နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သင့်မှာ သွေးတိုးရှိနေရင် ဒီအမှန်အမှားတွေကို သိထားဖို့ လိုအပ်ပါတယ်

သွေးတိုးဝေဒနာက အဖြစ်များတဲ့ ဝေဒနာတစ်မျိုးပါ။ WHO ရဲ့ မှတ်တမ်းမှတ်ရာတွေအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၁၄% (၁.၁၃ ဘီလီယံ) ဟာ သွေးတိုးဝေဒနာခံစားနေရသူတွေပါတဲ့။ အမေရိကန်မှာဆိုရင်လည်း တိုင်းပြည်လူဦးရေရဲ့ ၄၅% လောက်က သွေးတိုးသမားတွေပါ။ သွေးတိုးဝေဒနာဆိုတာက နှလုံးသွေးကြောနံရံတွေကို ပြင်းထန်တဲ့ဖိအားသက်ရောက်တာဖြစ်ပြပါတယ်။ သွေးဖိအားဟာ ပုံမှန်အတက်အကျရှိနေတဲ့ အခြေအနေမျိုးဖြစ်ပေမယ့် သဘာဝကိုဆန့်ကျင်ပြီး ဖြစ်ပျက်လာတဲ့ ပြင်းထန်တဲ့ ဖိအားမျိုးကို သွေးတိုးတယ်လို့ဆိုလိုပါတယ်။ ဒီဝေဒနာဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေနဲ့ဆက်စပ်နေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ အဖြစ်များတဲ့ ရောဂါတွေရဲ့ ထုံးစံအတိုင်း ဆေးမြီးတိုတွေ၊ အိမ်တွင်းကုထုံးတွေ၊ ယုံတမ်းစကားတွေလည်း များတယ်ဆိုပါတော့။ ဒီလိုမျိုး ယုံတမ်းတွေ၊ တဆင့်စကားတွေများတာမို့ မလိုလားအပ်တဲ့အမှားတွေ ပြုမူမိတတ်ကြပါတယ်။ တခါတလေရောဂါပျောက်မယ်ထင်ပြီး ယုံတမ်းစကားတွေ ဆေးမြီးတိုတွေကို အသုံးချမိတာမို့ အခြေအနေပိုဆိုးသွားတာ ဒါမှမဟုတ် တခြားဘေးထွက်ဆိုးကျိုးတွေ ကြုံရတာတွေလည်း ဖြစ်တတ်ပါသေးတယ်။ နောက်ပြီး နားလည်မှုလွဲမှားတာတွေလည်း အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါသေးတယ်။ […]


သွေးတိုးရောဂါ

သွေးတိုးရောဂါ (Hypertension)

သွေးတိုးရောဂါ (Hypertension) လို့ ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အပယိကရောဂါ လိုမျိုး သဘောထား တတ်ကြပါတယ်။ တကယ်ကတော့ သွေးတိုးက အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိ ပြင်းထန်ပါတယ်။ သွေးတိုးခြင်းဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။ သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း) သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း) ဆိုတာ အပေါ်သွေး သွေးပေါင်ချိန် ၁၄၀ နဲ့ထက်၊ အောက်သွေး ၉၀ နဲ့ အထက် (သွေးပေါင်ချိန် ၁၄၀/ ၉၀ mmHg) အထက် ဖြစ်နေတဲ့ အချိန်မှာ တွေ့ရတဲ့ နှလုံးသွေးကြောဆိုင်ရာ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြော ရောဂါများ

နှလုံးက တစ်ကိုယ်လုံးကို သွေးတွေ ညှစ်ပေးနေတဲ့ မိခင်ဌာနကြီး ဆိုပေမယ့် သူကိုယ်တိုင်လည်း ဒီလို ညှစ်ထုတ်နိုင်ဖို့ သွေးလိုအပ်ပါတယ်။ ဒီသွေးတွေကိုတော့ နှလုံးသွေးကြောမကြီးတွေက ထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြော တွေ ပိတ်ခဲ့၊ ကျဉ်းခဲ့ရင် နှလုံးက သွေးမရတော့ဘဲ သွေးငတ်ပြီး ကြွက်သားတွေပုပ်၊ နှလုံးပျက်စီးပြီး အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလို နှလုံးသွေးကြော ပိတ်လို့၊ ကျဉ်းလို့ ဖြစ်လာတဲ့ ရောဂါတွေကို Coronary artery diseaseလို့ ခေါ်ပါတယ်။ နှလုံးသွေးကြော ရောဂါများ နှလုံးသွေးကြော ရောဂါများ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ အကြောင်းအရင်း နှလုံးသွေးကြော ဘာကြောင့် ပိတ်ရတာလဲ။ သာမန်ကျန်းမာတဲ့ သူရဲ့ နှလုံးသွေးကြောက သန့်ပြီး ချောနေပါတယ်။ ဒါကြောင့် သွေးတွေက သွေးကြောတစ်လျှောက် ကောင်းကောင်း စီးဆင်းနိုင်ပါတယ်။ အသက်ကြီးလာလေလေ သွေးကြောထဲမှာ အဆီတွေ စုပုံလာပါတယ်။ […]


နှလုံးပိုးဝင်ရောင်ရမ်းခြင်း

နှလုံးပိုးဝင်ခြင်း

နှလုံးမှာ ပိုးဝင်တာကြောင့် နှလုံးပျက်စီးပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ နှလုံးကို ဒုက္ခပေးတတ်တဲ့ ပိုးတွေကတော့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရှားရှားပါးပါး အခြေအနေမှာ မှိုပိုးတွေလည်း ဝင်ရောက် ကူးစက်နိုင်ပါတယ်။ နှလုံးအဆို့ရှင် အပါအဝင် နှလုံးတစ်ခုလုံး အလွှာတိုင်းမှာ ပိုးဝင်နိုင်ပါတယ်။ နှလုံးပိုးဝင်ခြင်း အမျိုးအစားများ နှလုံးမှာ သုံးလွှာရှိပါတယ်။ အတွင်းသားရယ်၊ အလယ်က ကြွက်သားရယ် အပြင်ဆုံးက အမြှေးပါးရယ်ပါ။ သုံးလွှာလုံးမှာ ပိုးဝင်ကူးစက်ပြီး ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးအတွင်းသား ရောင်ရမ်းခြင်း (Endocarditis) နှလုံးရဲ့ အတွင်းဘက်ဆုံးအလွှာပါ။ နှလုံးခန်း ၄ခုနဲ့ နှလုံးအဆို့ရှင်တွေကိုပါ ဖုံးထားတဲ့ အတွင်းသားပဲ ဖြစ်ပါတယ်။ နှလုံးပိုးဝင်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံး ရောဂါပါ။ နဂို နှလုံးအဆို့ရှင် မကောင်းတဲ့သူတွေ၊ နှလုံးရောဂါအခံရှိသူတွေမှာ တွေ့ရတတ်ပါတယ်။ ဆေးရုံတက် ကုသရတဲ့ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

သက်ရှိတွေ ရှင်သန်နေလားဆိုတာကို ဆန်းစစ်ကြည့်လို့ရတဲ့ အင်္ဂါအစိတ်အပိုင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ သင့်ရဲ့ ရင်ဘတ် ဘယ်ဘက်ခြမ်းထဲမှာရှိတဲ့ တဒုတ်ဒုတ်နဲ့ စည်းချက်မှန်မှန် ခုန်နေတဲ့  နှလုံးလေး ပါ။ ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း နှလုံးက မှန်မှန်ခုန်နေဖို့လိုသလို စည်းချက်မှန်နေဖို့လည်း လိုပါမယ်။ ဒါမှ ခန္ဓာကိုယ်အနှံ့ကို သွေးတွေ၊ အောက်ဆီဂျင်တွေ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်မှာပါ။ ဒီလိုမှပဲ ခန္ဓာကိုယ်က ကျန်းမာတော့မှာပေါ့။ နှလုံး ဆိုတာ  နှလုံးလေးက သင့်ရဲ့ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိတဲ့ ကိုယ်တွင်းအင်္ဂါလေးပါ။ ရင်ဘတ်ရဲ့ အရှေ့ဘက် အလယ်နားလေးမှာရှိပြီး ရင်ညွန့်ရိုးရဲ့ ဘယ်ဘက် အနောက်နားလေးမှာ ရှိပါတယ်။ နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သွေးတွေကို ညှစ်ထုတ်ပေးပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေကို ပေးပို့ပါတယ်။ နှလုံးလေးကို ဘယ်လို […]


သွေးတိုးရောဂါ

လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ဘယ်လောက်တိကျသလဲ

လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေရဲ့ စိတ်ချရမှုအတိုင်းအတာနဲ့ စနစ်တကျအသုံးပြုပုံတွေကို ပြောပြပေးချင်ပါတယ်။ အသံတိတ်လူသတ်ရောဂါတစ်မျိုးဖြစ်တဲ့ သွေးတိုးရောဂါကို အထိရောက်ဆုံးကာကွယ်နိုင်တဲ့နည်းကတော့ သွေးပေါင်ချိန်မှန်မှန်တိုင်းတာဖို့ပဲ ဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက်လည်း အလွယ်တကူသုံးစွဲနိုင်တဲ့  အိမ်သုံးသွေးပေါင်ချိန်တိုင်းစက်မျိုးစုံ ဈေးကွက်ထဲမှာရှိနေပါပြီ။ တီထွင်မှုအား ကောင်းလာတဲ့အတွက် အရင်လိုသွေးပေါင်ချိန် တစ်ခါတိုင်းဖို့အတွက် လက်ပတ်တွေ၊ လက်ညှစ်ပူဖောင်းတွေ၊ နားကြပ်တွေနဲ့ ရှုပ်ယှက်ခပ် နေစရာမလိုတော့ပါဘူး။ နောက်ဆုံးပေါ်သွေးပေါင်ချိန်တိုင်းစက်တွေမှာ လက်ပတ်လေးပတ်ပြီး ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့တင် စက္ကန့်ပိုင်းအတွင်းအဖြေထုတ်ပေးနိုင်တဲ့အထိ အဆင့်မြင့်လာပါပြီ။ တချို့စက်တွေက သွေးပေါင်ချိန် ရလဒ်ကို ကိုယ့်ဖုန်းထဲအထိ အလိုအလျောက်ပို့ပေးနိုင်တဲ့အပြင် အဖြေက စိုးရိမ်စရာရှိနေခဲ့ရင် ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ဆရာဝန်ကိုပါ တိုက်ရိုက်အသိပေးတဲ့အထိ တိုးတက်လာပါပြီ။ ဒါပေမဲ့ တစ်ခုရှိတာက တိုင်းတာရရှိတဲ့ သွေးပေါင်ချိန်ရလဒ်တွေ မှန်ဖို့လည်း လိုပါသေးတယ်။ လက်မောင်းပတ် သွေးပေါင်ချိန်တိုင်းစက်တွေက အရင်တုန်းကသုံးခဲ့တဲ့ သွေးပေါင်ချိန်တိုင်းစက်နဲ့ အလုပ်လုပ်ပုံသိပ်မကွာတဲ့အတွက် နည်းမှန်လမ်းမှန် တိုင်းတာမယ်ဆို အတော်လေးတိကျတဲ့အဖြေရရှိမှာပါ။ လက်မောင်းပတ်တိုင်းတာတဲ့စက်တွေကို အခုချိန်မှာ အတော်ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီး လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်နဲ့ လက်ချောင်းမှာ သွေးပေါင်ချိန်တိုင်းတာပေးတဲ့ […]


နှလုံးရောဂါ

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ အေးမြတဲ့ ဆောင်းရာသီကို ကြုံဆုံရတဲ့ အခါမျိုးမှာ ကျန်းမာရေးပြဿနာတွေကလည်း နောက်ဆက်တွဲ အနေနဲ့ ပါလာတတ်ပါတယ်။ နှလုံးရောဂါသည်တွေ အတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ ဆိုရပါမယ်။ လေ့လာချက်တွေအရဆိုရင် နှလုံးရောဂါကြောင့် ဖြစ်လာတဲ့ Heart Attack နဲ့ လေဖြတ်တာတွေဟာ ဆောင်းရာသီမှာ ဖြစ်နိုင်ခြေ အတော်လေး များတယ်လို့ ဆိုပါတယ်။ ရင်ဘတ်အောင့်တာနဲ့ အအေးဒဏ်ကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် တစ်ချက်ကတော့ ဆောင်းရာသီမှာ ကြုံရတတ်တဲ့ လေအေးတွေကြောင့် ခန္ဓာကိုယ်အပူချိန် ကျဆင်းပြီး နှလုံး ထိခိုက်နိုင်တာ ပါပဲ။ ခန္ဓာကိုယ် အပူချိန် ၉၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် လျော့ပါးအောင် တိုက်ခတ်လာတတ်တဲ့ လေအေးတွေဟာ နှလုံးရောဂါသည်တွေ အတွက်တော့ အန္တရာယ် တစ်ခုပါပဲ။ လက်ရှိအချိန်အထိတော့ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းရောဂါ သေချာဂရုစိုက်ပါ။

နှလုံးက ရှင်သန်မှုရဲ့ လက္ခဏာတစ်ခုနော်။ နှလုံးခုန်သံ စည်းချက်မှန်မှန်လေးက ရှင်သန်နေတယ်ဆိုတာကို အသိပေးနေတယ်။ ဒီနှလုံးလေး ခုန်နေစေဖို့ ထောက်ပံ့ပေးထားတာက နှလုံးသွေးကြောတွေလေ။ နှလုံးသွေးကြောတွေက နှလုံးဆီကို သွေးတွေ၊အောက်ဆီဂျင်တွေ နဲ့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးတယ်။ သူတို့လေးတွေ ကျန်းမာနေမှ နှလုံးကျန်းမာမယ်။ ခန္ဓာကိုယ်လည်း ကျန်းမာမယ်လေ။ ဒီထောက်ပံ့ပေးနေတဲ့ သွေးကြောလေးတွေထဲမှာ အဆီတွေ စုပုံလာတဲ့အခါ သွေးကြောလေးတွေက နှလုံးဆီကို သွေးစီးဆင်းနိုင်မှု ကျဆင်းလာတယ်။ ဒီလို သွေးစီးဆင်းရောက်ရှိမှုနည်းလာတဲ့အခါ ရင်ဘတ်အောင့်တာ၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလိုသွေးကြောလေးတွေ ပိတ်ဆို့လာတဲ့အခြေအနေကို နှလုံး သွေးကြောကျဉ်းတယ်လို့ ခေါ်တာပါ။ နှလုံးသွေးကြောကျဉ်းရောဂါ အဖြစ်များသလား။ အခုနောက်ပိုင်းကာလတွေမှာ အစားအသောက်နဲ့ နေထိုင်မှု ပုံစံတွေကြောင့် သွေးတွင်းကိုလက်စထရောများရာကနေတဆင့် နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ်များလာပါတယ်။ ဒီရောဂါက ဆယ်စုနှစ်နဲ့ကြာအောင် အစပျိုးတတ်ပါတယ်။ သွေးကြောတွေထဲမှာ အဆီတွေ အရမ်းများလာပြီး သွေးကြောတွေကို ကျဉ်းလာတာကြောင့် ရင်ဘတ်အောင့်တာ၊ […]


နှလုံးရောဂါ

သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ

နှလုံးရောဂါ ဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ လူတွေမှာ နှလုံးရောဂါ စွဲကပ် စေရတဲ့ အဓိကအချက်က စားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။ သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ က ဘာတွေများ ဖြစ်မလဲ။ သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ အကျင့်ဆိုးတွေကို ရပ်တန့်ပါ သင်နှလုံးရောဂါ မစွဲကပ်ချင်ဘူးဆိုရင် အောက်ပါ အလေ့အကျင့်ဆိုးတွေကို ဖယ်ရှားဖို့၊ ရပ်တန့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အထိုင်များနေတာ - လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါကို ကာကွယ်ပေးနိုင်မယ့် […]


နှလုံးရောဂါ

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ - တန်ဆေးနဲ့ လွန်ဘေး

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ - တန်ဆေးနဲ့ လွန်ဘေး ...... အရက်သောက်သုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ခြုံငုံပြောတတ်ကြတယ်။ ဒါပေမယ့် မသောက်ဘူးလားဆိုရင် လူအများစုကတော့ မှီဝဲတတ်ကြတာပါပဲ။ တန်ဆေး လွန်ဘေး ဆိုသလိုပဲ အယ်လ်ကိုဟော ဟာ ခန္ဓာကိုယ်ကို အကျိုးပြုတာတွေရော ဆိုးကျိုးဖြစ်စေတာတွေရော ၂ မျိုးစလုံးပေးစွမ်းနိုင်တာတော့ အမှန်ပါ။ အထူးသဖြင့် နှလုံးကိုပေါ့။ သုတေသနပြုချက်တစ်ချို့ရဲ့ အဆိုအရဆိုရင် အယ်လ်ကိုဟောကို နည်းမှန်လမ်းမှန်မှီဝဲရင် ဆိုးကျိုးမဖြစ်စေပဲ ကောင်းကျိုးတောင် ဖြစ်စေနိုင်ပါတယ်တဲ့။ တန်ရုံသင့်ရုံ မှီဝဲမယ်ဆိုရင်ပေါ့။ ဒါပေမယ့် လွန်ရင်တော့ ဘေးဖြစ်မယ်ဆိုတာကိုလဲ မမေ့နဲ့နော်။ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အယ်လ်ကိုဟော မှီဝဲနည်းဆိုတာ အရက်သေစာဆိုတာက များလေ ကျန်းမာရေးကိုထိခိုက်စေဆိုတဲ့ အရာမျိုးပါ။ ဒါပေမယ့် ထုတ်ကုန်အမည်တွေက သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာမို့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အရာတွေပါဝင်နေတာကိုလည်း ငြင်းဆိုလို့မရပြန်ပါဘူး။ ဒါကြောင့် အယ်လ်ကိုဟော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း