ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

Covishield ကာကွယ်ဆေးနဲ့ အမေးများတဲ့မေးခွန်းများ

ကိုဗစ်ကာကွယ်ဆေးထိုးရတော့မယ်ဆိုတော့ လက်ရှိမြန်မာနိုင်ငံမှာ ထိုးရမှာက အိန္ဒိယနိုင်ငံ Serum instituteက ထုတ်တဲ့ Covishield ကာကွယ်ဆေးပါ။ အောက်စ်ဖို့ဒ်က AstreZenecaအတိုင်း ထုတ်ထားတဲ့ ကာကွယ်ဆေးပါ။ လတ်တလောမှာ ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေး ထိုးတယ်ဆိုပေမယ့် ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး ကိုယ့်အလှည့်ရောက်နိုင်တာကြောင့် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိချင်တာ၊ မေးချင်တာတွေ ရှိနေမှာပါ။ လတ်တလောမှာ Covishield ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြန်လည်ဖြေဆိုထားတာလေးတွေကို မျှဝေပေးသွားပါမယ်။ Covishield ကာကွယ်ဆေး နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ ဘယ်သူတွေကို အရင်ထိုးပေးမှာလဲ။ ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေး လူအုပ်စုအလိုက် ထိုးပေးသွားမှာပါ။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဗဟို/တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အစိုးရအဖွဲ့ဝင်များကို ခုပထမအသုတ်မှာ စပြီးထိုးပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လူအုပ်စုတွေကိုတော့ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး […]


ကိုရိုနာဗိုင်းရပ်စ်

Covishield ကာကွယ်ဆေး မထိုးခင် ကြိုသိထားသင့်တဲ့အချက်များ

မကြာခင်ရက်ပိုင်းအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး စထိုးပေးတော့မှာပါ။ ပြီးရင်တော့ စီစဉ်ထားတဲ့အတိုင်း ပြည်သူလူထုကိုဆက်ကာ ဆက်ကာ ထိုးပေးတော့မှာပါ။ မြန်မာနိုင်ငံမှာ ထိုးမယ့်ဆေးကတော့ အိန္ဒိယနိုင်ငံအခြေစိုက် Serum instituteက ထုတ်ထားတဲ့ Covishield ကာကွယ်ဆေး ပဲ ဖြစ်ပါတယ်။ သူက အောက်ဖို့ဒ်က ထုတ်တဲ့ AstraZenacaကာကွယ်ဆေးနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကို ထိုးရမှာဆိုတော့ ဆေးမထိုးခင်မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိထားရမယ့် အချက်တွေကို ပြောပြပေးပါ့မယ်။ Covishield ကာကွယ်ဆေး ကို ဘယ်သူတွေ ထိုးလို့ရလဲ။ ကပ်ရောဂါကာလမှာ အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုထားတာဖြစ်ပြီး အသက် ၁၈နှစ်နဲ့အထက်တွေကို ထိုးပေးနိုင်ပါတယ်။ အရေးပေါ်အသုံးပြုခွင့် ပေးထားတယ်ဆိုပေမယ့် ကာကွယ်ဆေး ထုတ်လုပ်ရေးမှာ လူပေါင်းများစွာပါဝင်ခဲ့ပြီး အဆင့်ဆင့်ကို အောင်အောင်မြင်မြင်  ဖြတ်ကျော်ပြီးမှသာ အရေးပေါ်အသုံးပြုခွင့်ရတာဖြစ်တဲ့အတွက် အထိုက်အလျောက် ဘေးကင်းမှု၊ စိတ်ချရမှုရှိပါတယ်။ Covishield ကာကွယ်ဆေး မထိုးခင် […]


ကူးစက်ရောဂါများ

မြန်မာနိုင်ငံမှာ ထိုးမယ့် Covishield ကိုဗစ်ကာကွယ်ဆေး အကြောင်း

မြန်မာနိုင်ငံမှာ ထိုးမယ့် Covishield ကိုဗစ်ကာကွယ်ဆေး အကြောင်း ဘာတွေသိထားသင့်သလဲ ဆိုတာနဲ့ ပတ်သတ်လို့ အတော်များများ စိတ်ဝင်စားနေကြတာမို့ အသေးစိတ်ပြောပြချင်ပါတယ်။ Covishield (ကိုဗစ်ရှီးလ်ဒ်) ဆိုတာ ဘာလဲ မြန်မာနိုင်ငံမှာ ထိုးမယ့် Covishield ကိုဗစ်ကာကွယ်ဆေး ဆိုတာ  အိန္ဒိယနိုင်ငံ Serum Institute က ထုတ်လုပ်တဲ့ COVID-19 ရောဂါကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒီဆေးကို အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်မှာ စတင်အသုံးချနေပြီဖြစ်သလို အိမ်နီးချင်းတိုင်းပြည်တွေဆီကိုလည်း ပို့ဆောင်ဖြန့်ချိနေပါပြီ။ မြန်မာနိုင်ငံဟာလည်း အိန္ဒိယနိုင်ငံထုတ် ဒီကာကွယ်ဆေးကို ဝယ်ယူထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီးတော့ ခုချိန်မှာဆိုရင်တော့ ကနဦးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ ဆေးဝါး အလုံးရေ ၁.၅ သန်း စတင်လက်ခံရရှိထားပါတယ်။ မြန်မာနိုင်ငံမှာ စတင်အသုံးချတော့မယ့် အဆိုပါဆေးဝါးအကြောင်းကို ကြိုတင်သိရှိထားသင့်တာလေးတွေ ရှိနေပါတယ်။ ဒီတော့ Covishield ကာကွယ်ဆေးအကြောင်းသိထားသင့်တာလေးတွေကို ပြောပြပါမယ်။ Covishield (ကိုဗစ်ရှီးလ်ဒ်) က ဘယ်လို ကာကွယ်ဆေးလဲ တကယ်တော့ Covishield […]


ကိုရိုနာဗိုင်းရပ်စ်

PCR က ကိုဗစ်ရောဂါကို ဘယ်လောက်တိတိကျကျ စစ်ပေးနိုင်လဲ။

ကိုဗစ်နဲ့ ပတ်သက်လာရရင် စစ်ဆေးတဲ့ နည်းက PCR လို့ ခေါ်တဲ့ တစ်ရက်နီးပါးလောက် နေမှ အဖြေထွက်တဲ့ စစ်ဆေးနည်းရယ်၊ Antigen testလို့ခေါ်တဲ့ ၁၅မိနစ်၊ နာရီဝက်လောက်နဲ့ ထွက်တဲ့ စစ်ဆေးနည်းရယ်၊ Antibody testလို့ ခေါ်တဲ့ အရင်က ရောဂါဖြစ်ဖူးသလားကို စစ်ဆေးနည်းရယ်ဆိုပြီး ရှိပါတယ်။ ဘယ်စစ်ဆေးနည်းကို ဘယ်မှာ သုံးလဲဆိုတာ ဒီမှာပြန်ဖတ်နိုင်ပါတယ်။ ခုပြောပြပေးမှာက ကိုဗစ်ရောဂါရှာဖွေတဲ့ နေရာမှာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ PCR စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။ PCR ဆိုတာ PCR ဆိုပေမယ့် ကိုဗစ်အတွက် တိတိကျကျ ပြောမယ်ဆိုရင် RT- PCRလို့ ခေါ်ပါတယ်။ Reverse transcriptase - Polymerase Chain Reaction ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်စေတဲ့ ဗိုင်းရပ်စ်က RNA ဗိုင်းရပ်စ် ဖြစ်တဲ့အတွက် DNAဖြစ်အောင် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ ကိုဗစ် ဖြစ်ပွားမှု တစ်နှစ်ကျော်လောက် ကြာပြီးတဲ့အခါ ဒီဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို ထုတ်လုပ်ခဲ့ပြီး ပထမဆုံး ထိုးနှံမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ Pfizer နဲ့ Moderna တို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက အရေးပေါ် အတည်ပြုမှုတွေ လုပ်ဆောင်ပေးခဲ့မှုနဲ့အတူ ကာကွယ်ဆေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သုတေသီတွေက ထိရောက်ပြီး စိတ်ချရမယ့် Covid-19 ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှုတွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နေပါတယ်။ ကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိလာမယ်ဆိုရင် ကမ္ဘာ့လူဦးရေ အားလုံးကို ကိုဗစ်ရန်ကနေ ပိုပြီးထိရောက်စွာနဲ့ ကာကွယ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်နေမှုနဲ့အတူ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ myths (ယုံတမ်းစကား)တွေ အများကြီးထွက်ပေါ်နေတာကိုလည်း တွေ့ရမှာပါ။ ဒီတော့ ကိုဗစ်ကာကွယ်ဆေး နဲ့ myths […]


ကူးစက်ရောဂါများ

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

အခုထိဆို ကိုဗစ်ရောဂါ ဖြစ်ပွားနေတာ တစ်နှစ်ကျော်လာ ခဲ့ပါပြီ။ ဒါပေမယ့် အခုထိ ကမ္ဘာ အရပ်ရပ်မှာ ကိုဗစ်က ဖြစ်ပွားနေဆဲ ဖြစ်သလို သေဆုံးမှုတွေကလည်း ရှိနေဆဲပါ။ ကိုဗစ် ဖြစ်ပွားနေမှုနဲ့အတူ ကိုဗစ်ကာကွယ်ဆေး အပါအဝင် ကိုဗစ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း အပတ်တကုပ် ရှာဖွေမှုတွေ လုပ်နေကြပါတယ်။ ဒီရှာဖွေမှုတွေ၊ ကြိုးပမ်းမှုတွေရဲ့ ရလဒ်အနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကလည်း ကမ္ဘာ့နိုင်ငံ အချို့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ စတင် ထိုးနှံမှုတွေကိုလည်း လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ ဒီတော့ လူတိုင်း သိချင်နေလောက်မယ့် ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွား ပါမယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကိုဗစ်ကို ကာကွယ်ဖို့အတွက် ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ..... ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း တုပ်ကွေးကာကွယ်ဆေး အပါအဝင် အခြားကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာလမှာ အမျိုးအစား(၂) ဆီးချိုခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုဂရုစိုက်မလဲ

ခုလိုကိုဗစ်ကာလမှာ အစိုးရိမ်ဆုံးဖြစ်မယ့်ကိစ္စက ကိုယ်ချစ်ရတဲ့သူတွေ မိဘ ဘိုးဘွားတွေကို ကိုဗစ်ကူးစက်မှာကိုဟုတ်။ ဒီသောကက မိဘတွေ ဘိုးဘွားတွေကို ချစ်တဲ့သူတိုင်းမှာ ခံစားရလေ့ရှိတဲ့ သောကပါ။ နဂိုကရောဂါအခံမရှိရင် တော်လေသေးတယ်။ ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေမှာ ဆီးချိုလိုမျိုး နာတာရှည် ရောဂါ တစ်ခုခု ခံစားနေရတယ်ဆိုရင် ဒီလို ကိုဗစ်ကာလမှာ ပူပန်မှုက ပုံမှန်ထက် ၂ ဆ မကပိုနေမှာပါ။ ဒီတော့ ကိုဗစ်ဖြစ်ပွားနေချိန်မှာ ဆီးချိုရောဂါ ခံစားနေရတဲ့ ချစ်ရတဲ့ မိဘဘိုးဘွားတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကိုဗစ် ဘယ်လောက်အထိ ပြင်းထန်လဲ။ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရတဲ့ ကိုဗစ်က ဘယ်လောက်ထိ ပြင်းထန်တယ်ဆိုတာ အထွေအထူးမရှင်းပြရင်တောင် အားလုံး သိရှိပြီးဖြစ်မှာပါ။ကိုဗစ်က ပုံမှန် ကျန်းမာနေသူကိုတောင် သေဆုံးသည်အထိ ဖြစ်စေနိုင်လောက်အောင် ပြင်းထန်ပါတယ်။ ကိုဗစ်​ကြောင့် ထိခိုက်နိုင်ခြေ အများဆုံး အုပ်စုရယ်လို့ […]


ကူးစက်ရောဂါများ

ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးနှံလို့ရလဲ၊ ဘယ်သူတွေ သတိထားရမလဲ

COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ကာကွယ်ဆေးတွေ အမျိုးအမည် အမျိုးမျိုးထွက်ပေါ်လာနေပြီဖြစ်သလို တစ်ဖက်မှာလည်း Super Strain လို့ နာမည်ကြီးလာနေတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးမျိုးစိတ်သစ်ကလည်း ပိုမိုသောင်းကျန်းလာနေပါတယ်။ ဒါကြောင့် ခုကာလမှာ တိုင်းပြည်တိုင်းနိုင်ငံတိုင်းက ကာကွယ်ဆေးထိုးနှံရေးကို အာရုံစိုက်လုပ်ကိုင်နေကြပြီး လူတိုင်းကလည်း ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ မျှော်လင့်တောင့်တနေကြတာပါ။ ဒီလိုအခြေအနေမျိုးမှာ ကာကွယ်ဆေးတွေက တရားဝင်ခွင့်ပြုချက်မျိုးရရှိထားကြတာမဟုတ်ပဲ ယာယီအရေးပေါ်အသုံးပြုခွင့်သာ ရရှိထားသေးတာကတစ်ကြောင်း ပုံမှန်ကာကွယ်ဆေးတွေကို နှစ်နဲ့ချီပြီး အချိန်ယူစမ်းသပ်ဖို့လိုအပ်ပေမယ့် အခြေအနေအရ COVID-19 ကာကွယ်ဆေးတွေကိုတော့ ကာလတိုစမ်းသပ်မှုသာ ပြုလုပ်ပြီး ထုတ်လုပ်လာကြတာကတစ်ကြောင်း စသဖြင့် အခြေအနေတွေကြောင့် လူတိုင်းနဲ့ အဆင်ပြေနိုင်ပါမလားလို့လည်း စိုးရိမ်နေရပြန်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေက ဓာတ်မတည့်မှုတွေဖြစ်နိုင်တယ်ဆိုတာကိုလည်း လူတွေသိလာကြပြီမို့ စိုးရိမ်မှုတွေ ပိုတိုးပွားလာတာ မဆန်းလှပါဘူး။ ဒါကြောင့်လည်း ကာကွယ်ဆေးထိုးနှံရာမှာ ဘယ်သူတွေ ထိုးနှံနိုင်ပြီး ဘယ်သူတွေမှာတော့ အန္တရာယ်များတယ်ဆိုတာကို  ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောပြပေးချင်ပါတယ်။ ဘယ်သူတွေ ကာကွယ်ဆေးထိုးနှံနိုင်သလဲ WHO […]


ကူးစက်ရောဂါများ

COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား

COVID-19 ရောဂါ ပိုးဟာ မတူကွဲပြားတဲ့ မျိုးစိတ်တွေရှိလာသလို ခြားနားတဲ့ လက္ခဏာသစ်တွေလည်း ပြသလာတာမို့ လေ့လာမှုတွေ ထပ်မံပြုလုပ်ခဲ့ကြရာမှာ နောက်ထပ် ထူးခြားတဲ့ တွေ့ရှိမှုတစ်ရပ်ကို သိလာရပါတယ်။ ဒါကတော့ SARS-CoV-2 ဆိုတဲ့ ကိုဗစ်ပိုးဟာ ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်တယ် ဆိုတာပါပဲ။ COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား ဘယ်လောက်အထိတိုက်ခိုက်နိုင်လဲ တခြားဘယ်နေရာတွေကို ထိခိုက်နိုင်သေးလဲဆိုတာကို ထပ်မံလေ့လာနေကြဆဲလည်းဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်တဲ့ COVID-19 ရောဂါကို တွန်းလှန်ဖို့ နိုင်ငံတိုင်းက ကြိုးပမ်းနေကြပါတယ်။ ရောဂါက အသစ်အဆန်းဖြစ်နေတာမို့ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ထုတ်လုပ်ရာမှာ အခက်အခဲတွေနဲ့ ကြံ့ကြာမှုတွေကတော့ အတိုင်းအတာတစ်ခုမက ကြုံဆုံနေရတာပေါ့။ ဒါကြောင့် ကမ္ဘာတစ်လွှားမှာ ဒီရောဂါရဲ့ သဘောသဘာဝနဲ့ ကုသနိုင်မယ့်နည်းလမ်းတွေကို အင်တိုက်အားတိုက် သုတေသနပြုနေကြတာပါ။ ဒီသုတေသနရလဒ်တွေကြောင့်ပဲ ရောဂါကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေ ဖော်ထုတ်လာနိုင်တာဖြစ်ပါတယ်။ လက်တလောမှာတော့ COVID-19 […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

အင်းဆက် တွေက သင့်ကို ဘာရောဂါပေးနိုင်သလဲ။

အင်းဆက် တွေက ကိုက်တာ ဒါမှမဟုတ် သင်စားမယ့်အစားအစာတွေမှာ နားလိုက်ပြီး သင့်ကို ရောဂါပေါင်းစုံပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အင်းဆက်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ အများကြီး ရှိပါတယ်။ ဘယ်အင်းဆက်တွေက ဘာရောဂါတွေ ပေးနိုင်သလဲဆိုတာ ရှင်းပြပေးပါမယ်။ ဘယ် အင်းစက် တွေကနေ ဘာရောဂါတွေ ကူးနိုင်သလဲ။ ခြင် - ခြင်အမျိုးအစားပေါင်းသုံကနေ ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ ဥပမာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက်ရောဂါ၊ ဆင်တုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ယင် - ယင်ကောင်တွေကနေတော့ ဝမ်းပျက်ဝမ်းလျှာရောဂါ ဖြစ်စေနိုင်ပါတယ်။ Tick - Lyme ရောဂါ ကမျဉ်းနီကောင် - Scrub typhus အင်းဆက် က ကူးနိုင်တဲ့ အဖြစ်များတဲ့ ရောဂါများ သွေးလွန်တုပ်ကွေး Flaviဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး အေးဒီးစ်ခြင်မ ကိုက်ရာကနေ  ကူးစက်ခံရပါတယ်။ အသက်အရွယ်မရွေး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း