိုးတယ်ဆိုပါစို့။ သင်ကိုဗစ်ပိုးရှိနေတာ ဖြစ်နိုင်သလို တခြားရောဂါလည်း ဖြစ်နိုင်ပါတယ်။ သေချာ မသိပါဘူး။ လောလောဆယ်က ကိုဗစ်က အဖြစ်များနေတာဆိုတော့ ကိုဗစ်ပဲ အာရုံရှိမှာပါ။ ကိုဗစ်လို့ ထင်ရင် လုပ်နိုင်တာ နှစ်ခုရှိပါတယ်။ ခုနက ပြောသလို အိမ်မှာပဲ တိတ်တိတ်လေးနေပြီး ပိုးမစစ်ဘဲ ဆေးသောက်မလား ဒါမှမဟုတ် သက်ဆိုင်ရာကို သွားပြီး ဆေးစစ်ခံမလားပေါ့။ ဒီနေရာမှာ အားသာချက်တွေ အားနည်းချက်တွေ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကူးစက်ခံရသူမှာ ရောဂါလက္ခဏာလုံးဝမပြတာရော ဖြစ်နိုင်လား

Covid-19 ကပ်ဘေးဟာ မြန်မာနိုင်ငံကို ရောက်လာတာ အခုဆိုရင် ၆လတောင် ရှိနေပါပြီ။ လက်ရှိ Second Wave မှာဆိုရင် ကူးစက်သူဦးရေလည်း ထောင်ကျော်လာသလို သေဆုံးသူအရေအတွက်ဟာလည်း ပိုမိုများပြားလာပါပြီ။ ပုံမှန်အားဖြင့် Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၂ ရက်မှ ၁၄ ရက်အတွင်း ချောင်းခြောက်ဆိုးခြင်း၊ ဖျားနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ အနံ့ အရသာခံမရခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ Covid-19 နဲ့ ဆင်တူလက္ခဏာများကို တွေ့ရပြီဆိုတာနဲ့ မိမိအနေနဲ့ ကိုယ့်မှာ ရောဂါပိုးရှိမရှိကို Swab Test ဖြင့် စစ်ဆေးမှု ပြုဖို့ လိုအပ်ပါတယ်။ ရောဂါပိုးရှိတယ်ဆိုရင် ဆေးရုံတက်ရမှာ ဖြစ်ပြီး ရောဂါပိုးမရှိဘူးဆိုရင်တော့ သေချာအောင် စစ်ဆေးဖို့ ကွာရန်တင်းဝင်ရမှာပဲ ဖြစ်ပါတယ်။ ဒါဆို Covid-19 ကူးခံရပြီး ဘာရောဂါလက္ခဏာမှ မပြတာမျိုးရော […]


ကိုရိုနာဗိုင်းရပ်စ်

Home quarantine အိမ်မှာ သီးသန့်နေထိုင်မယ့်သူတွေအတွက် လိုက်နာရမယ့် စည်းကမ်းများ

လက်ရှိမှာတော့ သံသယလူနာ ဒါမှမဟုတ် ပိုးရှိလူနာနဲ့ ထိတွေ့ထားတဲ့သူတွေကို သတ်မှတ်ထားတဲ့နေရာ quarantine centreမှာ ၁၄ရက်နေခိုင်းပြီး ပိုပြီးစိတ်ချရအောင် အိမ်ပြန်သွားတဲ့အခါ အိမ်မှာ ၇ရက် quarantine နေခိုင်းပါတယ်။ ပိုးရှိလူနာတွေလည်း အတူတူပါပဲ။ ဆေးရုံကဆင်းလာပြီးတဲ့နောက်မှာ လူနာက ရောဂါလက္ခဏာတွေ ပျောက်ကင်းနေပြီ ဖြစ်ပေမယ့် သူကနေတဆင့် သူများကို ကူးစက်မှု မရှိအောင် အိမ်မှာ quarantine ၇ရက် ထပ်နေရပါတယ်။ ဒီလိုနေရာမှာ လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါတယ်။ ကိုယ့်အတွက်ရော သူများကိုရော မထိခိုက်စေဖို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို စနစ်တကျ လိုက်နာဖို့လိုပါတယ်။ ဒါကြောင့် ၁၅.၉.၂၀၂၀က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ Home quarantine အိမ်မှာ သီးသန့်နေထိုင်မယ့်သူတွေအတွက် လိုက်နာရမယ့် စည်းကမ်းများ Quarantine centre (သတ်မှတ်ထားတဲ့နေရာ) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း