ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

ကိုဗစ် ဒုတိယလှိုင်း ပြင်းထန်လိုက်တာ၊ သေဆုံးသူဦးရေ အရင်တစ်ခေါက်ကထက် ပိုများတယ်။ ပိုးတွေ့လူနာ ဦးရေရောပေါ့။ တစ်နေ့တစ်နေ့ လူနာစာရင်းထုတ်ပြန်ချက်ကို စောင့်ကြည့်လိုက်၊ ကြောက်လိုက်တာဆိုပြီး အိမ်ထဲနေလိုက်ရင်းနဲ့ ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလာတဲ့ အရာရှိတယ်နော်။ ဒါကတော့ အားလုံးရဲ့ မွေးရာပါဆုလာဘ်တစ်ခုလို့ ဆိုရမယ့် ပျော်ရွှင်မှုပါ။ ကိုဗစ် ဒုတိယလှိုင်းကြောင့် အိမ်ထဲနေရတာ ကြာလာတဲ့အခါ အရင်ကလောက် မပျော်ရွှင်တော့တာ၊ စိတ်ထဲ ငြီးစီစီ ဖြစ်နေတာ၊ စိတ်တိုလွယ်တာတွေ ဖြစ်လာတယ်နော်။ နားကြပ်ကြိုး ဖြည်ရင်း စိတ်မရှည်တော့လို့ ဆောင့်ဆွဲလိုက်တာမျိုး၊ ခလုတ်တိုက်မိတဲ့ တံခါးဘောင်ကို ထပ်ကန်မိတာမျိုးတွေ လုပ်မိနေတယ်ဟုတ်။ ဒါကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်လို့ မထင်လိုက်ပါနဲ့။ လူတိုင်းနီးပါး အခုကာလမှ ပျော်ရွှင်မှုတွေ ပျောက်ဆုံးပြီး စိတ်လိုလွယ်လာကြတာပါ။ ဒါတွေက ဘယ်ကနေ အရင်းခံလာတယ် ထင်လဲ။ ဒါကတော့ စိတ်ဖိစီးမှုကနေ အရင်းခံလာတာပါ။ စိတ်ဖိစီးမှုတွေကြောင့် ပျောက်ဆုံးလာတဲ့ ပျော်ရွှင်မှု ရောဂါဖြစ်တဲ့ လူဦးရေကို ကြည့်မယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

ကိုဗစ်ကာလမှာ ညစောစောအိပ်တဲ့သူရှိရင် လက်ညှိုးထောင်။ သေချာတာကတော့ စာရေးသူတော့ မပါဘူးဗျို့။ ကဲ ဘဝတူလေးတွေနဲ့ နည်းနည်းလောက် ရင်ဖွင့်လောက်အောင်။ ကိုဗစ်ကာလမှာ အိပ်ရေးမဝဘူး မဟုတ်တောင် အိပ်ချိန်တွေတော့ ကမောက်ကမဖြစ်လာတယ်ဟုတ်။ လူကသာ မြန်မာနိုင်ငံမှာ အိပ်ချိန်တွေက ဥရောပ ဖြစ်နေပြီ။ ဒါဟာ ဘာကြောင့်များပါလိမ့်။ အိပ်မပျော်ရခြင်း အကြောင်းရင်းကို အဖြေရှာကြည့်တဲ့အခါ ညဘက်တွေ အိပ်မပျော်တာ ကိုဗစ်စကတည်းက ဆိုပါတော့။ ကိုယ်တစ်ယောက်တည်းလည်း မဟုတ်။ သူများတွေလည်း ဒီလိုပဲတဲ့။ ဘာကြောင့်များလဲလို့ အဖြေရှာကြည့်တဲ့အခါ မနက်အလုပ်မသွားရလို့။ အလုပ်မသွားရတော့ စောစောထစရာမလို။ စောစောမထရတော့ စောစောအိပ်စရာမလိုလို့ ထင်တာ။ အိမ်ကနေပဲ အလုပ်လုပ်တာ။ အိမ်ကနေ အလုပ်လုပ်တော့ မနက်အလုပ်သွားဖို့ ပြင်တဲ့အချိန်တွေ၊ ကားစီးရတဲ့အချိန်တွေက အိပ်ချိန်အဖြစ်ပြောင်းသွားတယ်လေ။ ဒါကြောင့် ညဘက် စောစော မအိပ်တော့တာ။  စိုးရိမ်ပူပန်စိတ်တွေ များနေတာ။ တစ်နေ့ လူနာစာရင်း၊ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ကိုဗစ်ကာလ မှာ ကိုဗစ်မဟုတ်တဲ့ တခြားပြဿနာတွေကလည်း အလားတူပဲ အရေးကြီးပါတယ်။ ကိုဗစ်မဟုတ်တဲ့ ကျန်းမာရေး ပြဿနာတွေ (ဆိးချို၊ သွေးတိုး)ကစလို့ ကလေးကာကွယ်ဆေးထိုးတာအလယ် သားဆက်ခြားနည်းလမ်း ပြဿနာ၊ ကိုယ်ဝန်ဆောင် ဗိုက်နာပြီး ကလေးမွေးချင်တာ ဒါတွေကလည်း သူ့ဟာနဲ့သူ အရေးကြီးတာချည်းပါပဲ။ ဒီထဲမှာ သားဆက်ခြားနည်းလမ်း ပြဿနာကို နည်းလမ်းပြောပြချင်ပါတယ်။ ကိုယ်ဝန်မလိုချင်ဘူးလို့ ဆုံးဖြတ်ထားရင် သားဆက်ခြားနည်းလမ်းတစ်ခုခုကို ပုံမှန်သုံးနေဖို့ လိုပါတယ်။ မလိုချင်ဘဲ ကိုယ်ဝန်ရသွားရင် နောက်ဆုံးအနေနဲ့ ဖျက်ချတဲ့ နည်းလမ်းကို ရွေးချယ်လာနိုင်လို့ မဖြစ်ခင် ကြိုကာကွယ်ထားတာ ကောင်းပါတယ်။ ဒီလို သားဆက်ခြားတဲ့နေရာမှာသူတို့ ဘာပြဿနာတွေ ကြုံရနိုင်လဲ ဆက်ကြည့်ရအောင်ပါ။ ကိုဗစ်ကာလနဲ့ သားဆက်ခြားပြဿနာအဖြာဖြာ တားဆေးကတ် ဟော်မုန်း တစ်မျိုးတည်းပါတာ ရှိမယ်။ နှစ်မျိုးပါတာရှိမယ်။ နှစ်မျိုးပါတာက အသုံးများပါတယ်။ ဆေးသောက်နေတဲ့သူတွေက နေ့တိုင်းပုံမှန်သောက်ရမယ်။ အချိန်မှန်သောက်ရမယ်ဆိုတာ သိပြီးသားပါ။ ကိုဗစ်ကာလမှာ နောက်နေ့ဘာဖြစ်မလဲ […]


ကူးစက်ရောဂါများ

COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အချက်များ

ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်မှုနဲ့အတူ မဖြစ်မနေ ဂရုစိုက်ကာကွယ်ရမယ့် အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ ကိုဗစ်ဗိုင်းရပ်စ် အဓိက ဝင်ရောက် ဖျက်ဆီးပစ်နိုင်တဲ့ အဆုတ်ပါ။ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာဖို့က ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့ အရေးပါသလို အခုလို ကိုဗစ်ကာလမှာလည်း ကျန်းမာနေစေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ အဆုတ်လေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်စားသောက်မှုပုံစံလေးကို ပြောပြပေးပါရစေ။ COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘာတွေကို လိုက်နာရမလဲ။ ကိုဗစ်ကာလမှာ အဆုတ်လေး ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ်နေထိုင်မှုပုံစံကို အခုလိုလေး ပြောင်းလဲဖို့ လိုပါမယ်။ အိမ်တွင်း လေထု သန့်စင်ပါစေ အခုလိုကာလက နေအိမ်မှာ နေထိုင်ရတဲ့အချိန် ပိုများပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ဆိုရင် နေအိမ်တွင်း လေထု သန့်စင်ဖို့က တော်တော်လေး အရေးကြီးပါတယ်။ ဒါကြောင့် နေအိမ်ကို နေ့စဉ် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကြောင့် အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

အခု ကိုဗစ်ဒုတိယလှိုင်းမှာ အတွေ့ရအများဆုံးက အနံ့ပျောက်တာပါ။ နေ့စဉ် အနံ့ပျောက်လို့ ဆိုပြီး ဆက်သွယ်လာကြသူတွေ မနည်းပါဘူး။ ကိုဗစ်ကြောင့် အနံ့ပျောက်တဲ့ဦးရေဟာ ကိုဗစ် ခံစားရသူ အရေအတွက်ရဲ့ ၅၆ ရာခိုင်နှုန်းလောက်ကို ရှိနေပါတယ်။ ဒီလက္ခဏာ ခံစားရတာ မြန်မာတစ်နိုင်ငံတည်းမှာတင် များတာလားဆိုတော့ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာကိုဗစ်ကြောင့် အနံ့ပျောက်နေသူတွေ အများကြီးပါ။ အခြား ဘာလက္ခဏာမှ မခံစားရဘူး အနံ့ပဲမရတာဆိုသူတွေ အတော်လေး များလာကြပါတယ်။ ဒီတော့ ကိုဗစ်ကြောင့် အနံ့ပျောက်နေပြီလား။ ဘာတွေ ဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးကြည့်ရအောင်လား။ ကိုဗစ်​ကြောင့်ပဲ အနံ့ပျောက်တာလား။ ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။ ဖျားတာ အသက်အရွယ်ကြီးလာတာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပြဿနာရှိတာ ဆေးလိပ်သောက်တာ ဦးခေါင်းထိခိုက်မိတာ ဟော်မုန်းပြဿနာ ရှိတာ သွားနဲ့ခံတွင်း ပြဿနာရှိတာ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ ဆေးဝါးတွေ ဦးခေါင်းနဲ့လည်ပင်းကင်ဆာကြောင့် ဓာတ်ရောင်ခြည် ကုသမှု ခံယူနေတာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

ကိုဗစ်ရောဂါပိုးကို ခံစားနေရတယ်။ ဒါပေမယ့် အရမ်းပြင်းထန်နေတာမျိုး မဟုတ်ဘူး။ အနံ့ပျောက်ရုံလောက်ပဲဆိုရင်တော့ ဆေးကုသမှု ခံယူနေစဉ်အတွင်းမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့အရာလေး ရှိပါတယ်။ ဒါကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေပြီး ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ် ခံစားရမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒီတော့ ကိုဗစ်ပိုးတွေ့လူနာ တစ်ယောက်အနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားပါတယ်။ ကိုဗစ်ပိုးတွေ့ လူနာအတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်း အချို့ ကိုဗစ်ပိုးတွေ့တယ်ဆိုပေမယ့် သေချာလေး ဂရုစိုက်မယ်ဆိုရင် ကုသပျောက်ကင်းနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပေးတာက ကိုဗစ်ကို သက်သာစေနိုင်သလို ကိုဗစ်ကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒီတော့ စိတ်ရောကိုယ်ပါ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်

ကိုဗစ်ရဲ့ ရိုက်ခတ်မှုတွေကတော့ အံ့မခန်းပါပဲ။ စီးပွားရေးတွေ ရပ်နားလိုက်ရတယ်။ ကလေးတွေ ကျောင်းမသွားရတော့ဘူး။ တခြားနာတာရှည်ရောဂါရှင်တွေ ဆေးကုရတာ အခက်အခဲတွေ ဖြစ်လာတယ်။ ဒါတင်ပဲလားဆိုတော့ နောက်ဆုံး သားဆက်ခြားနည်းလမ်းသုံးတဲ့ အမျိုးသမီးတွေပါ ဒုက္ခရောက်ရတော့တာပါပဲ။ သားအိမ်ထဲထည့်တဲ့ ပစ္စည်းသုံးတဲ့သူတွေ၊ လက်မောင်းအောက် ပစ္စည်းထည့်တဲ့သူတွေကတော့ နှစ်နဲ့ချီခံတာဆိုတော့ သိပ်စိတ်ပူစရာ မရှိပါဘူး။ ဒါတောင် တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်မှာ ထုတ်ပြီး အသစ်လဲရမယ်ဆိုရင် ဆရာဝန်လိုက်ရှာရဦးမှာပါ။ တားဆေးကတ်သောက်တဲ့သူတွေကလည်း တစ်ကတ်ပြီး တစ်ကတ် ကိုယ့်ဟာကိုယ် ဝယ်သောက်လို့ရပါတယ်။ ဒါတောင် ဆေးဝယ်မရမှာစိုးရင် ပိုဝယ်ထားတာ စိတ်အေးရပါတယ်။ ဒါတင်ပဲလားဆိုတော့ ကွန်ဒုံးတွေ၊ အရေးပေါ်တားဆေးတွေပါ ပိုဝယ်ထားရမှာပါ။ ဘာကြောင့်လဲဆိုတော့ တားဆေး သောက်ဖို့ မေ့သွားရင် ဖြေရှင်းနိုင်ဖို့ရယ်၊ မတော်တဆ ဆေးကုန်သွားလို့ မသောက်ရရင် ကာကွယ်ထားနိုင်အောင်ပါ။ ဒီလောက်ထိ အရေးကြီးပါတယ်။ ဒီလို စာအရှည်ကြီးတွေနဲ့ ရေးနေရတာက သားဆက်ခြားနည်းလမ်းကို ပျက်ကွက်ခဲ့ရင် ဖြစ်လာနိုင်တဲ့ […]


ကူးစက်ရောဂါများ

Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

Covid -19 ရောဂါအန္တရာယ် ကာကွယ်နိုင်ဖို့ အိမ်မှာပဲနေရတဲ့ Stay Home နေကြရတဲ့အချိန်အတွင်း အိမ်ရှင်မတွေ ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုက သားဆက်ခြားခြင်း(သန္ဓေတားခြင်း)ပါပဲ။ ခုနေချိန် အပြင်လည်းမထွက်ချင်၊ ဆေးခန်းတချို့လည်း ပိတ်ကုန်ကြသလို သောက်နေကျဆေးတွေ ဝယ်မရတာတွေ ကြုံရတာပေါ့။ သွားရလာရ အဆင်မပြေ ကိုယ့်မိသားစုကျန်းမာရေးအတွက် အိမ်မှာပဲနေမယ်၊ စျေးဝယ်နဲ့ ဆေးခန်းပြဖို့ သွားလာလို့ရတယ်၊ အလုပ်သွားလို့ရတယ်ဆိုပေမယ့် အကန့်အသတ်တွေရှိနေတဲ့အချိန်ပါ။ ဒီအချိန်မှာ သားဆက်ခြားဖို့နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြရတယ် မဟုတ်လား။ အထူးသဖြင့် သန္ဓေတားထိုးဆေး ပုံမှန်ထိုးနေကျ အိမ်ရှင်မတွေပါ။ ဂရုမစိုက်မိရင် မိသားစု စီမံကိန်း ကမောက်ကမဖြစ်သွားနိုင်သလို ဝင်ငွေ အစ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆုံး ကိုယ်တွေ အဆင်သင့်မဖြစ်သေးချိန်မှာ ကလေးတစ်ယောက်ကို ဆွဲသွင်းလိုက်ရနိုင်ပါတယ်။ ဘယ်တော့ပြီးဆုံးမယ် မသိတဲ့ Covid ဖြစ်ပွားမှုကာလမှာ မွေးဖွားလာမယ့် ကလေးနဲ့ မိခင်အတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့လည်း ဆွေမျိုး၊ မိတ်ဆွေတွေ လာလို့မရတဲ့ အချိန်ပါ။ ဒါ့ကြောင့် Covid […]


ကိုရိုနာဗိုင်းရပ်စ်

ဖြတ်သန်းချင်မိတဲ့ သီတင်းကျွတ်

ဘာလိုလိုနဲ့ သီတင်းကျွတ်တောင် ရောက်လာတော့မယ်။ သင်္ကြန်တုန်းက မကဲလိုက်ရသမျှ သီတင်းကျွတ်မှာ အပြတ်ကဲမယ်လို့ မျှော်လင့်ထားပေမယ့် ဒီတိုင်းဆို မျှော်လင့်ချက်သက်သက်ပဲ ဖြစ်တော့မယ်နဲ့ တူပါတယ်။ Covid-19 ကျန်းမာရေး သက်ရောက်မှုက ကျန်းမာရေးတင်မကဘဲ တခြား တခြား အရာတွေပါ ဆက်ကာဆက်ကာ ထိခိုက်နေသလိုပဲ။ စီးပွားရေးတွေ နားလိုက်ရတယ်။ ကလေးတွေ ကျောင်းမတက်ရဘူး။ အရင်လို ဘော်ဒါတွေဆုံပြီး စားကြ သောက်ကြ ဟေးလား ဝါးလား မရှိတော့ဘူး။ TGIFတို့ night outတို့ဆိုတာ ကိုယ်နဲ့မဆိုင်တာ ကြာခဲ့ပြီ။ သင်္ကြန်တုန်းကတော့ ရောဂါထိန်းချုပ်နိုင်အောင် ငါမလည်တော့ဘူး။ အပြင်မထွက်ဘူး။ နောက်ပွဲတွေ ကြုံဦးမှာပဲလေဆိုပြီး ဖြေသိမ့်ခဲ့ပေမယ့် သီတင်းကျွတ်သည်လည်း ထို့အတူပါပဲ။ အိမ်တွင်းအောင်းရဦးမယ် ထင်ပါရဲ့။ သြော် ကျန်းမာရေး ကိစ္စပဲလေ။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ ဘယ်တတ်နိုင်ပါ့မလဲ။ ပြန်ပြောင်းတွေးကြည့်ရင် အဖြစ်က မနှစ်ကနဲ့ မတူတာတော့ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ

ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးမွှားများ၊ မှိုစွဲစေသော ရောဂါပိုးမွှားများ စတာတွေဟာ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ တဦးနဲ့တဦး တိုက်ရိုက်ထိတွေ့ခြင်းမှဖြစ်စေ၊ တဆင့်ခံထိတွေ့ခြင်းမှ ဖြစ်စေ ကူးစက်နိုင်ပါတယ်။ ဥပမာ ငှက်ဖျား၊ ဝက်သက်၊ အဆုတ်တီဘီ စတာတွေဟာ ကူးစက်ရောဂါတွေဖြစ်ပြီး တဦးကနေ တဦးကို နည်းလမ်းမျိုးစုံနဲ့ ကူးစက်နိုင်ပါတယ်။ ကာကွယ်တဲ့အနေနဲ့ လက်များကို ဆေးကြောခြင်း၊ ကူးစက်ထိတွေ့နိုင်ခြေရှိသော အရာများကို ရှောင်ရှားခြင်း စတဲ့နည်းလမ်းတွေ လုပ်ဆောင်နိုင်ပါတယ်။ တိုက်ရိုက်ထိတွေ့ကူးစက်ခြင်း ရောဂါပိုးများကို လူနဲ့တိုက်ရိုက်ထိတွေ့ပြီး ကူးစက်စေတဲ့နည်းလမ်း ဖြစ်ပါတယ်။ တဦးနဲ့တဦးထိတွေ့ခြင်းကဖြစ်စေ၊ ရောဂါပိုးရှိတဲ့နေရာကို ထိတွေ့ခြင်းကဖြစ်စေ ကူစက်နိုင်ပါတယ်။ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ၁။ လူတဦးနှင့်တဦး ထိတွေ့ရာမှ ကူးစက်ခြင်း လူအချင်းချင်း ထိတွေ့ကိုင်တွယ်ခြင်း၊ ပွေ့ဖက်ခြင်း စတာတွေကတဆင့် ကူစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေသူနှင့် ထိမိခြင်း၊ ရောဂါပိုးရှိသောသွေးကို သွင်းမိခြင်း၊ လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်တတ်ပါတယ်။ အထူးသဖြင့် ရောဂါပိုးရှိနေသူမှာ လက္ခဏာမပြသေးတဲ့အချိန်မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း