ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ကပ်ပါးပိုးကူးစက်ခြင်းအကြောင်း

ကပ်ပါးပိုးမွှားများဟာ သူတို့ရဲ့ ရပ်တည်ရေးအတွက် တခြားသက်ရှိတွေအပေါ်မှာ မှီခိုရှင်သန်နေကြပါတယ်။ ကပ်ပါးပိုးအချို့ဟာ သူတို့မှီခိုတဲ့ သက်ရှိတွေအပေါ် သိပ်ပြီး ဒုက္ခမပေးတတ်ပါဘူး။ ဝင်ရောက်နေမှန်းလည်း မသိသာပါဘူး။ ဒါပေမယ့် ကပ်ပါးပိုးမွှားအချို့ကတော့ သူတို့အိမ်ရှင်ခန္ဓာကိုယ်ထဲမှာ ထပ်မံပေါက်ပွားကြပြီး အရေးကြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများထဲထိ ထိုးဖောက်ဝင်ရောက်ပြီး ရောဂါဘယများ ဖြစ်ပွားစေတတ်ပါတယ်။ အဆိုပါ အခြေအနေကို ကပ်ပါးရောဂါပိုး ကူးစက်ခြင်း (Parasitic Infection) လို့ ခေါ်ဝေါ်ပါတယ်။ ကပ်ပါးရောဂါပိုး ကူးစက်ခြင်းဟာ အပူပိုင်းဒေသနဲ့ သမပိုင်းဒေသတွေမှာ ပိုမိုကြုံတွေ့ရပါတယ်။ ကပ်ပါးပိုးမွှားကြောင့်ဖြစ်တဲ့ အဆိုးဆုံးရောဂါတခုကတော့ ငှက်ဖျားရောဂါပဲ ဖြစ်ပါတယ်။ အသက်အန္တရာယ်ထိ ကြုံတွေ့နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ တခြားသော ကပ်ပါးကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကတော့ - Trichomoniasis - Giardiasis - Cryptosporidiosis - Toxoplasmosis စတာတွေ ဖြစ်ပါတယ်။ ကပ်ပါးပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ရောဂါလက္ခဏာတွေဟာ ရောဂါပိုးအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အဓိကအားဖြင့် တွေ့ရတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ ဝိတ်ချသင့်သလား

ကိုဗစ်ကာလ မှာ Stay homeကြောင့် အိမ်မှာနေနေရတာ လပိုင်းလောက်ရှိနေပါပြီ။ အိမ်မှာပဲနေ၊ အိမ်ကနေပဲ အလုပ်လုပ်ကြတာဆိုတော့ စားလိုက်၊ အိပ်လိုက်၊ ဖုန်းလေးသုံးလိုက်နဲ့ ကိုယ်အလေးချိန်လေးက မသိမသာလေး တက်တက်လာပါတယ်။ ဒါဆို ဝိတ်ချဖို့ စဉ်းစားသင့်နေပြီလား။ ကိုဗစ်ကူးစက်ခံရရင် အသက်အန္တရာယ်ရှိနိုင်တဲ့ အုပ်စုတွေထဲမှာ အဝလွန်တဲ့ သူတွေလည်း ပါနေတယ်ပြောတယ်။ ဒါဆို ဝိတ်ချသင့်တာပေါ့။ ဒါပေမယ့် ဝိတ်ချလိုက်လို့ ပိန်သွားရင် ရောဂါတွေ ဝင်လာမှာလား။ ဝိတ်ချလို့ အာဟာရပြတ်သွားပြီး ခုခံအားကျလာရင် ဘယ်လိုလုပ်မလဲ။ အင်း စဉ်းစားစရာတွေတော့ ဖြစ်ကုန်ပါပြီ။ ကိုဗစ်ကာလအတွင်းမှာ တကယ်ပဲ ဝလာကြသလား။ ကိုဗစ်ကာလမှာ အရင်ကထက် ပိုပြီး ဝလာတာကို Quarantine 15ရယ်လို့ လူမှုစာမျက်နှာတွေမှာ အပြောင်အပျက်သဘောအနေနဲ့တောင် တင်လာကြပါတယ်။ ဆိုလိုတာကတော့ တကယ်ပဲ ဝလာကြတာပါ။ ဘာကြောင့်များပါလိမ့်။ ပျင်းလာတာ - တစ်နေကုန် အိမ်ထဲမှာပဲနေ၊ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ခုနေ အနံ့ပျောက်ပြီဆိုတာနဲ့ အရင်ဆုံး စဉ်းစားမိတာက ကိုဗစ်ဖြစ်နေပြီဆိုတာလားပဲ။ ဒါတင်ပဲလားဆိုတော့ အနံ့ပျောက်ပြီးရင် ဘယ်တော့ အနံ့ပြန်ရမှာလည်းဆိုတာကလည်း ပြဿနာတစ်ခုပါပဲ။ တချို့ကလည်း ချက်ချင်းပြန်ရတယ်။ တချို့ကလည်း ဆေးရုံကတောင် ဆင်းလာပြီ။ အနံ့ပြန်မရသေးလို့ စိတ်သောကရောက်နေတာတွေလည်း ရှိပါတယ်။ အနံ့ခံတယ်ဆိုတာ အာရုံ၅ပါးမှာ တစ်ပါးအပါအဝင် ဖြစ်တာကြောင့် အနံ့ပျောက်သွားရင် ရှိပြီးသားစွမ်းရည်တစ်ခုဆုံးရှုံးသွားသလို ခံစားရမှာပါ။ ကြာလာရင် စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး စိတ်ရောဂါတွေပါ ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် အနံ့ပြန်ရနိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုပါတယ်။ အနံ့ပျောက်မှန်း ဘယ်လိုသိနိုင်မလဲ။ အများစုကတော့ ဟင်းချက်ရင်း အနံ့မရတော့ဘူးလို့ ဆိုကြပါတယ်။ ဒါဆိုရင်တော့ သိသာနေတော့ သိပ်ရှင်းစရာ မလိုပါဘူး။ တချို့က ရသလို မရသလို ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင်တော့ ဒီနည်းနဲ့ စမ်းကြည့်ပါ။ ဒါကြီးကို မလုပ်တတ်ပါဘူးဆိုရင်လည်း အိမ်မှာရှိတဲ့ အနံ့နည်းနည်း ပြင်းတဲ့ဟာ ( ဥပမာ - […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် antigen test kit တွေ ဘယ်သူတွေပဲ စစ်လို့ရလဲ။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါရှာဖွေရေးအတွက် test kitတွေကို ၂၉.၉.၂၀၂၀ထဲက စသုံးခဲ့ပါတယ်။ အဖြေမြန်မြန်ရတဲ့အတွက် လူနာများများပိုစစ်နိုင်ပြီး လူနာနဲ့ ထိတွေ့သူတွေကို မြန်မြန်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ အားသာချက်ပါ။ ဒါပေမယ့် လူတွေကြားမှာ ဒွိဟဖြစ်နေတာလေးတွေ ရှိပါတယ်။ ဒါဆို တစ်နိုင်ငံလုံးကို စစ်လိုက်ပါလားတို့၊ သူ့ကို့ ဒါနဲ့ စစ်ပေးပြီး ငါကျဘာလို့ ဒါနဲ့ စစ်လို့မရတာလဲ စသဖြင့် စိတ်ထဲမှာ အားမလို အားမရတွေ ဖြစ်နေမှာပါ။ ကိုဗစ် test kitက ကောင်းတယ်ဆိုပေမယ့် RT-PCRလို့ ခေါ်တဲ့ အရင်က စက်တွေနဲ့ စစ်တာကိုတော့ မမီပါဘူး။ သူ့မှာလည်း စွမ်းရည် အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် လူရွေးပြီး စစ်ရတာပါ။ ဘယ်သူတွေကို စစ်မလဲ။ ဘယ်အဖြေရရင် ဘာလုပ်မလဲဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတာရှိပါတယ်။ သူတို့ အောက်တိုဘာ ၂ရက်နေ့က ထုတ်ပြန်ထားတဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ကိုဗစ် ရဲ့ အဓိက လက္ခဏာတွေထဲမှာ ချောင်းဆိုးတာပါပါတယ်။ များသောအားဖြင့် ချောင်းခြောက်ဆိုးတာပေါ့။ ကိုဗစ်သံသယလူနာလို့ သတ်မှတ်တဲ့နေရာမှာလည်း ချောင်းဆိုးတဲ့လက္ခဏာပါနေပါတယ်။ ဆိုလိုတာက ခုချိန်မှာ လူတစ်ယောက်ဟာ အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ ချောင်းဆိုးနေမယ်ဆိုရင် ကိုဗစ်လို့ သံသယဖြစ်မှာပါ။ သင်သာဆိုလည်း ကိုယ်ကိုယ်တိုင် ဘာအကြောင်းမှမရှိဘဲ ချောင်းတွေ ရက်ဆက်ဆိုးနေပြီဆိုရင် ကိုယ့်ကိုယ်ကို ကိုဗစ်ဖြစ်နေပြီလားလို့ တွေးလိုက်မှာပါပဲ။ ဒါဆိုရင် သင်ဘာလုပ်မှာလဲ။ လက်ရှိလမ်းညွှန်ချက်တွေအရဆိုရင် နီးစပ်ကျန်းမာရေးဌာနတို့၊ ဖျားနာဆေးကုခန်းတို့ ၂၀၁၉တို့ HICA call centreတို့ကို အရင် ဖုန်းဆက်အကြောင်းကြားပြီး အကြံဉာဏ်တောင်းခံရမှာပါ။ ဆိုလိုတာက သင့်ကိုယ်တိုင် ဆေးရုံကိုသွားပြီး စစ်ဆေးမှုခံယူမယ်ဆို သင်ဘာနဲ့ သွားမှာလဲ။ ကိုယ်ပိုင်ကားရှိတဲ့သူက တစ်မျိုးပေါ့။ လက္ခဏာရှိနေလျက်နဲ့ အများသုံးယာဉ်လိုင်းတွေ၊ တက္ကစီတွေကို စီးသွားဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် အရင်အကြောင်းကြားခိုင်းရတာပါ။ သင့်အနေနဲ့ ဆေးရုံ၊ ဆေးခန်းလာဖို့ အဆင်မပြေဘူးဆိုရင် သူတို့အနေနဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

လည်ချောင်းနာတယ်ဆိုတာက ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပေမယ့် အတော်လေး ခံရက်တဲ့ ဝေဒနာတစ်ခုပါ။ နောက်ပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲမှာလည်း လည်ချောင်းနာတာက တစ်ခုအပါအဝင်ဖြစ်နေတော့ လည်ချောင်းနာဝေဒနာခံစားလာရပြီဆိုရင် ယုန်ထင်ကြောင်ထင်နဲ့ တွေးပူစရာပါ။ COVID-19 ဆိုတာက အသက်ရှှုလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးမို့ လည်ချောင်းနာဝေဒနာက သူ့ရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နေတာ သိပ်တော့ မထူးဆန်းလှပါဘူး။ လေ့လာချက်တွေအရဆိုရင် Positive လူနာ ၁၄% လောက်မှာ လည်ချောင်းနာတဲ့ လက္ခဏာတွေ ပြသခဲ့ကြပါတယ်တဲ့။ သေချာသိနားလည်ထားသင့်တာကတော့ လည်ချောင်းနာတာက COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲက တစ်ခုသာဖြစ်ပြီးတော့ လည်ချောင်းနာတိုင်း COVID-19 လို့ တထစ်ချမှတ်ယူလို့မရဘူးဆိုတာပါပဲ။ အအေးမိ၊ တုပ်ကွေးနဲ့ တခြားရောဂါတွေကြောင့် လည်ချောင်းနာတာမျိုးခံစားရနိုင်ပါတယ်။ တကယ်တမ်း ဒီလို လည်ချောင်းနာဝေဒနာမျိုး ခံစားလာရတယ်ဆိုရင် အိမ်တွင်းကုထုံးတွေနဲ့တင်ကုစားလို့ရနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို သက်သာလျော့ပါးစေနိုင်တဲ့ အိမ်တွင်းကုထုံးတွေကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာ သက်သာစေမယ့် အိမ်တွင်း ကုထုံးများ လည်ချောင်းနာတာကို သက်သာစေမယ့် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 Positive လူနာတစ်ယောက်က ဘယ်လိုနေထိုင် စားသောက်ရမလဲ

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်ဆေးမှုတွေကို သေသေချာချာလုပ်လာနိုင်တော့ လူနာတိုးနှုန်းကလည်း တစ်နေ့ကို ၁၀၀၀ ဝန်းကျင်အထိ ရှိလာပါတယ်။ ၁၁ရက်ကျော်ရင် ရောဂါမကူးနိုင်တော့တာကြောင့် ပိုးရှိရှိ မရှိရှိ လူနာတွေကို ဆေးရုံပေးဆင်းပြီး နေအိမ်မှာပဲ ဆက်ပြီး Quarantine လုပ်ခိုင်းထားတာကြောင့် မှာ ဘယ်လိုနေထိုင် စားသောက်ရမလဲဆိုတာက အရေးပါတဲ့ မေးခွန်းတစ်ခုဖြစ်လာနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နေအိမ်မှာနေရတယ်ဆိုပြီး နေချင်သလိုနေတာ၊ စားချင်သလိုစားတာတွေ ပြုလုပ်လို့မရပါဘူး။ သတ်မှတ်ချက်တွေနဲ့ ညီညွတ်စွာ နေထိုင်ဖို့ လိုအပ်သလို ကျန်းမာရေးနဲ့ကိုက်ညီစွာ စားသောက်ဖို့ကလည်း အထူးအရေးကြီးပါတယ်။ ကွာရန်တင်းဝင်တယ်ဆိုတာဟာ မိမိမှာ ပိုးမကူးအောင်၊ မိမိပတ်ဝန်းကျင်ကလူတွေကို ပိုးမကူးစက်အောင် ခေတ္တကာကွယ်နေထိုင်တာဖြစ်တာကြောင့် ကိုယ်တိုင်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ့်ကို ဂရုစိုက်ပြီး ကျန်းမာအောင်နေထိုင်မှ ကိုယ်လည်း ရောဂါကင်းရှင်းပြီး တခြားသူတွေကိုလည်း ကာကွယ်ပေးနိုင်မှာမို့ ကုသိုလ်လည်းရ ကိုယ်လည်းအကျိုးရှိတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ နေအိမ်မှာ Home Quarantine ဝင်သူတွေရဲ့ နေထိုင်၊ စားသောက်မှုပုံစံနဲ့ပတ်သက်ပြီး […]


ကိုရိုနာဗိုင်းရပ်စ်

COVAX ဖော်ဆောင်ပေးမယ့် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေးအိပ်မက်

ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ COVAX ဆိုတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်း မီဒီယာတွေမှာ ပိုမိုဖော်ပြလာကြပါတယ်။ သူတို့က COVID-19 ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းလက်ထဲရောက်အောင် ဖြန့်ဖြူးမယ်လို့ ဆိုထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ COVID-19 ရောဂါဆိုးရွားလာချိန်မှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့က အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ ဆေးဝါးထုတ်လုပ်နိုင်ရေးက နီးစပ်နေပြီဖြစ်ပေမယ့် တခြားစိန်ခေါ်မှုတွေက ဘေးမှာကပ်လျက်ပါလာခဲ့ပါတယ်။ COVID-19 ကပ်ဘေးကြီးစတင်ချိန်ကတည်းက တစ်ကမ္ဘာလုံးမှာ တစ်လကို အမေရိကန်ဒေါ်လာ ၅၃၇ ဘီလီယံလောက်ဆုံးရှုံးနစ်နာနေပါတယ်။ ဒီဒဏ်ကို ဆင်းရဲ့တဲ့တိုင်းပြည်တွေက ပိုခံစားကြရပါတယ်။ လက်ရှိစီးပွားရေးကဏ္ဍပြိုလဲမှုရဲ့နောက်ကွယ်မှာ ရောဂါကာကွယ်ဆေးကို လုံလောက်စွာဝယ်ယူနိုင်ခြင်းမရှိနိုင်လောက်အောင် အခြေအနေဆိုးရွားနေတဲ့တိုင်းပြည်တွေရှိလာနေတဲ့အခါ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းလိုအပ်လာပါတယ်။ ဒီအချိန်မှာ COVAX ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ COVAX ဆိုတာ ဘာလဲ COVAX ဆိုတာ COVID-19 Vaccines Global Access Facility ရဲ့ အတိုကောက်ပါ။ Access to COVID-19 […]


ကိုရိုနာဗိုင်းရပ်စ်

ဘိုးဘိုးဘွားဘွားတွေကို ကိုဗစ်ကာလမှာ ဒီလိုစောင့်ရှောက်ပေးပါ

ကိုဗစ်ကာလမှာ အန္တရာယ်အများဆုံး အုပ်စုကို ပြောပါဆိုရင် သက်ကြီးရွယ်အိုအုပ်စုပါပဲ။ ရောဂါကူးနိုင်ခြေရော၊ သေဆုံးနိုင်ခြေရော အများဆုံးပါပဲ။ ရောဂါအခံရှိရင် ပိုတောင်ဆိုးပါသေးတယ်။ အမေရိကန် CDCရဲ့ အဆိုအရ ကိုဗစ်ကြောင့် သေဆုံးသူ၁၀ယောက်မှာ ၈ယောက်က အသက်၆၅နှစ်အထက် လူကြီးတွေပါတဲ့။ နောက်ပြီး ခုလို ကပ်ရောဂါကာလမှာ အိမ်ထဲမှာပဲ အနေကြာလာတဲ့အခါကျတော့ သူတို့မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်ခံစားလာရတာလေးတွေ ရှိပါတယ်။ ဒါကြောင့်လည်း သူတို့ကို ပိုပြီးဂရုစိုက်ဖို့ ပြောတာပါ။ ဘိုးဘိုးဘွားဘွားတွေ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကို ဒီလို ဖြေရှင်းပေးပါ။ စိတ်ရှည်ပါ။ လူကြီးတွေက အစကတည်းက အသက်ကြီးလာရင် စိတ်ဓာတ်ကျလွယ်တာ သဘာဝပါ။ အရင်ကတော့ မနက်မိုးလင်း ရုံးသွား၊ ကျောင်းသွားကြတာကြောင့် အထီးကျန်တဲ့ ဝေဒနာခံစားရပါတယ်။ ခုလို ကိုဗစ်အချိန်မို့လို့ အားလုံးရှိနေကြပေမယ့်လည်း အိမ်မှာ ပိတ်မိနေတဲ့ ခံစားချက်မျိုးပါ။ ဒါကြောင့် […]


ကူးစက်ရောဂါများ

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

ကိုဗစ် ပထမလှိုင်းတုန်းက ဒီလောက် မဆိုးခဲ့ပေမယ့် ဒုတိယလှိုင်းကတော့ အတော်လေး ပြင်းထန်ပါတယ်။ ကူးစက်နှုန်း မြန်သလို အသေအပျောက်လည်း များလာပါတယ်။ ဒါပေမယ့် စောစောသိ စောစော ကုသရင်တော့ ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။ ရောဂါအခံ ရှိသူတွေ သက်ကြီးရွယ်အိုတွေကတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပေါ့။ တကယ်လို့ အမှတ်မထင် ပိုးရှိသူနဲ့ ထိတွေ့ခဲ့မိ ဆိုပါတော့။ သေချာတာက ထိတွေ့လူနာဖြစ်ခဲ့ရင် Q ဝင်ရမှာပဲလေ။ ဒီတော့ Q ဝင်တဲ့အခါ ဘာတွေ ယူသွားဖို့ လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။ မတော်တဆ Q ဝင်ရတဲ့အခါ ရောဂါပိုးရှိသူနဲ့ အမှတ်မထင် ထိတွေ့မှုကြောင့် Q ဝင်ရတော့မယ်ဆိုရင် အဝတ်အစား အဝတ်အစားဆိုတဲ့နေရာမှာ လှနေဖို့ သစ်လွင်နေဖို့ မလိုပါဘူး။ ဝတ်ရတာ သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား ပွပွချောင်ချောင်လေးတွေဆို ပို အဆင်ပြေပါတယ်။ ချည်သားက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း