ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

ကိုဗစ်ကြောက်လို့ အိမ်တွင်းအောင်းနေရတာနဲ့ အပျင်းပြေ မုန့်တွေစားရင်း အထိုင်များရင်း စိတ်ဖိစီးရင်း ဝိတ်တွေ တက်လာလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင် ဝိတ်လည်း ကိုဗစ်ကို တွန်းလှန်ဖို့ ကိုယ်ခံအားလည်း ရစေဖို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ မလုပ်ချင်ဘူးလား။ ဒါဆိုရင် ဒီဆောင်းပါးလေး ဖတ်ရင်း လေ့ကျင့်ခန်း တူတူလုပ်ရအောင်လား။ ကိုဗစ်ကိုလည်း ခုခံနိုင်မယ် Stay Home ပြီးရင်လည်း လှနေမယ်ဆို မ အိုကေဘူးလား............ ကိုဗစ်ကြောင့် အိမ်တွင်းအောင်းရင်း တက်လာတဲ့ ဝိတ်ကို လျှော့ချဖို့ လေ့ကျင့်ခန်း လုပ်ကြစို့ ကိုဗစ်ကြောင့် အိမ်တွင်းအောင်းရင်း ဝမလာစေဖို့ အခုလို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရပါတယ်။ ၁. Plank ထောက်ပါ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေအတွက် အထောက်အပံ့ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ ညီညာနေတဲ့ ကြမ်းပြင်တစ်ခုရှိရုံနဲ့တင်လုပ်လို့ရတဲ့ ကိရိယာလွတ်လေ့ကျင့်ခန်းတစ်မျိုးပါ။ လက်တွေခြေထောက်တွေနာမှာ စိုးရင်တော့ ယောဂဖျာလေးခင်းပြီးလုပ်လို့ရပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာမှောက်လိုက်ပါ။ ပြီးရင်တော့ […]


ကိုရိုနာဗိုင်းရပ်စ်

Stay home ကာလမှာ စိတ်ကျန်းမာအောင် နေကြမယ်။

ယခုလို covid အချိန်ကာလမှာ လူတိုင်းလူတိုင်း စိတ်ပင်ပန်းနေကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီအချိန်က ရောဂါဖြစ်ပွားနှုန်းများနေတဲ့ crisis အချိန်ဖြစ်တာကြောင့် လူအတော်များများ stay home နေကြရပြီး ကြောက်လန့်စိတ်တွေနဲ့ စိတ်ပူပန်တာတွေ၊ စိတ်ဓာတ်ကျလာတာတွေ ပိုပြီးများလာပါတယ်။ အထူးသဖြင့် မိသားစုနဲ့ဝေးနေပြီး တစ်ယောက်တည်းနေရတဲ့သူတွေ၊ စိုးရိမ်တတ်သူတွေ၊ စားဝတ်နေရေးအဆင်မပြေတဲ့သူတွေ အတွက်ဆိုရင် ပိုပြီး ခက်ခဲပင်ပန်းနေနိုင်ပါတယ်။ စာရေးသူလိုပဲ stay home ရင်း စိတ်ပင်ပန်းနေကြတဲ့သူတွေ အားလုံးအတွက် ကျန်းမာပျော်ရွှင်အောင် အတတ်နိုင်ဆုံး ဘယ်လို စိတ်မျိုးမွေးပြီး နေကြမလဲဆိုတဲ့အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ မျှဝေပေးသွားချင်ပါတယ်။ ဒီဆောင်းပါးလေးက အခုလိုအချိန်မှာ လူတိုင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Stay home ကာလမှာ စိတ်ကျန်းမာစေဖို့ အကောင်းဘက်ကတွေးပါ။ တစ်နည်းအားဖြင့် positive mindset မျိုးမွေးပါ။ ဘယ်အချိန်မှာမဆို လူတိုင်းအတွက် စိတ်ပင်ပန်းတာတွေကို တိုက်ထုတ်နိုင်ဖို့ အရေးကြီးဆုံးအချက်က […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ကိုဗစ် ကူးစက်ခံလူနာများ တစ်နေ့ထက်တစ်နေ့ များပြားလာတာနှင့်အမျှ ကျွန်မတို့အားလုံးဟာ ကိုယ့်ကိုယ်ကို စိုးရိမ်တကြီးကာကွယ်ကြရပါတယ်။ ကိုဗစ်မကူးစက်စေဖို့အတွက် ကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးတဲ့အတွက် ကိုယ်ခံအားတက်စေတဲ့ ဗီတာမင်တွေကိုလည်း နေ့စဉ်သောက်လာကြပါတယ်။ ဒါကြောင့် အခုကာလမှာ ဗီတာမင်ဒီ ဟာလည်း ရေပန်းစားလာရတာဖြစ်ပါတယ်။ ဗီတာမင်ဒီလို့ဆိုတဲ့ နေရာမှာ D2 ကို အပင်များမှရရှိနိုင်ပြီး D3ကိုတော့ လူ့အရေပြားကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဗီတာမင်ဒီ ကို ဘာလို့ ကိုယ်ခန္ဓာက လိုအပ်လေ့ရှိသလဲ ဗီတာမင်ဒီဟာ အရိုး၊ သွားနဲ့ ကြွက်သားများ ကြံ့ခိုင်သန်မာဖို့အတွက် လိုအပ်လှပါတယ်။ နောက်ပြီး ကိုယ်ခံအားကို တက်စေနိုင်တာမို့ ရောဂါပိုးတွေ မဝင်ရောက်စေဖို့ တားဆီးပေးနိုင်ပါသေးတယ်။ လေ့လာချက်များအရ ဗီတာမင်ဒီ လုံလောက်စွာရှိနေပါက အအေးမိခြင်းနဲ့ တုပ်ကွေးတွေကို ကာကွယ်နိုင်သော်လည်း အဆုတ်ပိုးဝင်ခြင်းတွေကို ကာကွယ်ခြင်းနဲ့ ကုသခြင်းတွေမှာတော့ ကောင်းမွန်တဲ့ထိရောက်မှုမျိူးကို သက်သေမပြနိုင်သေးဘူးလို့ ဆိုပါတယ်။ ဗီတာမင်ဒီက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်သလား […]


ကိုရိုနာဗိုင်းရပ်စ်

သီတင်းကျွတ်ကာလကို ချစ်ခင်ရသူတွေနဲ့ ဘေးကင်းပျော်ရွှင်စွာ ဖြတ်သန်းပါ

ဟေး........ သီတင်းကျွတ် ရောက်တော့မှာပဲ။ သီတင်းကျွတ်သီချင်းလေးတွေနားထောင်ရင်း သီတင်းကျွတ် အငွေ့အသက်တွေရပြီး တက်ကြွနေရောပဲ။ ပျော်နေတဲ့ စိတ်လေး မဆုံးခင် တွေးမိတာက ကိုဗစ်။ သူ့ကြောင့် Stay at Home နေရတာ တစ်လတောင် ကျော်ရောပေါ့။ မိုးလင်း အိပ်ရာထ မျက်နှာသစ်၊ ကိုယ်ခံအား ကောင်းအောင်ဆိုပြီး လေ့ကျင့်ခန်း လုပ်၊ မနက်စာစား၊ အလုပ်ကို အိမ်ကနေလုပ်၊ နေ့လယ်စာစား၊ အလုပ်လုပ်၊ ညနေ ရေချိုး၊ ညနေစာစား၊ တီဗီကြည့်၊ အိပ်ရာဝင် နေ့စဉ် ပုံသေဖြစ်နေတဲ့ အချိန်ဇယားနဲ့ လှည့်ပတ်နေခဲ့ရတာ တော်တော်လေး ပျင်းစရာကောင်းတယ်။ ရန်ကုန်လည်း တိတ်ဆိတ်လို့။ အရင်လို သီတင်းကျွတ်ကို မီးထွန်းပွဲတွေ လျှောက်၊ ကာတွန်း မီးပုံးလေးတွေ ကြည့်ဖို့ မလွယ်ဘူးပဲ။ ဒီနှစ်တော့ အိမ်က မိဘတွေနဲ့ ဘုရားတက်ပြီး ဆီးမီးပူဇော်မယ့် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်လူနာများရဲ့ တိတ်တခိုး လူသတ်သမား

ကိုဗစ်လူနာရဲ့ လက္ခဏာတွေထဲမှာ လူသိများတဲ့ အနံ့ပျောက်တာတို့၊ ဖျားတာတို့၊ ချောင်းဆိုးတာတို့အပြင် နောက်ထပ်အရေးကြီးတဲ့ လက္ခဏာတစ်ခုလည်း ရှိပါသေးတယ်။ လက္ခဏာဆိုတာထက် နောက်ဆက်တွဲ ပြဿနာပေါ့။ ဒါက သွေးတွင်းအောက်ဆီဂျင်နည်းသွားတာပါပဲ။ ဒါဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့ပြဿနာဖြစ်ပြီး ချက်ချင်းဆိုသလို အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ကျလာတဲ့အခါ သွေးတွင်းအောက်ဆီဂျင်က သာမန်လူတစ်ယောက်မှာ ၉၇ ရာခိုင်နှုန်း ပတ်ချာလည်လောက် ရှိပါတယ်။ ဒါက pulse oximeterလို့ ခေါ်တဲ့ လက်ထိပ်ကနေ အောက်ဆီဂျင်တိုင်းတဲ့ ကိရိယာလေးနဲ့ တိုင်းတဲ့ အဖြေပေါ်မူတည်ပြီး ပြောတာပါ။ ၉၀ ရာခိုင်နှုန်းအောက်ဆိုရင်တော့ ဦးနှောက်က အောက်ဆီဂျင်ကောင်းကောင်း မရတာကြောင့် ကမောက်ကမတွေ စဖြစ်လာပါပြီ။ ၈၀ ရာခိုင်နှုန်းဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ တခြားအရေးပါတဲ့ နေရာတွေပါ အောက်ဆီဂျင်ကောင်းကောင်း မရတော့ပါဘူး။ ကိုဗစ်နဲ့ သွေးတွင်းအောက်ဆီဂျင် ကျဆင်းခြင်း ကိုဗစ်ကလည်း အဆုတ်ကို ထိခိုက်တဲ့ ရောဂါဖြစ်တာကြောင့် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။

ကိုဗစ် နာမည်ကြားရတာတောင် စိတ်ညစ်လှပြီ။ ကိုဗစ်ကြောင့် အလုပ်တွေ ပျက်ရသလို တစ်နေ့တစ်နေ့ အိမ်ထဲနေရင်း ပျင်းရိလာပြီ။ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့တောင် ခက်ခဲတဲ့ကာလနော်။ ဒီကာလမှာ နေမကောင်း၊ ဖျားနာတာ မဖြစ်အောင် နေတယ်ဆိုပေမယ့်။ အိမ်ထောင်ရှင်တွေအတွက်ကျ ကျန်းမာရေး ဂရုစိုက်တာအပြင် သားဆက်ခြားဖို့ကလည်း မေ့ထားလို့ မဖြစ်တဲ့အရာပါ။ ကိုဗစ်ကာလမို့  တားဆေးသောက်နေတယ်၊ ဆေးကကုန်သွားပြီ ထပ်ဝယ်လို့မရဘူးဆိုတဲ့ ပြဿနာ၊ ထိုးဆေးက ရက်ပြည့်ပြီ ပြန်ထိုးဖို့ကျ ဆေးခန်းက မဖွင့်လို့ ဆိုတဲ့ ပြဿနာ၊ အရေးပေါ် သန္ဓေတားဆေးကျ အဆင်မပြေဘူးဆိုပြီး သားဆက်ခြားဖို့ အခက်အခဲတွ ကြုံနေမယ် ထင်ပါတယ်။ ကိုဗစ်ကာလမှာ မတော်တဆ ကိုယ်ဝန်ရသွားတာမျိုး မလိုချင်ဘူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ကိုဗစ်ကာလ Stay at home မှာ အသုံးတည့်မယ့် အလွယ်ကူဆုံး သားဆက်ခြားနည်းအချို့ ကိုဗစ်ကြောင့် သားဆက်ခြားဖို့ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ် ပိုးတွေ့တဲ့ လူနာ များလာတာမှ အနီးဆုံး ကိုယ့်အိမ်ဘေးနားအထိတောင် ရောက်လာလို့ သောကများနေပြီလား။ ကာကွယ်ဆေးလည်း မပေါ်သေးတဲ့ ကိုဗစ်ကို အကောင်းဆုံး ကကွယ်ပေးနိုင်မှာတော့ မွေးရာပါ ဆုလာဘ်တစ်ခု ဖြစ်တဲ့ ကိုယ်ခံအားပေါ့။ ကိုယ်ခံအား ကောင်းဖို့က ထိုင်ပြောနေရုံနဲ့ မရနိုင်ပါဘူး။ ကိုယ်တိုင်က သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတော့ အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအားကို ပြည့်ဝ ကောင်းမွန်နေစေဖို့ ဘယ်လို အာဟာရတွေ မှီဝဲသင့်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ ကိုဗစ် ကာလမှာ ကိုယ်ခံအား ပြည့်ဝစေဖို့ မဖြစ်မနေ မှီဝဲသင့်တဲ့ အာဟာရ ကိုဗစ်ကာလမှာ ကိုယ်ခံအား ပြည့်ဝနေစေဖို့ဆိုရင် ဒီအာဟာရဓာတ်လေးတွေကို ပြည့်ဝအောင် မှီဝဲဖို့ လိုပါမယ်။ ဗီတာမင် A (ဘီတာကယ်လ်ရိုတင်း) ဗီတာမင် A က အူလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်း စနစ်ကို ကျန်းမာစေနိုင်ပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ

ကိုဗစ် ကူးစက်ခံလိုက် ရတယ်။ ဒါပေမယ့် ကိုဗစ်ကို အနိုင်တိုက်လို့ ပြန်လည် ကျန်းမာလာပြီဆိုရင် ဘယ်လို ဂရုစိုက် နေထိုင်ရမလဲ ဆိုတာကို ဒီ ဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ ကိုဗစ် တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နေတဲ့ ကပ်ရောဂါကြီးပေါ့။ မတော်တဆ ကူးစက်ခံရ​ပြီဆိုရင်လည်း လက္ခဏာ တစ်ခုခု တွေ့ပြီဆိုတာနဲ့ နီးစပ်ရာ Fever Clinic ကို သတင်းပို့ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပါ။ မြန်မြန်သိ မြန်မြန်ကုသနိုင်ရင် ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။ ကိုဗစ်ကုသမှုကို ခံယူပြီးနောက် အိမ်ပြန်ရောက်လာတဲ့အခါ ကိုဗစ်ရောဂါပိုးက ၁၁ ရက် ကနေ ၁၃ ရက်ဆိုရင် ခန္ဓာကိုယ် ပြင်ပကို မထွက်နိုင်တော့ဘူးဆိုတော့ ၁၁ ရက်ပြည့်ပြီ ကိုယ်ပူတာ၊ ချောင်းဆိုးတာတွေလိုမျိုး ကိုဗစ်ရဲ့ လက္ခဏာတွေလည်း မရှိဘူးဆိုရင် ကုသရေးစင်တာကနေ အိမ်ကို […]


ကိုရိုနာဗိုင်းရပ်စ်

စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ဘေးတစ်ခုအဖြစ် ဒုက္ခပေးနေတဲ့ COVID-19 ရောဂါဟာ ကူးစက်ပုံ မြန်ဆန်တာကြောင့် ဘယ်နည်းဘယ်ပုံကူးစက်နိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာမှုတွေ အဆက်မပြတ်ပြုလုပ်နေကြပါတယ်။ လက်ရှိအချိန်မှာလည်း လေ့လာချက်တွေအရ COVID-19 ဗိုင်းရပ်စ်ပိုးတွေဟာ စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တယ်လို့ သိရှိလာရပါတယ်။ သြစတြေးလျ အမျိုးသားသိပ္ပံအကယ်ဒမီက သိပ္ပံပညာရှင်တွေရဲ့ ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ COVID-19 ရောဂါရဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့ SARS-Cov-2 ဟာ လူတိုင်းရဲ့လက်ထဲမှာ အမြဲရှိနေတတ်တဲ့ စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်မှာ ၂၈ ရက်အထိ ရှင်သန်နေနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ရောဂါပိုးဟာ ပိုက်ဆံနဲ့ မာကျောတဲ့မျက်နှာပြင်တွေမာ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်တယ်ဆိုတာကို အစောပိုင်းကတည်းက ရှာဖွေတွေ့ရှိခဲ့ပေမယ့် အချိန်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်တယ်ဆိုတာကိုတော့ တိကျစွာသိရှိခဲ့ကြခြင်းမရှိပါဘူး။ ဒါပေမယ့် ကနဦးပိုင်းလေ့လာချက်တွေမှာတော့ SARS-Cov-2 ပိုးဟာ ဖုန်းမျက်နှာပြင်တွေ၊ မှန်တွေ၊ ပိုက်ဆံစက္ကူတွေနဲ့ မာကျောတဲ့မျက်နှာပြင်တွေမှာ ၃ ရက်ကနေ ၆ ရက်ဝန်းကျင်လောက်အထိပဲ […]


ကိုရိုနာဗိုင်းရပ်စ်

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ကိုဗစ်ကာလ အိမ်မှာနေရတာ များတော့ ရှေ့ဆုံးက တိုးတက်လာမယ့်အရာတွေထဲမှာ ဗိုက်ခေါက်လေးလည်း ပါတယ်နော်။ မယုံရင် ထိုင်နေရင်း ရှေ့ကို ခါးလေး နည်းနည်းကိုင်းငုံ့ကြည့်လိုက်ပါဦး။ Stay Home အတွင်း အရင်ထက်တော့ စူထွက်လာတဲ့ ဗိုက်ကလေးကို တွေ့ရလိမ့်မပေါ့။ သိပ်များ ဝနေလို့လား မဟုတ်ရပါဘူး။ ဝတဲ့သူရော၊ ပိန်တဲ့သူရော ဗိုက်အဆီက ရှိလာနိုင်ပါတယ်။ စားစရာတွေ မှာစားမယ်၊ အိမ်မှာ မုန့်တွေ လုပ်စားမယ်၊ အပြင်မသွားရဘူး၊ လှုပ်ရှားမှုနည်းမယ် ဆိုတော့ Stay Home ကာလကြီးက ဗိုက်ကလေး ထွက်လာဖို့ ကွက်တိပဲပေါ့လေ။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။ ယူတို့ အားကိုးကြတဲ့ GYM တွေလည်း သွားလို့မရတဲ့အချိန်လေ… ဗိုက်၊ ခါးပျောက်မှာ စိုးကြောက်စရာလား မစိုးရိမ်ပါနဲ့။ ဒီအချက်လေးတွေ ဂရုစိုက်ရင် ဗိုက်ချပ် ကျန်းမာပြီး ဗိုက်အဆီ ကြောင့်ဖြစ်မယ့် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်တွေကို ရှောင်နိုင်ပါလိမ့်မယ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း