ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

ခုနောက်ပိုင်းမှာ လူမမယ်ကလေးလေးတွေ COVID-19 ကူးစက်ခံရတဲ့သတင်းတွေ၊ မိသားစုကို ထားခဲ့ပြီး ကလေးတစ်ယောက်တည်း Quarantine ဝင်ဖို့ လာအခေါ်ခံရတာတွေကို မြင်တွေ့ကြားသိနေရပါတယ်။ နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။ လူမမယ်ကလေးငယ်လေးတွေဟာ ကိုယ်တိုင် ရောဂါကာကွယ်နိုင်စွမ်း အားနည်းကြပါတယ်။ ဒီလိုအခြေအနေမှာ သူတို့ကို ပြုစုစောင့်ရှောက်ရမယ့် လူကြီးမိဘတွေက ကာကွယ်ပေးနိုင်စွမ်းနည်းပါးရင် ကလေးတွေမှာ COVID-19 ရောဂါဆိုးကြီး ကပ်ညိလာနိုင်ပါတယ်။ ခုချိန်မှာဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ COVID-19 ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၄ သောင်းကျော်အထိရှိလာခဲ့ပြီဖြစ်သလို အဆိုပါလူနာတွေထဲမှာ ငယ်ရွယ်နုနယ်လှတဲ့ ရင်သွေးလေးတွေလည်း ပါဝင်နေပါတယ်။ ဒီရောဂါရဲ့ အန္တရာယ်ကို လူကြီးတွေနဲ့ သန်သန်စွမ်းစွမ်းလူငယ်တွေအတွက် စိုးရိမ်ပူပန်နေကြရသလို လူမမယ် ကလေးတွေအတွက်လည်း ပူပန်ကြရပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရမှုဆိုင်ရာ အချက်အလက်တွေအရ ကလေးငယ်တွေ ကူးစက်ခံရမှုနှုန်းဟာ နည်းပါးပြီး သေဆုံးနှုန်းကလည်း (ရောဂါကူးစက်ခံရသူ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာလ အိမ်မှာလေ့ကျင့်ခန်းလုပ်ဖို့ မိမိကိုယ်ကို စိန်ခေါ်စို့

ခုလို ကိုဗစ်ကပ်ဘေးကာလရဲ့ အကျိုးသက်ရောက်မှုတွေထဲမှာ ခန္ဓာကိုယ်နဲ့ ကိုယ်အလေးချိန် ပြောင်းလဲဆုတ်ယုတ်မှုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပိန်တဲ့သူတွေဆိုရင် နဂိုကထက် ပိုပြီး ပိန်သွားကြတယ်။ ဝတဲ့သူတွေ၊ Gym ကစားပြီး ကြွက်သားတက်အောင် လုပ်နေသူတွေဆိုရင်လည်း ကြွက်သားထုနေရာမှာ အဆီတွေ ပြည့်ပြီး အသားက လျော့တိလျော့ရွဲဖြစ်လာမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ အပြင်သွားလာလို့မရတော့တာ၊ Gym တွေ ပိတ်သွားတာ ရောဂါပိုးကူးခံရမှာ ကြောက်တဲ့အတွက် တော်ရုံ စျေးသွားမဝယ်တော့တာ အစာအာဟာရ ပြည့်ဝတဲ့ ထမင်းဟင်းတွေကို သိပ်ပြီးမစားတော့တာ အပြင်စားသောက်ဆိုင်ကနေဘဲ အာဟာရမဖြစ်တာတွေ မကြာခဏ မှာစားတာ စိတ်ညစ်တာ၊ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ အထီးကျန်တဲ့အခါ ညစ်နေတဲ့စိတ်ကို ပြေစေဖို့ အဆီကြော်တွေ၊ အချိုဓာတ်များတဲ့ မုန့်တွေ အစားများလာတာ ညဘက်တွေ မအိပ်တော့တာ၊ အိပ်ချိန်နည်းလာတာ၊ ညအိပ်ချိန် နောက်ကျလာတာ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး […]


ကိုရိုနာဗိုင်းရပ်စ်

သင်ကိုယ်တိုင်က ကိုဗစ်ဖြန့်ချိသူတစ်ဦး ဖြစ်နေပြီလား

လူတွေက ကြောက်ပြီဆိုလည်း ဖိတ်ဖိတ်တုန်အောင် ကြောက်ကြသလို မကြောက်တော့ဘူးဆိုရင်လည်း ရောဂါဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို၊ ဒီကမ္ဘာမြေကနေ အပြီးတိုင်ပျောက်သွားတဲ့ပုံစံလိုလို ပြုမူတတ်ကြတယ်။ လက်ရှိရန်ကုန်မြို့တွင်း အခြေအနေကို ကြည့်ရမယ်ဆိုရင်တော့ မြန်မာလူမျိုးအများစုလည်း ဒီပုံစံအတိုင်း ကျင့်ကြံနေကြတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရပါတယ်။ ကိုဗစ်ပိုး ကူးခံရသူတွေ များသထက် များလာပြီဆိုတဲ့ ရလဒ်တွေကို ဆိုရှယ်မီဒီယာကနေ တွေ့ရတဲ့အခါ ဝမ်းနည်းတဲ့၊ စိတ်ပျက်တဲ့အနေနဲ့ ရှဲကြတယ်။ ပုံတွေ ယူတင်ကြတယ်။ ဒါပေမယ့် ကိုယ်တိုင်က ဆင်ဆင်ခြင်ခြင် ဂရုစိုက်ပြီး နေသလားဆိုတော့လည်း မနေကြပါဘူး။ လက်ရှိရန်ကုန်မြို့တွင်း အခြေအနေ Second Wave ကိုဗစ်ဒုတိယလှိုင်းဖြစ်ကာစမှာ လူတွေ သတိမမူခဲ့တာကြောင့် ကိုဗစ်ကူးစက်ခံရသူဦးရေဟာ တစ်မဟုတ်ချင်းဆိုသလို တစ်ရက်ကို ထောင်ဂဏန်းနီးပါး တက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလတွင်းတော့ လူတော်တော်များများ ကြောက်စိတ်ကြီးစိုးသွားပြီး အပြင်သိပ်မထွက်ကြတော့သလို အစိုးရကိုယ်တိုင်ကလည်း မြို့နယ်ကျော်မသွားရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အောက်တိုဘာလကုန်နဲ့ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

အရင်ကတော့ ဂိမ်းဆော့တာနဲ့ ပတ်သက်ပြီး ကောင်းတဲ့အမြင်ရော၊ ဆိုးတဲ့အမြင်ပါ ရှိနေကြတယ်။ မိဘတွေအနေနဲ့တော့ ဆိုးတယ်လို့ မြင်တာ ပိုများမှာပေါ့ဗျာ။ အထူးသဖြင့် ပညာရေးကို အလွန်အလေးထားတဲ့ မိဘတွေဆိုရင် ကိုယ့်ကလေးတွေ ဂိမ်းဆော့တာကို တကယ့်ပြစ်မှုကြီး တစ်ခုကျူးလွန်မိသလို မြင်တတ်ကြမှာပါ။ ခုလို ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။ အစပိုင်းတော့ သူတို့တွေအနေနဲ့ အပြစ်ပြောဆိုတာ၊ ဆူပူရိုက်နှက်တာမျိုးတွေ လုပ်ပေမယ့် နောက်ပိုင်းမှာတော့ ဘာမှမပြောဘဲ လွှတ်ထားလိုက်ကြတယ်လို့ ဖွင့်ဟလာကြတယ်။ ကလေးများနှင့် ဂိမ်းဆော့ခြင်း အရင်တုန်းကတော့ ကလေးတွေ ဂိမ်းဆော့တာနဲ့ပတ်သက်ပြီး သိပ်သဘောမကျတဲ့သူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ မိဘတွေလိုမျိုး ပညာရေးမှာ လစ်ဟင်းသွားမယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် မဟုတ်ဘဲ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကြောင့်ပါ။ ဒီဘက်ခေတ်ကလေးတွေက ကျွန်တော်တို့ခေတ်ကလို မဟုတ်ဘဲ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

အရင်က သွေးပေါင်ချိန်တာ။ သွေးချိုတိုင်းတာ စတဲ့ စက်တွေကိုပဲ သုံးပေမယ့် ကိုဗစ်ကာလမှာတော့ ဆောင်ထားသင့်တဲ့ အိမ်တွင်းသုံး ကျန်းမာရေးကိရိယာလေးတစ်ခု တိုးလာခဲ့ပါတယ်။ ဒါကတော့ Pulse oximeter ပါ။ Pulse oximeter ဒီကာလမှာ မဖြစ်မနေ သိထားသင့်တဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏ ပုံမှန် ဖြစ်ရဲ့လားဆိုတာကို စမ်းသပ်အဖြေထုတ်ပေးတဲ့ ကိရိယာလေးပေါ့။ အိမ်မှာတင် အလွယ်တကူ အသုံးပြုလို့ရတယ်။ အရေပြားကို ဖောက်စရာမလိုဘဲ ကိုယ်တွင်းက အောက်ဆီဂျင်ပမာဏ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာပေးပါတယ်။ အောက်ဆီဂျင်ပမာဏ ပြောင်းလဲနေတာလားဆိုတာကို ချက်ချင်း အဖြေထုတ်ပေးနိုင်ပါတယ်။ pulse oximeter ဆိုတာ ဘာလဲ။ pulse oximeter ဆိုတာက ညှပ်လေးနဲ့ တူတဲ့ ကိရိယာသေးသေးလေးပါ။ လက်ညှိုး၊ နားရွက်နဲ့ ခြေချောင်းလိုမျိုး ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေမှာ တပ်ဆင်ပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာနိုင်ပါတယ်။ များသောအားဖြင့်ကတော့ လက်ချောင်းလေးတွေမှာ တပ်ဆင် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ လူတိုင်းသိချင်နေမယ့် ပုံမှန်အောက်ဆီဂျင်ပမာဏဆိုတာ ဘာလဲ

သွေးတွင်းအောက်ဆီဂျင်ဆိုတာ သွေးထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ အောက်ဆီဂျင်ပမာဏကို ဆိုလိုတာပါ။ အောက်ဆီဂျင်အများစုကို သွေးနီဥဆဲလ်တွေက သယ်ဆောင်ကြပါတယ်။ သွေးနီဥတွေရဲ့ တာဝန်က အဆုတ်က အောက်ဆီဂျင်တွေကို ရယူပြီး ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို ပို့ဆောင်ပေးတာပါ။ သွေးတွင်းအောက်ဆီဂျင်ပမာဏ လုံလောက်မှလည်း ဆဲလ်တွေက အောက်ဆီဂျင် ပြည့်ဝစွာရရှိပြီး ခန္ဓာကိုယ်က ကျန်းမာမှာပါ။ သွေးတွင်းအောက်ဆီဂျင်ပမာဏ ပုံမှန်အနေအထားရှိတာက လူတစ်ယောက် ရှင်သန်ဖို့အတွက် တော်တော်လေး အရေးပါပါတယ်။ ဒီတော့ ဘယ်လိုအခြေအနေမှာဆိုရင် သွေးတွင်းအောက်ဆီဂျင်က ပုံမှန်လို့ ပြောနိုင်ပြီး ဘယ်လို အခြေအနေမှာဆိုရင် သွေးတွင်းအောက်ဆီဂျင် ကျနေတာလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ သွေးတွင်းအောက်ဆီဂျင် အနေအထား သွေးတွင်းအောက်ဆီဂျင် အနေအထားက ၉၅ mm Hg (မီလီမီတာ မာကျူရီ) ကနေ ၁၀၀ mm Hg အနေအထားမှာရှိနိုင်ပါတယ်။ ဒါက ပုံမှန် အနေအထားတစ်ရပ်လို့ ဆိုရပါမယ်။ ကျန်းမာတဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

သွေးတွင်း အောက်ဆီဂျင် မကျစေဖို့

သွေးတွင်း အောက်ဆီဂျင် ပမာဏ ကျဆင်းတာက အခန့်မသင့်ရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ နာတာရှည် အဆုတ် ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ၊ ပန်းနာရင်ကျပ် ရောဂါ၊ သွေးအားနည်းတာလိုမျိုး ရောဂါတွေ ခံစားနေရသူတွေက သွေးတွင်း အောက်ဆီဂျင် နည်းတာကို ခံစားရပြီး အသက်ရှူရခက်နေတတ်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်စေဖို့အတွက် ဘယ်လို နေထိုင်မှုပုံစံလေး မွေးမြူရမလဲဆိုတာကို ပြောပြပေးပါရစေ။ သွေးတွင်းအောက်ဆီဂျင် နည်းသူတွေ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ သွေးတွင်း အောက်ဆီဂျင် နည်းတတ်လို့ အသက်ရှူရခက်နေမယ်ဆိုရင် တစ်နေ့တာကို အခုလို ပြောင်းလဲ လိုက်ပါ။ လေဝင်လေထွက် ကောင်းပါစေ လတ်ဆတ်တဲ့လေတွေက အိမ်ထဲမှာ အောက်ဆီဂျင် တိုးစေသလို  အသက်ရှူတဲ့အခါ အောက်ဆီဂျင် များများ ရရှိစေပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် အိမ်ထဲမှာ လေဝင်လေထွက် ကောင်းစေဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ […]


ကူးစက်ရောဂါများ

COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

WHO ကတော့ COVID-19 ကပ်ဘေးကာလမှာ လူတိုင်း အသက်အရွယ်တိုင်း ကိုယ်လက် လေ့ကျင့်ခန်း တွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်တာဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်လာအောင် မြှင့်တင်ပေးတာမို့ ရောဂါကာကွယ်ရေးမှာ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေတယ်လို့ ဆိုထားတာပါ။ ဒါတင်မကပါဘူး။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာဟာ ကိုယ်ခံအားစနစ်ကိုသာမက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးတွေကို ပြုလုပ်ပေးမယ်ဆိုရင် COVID-19 ရောဂါ ကာကွယ်ရေးမှာ တစ်ဖက်တစ်လမ်းကနေ အကျိုးရှိစေမှာဖြစ်ပါတယ်။ ကပ်ဘေးကာလမှာ လူတိုင်းနီးပါး နေအိမ်တွေမှာ Stay at Home အဖြစ်နေထိုင်ကြရတာမို့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်တွေ အရင်ကထက်ပိုပြီး ရရှိလာကြပါပြီ။ နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ပေးတာက အလေ့အကျင့်ရသွားရင် တစ်သက်လုံးယူဆောင်သွားသင့်တဲ့ အလေ့အကျင့်ကောင်းလေးလည်းဖြစ်ပါရဲ့။ WHO ကတော့ Be Active […]


ကူးစက်ရောဂါများ

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

ကိုရိုနာဗိုင်းရပ်စ် ဟာ ရောဂါရှိနေသူတစ်ဦးရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေက ထွက်လာတဲ့ အမှုန်အမွှားတွေက တခြားလူတစ်ဦးစီရောက်ရှိခြင်းဖြင့် ကူးစက်စေကြောင်း ကျွန်မတို့အားလုံးသိရှိကြပြီးဖြစ်ပါတယ်။ လေ့လာချက်များအရ ကိုရိုနာဗိုင်းရပ်စ်အနေနဲ့ ရောဂါရှိသူကိုင်တွယ်ထားသော အရာဝတ္ထုနဲ့ မျက်နှာပြင်တွေမှာလည်း အသက်ရှင်နေထိုင်ပြီး အခြားတစ်ဦးစီကူးစက်နိုင်တာ သိရပါတယ်။ အမေရိကန်နိုင်ငံတွင် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးဦးကို လေ့လာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ထိုသူသုံးယောက်လုံးမှာ Covid-19ကြောင့်ဖြစ်သော လက္ခဏာများလည်း အသီးသီးရှိနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အိပ်ခန်းတွေကို ပိုးသတ်ဆေးမဖျန်းခင်မှာ ဗိုင်းရပ်စ်ကို ရှာဖွေစစ်ဆေးလိုက်တဲ့အခါ အခန်းရဲ့ ၈၀ရာနှုန်းကျော်ကျော်မှာ Covid-19ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရပြီး ပိုးသတ်သန့်စင်ပြီးနောက်မှာတော့ ပိုးတွေကိုမတွေ့ရတော့ပါဘူး။ သတ္တုနဲ့ ပြုလုပ်ထားသော မျက်နှာပြင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်က ကြာကြာအသက်မရှင်နိုင်ပါဘူး။ ဒါပေမယ့် ပိုက်ဆံ၊ အဝတ်အစားနဲ့ စက္ကူတွေပေါ်မှာတော့ နာရီပေါင်းများစွာ ရှင်သန်နိုင်တာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် အဆိုပါပစ္စည်းများအား ပိုးသတ်ဆေးများအသုံးပြုပြီး ပိုးသတ်ခြင်း၊ အပူချိန်မြှင့်ခြင်းဖြင့် ပိုးသတ်သော နည်းလမ်းတို့ဖြင့် […]


လေထဲမှတဆင့် ကူးစက်သော ရောဂါများ

လေထုထဲမှ ကူးစက်နိုင်သော ရောဂါများ

အသက်ရှူရာကနေ ဝင်ရောက်ကူးစက်နိုင်တဲ့ ရောဂါများကို ဆိုလိုပါတယ်။ ရောဂါပိုးရှိသူများ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်ခပ်ခြင်း စတာတွေပြုလုပ်တဲ့အခါ လေထုထဲကို ရောဂါပိုးတွေ ရောက်ရှိသွားနိုင်ပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးအချို့ဟာ လေထဲမှာ လွင့်မျောသွားနိုင်ပြီး အခြားသူများက ရှူရှိုက်မိတဲ့အခါ ကူးစက်သွားနိုင်ပါတယ်။ လေထဲမှာလွင့်ပြီး အရာဝတ္တုများပေါ်ကျသွားပြီး သိပ်မကြာသေးခင် အဆိုပါအရာဝတ္တုများကို ကိုင်တွယ်မိပြီး မျက်စိ၊ နှာခေါင်း၊ ပါးစပ် စတာတွေကို ကိုင်မိရာကလည်း ကူးစက်နိုင်ပါတယ်။ ယခုတစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားနေတဲ့ COVID19 ရောဂါဟာ လေထုထဲကလည်း ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ လေထုထဲက ကူးစက်နိုင်ခြေရှိတဲ့ တခြားရောဂါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ တုပ်ကွေး အအေးမိတုပ်ကွေးဖြစ်စေတဲ့ ရောဂါပိုးဟာ ကူးစက်လွယ်ပါတယ်။ ဒီနေ့ ကူးစက်မိပြီဆိုရင် နောက်တစ်ရက်မှာ နှာရည်ကျခြင်း၊ နှာမွှန်ခြင်း၊ ချောင်းဆိုးခြင်း စတာတွေကို ကြုံနိုင်ပါတယ်။ တစ်ခါတရံ ၄-၅ရက်လောက်ထိ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း