ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

အစားအသောက်မှကူးစက်သောရောဂါများ

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

WHO အဆိုအရတော့ အစားအသောက်တွေမှာပါတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးကောင်တွေ၊ ဓာတုပစ္စည်းတွေကြောင့် ရောဂါပေါင်း ၂၀၀လောက် ဖြစ်နိုင်ပါတယ်တဲ့။ အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ဆိုတာ နဂိုအစားအသောက်မှာ ပါလာတဲ့ ပိုးတွေ အပြင် အစားအသောက်ထုတ်လုပ်ချိန်ကစလို့ နောက်ဆုံးစားသောက်တဲ့အချိန်အထိ ကြားထဲက အဆင့်တွေမှာ ပိုးတွေပါလာတာကို ဆိုလိုပါတယ်။ ဒီရောဂါတွေက သင်ထင်တာထက် ပိုများသလို ပိုလည်းဆိုးပါတယ်။ ဥပမာ ပြောရရင် စစချင်း အစားအသောက်တွေကို ရတဲ့ မြေထု၊ ရေထုကစလို့ အစားအသောက်ကို သိုလှောင်သိမ်းဆည်းပုံမမှန်လို့၊ ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းမှု အားနည်းလို့ ပိုးတွေပါလာနိုင်ပါတယ်။ အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က ဝမ်းပျက်ဝမ်းလျှောအပါအဝင် ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း လက္ခဏာတွေ မဟုတ်ဘဲ အာရုံကြောစနစ်၊ မျိုးပွားစနစ်နဲ့ ခုခံအားကို ထိခိုက်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် […]


လေထဲမှတဆင့် ကူးစက်သော ရောဂါများ

လေထဲကနေ ကူးစက်နိုင်တဲ့ ရောဂါများ

ရောဂါကူးစက်နည်းတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုး ကြားဖူးမှာပါ။ လိင်ကတဆင့် ကူးစက်တာတို့၊ ထိတွေ့ရုံနဲ့ ကူးစက်တာတို့၊ သွေးကနေကူးစက်တာတို့ စသဖြင့်င့် နည်းလမ်းပေါင်းစုံရှိပါတယ်။ ဒီထဲမှာ လေထဲကနေ ကူးစက်တယ်ဆိုတာလည်း ရှိပါတယ်။ ရောဂါပိုးရှိတဲ့သူတစ်ယောက်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးမယ်၊ စကားပြောမယ်ဆိုရင် ပါးစပ်နဲ့ လည်ချောင်းထဲက အမှုန်အမွှားတွေ လေထဲကို ရောက်သွားနိုင်ပါတယ်။ ဒါတွေနဲ့အတူ ပါလာတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေက လေထဲမှာ အချိန်တစ်ခုကြာအောင် ရှိနေနိုင်ပါတယ်။ မျက်နှာပြင်ပေါ်ကို ကျသွားပြီး ပစ္စည်းတွေမှာ ကပ်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ တစ်ယောက်ယောက်က ပိုးရှိတဲ့ လေကို ရှူသွင်းမိမယ် ဒါမှမဟုတ် ပိုးရှိတဲ့ ပစ္စည်းတွေကို ကိုင်ပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတာတွေကို ပွတ်သပ်မိမယ်ဆိုရင် ပိုးတွေက ကိုယ်ထဲကို ဝင်သွားနိုင်ပါတယ်။ လေထဲက ကူးစက်တဲ့ ရောဂါတွေဟာ အကူးလွယ်တာကြောင့် ကိုင်တွယ်ရခက်ပါတယ်။ မြန်မာနိုင်ငံမှာ […]


ကူးစက်ရောဂါများ

COVID-19 ကာကွယ်ဆေးက တတိယလှိုင်းကို တားဆီးနိုင်ပါ့မလား

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူအရေအတွက်က ဆက်တိုက်ကျဆင်းလာနေပါတယ်။ ယခုရက်တွေမှာဆိုရင် ပျမ်းမျှအားဖြင့် ရောဂါပိုး စစ်ဆေးခံရသူအရေအတွက်ရဲ့ ၅% အောက် ပမာဏမှာသာ Positive လူနာတွေ တွေ့ရတော့တာမို့ အခြေအနေတိုးတက်လာနေပြီလို့ဆိုရမှာပါ။ ဒါပေမယ့် ဒီလိုအချိန်မျိုးနဲ့တိုက်ဆိုင်စွာ နိုင်ငံတကာမှာ ဗီဇကွဲမျိုးစိတ်သစ်တစ်ခု ထပ်မံပေါ်ထွက်လာတာမို့ တစ်ကမ္ဘာလုံးမှာ တတိယလှိုင်းဆိုတဲ့ စကားစုက ခေတ်စားလာနေပါတယ်။ မျိုးစိတ်သစ်ဟာ ကူးစက်နိုင်စွမ်းမြန်ဆန်သလို ကာကွယ်တားဆီးနိုင်စွမ်း မရှိလိုက်ခင်မှာတင် ကမ္ဘာအနှံ့က တိုင်းပြည်တစ်ချို့ဆီကို ရောက်ရှိသွားတာပါ။ အိမ်နီးချင်းထိုင်းနိုင်ငံတွေမှာ ဒီရောဂါပိုးတွေ့ရှိသူတွေရှိလာနေပြီမို့ မြန်မာနိုင်ငံထံကိုလည်း မကြာခင်မှာ ဝင်ရောက်မလာဘူးလို့ ပြောမရတဲ့အခြေအနေပါ။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနဲ့က နယ်နိမိချင်းထိစပ်မှုရှည်လျားပြီး ကုန်သွယ်ရေးနဲ့ ရွှေ့ပြောင်းလုပ်သားကိစ္စတွေကြောင့် နေ့စဉ်ဝင်ထွက်သွားလာမှုတွေ မပြတ်ရှိနေတဲ့ အခြေအနေမျိုးကလည်း ရှိနေတယ်မဟုတ်လား။ တကယ်လို့ COVID-19 မျိုးစိတ်သစ်သာ ပြည်တွင်းကိုရောက်ရှိလာမယ်ဆိုရင် စည်းကမ်းပိုင်းလျော့ရဲနေပြီဖြစ်တဲ့ ခုလိုကာလမျိုးမှာ တတိယလှိုင်းဖြစ်လာနိုင်ခြေက သိပ်ကိုမြင့်မားသွားမှာပါ။ ဒီအခြေအနေမှာ လူတိုင်းက မျှော်လင့်နေကြတာကတော့ […]


ကူးစက်ရောဂါများ

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကမ္ဘာကြီးဟာ COVID-19 ကပ်ဘေးကို ရင်ဆိုင်နေရတာ ၁ နှစ်ကျော်လွန်လာခဲ့ပါပြီ။ ရောဂါကပ်ဘေးကြောင့် လူသန်းပေါင်းမြောက်များစွာရဲ့ ဘဝတွေ ထိခိုက်ပျက်စီးခဲ့ရသလို ကမ္ဘာတစ်လွှား စီးပွားရေး လူမှုရေး ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် အခက်အခဲပေါင်းမြောက်များစွာကို ရင်ဆိုင်ခဲ့ကြရတာပါ။ ဒီလိုရင်ဆိုင်ခဲ့ကြရတဲ့ အခက်အခဲတွေ၊ ရောဂါအန္တရာယ်ဘေးတွေကြောင့် COVID-19 နဲ့ နောက်ဆက်တွဲဘေးဆိုးတစ်ခုကလည်း အရိပ်ပမာ ကပ်တွယ်လာပါတော့တယ်။ ဒီကပ်ဘေးကိုတော့ စိတ်ကျန်းမာရေးကပ်ဘေးလို့ ဆိုကြပါတယ်။ COVID-19 ရောဂါ ကာကွယ်ရေးအတွက် နေအိမ်တွေကနေ အပြင်မထွက်ပဲ လနဲ့ချီနေထိုင်ခဲ့ရတဲ့ လူတွေဟာ အထီးကျန်မှုတွေ၊ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေ၊ ပူပင်သောကတွေနဲ့ ဝမ်းနည်းကြောက်ရွံ့စိတ်တွေ တိုးပွားလာနေကြပြီး အမျိုးမျိုးအသွယ်သွယ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ထိခိုက်ခံစားနေကြရပါတယ်။ ရောဂါဆိုးကြီးကြောင့် ထိခိုက်ခံရသူ လူ သန်း ၈၈ သန်းနီးပါးသာရှိသေးပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရသူတွေကတော့ ရေတွက်လို့ မရနိုင်လောက်အောင်ပါပဲ။   လူငယ်တွေ ပိုခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းလား ကိုဗစ်အကျပ်အတည်းမှာ စိတ်ပိုင်းဆိုင်ရာ […]


ကူးစက်ရောဂါများ

သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား

တစ်နှစ်သား ကိုဗစ်ကို သည်းခံနိုင်စွမ်းကုန်ဆုံးလာတာနဲ့အမျှ တတ်နိုင်သမျှ ကာကွယ်ဆေးတွေ ကုသဆေးတွေကို စမ်းသပ်ထုတ်လုပ်လာကြပါတယ်။ အစဉ်အလာအရဆိုရင် ဆေးတစ်ခုတီထွင်တာပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးတစ်ခု စမ်းသပ်တာပဲ ဖြစ်ဖြစ် ဆယ်စုနှစ် တစ်ခုစာလောက်ကြာအောင် လေ့လာရတာ မှန်ပေမယ့် ကိုဗစ်ကတော့ ခြွင်းချက် တော်ရုံဘေးကင်းတယ်၊ သုံးလို့ရတယ်ဆိုရင် အရေးပေါ်အသုံးပြုခွင့်တွေ ပေးနေရပါတယ်။ ကပ်ရောဂါပေကိုး။ ဒါကြောင့် ကိုဗစ်နဲ့ ပတ်သက်လာရင် ဘယ်နိုင်ငံက ဘာကာကွယ်ဆေးတွေ ထွင်နေပြီ၊ ဘာဆေးတွေ ဖော်နေပြီဆိုတာ နေ့စဉ်နဲ့အမျှ ကြားနေရမှာပါ။ တစ်ခုပဲ သတိထားရမှာက ဒီဆေးတွေက ဘယ်လောက်ထိ စမ်းသပ်ထားပြီး ဘယ်လောက်ထိ အန္တရာယ်ကင်းသလဲဆိုတာပါပဲ။ ငကန်းကြားက ငစွေကို ရွေးထုတ်နေရသလိုပါပဲ။ ခုလည်း ကိုဗစ်ကုသဆေးကို မြန်မာနိုင်ငံမှာထုတ်နိုင်တယ်ဆိုတာ ဘာကို ပြောတာလဲ။ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား ဝေခွဲမရဖြစ်နေသူများအတွက် ရှင်းရှင်းလင်းလင်း သိရအောင် Favipiravirဆိုတဲ့ ဆေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ Favipiravir […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ့်ဘေးကလူတွေမှာ COVID ပိုးမရှိနိုင်ဘူးလို့ ဘာလို့ စိတ်ချလက်ချ ယုံကြည်နေတာလဲ

COVID-19 ကပ်ဘေးကြီးက မပြီးဆုံးသေးပါဘူး။ ပြည်တွင်းမှာ ပိုးကူးစက်နှုန်းကျဆင်းလာသလို နိုင်ငံတကာမှာလည်း ကာကွယ်ဆေးတွေပေါ်ထွက်လာတာမို့ စိတ်ပူပန်မှု အတန်ငယ်လျော့လာနေကြပါတယ်။ ဒါပေမယ့် တဖက်မှာလည်း မျိုးဗီဇဆင့်ကဲပြောင်းလဲကာ ပိုမိုပြင်းထန်တဲ့ မျိုးစိတ်သစ်တွေ ပေါ်ထွက်လာနေသလို ကမ္ဘာတစ်ဝှမ်း ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းကလည်း လျော့ပါးကျဆင်းလာတာမျိုး မရှိသေးပါဘူး။ ပိုဆိုးတာကတော့ ထွက်ပေါ်လာတဲ့ ကာကွယ်ဆေးတွေရဲ့ တန်ကြေးက မြင့်မားတာမို့ ကမ္ဘာတစ်ဝှမ်းကို လုံလုံလောက်လောက်ဖြန့်ချိနိုင်ဖို့ ၄ နှစ်လောက်အထိ အချိန်ယူရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ။ ဒီလိုအခြေအနေမျိုးဖြစ်ပေမယ့် ပြည်တွင်းကလူတွေအကြားမှာတော့ စည်းကမ်းလိုက်နာမှုပိုင်း အားလျော့လာတာတွေကို သိသိသာသာမြင်တွေ့လာနေရပါတယ်။ လုပ်ငန်းတွေ အတန်အသင့်ပြန်ဖွင့်လာတာမို့ ရုံးတက်ရုံးဆင်း လုပ်ကိုင်သွားလာနေရတာမျိုးတွေ ရှိလာသလို ဒီအတိုင်း အပျော်သဘော အပြင်ထွက် နေကြသူတွေလည်း မနည်းမနောပါပဲ။ လက်ရှိအချိန်မှာက အပြင်ပြန်ထွက်တာ၊ Mask မတပ်တာတွေ၊ Social Distancing မလုပ်တော့တာတွေနဲ့ ပြန်လည်အသားကျနေကြပြီလို့ ဆိုရမယ့်အချိန်ပါ။ အားလုံးက ပုံမှန်အခြေအနေတစ်ရပ်လို […]


ကူးစက်ရောဂါများ

ကိုဗစ်ကြောင့် ဗီတာမင်ဒီကို နာမည်မပျက်စေလို . . .

ကိုဗစ်ကာလမှာ ဗီတာမင် ဒီနဲ့ ပတ်သက်ပြီး လူတော်တော်များများက သတိထားမိလာကြပါတယ်။ သတိထားမိရုံတင် မဟုတ်၊ လူမြင်တာနဲ့ ဗီတာမင်ဒီသောက်ရမလားဆိုတာပါ ခဏခဏအမေးခံရပါတယ်။ တကယ်က ကိုဗစ်မဖြစ်ခင်ကတည်းက ဗီတာမင်ဒီကို သူ့နေရာနဲ့သူ လိုအပ်တယ်ဆိုရင် ပေးပြီးသားပါပဲ။ ဗီတာမင်ဒီက သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ဗီတာမင်တစ်မျိုးပါ။ နည်းနည်းလောက် လေ့လာကြည့်ရအောင်။ ဗီတာမင်ဒီဆိုတာ ဗီတာမင်ဒီဆိုတာ တကယ်တော့ misnomer နာမည်မှားပေးတာပါတဲ့။ တကယ်တော့ သူက ဟော်မုန်းနွယ်ဝင် ပစ္စည်းလေးပါ။ ထားပါတော့ ။ ဗီတာမင်ဆိုလည်း ဗီတာမင်ပေါ့။ ဗီတာမင်မှာမှ သူက အဆီမှာပျော်တဲ့ ဗီတာမင်ပါ။ ရှူးရှူးပေါက်ပြီး အပြင်ထုတ်လို့ မရတဲ့ ဗီတာမင်ပေါ့။  ဗီတာမင်တွေထဲမှာတော့ သူက စူပါစတားပါပဲ။ ဘာကြောင့်လည်းဆိုတော့ အရိုးတွေ သန်မာဖို့ ဗီတာမင်ဒီ လိုတယ်လေ။ အရိုးမှာ ရှိတဲ့ ကယ်လ်ဆီယမ်ဆိုတာ ဗီတာမင်ဒီကို မှီခိုနေရတာကိုး။ ဒါကတော့ ဘယ်သူ့မေးမေး […]


ကူးစက်ရောဂါများ

ဘယ် ကိုဗစ်ကာကွယ်ဆေးက အစွမ်းအထက်ဆုံးလဲ

COVID-19 ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ကြိုးပမ်းနေကြတဲ့ လူသားတွေရဲ့ ကြိုးပမ်းမှုတွေထဲမှာ ပထမဆုံးသော အောင်မြင်မှုက ကာကွယ်ဆေးဖန်တီးနိုင်လာတာဖြစ်ပါတယ်။ ကုသဆေးမဖော်ထုတ်နိုင်သေးခင်စပ်ကြားမှာ COVID-19 ကာကွယ်ဆေးတွေဟာ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်မယ့် အဓိက အမယ်တစ်မျိုးဖြစ်လာပါတယ်။ ကာကွယ်ဆေးထွက်ပေါ်လာဖို့ လနဲ့ချီစောင့်ဆိုင်းခဲ့ရပေမယ့် ခုချိန်မှာတော့ စိတ်ချရတဲ့ ကာကွယ်ဆေးတွေပေါ်ထွက်လာနေပြီဖြစ်သလို လူသားတွေမှာ ထိုးနှံမှုတွေစတင်နေတဲ့ အမျိုးအစားတွေလည်း ရှိလာနေပါပြီ။ လက်ရှိမှာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးသစ်နဲ့ Moderna ရဲ့ ကာကွယ်ဆေးသစ်တွေဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ရလဒ်ကောင်းတွေ ထွက်ရှိခဲ့သလို ဘေးထွက်ဆိုးကျိုးလည်း နည်းပါးခဲ့တာမို့ FDA ရဲ့ အရေးပေါ်အသုံးပြုခွင့် ခွင့်ပြုချက်ရရှိခဲ့ကြပါတယ်။ အဆိုပါဆေးဝါး ၂ မျိုးလည်း အပြင် တရုတ်ကုမ္ပဏီ Sinovac ရဲ့ ဆေးဝါးဟာဆိုရင်လည်း အာဆီယံဒေသတွင်းနိုင်ငံတချို့ဆီကိုစတင်ဖြန့်ချိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် AstraZeneca-Oxford ၊ Johnson & Johnson ၊ […]


ကူးစက်ရောဂါများ

အာဆီယံတိုင်းပြည်တွေ ဖန်တီးတဲ့ COVID-19 ကာကွယ်ဆေးထွက်ပေါ်လာတော့မလား

ခုအချိန်ကာလမှာ COVID-19 ကာကွယ်ဆေး ဖန်တီးထုတ်လုပ်ရေးဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အရှိန်ရလာနေတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ နည်းပညာဖွံ့ဖြိုးပြီး ငွေကြေးဓနကြွယ်ဝတဲ့ တိုင်းပြည်ကြီးတွေမှာ COVID-19 ကာကွယ်ဆေးတွေ အလျှိုအလျှိုထွက်ပေါ်လာနေပြီဖြစ်သလို တချို့မဖန်တီးနိုင်တဲ့ တိုင်းပြည်တွေကလည်း အင်နဲ့အားနဲ့ ဝယ်ယူနေကြပါတယ်။ ကာကွယ်ဆေးတွေ စတင် ထွက်ပေါ်လာနေပြီဖြစ်ပေမယ့် လုံလောက်တဲ့ပမာဏမျိုး ထုတ်လုပ်နိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမှာဖြစ်သလို မလုံလောက်သေးတာကြောင့် ဆေးဝါးတန်ကြေးကလည်း ဈေးနှုန်းမြင့်မားနေပါတယယ်။ ဒါကြောင့် ကာကွယ်ဆေးကို အင်အားကြီးတိုင်းပြည်တွေသာ ဦးစွာပထမ အလုံးအရင်းနဲ့ဝယ်ယူမှုတွေရှိလာပြီး ကာကွယ်ဆေးထိုးနှံမှုတွေကိုလည်း အဆိုပါတိုင်းပြည်ကြီးတွေသာ ပြုလုပ်နိုင်သေးပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးကို အလျှင်အမြန်တွန်းလှန်ဖို့နဲ့ ကာကွယ်ဆေးကို လုံလုံလောက်လောက် ပမာဏမျိုး လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းရှာဖွေမှုတွေ ပြုလုပ်လာကြရပြီဖြစ်ပါတယ်။ ဒီလို နည်းလမ်းရှာဖွေလာကြတဲ့တိုင်းပြည်တွေထဲမှာ အာဆီယံတိုင်းပြည်တွေလည်း ပါဝင်နေပါတယ်။ မြန်မာနိုင်ငံပါဝင်နေတဲ့ အာဆီယံအဖွဲ့ကြီးလက်အောက်က နိုင်ငံ ၁၂ နိုင်ငံ (အဖွဲ့ဝင် ၁၀ နိုင်ငံ + လေ့လာသူ ၂ […]


ကိုရိုနာဗိုင်းရပ်စ်

၂၀၂၁ မှာ ဆင်းရဲနွမ်းပါးတိုင်းပြည်များ၏ လူဦးရေ ၁၀% သာ COVID-19 ကာကွယ်ဆေးရမည်

ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းကျန်းမာရေးအဖွဲ့အစည်းတွေကတော့ COVID-19 ကာကွယ်ဆေးရရှိရေးကိစ္စဟာ အကျပ်အတည်းတစ်ခုဖြစ်လာဖို့ ရှိနေတယ်လို့ သတိပေးစကားဆိုလိုက်ကြပြီဖြစ်ပါတယ်။ Amnesty International၊ Global Justice Now၊ Free the Vaccine၊ the Yunus Centre၊ Frontline AIDS၊ Oxfam၊ SumOfUs၊ UNAIDS စတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းတွေ စုစည်းထားတဲ့ Vaccine Alliance က အဆိုပါသတိပေးချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ COVID-19 ကပ်ဘေးဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတစ်ခုဖြစ်နေသလို ကာကွယ်ဆေးဖြန့့်ချိရေးအပိုင်းဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာဖို့ရှိနေတယ်လို့ သတိပေးလိုက်တာပါ။ ကမ္ဘာတစ်ဝှမ်းက ဝင်ငွေနည်းပါးတဲ့တိုင်းပြည်တွေနဲ့ ဝင်ငွေအလယ်အလတ် တိုင်းပြည်တွေက လူဦးရေ ၉၀% လောက်ဟာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ ကာကွယ်ဆေးရနိုင်ဖွယ်မရှိဘူးလို့ သိထားရပါတယ်။  ဒါ့အပြင် အဆိုပါဒေသတွေမှာ ကာကွယ်ဆေးလုံလုံလောက်လောက်ရရှိဖို့ဆိုရင် ၂၀၂၄ ခုနှစ်အထိ စောင့်ဆိုင်းရလိမ့်မယ်လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း