ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ဆီးချိုရှိတဲ့သူတွေ Covid 19 ရောဂါမဖြစ်အောင် ဘာကြောင့် ပိုပြီးဂရုစိုက်သင့်လဲ။ ဘယ်လို ကာကွယ်ကြမလဲ။

လက်ရှိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ Covid 19 ရောဂါကူးစက်မှုနှုန်းတွေ တစ်နေ့တခြား ပိုပိုများပြားလာတဲ့အပြင် ပြင်းထန်ရောဂါဖြစ်ပွားနှုန်းနဲ့ သေနှုန်းတွေလည်း များလာတာကိုတွေ့ရပါတယ်။ အဲဒီလို ပြင်းထန်တဲ့ ရောဂါအခြေအနေခံစားနေရသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် ဆီးချိုဝေဒနာရှင်တွေ အများကြီးပါနေတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ ဆီးချိုရောဂါအခံရှိတဲ့သူတွေအနေနဲ့ ဘာ့ကြောင့် Covid 19 ရောဂါပိုးမကူးစက်အောင် အခြားသူတွေထက်ပိုပြီး ဂရုစိုက်သင့်တယ်၊ ဘယ်လိုဂရုစိုက်ကြမယ် ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။ ဆီးချိုရောဂါနှင့် covid 19 ကမ္ဘာအနှံ့မှာ ကြောက်မက်ဖွယ်ဖြစ်ပွားနေတဲ့ Covid 19 ကပ်ရောဂါကြီးကို လူတိုင်း လူတိုင်း ကာကွယ်သင့်တာကတော့ မလွဲမသွေပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ ဆီးချိုရောဂါရှိနေပြီဆိုရင်တော့ အခြားပုံမှန်သူတွေထက် ပိုပြီး ဂရုစိုက်ကာကွယ်သင့်ပါတယ်။ ဘာကြောင့်ပိုပြီး ဂရုစိုက်ကာကွယ်သင့်လဲ။ ဆီးချိုရောဂါရှိတဲ့သူတွေဟာ သာမာန်လူတွေနဲ့ ကူးစက်ခံရနိုင်ခြေအတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် သွေးတွင်းအချိုဓာတ်များခြင်းက ခုခံအားကို ကျစေပြီး […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် အနံ့ပျောက် တာလား၊ တခြားအကြောင်းရင်းကြောင့်လား။

ခုတလော ဟိုဟာတွေ့လည်း လိုက်ရှူ၊ ဒီဟာလေးဆိုလည်း လိုက်ရှူ၊ အနံ့လေးရမှပဲ စိတ်ချမ်းသာတော့တယ်။ ဘာကြောင့်လဲ။ အနံ့ပျောက်တာက ကိုဗစ်ရဲ့ လက္ခဏာ တစ်ခုဖြစ်နေလို့ပါ။ တချို့ဆို ဘာလက္ခဏာမှ ထူးထူးခြားခြားမခံစားရ၊ ဖျားလည်း မဖျားဘဲ အနံ့ပျောက်တာတစ်မျိုးနဲ့ပဲ ကိုဗစ်ရောဂါပိုးရှိနေတာပါ။ တချို့ကလည်း အနံ့သိပ်မရတော့တာနဲ့ ကိုဗစ်ဖြစ်ပြီလားဆိုပြီး သိချင်ကြပါတယ်။ ဒါလေးတွေကို ဖြေပေးသွားမှာပါ။ ဘာကြောင့်အနံ့မရတော့တာလဲ။ ဆဲလ်တွေ၊ မျိုးဗီဇအကြောင်းတွေ ပြောမှာဖြစ်လို့ နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ပိုးက ဆဲလ်တွေထဲဝင်ပြီး ကူးစက်ဖို့ဆိုရင် ACE-2 receptorလေး လိုပါတယ်။ TMPRSS2ဆိုတဲ့ ပရိုတိန်းလေးရောပေါ့။ ဒီပစ္စည်းနှစ်ခုက နေရာတော်တော်များများမှာ ရှိပါတယ်။ နှာခေါင်း၊ လည်ချောင်းနဲ့ လေပြွန်အပေါ်ပိုင်းတွေမှာ ပိုတွေ့ရပါတယ်။ နှာခေါင်းမှာဆိုရင် အသက်ရှူလမ်းကြောင်းဆဲလ်လေးတွေ၊ အနံ့ခံဆဲလ်လေးတွေမှာ ပိုတွေ့ရပါတယ်။ ဒီဆဲလ်တွေထဲကို  ဝင်ပြီးဖျက်ဆီးတဲ့အတွက် အနံ့မရတော့တာပါ။ ကံကောင်းတာက အနံ့ခံတဲ့ အာရုံကြောဆဲလ်တွေက ဗိုင်းရပ်စ်ဝင်လို့ရတဲ့ ပုံစံတွေ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာလမှာ လိုက်နာသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

ကိုဗစ် ဖြစ်ပွားမှုတွေ အရမ်းများနေချိန်မှာ ကာကွယ်ဆေးရော ကုသဆေးပါ မပေါ်သေးတာကြောင့် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်တာပါ။ ကိုယ်ခံအားကောင်းစေဖို့ဆိုရင် အရေးအကြီးဆုံးအချက်တွေထဲက တစ်ခုက အာဟာရပြည့်ဝအောင် စားသုံးဖို့ပါ။ အခုလို ကိုဗစ် ဖြစ်ပွားနေချိန်မှာ ကျန်းမာနေစေဖို့ ဘယ်လို စားသုံးရမလဲဆိုတဲ့ နည်းလမ်းလေးကို ဆောင်းပါးလေးကနေတဆင့် မျှဝေပေးသွားပါမယ်။ ကိုဗစ်ကာလမှာ လိုက်နာသင့်တဲ့ စားသောက်မှု ပုံစံ ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းကောင်းနဲ့ ရောဂါပိုး အန္တရာယ်ကို အထိရောက်ဆုံး ကာကွယ်ဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံးဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ အစားအသောက်တွေကို ဝယ်ယူလာပြီးတိုင်း သေချာ ဆေးကြောပါ။ အစားအသောက်တွေမှာ မမြင်နိုင်တဲ့ ပိုးမွှားတွေ ကပ်ပါလာနိုင်တာကြောင့် အစားအသောက်တွေကို ဝယ်ယူလာပြီးတိုင်းမှာ သေချာလေး ပိုးသတ် သန့်စင်ပါ။ ပြီးရင် သေချာ ဆေးကြောလို့ စနစ်တကျ သိမ်းဆည်းပါ။ ဒါမှ […]


ကူးစက်ရောဂါများ

COVID-19 နဲ့ မေးခွန်းများစွာ

ကိုဗစ်က ဒုတိယတစ်ကျော့ ဖြစ်ပွားနေတာ​ကြောင့် ကိုယ်တိုင်ကနေစပြီး ကာကွယ်ဖို့ လိုပါမယ်။ ကာကွယ်တယ်ဆိုတဲ့နေရာမှာ စနစ်တကျ သေချာ သိရှိကာကွယ်မှလည်း ထိရောက်မှုရှိမှာပါ။ ဒီတော့ ကိုဗစ်ကို သေချာ ကာကွယ်ဖို့ ဇဝေဇဝါ ဖြစ်နေနိုင်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ ဖြေပေးသွားပါမယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေနိုင်တဲ့ အချက်များ ကိုဗစ်က သေချာ ကာကွယ်ရင် ကြောက်ဖို့ မလိုပေမယ့် တစ်ဦးတစ်ယောက်ချင်းစီက စည်းကမ်းရှိရှိနဲ့ သေချာ သိရှိ ကာကွယ်ဖို့ လိုပါမယ်။ (၁) ကိုဗစ်က သေစေနိုင်လား........ လူအများစုမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့အခါ သာမန် ဖျားနာသလို အဖျားငွေ့ငွေ့လေး ဖြစ်နိုင်တယ်ဆိုပေမယ့် အချို့သူတွေမှာတော့ ပြင်းထန်နိုင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အဆိုးဆုံး အဆင့်ကတော့ သေစေနိုင်တာပါ။ ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေက စိုးရိမ်ရမယ့် သူတွေပါ။ (၂) ခေါင်းကိုက်တာက […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဘယ်တော့ အဆုံးသတ်မလဲ

မနှစ်က ဒီဇင်ဘာလတုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါဆိုးကြီးဟာက အခုဆိုရင် ကမ္ဘာတစ်လွှားမှာ ကူးစက်ခံရသူ ၂၉ သန်းနီးပါးနဲ့ သေဆုံးသူ ၁ သန်းနီးပါးအထိရှိလာနေပါပြီ။ ဒီရောဂါဆိုးကြီး ဘယ်တော့ အဆုံးသတ်မလဲ ဆိုတာကို ဘယ်သူမှ ပြောနိုင်ကြသေးပါဘူး။ ဒီရောဂါဒဏ်ကို အဆိုးဆုံးရင်ဆိုင်နေရတဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကူးစက်ခံရသူပေါင်း ၆.၆ သန်းကျော်နဲ့ သေဆုံးသူ ၂ သိန်းနီးပါးရှိနေပါပြီ။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြိး ကမ္ဘာပေါ်မှာ ကိုဗစ်ဒဏ်ကို ဒုတိယမြောက်အဆိုးရွားဆုံးခံစားနေရတဲ့ အိန္ဒိယနိုင်ငံမှာဆိုရင်လည်း ရောဂါပိုးကူးစက်ခံထားရသူပေါင်း ၄.၇ သန်းကျော်နဲ့ သေဆုံးသူက ၈ သောင်းနီးပါးရှိလာနေပါပြီ။ မြန်မာနိုင်ငံမှာတော့ ၄ လ လောက် အခြေအနေတွေတည်ငြိမ်ခဲ့ပြီးတော့မှ ပိုးကူးစက်နှုန်းနေ့စဉ်ရာနဲ့ချီပြန်လည်တိုးပွားလာခဲ့တာပါ။ COVID-19 ရောဂါဟာ သေဆုံးမှုနှုန်းက ၄% ပဲရှိပေမယ့် ကူးစက်နှုန်းကတော့ အင်မတန်မြန်တာကို တွေ့ ရမှာပါ။ ကူးစက်နှုန်းအလွန်မြန်ဆန်သလို […]


ကိုရိုနာဗိုင်းရပ်စ်

Stay at Home မှာ အထီးမကျန်စေဖို့ဆိုရင်

ခုဆို ရန်ကုန်တစ်မြို့လုံးက မြို့နယ်အများအပြားမှာ Stay at Home အစီအစဉ်နဲ့ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ခုလို ကိုဗစ်ကပ်ဘေးကြောင့်ပဲ ဧပြီလဝန်းကျင်တုန်းကလည်း ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ကြရဖူးပါတယ်။ ဒီတော့ အိမ်ထဲမှာနေနေရတာက ပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်။ အထီးကျန်ဆန်လွန်းတယ်လို့ တချို့က ရှုမြင်ကောင်းရှုမြင်ကြပါလိမ့်မယ်။ ဘယ်မှလည်း မသွားရ၊ ဘာမှလည်း စားရနဲ့ပေါ့။ တစ်ကမ္ဘာလုံး ကပ်ရောဂါဆိုးကြီးတစ်ခုနဲ့ရင်ဆိုင်နေရတာမို့ မိမိတို့ စည်းကမ်းလိုက်နာပြီး နေအိမ်မှာ နေထိုင်လိုက်တာက ဒီရောဂါဆိုးကို တိုက်ထုတ်ရာမှာ တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါတယ်။ ဒါကြောင့် ပျင်းတယ်၊ ငြီးငွေ့တယ်၊ အထီးကျန်ဆန်လွန်းလှတယ်ဆိုရင်တောင်မှ သည်းခံပြီး အိမ်မှာနေဖို့လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း ဒီလိုပျင်းရိငြီးငွေ့မှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှိထားပါတယ်။ လိုက်နာကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ အထီးကျန်ဆန်နေတဲ့ စိတ်လေးကို သက်သာလျော့ပါးသွားစေမှာပါ။ ဒီလိုဆို ကိုယ်လည်းမပျင်း၊ လောကကိုလည်း ကောင်းကျိုးပြုနိုင်မယ်မဟုတ်လား။ Stay at Home […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ ကင်ဆာဝေဒနာသည်တွေကို ဘယ်လို စောင့်ရှောက်ကြမလဲ

COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးမှာ ကပ်ဘေးကြီးအသွင်နဲ့ ရန်မူနေတာ ၈ လ ကျော် ၉ လ နီးပါးဖြစ်လာခဲ့ပါပြီ။ အဆိုပါ ကိုဗစ်ကာလ တစ်လျှောက်လုံးမှာ ဒီရောဂါဆိုးကြောင့် သေဆုံးသူအရေအတွက်ကလည်း ၉ သိန်းကျော်လွန်လာပြီဖြစ်ပါတယ်။ ဒီထဲက ၂၈% က ကင်ဆာဝေဒနာသည်တွေပါ။ ကင်ဆာအပါအဝင် ဆီးချို၊ သွေးတိုး၊ အသက်ရှူလမ်းကြောင်းပြဿနာ၊ နှလုံး၊ ကျောက်ကပ်၊ အသည်းနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေဟာ COVID-19 ရောဂါကြောင့် အသက်ပေးရသူတွေထဲမှာ အများစုဖြစ်ပါတယ်။ ကိုဗစ်ရောဂါဆိုးဟာ လူ့ရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တာဖြစ်တာကြောင့် ကိုယ်တွင်းမှာ ရောဂါအခံတစ်စုံတစ်ရာရှိနေရင် ရင်ဆိုင်ရပိုပြီး ခက်ခဲတာပါ။ မြန်မာနိုင်ငံဟာလည်း ကိုဗစ်ရောဂါဆိုးကို ရင်ဆိုင်နေရပြီး သေဆုံးသူတချို့လည်း ရှိလာပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသူ ၁၂ ဦးထဲမှာ ကင်ဆာရောဂါအခံရှိသူတစ်ချို့လည်း ပါဝင်နေပါတယ်။ နဂိုကတည်းက မြန်မာနိုင်ငံဟာ ကင်ဆာဖြစ်နှုန်းမြင့်မားတဲ့တိုင်းပြည်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ […]


ကူးစက်ရောဂါများ

ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်း ဖြစ်ပွားနေ ပါတယ်။ အခု တစ်ခေါက် ဖြစ်ပွားမှုဟာ အရင် တစ်ခေါက်ထက် ပိုမို မြန်ဆန်စွာ ကူးစက်နေတာပါ။ ပိုးရှိသူနဲ့ ထိတွေ့မိလို့ မဟုတ်ဘဲ ဖြစ်ပွားနေသူတွေရှိသလို ခရီးသွား ရာဇဝင် မရှိဘဲ ပိုးကူးစက် ခံထားရသူတွေ အများအပြားပါ။ လက်ရှိမှာ အချို့မြို့နယ်တွေကို  Stay at Home မိန့်ထုတ်ထားပြီး လူစုလူဝေးမပြုကြဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်နေပေမယ့် ဈေးဝယ် မပျက်၊ သွားလာ မပျက်၊ လူစုလူဝေး လုပ်နေကြဆဲ သူတွေ အများအပြားပါ။ ဒီလို မဆင်မခြင် နေထိုင်သွားလာမှုတွေက ပိုးကူးစက်ခံရနိုင်ခြေကို မြင့်စေပါတယ်။ တကယ်ကတော့ လူတွေက ပထမတစ်ကြိမ်ကလို အကောင်းဆုံး ဂရုစိုက် ကျော်ဖြတ်ဖို့ လိုပါမယ်။ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေနည်းတယ်ဆိုတဲ့ အသိနဲ့ ပေါ့ပေါ့ဆဆ မနေစေချင်ပါဘူး။ […]


ကိုရိုနာဗိုင်းရပ်စ်

ရုရှားဆေးကို အားကိုးရဖွယ်ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေး ဖန်တီးမှုအခြေအနေ

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်တဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်ကြီးရဲ့ ကိုဗစ်ကာကွယ်ဆေး (COVID-19 Vaccine) ဖန်တီးမှု အစီအစဉ်ကတော့ အဆင်မပြေမှုတချို့ ပေါ်ပေါက်လာတာကြောင့် ရပ်တန့်ထားလိုက်ရပါတယ်။ ဆေးဝါးကို နောက်ဆုံးအဆင့် စမ်းသပ်မှုတွေပြုလုပ်ချိန်မှာ စမ်းသပ်ခံလူနာတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာတာတာကြောင့် ယခုလိုစမ်းသပ်မှုကို ရပ်တန့်လိုက်တာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးဟာ ချင်ပန်ဇီတွေဆီကနေ ရယူထားတဲ့ Adenovirus ကို အသုံးပြုပြီး အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ပျော့အောင်လုပ်ထားတဲ့ ကာကွယ်ဆေးပါ။ ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်တဲ့ ပရိုတင်းနဲ့ အသွင်တူအောင် ထုတ်လုပ်ထားတာပြီး ကိုယ်ခံအားစနစ်ကို ကိုဗစ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 virus ကို ခုခံတိုက်ထုတ်နိုင်အောင်စီမံခဲ့တာပါ။ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်နေတဲ့ ယခု ဆေးဝါးဖန်တီးမှုဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိကုန်ကျဖို့ ခန့်မှန်းထားပြီး နာမည်ကျော် ဘီလီယံနာသူဌေးကြီး ဘီလ်ဂိတ်ရဲ့ Bill and Melinda Gates Foundation က […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19က positiveပြနေပေမယ့် ၁၁ရက်ကျော်ရင် မကူးနိုင်တော့ဘူးဆိုတာ

COVID-19 ပြည်တွင်းကူးစက်မှု စတင်ပြီး ရက်ပိုင်းလေးမှာပဲ ပိုးတွေ့လူနာက တစ်နေ့ တစ်နေ့ ရာဂဏန်းလောက် ထိုးတက်လာပါတယ်။ ရပ်ကွက်ထဲမှာလည်း ဆေးရုံကားတွေ ဝင်လာလိုက်၊ လာခေါ်သွားလိုက်၊ တော်ကြာနေ တိုက်ကို lock downလာချသွားလိုက်နဲ့ မြင်ရ တွေ့ရတာ စိတ်မချမ်းသားစရာပါ။ အဆိုးထဲက အကောင်းလို့ပြောရမလားပဲ။ လတ်တလောမှာ ကိုဗစ်နဲ့ ပတ်သက်ပြီး သတင်းကောင်းလေးတစ်ခု ထွက်လာပါတယ်။ ဒါကတော့ ပိုးတွေ့ပြီး ၁၁ရက်နေရင် လူနာဆီကနေ သူများဆီကို ကူးနိုင်ခြေနည်းသွားတယ်ဆိုတာပါပဲ။ ဗိုင်းရပ်စ်ကူးနိုင် မကူးနိုင်ဆိုတာ ဗိုင်းရပ်စ်ရဲ့ ရောဂါပျိုးချိန်က ၂ရက်ကနေ ၂ပတ်အထိကြာတတ်ပါတယ်။ ပျမ်းမျှကတော့ ၅ရက်ပေါ့။ ၅ရက်မှာ ဗိုင်းရပ်စ်ပမာဏ များတာကြောင့် ကူးနိုင်ခြေ အမြင့်ဆုံးပါ။ ဒါကြောင့် ပိုးကူးခံရပြီး ပထမအပတ်မှာ ဗိုင်းရပ်စ်ပမာဏ အများဆုံးပါပဲ။ ပမာဏများတဲ့အတွက် သူများကိုလည်း ကူးနိုင်ပါတယ်။ သူများကို ကူးနိုင် မကူးနိုင်ဆိုတာက ဗိုင်းရပ်စ်ပမာဏ (ကိုယ်ထဲမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း