ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

မှောက်နေရင် ဘာကြောင့် အောက်စီဂျင် တက်လာတာလဲ

အောက်စီဂျင်ကျနေတဲ့ ကိုဗစ်လူနာကို ပြောနေကျစကားက 'မှောက်အိပ်ပါ၊ မှောက်အိပ်ပါ'ဆိုတာပါပဲ။ အောက်စီဂျင် တက်ဆေးဆိုပြီး စျေးကွက်ထဲမှာ မဟုတ်တဲ့ဆေးတွေ လျှောက်ထိုး လျှောက်သောက်နေပေမယ့် တကယ့်ဆေးနည်းက ကိုယ့်အနီးလေးတင်မှာပါ။ စျေးပေါလို့ တန်ဖိုးမထားတာပဲလားမသိ။ အောက်စီဂျင်ကျနေတဲ့ လူနာကို မှောက်ခိုင်းရင် သိပ်မကြိုက်ချင်ကြပါဘူး။ ကိုဗစ်လူနာတွေ မှောက်အိပ်ရင် ဘာဖြစ်သလဲ။ အဆုတ်က ရင်ခေါင်းထဲမှာ တြိဂံပုံ အပေါ်ရှူး အောက်ကျယ် ပုံစံပါ။ အဲ့ဒါကိုမှ နောက်ကျောဘက်မှာ အဆုတ်ထုထည်က ပိုများပါတယ်။ မှောက်အိပ်တဲ့အခါကျတော့ အဆုတ်တစ်ခုလုံးကို လေတွေ ညီညီညာညာရောက်သွားပါတယ်။ ပုံမှန်အသက်ရှူနေရင် အားမပါလို့ အဆုတ်အတွင်းပိုင်း အားလုံးကို လေကောင်းကောင်း မရောက်ပါဘူး။ ကိုဗစ်လူနာတွေကတော့ အောက်စီဂျင်ကျတဲ့အတွက် အဆုတ်ထဲကို နေရာလပ်မကျန် အကုန်ရောက်လေရောက်ဖို့ လိုပါတယ်။ မှောက်အိပ်တဲ့အတွက် အဆုတ်ထုများတဲ့ ကျောဘက်ကို ဖိအားနည်းသွားတာကြောင့် လေပိုရောက်ပါတယ်။ ကျောဘက်က အဆုတ်မှာ သွေးကြောတွေလည်း များတဲ့အတွက် […]


သွေးလွန်တုပ်ကွေး

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ နောက်ထပ် ကျန်းမာရေးပြဿနာတစ်ခု

ကပ်ဘေးကာလမှာ မေ့မထားသင့်တဲ့ အရာ ခုကာလမှာ ကိုဗစ်ဒဏ်နဲ့ အခြားသော ဖိစီးမှုတွေကြောင့် လူတော်တော်များများဟာ စိတ်ရောကိုယ်ပါ ပင်ပန်းနေကြပြီဖြစ်ပါတယ်။ ဒီလိုပင်ပန်းမှုတွေ များနေလို့ ကိုယ်တွေက သတိလက်လွတ်ဖြစ်နေပေမယ့် ကိုယ်တွေကို ဒုက္ခပေးဖို့ စောင့်ဆိုင်းနေတဲ့ အန္တရာယ်တွေကတော့ အလစ်အငိုက်ကို စောင့်ဆိုင်းနေကြတာပါ။ အခုတလော ကြားမိကောင်း ကြာမိနိုင်ပါတယ်။ ဒါကတော့ ကလေးတွေကစလို့ အရွယ်တိုင်းနီးပါးကို ထိခိုက်စေတဲ့ သွေးလွန်တုပ်ကွေးဆိုတဲ့ အန္တရာယ်ဆိုးပါ။ ဒီရောဂါဆိုးကြောင့် ကလေးအတော်များများ နာမကျန်းဖြစ်ကြရပါတယ်။ သွေးလွန်တုပ်ကွေး မိုးရာသီမှ ဖြစ်တာ မဟုတ်ဘူးလား........ သွေးလွန်တုပ်ကွေးက မိုးရာသီမှ ဖြစ်မယ်လို့ တထစ်ချ ယုံကြည်လို့ မရပါဘူး။ မိုးရာသီမှာ အဖြစ်များတာပါ။ အခုလို ကာလမှာလည်း သွေးလွန်တုပ်ကွေးတွေ ဖြစ်နေပါတယ်။ ဒီတော့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ သွေးလွန်းတုပ်ကွေးက ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်လို့ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ ကပ်ဘေးကာလမှာ […]


ကိုရိုနာဗိုင်းရပ်စ်

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

COVID-19 ရောဂါကပ်ဘေးဟာ ပြည်တွင်းမှာတော့ အရှိန်အနည်းငယ်ကျဆင်းလာနေပြီဆိုပေမယ့် လုံးလုံးအဆင်ပြေ ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ခုကာလတွေမှာလည်း သတိထားပြီးနေထိုင်ဖို့ လိုအပ်နေပါသေးတယ်။ အခြေအနေအမျိုးမျိုးကြောင့် လူစုလူဝေးအကြားမှာ သွားရလာရ ပါဝင်ပတ်သက်ရဖို့ရှိလာရင် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ခုကာလဟာ ကပ်ဘေးကာလဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လူစုလူဝေးတွေနဲ့ ပတ်သက်ဆက်နွယ်ရတဲ့ အခြေအနေတွေရှိနေပါတယ်။ ဒီလို လူစုလူဝေးတွေအကြားမှာ ကိုယ်တိုင်ပါဝင်နေရင် ဒါမှမဟုတ် သွားရင်းလာရင်း လူစုလူဝေးအကြားဖြတ်သန်းသွားရတော့မယ်ဆိုရင် ရောဂါပိုးမကူးစက်အောင် သတိထားဖို့ လိုအပ်ပါတယ်။ ရောဂါပိုးဟာ လေထုထဲကနေတဆင့် ပြန့်နှံ့နိုင်သလို လူအချင်းချင်းထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လူစုလူဝေးနဲ့ ထိတွေ့ပတ်သက်နေရမယ်ဆိုရင် ရောဂါပိုးကူးစက်နိုင်ခြေဟာ အလွန်မြင့်မားနေမှာပါ။ ရောဂါပိုးရှိနေတယ်ဆိုတာကို မြင်ရုံနဲ့ မသိနိုင်တာကြောင့်ပါ။ ပုံမှန်အားဖြင့်တော့ ကိုဗစ်ကာလမှာ လူစုလူဝေးပြုလုပ်မှုတွေကို အဆင့် ၄ ဆင့်ခွဲခြား သတ်မှတ်ထားပါတယ်။ အဆင့် ၁ ဖြစ်တဲ့ အွန်လိုင်းစုဝေးမှုတွေ၊ Virtual […]


ကိုရိုနာဗိုင်းရပ်စ်

သတိ ကိုဗစ်ရှိသေးသည်

လက်ရှိကာလမှာတော့ COVID-19 ရောဂါအပေါ် လူထုရဲ့ အာရုံစူးစိုက်မှုက အတန်ငယ်လျော့ကျလာသယောင် ရှိနေပါတယ်။ ကာကွယ်ဆေးစတင်ရောက်ရှိလာတာ၊ တိုင်းပြည်အတွင်းမှာ အပြောင်းအလဲတွေဖြစ်ပေါ်နေတာ၊ စားဝတ်နေရေးအတွက် စီမံဖို့ ပိုမိုလိုအပ်လာတာတွေကြောင့် ရောဂါကပ်ဘေးအပေါ် အတန်ငယ် အာရုံမရောက် ဖြစ်လာကြပါတယ်။ တကယ်တော့ ကပ်ဘေးဟာ မပြီးသေးသလို ' ကိုဗစ်ရှိသေးသည် ' လို့ ဆိုရဦးမှာပါ။ လက်ရှိအချိန်အထိ ကမ္ဘာတစ်လွှားမှာ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရသူကြောင်း ၁၀၅ သန်းအထိ ရောက်ရှိနေပြီဖြစ်သလို အသက်ဆုံးရှုံးသွားသူအရေအတွက်ကလည်း ၂ သန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း နေ့စဉ်ကူးစက်လူနာ ရာနဲ့ချီတိုးတက်နေသေးသလို သေဆုံးလူနာလည်း ဆယ်ဂဏန်းဝန်းကျင်ရှိနေဆဲပါ။ မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေးဝယ်ယူထားပေမယ့် လက်တလောမှာ လှူဒါန်းထားတဲ့ ကာကွယ်ဆေးတွေသာရောက်ရှိသေးပြီး ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေ ရောက်လာဖို့ကတော့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ မူလအတိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း ဘယ်လိုဆက်စပ်နေလဲ ဖတ်ကြည့်ရအောင်နော် ..။ မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ခဲ့တာ တစ်နှစ်နီးပါးကာလရှိလာပြီဖြစ်ပြီး ဒီကနေ့မှာတော့ ကကွယ်ဆး ထိုးနှံမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနှံတဲ့ ကာကွယ်ဆေး အမျိုးအစားက  အိန္ဒိယနိုင်ငံ Serum instituteက ထုတ်တဲ့ Covishield ကာကွယ်ဆေးပါ။ အောက်ဖို့ဒ်က AstreZenecaအတိုင်း ထုတ်ထားတဲ့ ကာကွယ်ဆေးပါ။ ဒီကာကွယ်ဆေးကို ထိုးနှံတဲ့အခါ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးလိုပဲ အရက်ရှောင်ဖို့ လိုမလားဆိုတာကို ဆောင်းပါးလေးမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။ ရုရှား ကာကွယ်ဆေးထိုးရင် ဘာကြောင့် အရက်ရှောင်ဖို့ လိုတာလဲ။ ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က စမ်းသပ်ထုတ်လုပ်ထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်vectorကနေ […]


ကိုရိုနာဗိုင်းရပ်စ်

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

Covishield ကာကွယ်ဆေးတွေ စထိုးနေပြီဆိုတော့ (ထိုးတဲ့သူတွေကလည်း ထိုးပြီးပြီဆိုတော့) တချို့တွေက ကာကွယ်ဆေးထိုးပြီးတဲ့ အတွေ့အကြုံတွေကို ပြောပြကြပါတယ်။ ဖျားတယ်၊ ကိုက်တယ် စသဖြင့်ပေါ့။ တချို့ကလည်း ဒီလို ဘေးထွက်ဆိုးကျိုး တွေ  ခံစားရရင် နောက်တစ်ခါထပ်ထိုးလို့ ဖြစ်ပါ့မလား။ ဒါ ဓာတ်မတည့်တာ မဟုတ်ဘူးလားဆိုပြီး ပြောကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးကြောင့် ဘယ်လို ဘေးထွက်ဆိုးကျိုး တွေ ခံစားနိုင်သလဲ။ လက်ရှိထိုးနေတဲ့ Covishieldနဲ့ ပတ်သက်ပြီး Serum instituteက ထုတ်ပြန်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ၁၀ယောက်မှာ ၁ယောက်ထက်ပိုပြီး ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ ဆေးထိုးထားတဲ့နေရာမှာ ပူတာ၊ နီတာ၊ နာတာ၊ ရောင်ရမ်းတာ မအီမသာဖြစ်တာ နုံးတာ ခေါင်းကိုက်တာ ချမ်းပြီး ဖျားချင်သလိုဖြစ်တာ ကိုယ်လက်ကိုက်တာ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ ဆေးထိုးတဲ့နေရာမှာ မာပြီး ဖုနေတာ ဖျားတာ အန်တာ […]


ကိုရိုနာဗိုင်းရပ်စ်

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

ကာကွယ်ဆေးတွေက စထိုးနေပြီဆိုတော့ မကြာခင် ကိုယ့်အလှည့် ဒါမှမဟုတ် ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်အလှည့် ရောက်လာမှာပါ။ ကာကွယ်ဆေးထိုးဖို့လည်း စာရင်းဝင်တယ်။ တခြားဓာတ်မတည့်တာ ဘာညာလည်း မရှိဘူး။ တစ်ခုပဲ။ အပ်ကြောက် တယ်။ အပ်မြင်တာနဲ့ကို နေစရာမရှိအောင် ကြောက်လာတာ။ ဘယ်လောက်ပဲ ပုရွက်ဆိတ်ကိုက်သလောက်ပဲ နာတာပါပြောပြော အဲ့ဒီအပ်ကြီး စိုက်ဝင်နေတာကို မကြည့်နိုင်တာ။ ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးကလည်း ရတုန်းလေးထိုးရမှာ။ ကိုယ့်ဟာကိုယ်ထိုးဆို ဘယ်နားသွားဝယ်ရမလဲတောင် မသိ။ မြန်မြန်ထိုးမှ ကိုယ့်ကိုယ်ရော၊ သူများကိုပါ ကာကွယ်နိုင်ပြီး ဒီကပ်ရောဂါကြီးပြီးမှာဆိုတော့ ထိုးကလည်း ထိုးချင်၊ ကြောက်ကလည်းကြောက်။ ဒီလို ဝေခွဲမရဖြစ်နေပြီဆိုရင်တော့ ဒီဆောင်းပါးက သင့်ကို ကူညီနိုင်မှာပါ။ အပ်ကြောက် တယ်ဆိုတာ ရောဂါလား။ အပ်ကြောက် တယ်ဆိုတာကို Trypanophobiaလို့ ခေါ်ပြီး ကြောက်စိတ်တစ်မျိုးလို့ လက်ခံထားကြပါတယ်။ အမြင့်ကြောက်တာ၊ အလုံပိတ်အခန်းတွေ ကြောက်တာလိုမျိုး ကြောက်စိတ်တစ်ခုပါပဲ။ အထူးသဖြင့် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ကိုဗစ်ကာကွယ်ဆေး ထိုးမယ့်သူတွေကို ကျန်းမာရေး မေးခွန်းလေးတွေ မေးတဲ့အခါ အရင်က ဓာတ်မတည့်တဲ့ ပြဿနာရှိသလားဆိုတာ ပါပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူနာတွေက ဓာတ်မတည့်ရင် လုံးဝမထိုးရဘူးလားဆိုတာလည်း မေးကြသလို၊ ဆေးထိုးပြီးမှ ဓာတ်မတည့်ရင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း မေးကြပါတယ်။ ဓာတ်မတည့်ခြင်း က ဒီလောက်ကြောက်ဖို့ကောင်းလား။ ဓာတ်မတည့်ခြင်း ဆိုသည်မှာ ဓာတ်မတည့်ဘူးဆိုတာက တစ်ယောက်ခြင်းစီရဲ့ ခုခံအားနဲ့ ဆိုင်တဲ့ ပြဿနာပါ။ ဒီဆေးပဲ ထိုးတယ်၊ သောက်တယ်။ သူကမတည့်ဘူး။ ကိုယ်က တည့်တယ် ဒီလိုမျိုးပါ။ ဓာတ်မတည့်ခြင်းဆိုတာက ဘာနဲ့မဆို ဖြစ်နိုင်ပါတယ်။ ဆေးဝါးတွေ၊ အစားအစာတွေ၊ ရှူသွင်းမိတဲ့ အမှုန်အမွှားတွေ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တချို့ကလည်း ကိုယ်နဲ့ ဘာမတည့်တာလည်း ဆိုတာ သိကြပါတယ်။ တချို့ကလည်း မသိကြပါဘူး။ ဓာတ်မတည့်ခြင်း ခံစားရပြီဆိုရင် လူနာက အကောင်းကြီးကနေ ရုတ်တရက် အသက်ရှူကျပ်လာတာ၊ […]


ကိုရိုနာဗိုင်းရပ်စ်

ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

ဗြိတိန်၊ တောင်အာဖရိက၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်နဲ့ ဂျပန်တို့မှာ သက်ဆိုင်ရာ တိုင်းပြည်အလိုက် ဗီဇပြောင်း COVID-19 မျိုးစိတ်သစ်တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေစတင်ပြီး ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဗီဇပြောင်း မျိုးစိတ်သစ်တွေထဲမှာ ကာကွယ်ဆေးမတိုး တဲ့ အမျိုးအစားတစ်ချို့လည်း ပါဝင်လာပါတယ်။ COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ်ကို ပထမဆုံးစတင်နိုင်ခဲ့တဲ့ ဗြိတိန်မှာ မျိုးစိတ်သစ်တစ်မျိုး စတင် ပေါ်ပေါက်လာပြီးတဲ့နောက်မှာ နောက်ထပ်မျိုးစိတ်သစ်တွေအကြောင်းတွေကို ဆက်တိုက် ကြားသိလာနေရတာပါ။ အစောပိုင်းတုန်းက စတင်ပေါ်ထွက်လာတဲ့ COVID-19 ရဲ့ ဆင့်ကဲမျိုးဗီဇပုံစံနဲ့ မျိုးစိတ်သစ်တွေကို လက်ရှိထွက်ပေါ်နေတဲ့ ကာကွယ်ဆေးတွေနဲ့ ကာကွယ်လို့ရပါတယ်။ ဒါပေမယ့် ဘရာဇီးလ်နိုင်ငံမှာ ထွက်ပေါ်လာတဲ့ မျိုးစိတ်သစ်ကတော့ ကူးစက်နှုန်းလျင်မြန်လှပါတယ်ဆိုတဲ့ ဗြိတိန်မျိုးစိတ်သစ်ထက် ပိုမိုလျှင်မြန်တဲ့ နှုန်းနဲ့ ကူးစက်နိုင်ပြီး တချို့စမ်းသပ်မှုတွေအရ ကာကွယ်ဆေးမတိုး ဘူး လို့လည်း သိလာရပါတယ်။ ဘရာဇီးလ်မျိုးစိတ်သစ်ရဲ့ သတင်းဟာ ကမ္ဘာတစ်ဝှမ်းက […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ။

ကိုဗစ်ကာကွယ်ဆေး တွေကို အုပ်စုခွဲပြီး စထိုးနေပြီဆိုတော့ မကြာခင် ကိုယ့်အလှည့်ရောက်လာတော့မှာပါ။ ကိုယ့်အလှည့်မဟုတ်တောင် အိမ်က လူကြီးတွေကတော့ ဦးစားပေး လူအုပ်စုမှာ ပါနိုင်တဲ့အတွက် သူတို့အရင်ထိုးရမှာပါ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေကလည်း ကြားထားတော့ ကာကွယ်ဆေးထိုးဖို့ ကြောက်နေတာတွေ၊ ထိုးချင်ပေမယ့် စိုးရိမ်နေတာတွေ ရှိမှာပါ။ ကာကွယ်ဆေးထိုးတဲ့အခါ အန္တရာယ်ကင်းအောင်၊ အဆင်ပြေအောင် မထိုးခင်နဲ့ ထိုးပြီးမှာ ဘာတွေ လိုက်နာကြရမလဲဆိုတာ ပြောပြပေးပါ့မယ်။ ကိုဗစ်ကာကွယ်ဆေး မထိုးခင်မှာ ကိုယ်က ကာကွယ်ဆေး ထိုးဖို့ အဆင်ပြေတဲ့သူလားဆိုတာ ကိုယ်ပြနေကျဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ ဆရာဝန်ကို ပြောပြသင့်တာက - ကိုယ်က လက်ရှိမှာ ကိုဗစ်ရောဂါအတည်ပြုခြင်း ခံထားရသူလား၊ သံသယလူနာလားနဲ့ ရောဂါဖြစ်ပြီး ၁၄ရက် မကျော်သေးဘူးလား။ -လက်ရှိမှာ ကိုဗစ်လက္ခဏာခံစားနေရတာလား (ဖျားခြင်း၊ ရုတ်တရက် အနံ့ပျောက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း) -နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်လား။ (အမေရိကန် CDCရဲ့ အဆိုအရတော့ Pfizerကာကွယ်ဆေးရော၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း