နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးရောဂါ

သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ (Hypertensive Heart Disease)

သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ (Hypertensive Heart Disease) ဆိုတာ သွေးပေါင်ချိန် မြင့်တက်လာပြီး နှလုံးကို ထိခိုက်စေတဲ့ပြဿနာ မှန်သမျှကို ဆိုလိုပါတယ်။ သွေးပေါင်ချိန် တက်နေချိန်မှာ နှလုံးဟာ ပိုမိုအားစိုက်ပြီး အလုပ်လုပ်ရပါတယ်။ နှလုံးကြွက်သားများ မာလာခြင်း၊ နှလုံးအမောဖောက်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။ သွေးတိုးခြင်းကြောင့် နှလုံးထိခိုက်ပုံ ယေဘုယျအားဖြင့် သွေးပေါင်ချိန် မြင့်တက်နေရင် နှလုံးသွေးကြောများနဲ့ နှလုံးကြွက်သားများကို ထိခိုက်လာနိုင်ပါတယ်။ သွေးလွှတ်ကြောများကျဉ်းမြောင်းလာခြင်း နှလုံးသွေးလွှတ်ကြောများဟာ သွေးတွေကို နှလုံးကြွက်သားတွေဆီ ရောက်အောင် ပို့ဆောင်ပေးပါတယ်။ သွေးပေါင်ချိန်မြင့်တက်လာရင် သွေးကြောတွေကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားတွေဆီ သွေးရောက်တာနည်းလာပါလိမ့်မယ်။ ဒီအခြေအနေကို နှလုံးသွေးကြောရောဂါလို့ ခေါ်ဝေါ်ပါတယ်။ ဒီရောဂါဖြစ်ပွားရင် နှလုံးဟာ ပုံမှန်လုပ်ငန်းတွေ မလုပ်ဆောင်နိုင်တော့ဘဲ ကျန်တဲ့အင်္ဂါအစိတ်အပိုင်းတွေဆီကိုလည်း သွေးပို့ဆောင်တာ အားနည်းသွားပါတယ်။ ကျဉ်းမြောင်းသွားတဲ့ သွေးကြောတွေနေရာမှာ သွေးခဲပိတ်ဆို့ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးဆီသွေးရောက်တာ ရပ်တန့်သွားနိုင်ပါတယ်။ နှလုံးကြွက်သားများ ကြီးမားလာခြင်း သွေးတိုးခြင်းကြောင့် နှလုံးကနေ သွေးကို […]


နှလုံးရောဂါ

မနားတမ်း လုပ်နေရတဲ့ သင့်နှလုံးနဲ့ အဆုတ်ကျန်းမာစေဖို့

သင့်ခန္ဓာကိုယ်မှာရှိတဲ့ နှလုံးနဲ့ အဆုတ် ဆိုတာ အသက်ရှင်ဖို့ အရေးပါတဲ့ အင်္ဂါရပ်တွေပဲ ဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှားသွားလာဖို့၊ ကျန်းကျန်းမာမာနဲ့ အသက်ရှင်ဖို့ဆိုရင် ဒီနှလုံးလေးနဲ့ အဆုတ်လေး ကျန်းမာနေမှ ရမှာပါ။ ဒါကြောင့် သင့်အနေနဲ့ မရပ်မနား အလုပ်လုပ်နေတဲ့ နှလုံးလေးနဲ့ အဆုတ်လေး ကျန်းမာဖို့ အောက်က နည်းလမ်းတွေကို လိုက်နာကြပါနော်။ မနားတမ်း လုပ်နေရတဲ့ သင့်နှလုံးနဲ့ အဆုတ်ကျန်းမာစေဖို့ မနားတမ်း လုပ်နေရတဲ့ သင့်နှလုံးနဲ့ အဆုတ်ကျန်းမာစေဖို့ အတွက် အစားအသောက် ဂရုစိုက်ပါ။ ကြာရှည်ခံအစားအစာတွေ၊ အသင့်စားအစားအစာတွေကို ရှောင်ပြီး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြင်ဆင်ထားတာတွေကို စားပါ။ အာဟာရပြည့်ဝအောင် စားပါ။ ကိုလက်စထရော များတာတွေ၊ ပြည့်ဝဆီများတာတွေကို ရှောင်ပါ။ ဆားတွေ၊ အချိုမှုန့်တွေ လျှော့စားပါ။ ဒီအစားအစာတွေက သွေးတွင်းအဆီများတာ၊ သွေးပေါင်ချိန်တက်တာတွေ ဖြစ်တတ်လို့ ရေရှည်မှာ နှလုံးထိခိုက်လာနိုင်ပါတယ်။ ဒါဆို နှလုံးနဲ့ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

ခြေထောက်မှာ ရှိတဲ့ သွေးပြန်ကြောတွေဟာ နှလုံးဆီကို သွေးပြန်ပို့လွှတ်ပေးရပါတယ်။ အဲဒီ ခြေထောက်သွေးပြန်ကြောတွေရဲ့ တစ်ဖက်ပွင့် အဆို့ရှင်တွေက ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ ခြေထောက်က နှလုံးဆီ သွေးပြန်ပို့ဖို့ ခက်ခဲလာပြီး နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ  (chronic venous insufficiency) ဖြစ်လာပါတယ်။ နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ဘာတွေ ခံစားရနိုင်လဲ ဒီလိုကနေ သွေးပြန်ကြောထဲမှာ သွေးတွေ စုလာပြီး ကြာလာတာနဲ့အမျှ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ အရေပြားပေါ် အပြောင်းအလဲလက္ခဏာတွေ ဖြစ်လာစေတော့တာပါပဲ။ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ရှိတဲ့သူတွေဟာ ခြေထောက်မှာ - ဖောရောင် သို့မဟုတ် လေးလံလာတယ် (အထူးသဖြင့် ခြေထောက်အောက်ပိုင်း နဲ့ ခြေကျင်းဝတ်) နာကျင်မယ်၊ ကိုက်ခဲမယ် ယားယံလာမယ် အရေပြားခြောက်သွေ့လာမယ် သွေးကြောထုံးတာတွေ ဖြစ်လာမယ် (အရေပြားမှာ ရှုပ်ထွေးတဲ့ သွေးကြောလေးတွေ မြင်သာလာတယ်) အရေပြား အရောင်ပြောင်းတာတွေ ဖြစ်လာမယ်။ ထိုက်သင့်တဲ့ […]


နှလုံးကြွက်သားရောဂါများ

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy)

အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) ဆိုတာဟာ အရက်ကို ကာလရှည်ကြာ စွဲသောက်ခြင်းကြောင့် နှလုံးကြွက်သားများကို ထိခိုက်ပျက်စီးလာစေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်ပါများတဲ့အခါ နှလုံးကြွက်သားများဟာ ပါးလွှာပြီး အားနည်းလာပါတယ်။ အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) အဆိုပါအခြေအနေမှာ သွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ သွေးများကို နှလုံးထဲကနေ မညှစ်ထုတ်နိုင်တဲ့အခါ ကိုယ်ခန္ဓာရဲ့ အရေးကြီးနေရာတွေကို သွေးမရောက်တော့တာကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) ဟာ အမျိုးသားတွေမှာဖြစ်တာများပြီး အသက် ၃၅ ကနေ ၅၀ ကြား အရွယ်တွေမှာ တွေ့ရများတယ်လို့ စစ်တမ်းတစောင်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရက်ကို ၅နှစ်ကနေ ၁၅နှစ်လောက်အထိ စွဲမြဲလွန်ကျူးစွာ သောက်သုံးလာသူတွေမှာ တွေ့ရတတ်ပါတယ်။ အရက်ကို တစ်နေ့တာ […]


နှလုံးရောဂါ

နှလုံးအမြှေးပါး ရေဝင်ခြင်း (Pericardial effusion) ဆိုတာ

အဆုတ်ထဲရေဝင်တယ်တို့၊ အဆုတ်ရေဝိုင်းတယ်တို့ဆိုတာ ကြားဖူးကြမှာပါ။ ဒီလိုပဲ နှလုံးမှာလည်း ရေဝင်တတ်ပါတယ်။ အတိအကျပြောရရင်တော့ နှလုံးအမြှေးပါးမှာ ရေဝင်တာပေါ့။ ခန္ဓာကိုယ်ရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေမှာ အပေါ်ကနေ အမြှေးပါးလေးနဲ့ အုပ်ထားတတ်ပါတယ်။ ဥပမာ နှလုံးတို့ အဆုတ်တို့ပေါ့။ ရောဂါတစ်ခုခု ဖြစ်တဲ့အခါ ဒီအမြှေးပါးနဲ့ ကိုယ်တွင်းအင်္ဂါတွေကြားမှာ ရေဝင်လာတတ်ပါတယ်။ ခုနှလုံးမှာဆို နှလုံးရေဝင်တယ်လို့ ခေါ်တာပေါ့။ နှလုံးအတွင်းထဲကို ရေဝင်တာမျိုး မဟုတ်ဘဲ နှလုံးနဲ့ အမြှေးပါး ကြားထဲမှာ ရေဝင်နေတာပါ။ နှလုံးအမြှေးပါး ရေဝင်ရင် ဘာတွေ ခံစားရမှာလဲ။ လက္ခဏာက ရေဘယ်လောက်ဝင်လဲပေါ် မူတည်ပါတယ်။ ရေနည်းရင် တချို့မှာ လက္ခဏာတောင် မပြတတ်ပါဘူး။ ရေများလာရင်တော့ မောတာ၊ အသက်ရှူကြပ်တာ လှဲလိုက်ရင် ပိုမောတာ ရင်ဘတ်အောင့်တာ (များသောအားဖြင့် နှလုံးရှိတဲ့ ဘယ်ဘက်ခြမ်းက ပိုအောင့်ပါတယ်။) ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ဖြစ်နေတာ ဝမ်းဗိုက်နဲ့ ခြေထောက်တွေ […]


နှလုံးကြွက်သားရောဂါများ

နှလုံးကြွက်သားရောင်ရမ်းတဲ့အခါ

နှလုံးဆိုတာလည်း ကြွက်သားတစ်ခုပါပဲ။ ဒါပေမယ့် သူ့မှာ အလွှာသုံးလွှာပါပါတယ်။ အပြင်ဘက်ဆုံးက နှလုံးအမြှေးပါးရယ်၊ အလယ်က ကြွက်သားရယ်၊ အတွင်းသားလေးရယ်ပေါ့။ ဒီသုံးလွှာလုံးက အကြောင်းအမျိုးမျိုးကြောင့် ရောင်ရမ်းတတ်ပါတယ်။ ဒီထဲမှာ နှလုံးကြွက်သားရောင်တာကို အရင်ပြောပြပေးပါမယ်။ နှလုံးကြွက်သားရောင်တာ အရေးကြီးလား။ နှလုံးဖြစ်တဲ့ ရောဂါမို့လို့ အရေးမကြီးလို့ ငြင်းလို့မရပါဘူး။ နှလုံးကြွက်သားရောင်တာက နောက်ဆက်တွဲအနေနဲ့ နှလုံးပျက်စီးတတ်ပါတယ်။ နှလုံးက သွေးအလုံအလောက်ညှစ်ဖို့ဆိုရင် ကြွက်သားအားကောင်းရပါတယ်။ ကြွက်သားရောင်နေမှတော့ နှလုံးလည်း ကောင်းကောင်း မညှစ်နိုင်တော့ပါဘူး။ နှလုံးမှာ နှလုံးသွေးကြောလေးတွေ ရှိပါတယ်။ သူလည်း အလုပ်လုပ်ဖို့ သွေးလိုတာပေါ့။ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်လို့ နှလုံးသွေးကြောဆီကို သွေးမရောက်ရင် နှလုံးကြွက်သားရောင်ရာကနေ နှလုံးကြွက်သားပုပ်သွားတတ်ပါတယ်။ လူအများကြောက်ကြတဲ့ heart attackဆိုတာမျိုး ဖြစ်လာမှာပါ။ လေဖြတ်တာ သွေးဆိုတာ အိုင်လာရင် ခဲတတ်တဲ့ သဘောရှိပါတယ်။ ကောင်းကောင်းမညှစ်ထားတဲ့အခါ သွေးတွေက နှလုံးခန်းထဲမှာ အိုင်နေပြီး သွေးခဲလေးတွေ ဖြစ်လာတတ်ပါတယ်။ ဒီသွေးခဲလေးတွေက […]


နှလုံးသွေးကြောကျဉ်းရောဂါများ

သင်လုံးဝထင်မထားတဲ့ နှလုံးသွေးကြောပိတ် လက္ခဏာများ

ရုပ်ရှင်ထဲမှာ တစ်ယောက်ယောက်က ရင်ဘတ်အောင့်တယ် အောင့်တယ် ပြောပြီး လဲကျသွားရင် သင်သိလိုက်ပြီ။ ဟာ ဒီလူတော့ နှလုံးသွေးကြောပိတ်နေပြီဆိုပြီး။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ဆိုတော့ ထွေထွေထူးထူး  ရှင်းပြနေစရာ မလိုပါဘူး။ ဒါပေမယ့် သွေးကြောကျဉ်းတိုင်း ရင်ဘတ်အောင့်ရမယ်လို့ မအေးအေးဝင်းက မစီစဉ်ထားလေတော့ တခြား ထင်မထားတဲ့ လက္ခဏာတွေနဲ့ လာနိုင်ပါတယ်။ သင်လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်တဲ့ လက္ခဏာတွေပေါ့။ အမေရိကန်မှာ စက္ကန့်၄၀ကို တစ်ယောက်နှုန်းနဲ့ နှလုံးသွေးကြောပိတ်နေကြပါတယ်။ ဒီထဲကမှ ၅ယောက်မှာ ၁ယောက်က ဘာလက္ခဏာမှ မပြဘဲ အထဲမှာ ကျိတ်ပြီး နှလုံးသွေးကြောပိတ်နေတာတဲ့။ နှလုံးရောဂါနဲ့ မဆီမဆိုင် လက္ခဏာတွေ ပြပြီး နောက်ဆုံးမှာ နှလုံးရောဂါဖြစ်နေတာကို အသက်ကြီးတဲ့ လူတွေမှာ အတွေ့ရများပါတယ်။ နောက်ပြီး ဆီးချိုရှိတဲ့ လူတွေပေါ့။ ဒါကြောင့် အိမ်မှာ လူကြီး တစ်ယောက်ယောက် ဒီလက္ခဏာတွေ ပြောလာခဲ့ရင် […]


နှလုံးရောဂါ

နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

နှလုံး ဆိုတာ ကြွက်သား တစ်မျိုးလို့ ဆိုကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲက အရေးပါတဲ့အစိတ်အပိုင်းတစ်ခုသာမက ကြွက်သားတစ်မျိုးလည်းဖြစ်တယ်ပေါ့။ လူတိုင်းက နှလုံးရောဂါဖြစ်မှာကို မလိုလားကြပါဘူး။ ဒီရောဂါက ကမ္ဘာပေါ်မှာ လူအများဆုံးသေဆုံးစေတဲ့ရောဂါတွေထဲက တစ်ခုဖြစ်တယ်မဟုတ်လား။ နှလုံးရောဂါကိုတားဆီးနိုင်ဖို့ Heart Attack မဖြစ်စေဖို့ လူတိုင်းအလိုရှိကြပေမယ့် တကယ်တမ်းမှာတော့ ကာကွယ်တားဆီးမှုတွေကို စနစ်တကျလုပ်နိုင်ကြတာမျိုးကတော့ နည်းပါတယ်။ အများစုကတော့ အစားအသောက်ကို ရွေးချယ်မှီဝဲပြီး နှလုံးရောဂါကို ကာကွယ်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အဆင်ပြေနေတယ်တော့မဟုတ်ဘူးလေ။ အစားအသောက်ဆိုတာမျိုးက အမြဲတမ်း ရွေးချယ်မှီဝဲဖြစ်နေတာမှမဟုတ်တာ။ ဒါကြောင့် ခုစာစုမှာတော့ နှလုံးကြွက်သားကို အားကောင်းသန်မာစေပြီး နှလုံးရောဂါမဖြစ်ပေါ်လာအောင် တားဆီးပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါမယ်။ အလွယ်တကူလိုက်နာနိုင်ပြီး အကျိုးလည်းရှိတဲ့ နည်းလေးတွေပေါ့။ ၁။ ကိုယ်လက်လှုပ်ရှား လုပ်ပါ လေ့ကျင့်ခန်းလုပ်တာမျိုး၊ လမ်းလျှောက်တာ ပြေးတာမျိုးတွေ၊ နေ့စဉ်ပုံမှန်လုပ်ပေးတာက နှလုံးကို အကျိုးဖြစ်ထွန်းစေပါတယ်။ လေ့ကျင့်ခန်းဆိုရင်လည်း ယောဂ၊ အေရိုးဗစ်၊ ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းနဲ့ သက်လုံအားကောင်းစေမယ့် လေ့ကျင့်ခန်းတွေကို […]


နှလုံးရောဂါ

သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ

သင့်ရဲ့ အသက်ရှင်သန်မှုမှာ သင့်နှလုံး ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကို အရေးပါလွန်းလှပါတယ်။ လူတိုင်းဟာ နှလုံးကျန်းမာမှ အသက်ရှည်နိုင်မှာပါ။ နှလုံးတစ်ခုခုဖောက်လွဲဖောက်ပြန်ဖြစ်နေပြီဆိုရင် သင့်ရဲ့ ကျန်းမာရေးအခြေအနေဟာ အနှုတ်လက္ခဏာဆောင်နေတော့မှာပါ။ လူတစ်ယောက်ရဲ့ နှလုံးကို ထိခိုက်စေနိုင်တဲ့အရာတွေ သင့်ပတ်ဝန်းကျင်မှာ အများအပြားတည်ရှိနေပါတယ်။ အမျိုးမျိုးသော အခြေအနေတွေ၊ ကိုယ်တိုင်ရဲ့ အပြုအမူတွေကြောင့် နှလုံးထိခိုက်နိုင်ပါတယ်။ လူတွေ နှလုံးရောဂါဖြစ်ရတဲ့၊ Heart Attack ဖြစ်ရတဲ့၊ နှလုံးပျက်စီးရတဲ့အဓိက အကြောင်းတရားတွေထဲမှာ နေထိုင်စားသောက်မှုပုံစံ မမှန်ကန်တာက ထိပ်ဆုံးက အချက်တစ်ခုဖြစ်ပါတယ်။ စားပုံသောက်ပုံ မမှန်ရင် နှလုံးသာမက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေမှာပါ။ ဒီစာစုမှာတော့ သင့်ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်ပြီး ကြာကြာမှီဝဲမယ်ဆိုရင် နှလုံးရောဂါရစေနိုင်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ရပါတယ်။ နှလုံးကျန်းမာရေးကို အထာက်အကူမပြုသော အစားအစာများ သကြား၊ ဆား၊ အဆီ - အကြိမ်ကြိမ်အထပ်ထပ် အဆီတွေ၊ ဆားတွေ၊ သကြားတွေကို လိုအပ်တဲ့ပမာဏထက် […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

လုံးဝ မျက်ကွယ်ပြုလို့မဖြစ်တဲ့ Heart Attack လက္ခဏာ (၁၀) ခု

နှလုံးရောဂါဟာ လူသိများတဲ့ရောဂါတစ်ခုဖြစ်သလို နှလုံးဖောက်ပြန်တာ (Heart Attack) ကလည်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ ဒီလို ဆိုးရွားတဲ့နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ တကယ်လို့ သာမန်အခြေအနေမှာ နမိတ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် Heart Attack အဆင့်ကို မရောက်ရှိခင်မှာ တားဆီးထားနိုင်ဖို့ အခွင့်အလမ်းသာမှာဖြစ်ပါတယ်။ ဒါကြောင့် သတိထားသင့်တဲ့ လက္ခဏာရပ်တွေကို ဖော်ပြပေးချင်ပါတယ်။ ၁။ ရင်ဘတ်အောင့်ခြင်း Heart attack ရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကိုယ့်မှာ နှလုံးရောဂါရှိတယ်ဆိုရင် အလွန် သတိထားဖို့လိုအပ်ပါတယ်။ ၂။ လက်မောင်း ဒါမှမဟုတ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း