နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးပိုးဝင်ရောင်ရမ်းခြင်း

သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

နှလုံးနဲ့ နှလုံးအပြင်ဘက်က Pericardium ၊ Endocardium အလွှာပါးအကြား ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ရောင်ရမ်းတဲ့ ပြဿနာ ကို နှလုံးပိုးဝင်ခြင်း (Endocarditis) ဒါမှမဟုတ် Heart infections လို့ ခေါ်တာဖြစ်ပါတယ်။ သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ ဟာ ရှားပါးပေမယ့် ပြင်းထန်တဲ့ နှလုံးရောဂါတစ်မျိုးပါ။ နှလုံးပိုးဝင်တဲ့အခါ နှလုံးအပြင်ဘက်က Pericardium အလွှာပါး ရောင်ရမ်းတာ၊ နှလုံးနဲ့ Pericardium အကြား အရည်စုတာတွေ ဖြစ်နိုင်ပါတယ်။ နှလုံးပိုးဝင်တဲ့ရောဂါရဲ့ လက္ခဏာအများစုကတော့ သိသာထင်ရှားခြင်းမရှိတတ်ပါဘူး။ တဖြည်းဖြည်းချင်း အားကောင်းလာတာမျိုးပါ။ ရောဂါလက္ခဏာအများစုဟာ ဖျားနာတဲ့ ရောဂါလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ဒါကြောင့် တခါတရံမှာ ရောဂါမှန်ပေါ်ဖို့ ရှာဖွေရခက်ခဲနေတတ်ပါတယ်။ ဒီတစ်ခေါက်တော့ သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ နှလုံးပိုးဝင်ခြင်း လက္ခဏာများ နှလုံးပိုးဝင်ခြင်း ပြဿနာ ဟာ […]


နှလုံးရောဂါ

နှလုံးရောဂါ အကြောင်း

နှလုံးရောဂါ ဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စစ်တမ်းတွေအရဆိုရင် လူ ၁ သိန်းမှာ ၂၁၉.၄ ဦးနှုန်းအသက်ဆုံးပါးစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူသေနှုန်းမြင့်မားတဲ့ ရောဂါတွေထဲမှာ နံပါတ် ၁ ဖြစ်ပါတယ်။ နှလုံးရောဂါ အကြောင်း နှလုံးရောဂါဆိုတာက နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါအမြောက်အများကို စုဝေးခေါ်ဆိုတာဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမျိုးအစားအမျိုးမျိုးရှိသလို ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ခြေ မြင့်မားလှတဲ့ရောဂါအုပ်စု တစ်ခုပါ။ များသောအားဖြင့် နှလုံးရောဂါရဲ့ လက္ခဏာတွေက အချိန်အတန်ကြာမှ သိသိသာသာပြသလာတတ်တာပြီး ကနဦးအခြေအနေတွေမှာ တိတ်တိတ်ကလေး တွယ်ငြိနေတတ်ပါတယ်။ ဒါကြောင့်လည်း ပိုပြီးသတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးကြတာဖြစ်ပါတယ်။ နှလုံးရောဂါ အမျိုးအစားများ နှလုံးရောဂါလို့ ခြုံပြီးပြောဆိုကြပေမယ့် တကယ်တမ်းမှာတော့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဒါတွေကို စုစည်းပြီး နှလုံးဆိုင်ရာ ပြဿနာများ (Cardiovascular Problems) လို့ ခေါ်ဆိုကြပါတယ်။ နှလုံးရောဂါဆိုတဲ့ ခေါင်းစဉ်အောက်မှာ […]


သွေးတိုးရောဂါ

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ် ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ကြွက်သားဆဲလ်တွေမှာ တွေ့နိုင်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ အရိုးများ၊ အသည်းနဲ့ သွေးနီဥဆဲလ်တွေမှာ တွေ့နိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ရေမှာပျော်ဝင်လွယ်ပြီး ဓာတ်ပြုမှုမြန်ဆန်ပါတယ်။ ရေထဲပျော်ဝင်သွားတဲ့အခါ အဖိုဓာတ်အိုင်းယွန်းတွေ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအတွင်း လျှပ်စီးခြင်းကို အားပေးခြင်း ဇီဝဖြစ်စဉ်အများအပြားအတွက် အထောက်အကူပြုပါတယ်။ ယခုဆက်လက်ဖော်ပြမယ့်အကြောင်းအရာတွေကတော့ ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ ပဲ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ ကတော့ အရည်ဓာတ်ကို မျှတအောင်ထိန်းပေးခြင်း ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းကို အရည်များနဲ့ ဖွဲ့စည်းထားပါတယ်။ အဆိုပါအရည်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ဆဲလ်တွေထဲမှာ တွေ့ရပြီး အဆိုပါအရည်များကို ICF လို့ အတိုကောက်ခေါ်ပါတယ်။ ကျန်တဲ့အရည်များကို ဆဲလ်ရဲ့ပြင်သမှာ […]


သွေးတိုးရောဂါ

သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

သွေးတိုးရောဂါ ဟာ အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ အမေရိကန်နှလုံးရောဂါအသင်းကြီးရဲ့ အဆိုအရ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုး မဖြစ် စေဖို့အတွက် အသက် ၃၀ မတိုင်ခင်ကာလ နေထိုင်စားသောက်ပုံက အရေးကြီးတယ်လို့ဆိုပါတယ်။ သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ သွေးတိုးရောဂါ မဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ စနစ်ကျတဲ့နေထိုင်စားသောက်ပုံရှိခဲ့မယ်ဆိုရင် အသက်ကြီးလာချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်တဲ့။ ကျန်းမာရေးနဲ့ကိုက်ညီစွာမ နေထိုင်ဘူးဆိုရင်တော့ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုးဖြစ်နိုင်ခြေ ၄၂% ရှိတယ်လို့ဆိုပါတယ်။ American Heart Association ဟာ ဒီလိုသွေးတိုးဝေဒနာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို လမ်းညွှန်ချက်လည်း ထုတ်ပြန်ထားပါတယ်။ Life’s Simple 7 နဲ့ကိုက်ညီအောင်နေပါ “Life’s Simple 7” လို့ခေါ်ဆိုတဲ့ AHA ရဲ့ […]


နှလုံးရောဂါ

နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ်

နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် .... နှလုံးရောဂါဆိုတာ ဒီနေ့အထိ တစ်ကမ္ဘာလုံးမှာ လူသေဆုံးမှုအများဆုံးဖြစ်စေတဲ့ရောဂါဖြစ်နေဆဲပါ။ ၂၀၁၆ တစ်နှစ်တည်း မှာတင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါကြောင့် သေဆုံးသူတစ်ကမ္ဘာလုံးမှာ ၁၈ သန်းနီးပါးရှိပါတယ်။ သေဆုံးသူ တွေထဲက ၄ပုံ ၃ပုံလောက်က ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေကဖြစ်တာကိုတွေ့ရပါတယ်။ ကိုယ့်ရဲ့စားသောက်မှုပုံစံကို ဆင်ခြင်လိုက်မယ်ဆို ကြောက်စရာကောင်းတဲ့နှလုံးရောဂါအန္တရာယ်က ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် စားသောက်သင့်တဲ့အစားအစာတွေနဲ့ ရှောင်ကျဉ်သင့် တဲ့အစားအစာတွေကို ပြောပြချင်ပါတယ်။  နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် ဆိုတာကို လိုရင်းနဲ့တိုတိုပြောရရင် နှလုံးကျန်းမာရေးအတွက် အဓိကစားသုံးပေးရမယ့်အစားအစာအုပ်စု (၃) မျိုးရှိပြီး ဒါတွေက ဟင်းသီးဟင်းရွက်တွေရယ်၊ ငါးကြီးဆီရယ်နဲ့ မပြုပြင်ထားတဲ့အစေ့အဆန်၊ဂျုံကြမ်း၊ ဆန်ကြမ်းတွေပဲဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များ - အစားအစာကို အရောင်အသွေးစုံလင်အောင်စားသောက်ပါ ဆိုတဲ့စကားအတိုင်းပဲ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံကို နေ့စဥ်စားသောက်ပေးသင့်ပါတယ်။ တစ်မျိုးချင်းစီမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက နှလုံးကျန်းမာရေးကိုထိန်းညှိဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် မျိုးစုံပါဝင်သလို ကယ်လ်လိုရီဓာတ်လည်းနည်းတာကြောင့် […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သွေးကြောမကြီး ဖောင်းတယ်ဆိုတာ အန္တရာယ်ရှိလား

ခန္ဓာကိုယ်မှာ aortaလို့ ခေါ်တဲ့ သွေးကြောမကြီး တစ်ခုရှိပါတယ်။ နှလုံးကညှစ်သမျှ သွေးတွေ တစ်ကိုယ်လုံးကို ရောက်ဖို့ သူကနေပဲ သယ်ပို့ပေးတာပါ။ ဒီသွေးကြောမကြီးက နှလုံးကစထွက်ပြီး ရင်ဘတ်၊ ဝမ်းဗိုက်ကို ဖြတ်ပြီး ဆီးခုံနားရောက်မှ ခြေထောက်ကို သွေးပို့ဖို့ သွေးကြောတွေ ခွဲထွက်သွားတာပါ။ ဒီသွေးကြောကြီးဟာ ခန္ဓာကိုယ်အတွက် သိပ်ကို အရေးပါပါတယ်။ သူ့ထဲမှာ စီးဆင်းနေတဲ့ သွေးတွေ ဆိုတာလည်း အများကြီးပါပဲ။ ဒါကြောင့် ဒီသွေးကြောမကြီးမှာ ရောဂါတစ်ခုခုဖြစ်လာရင် သေချာကုသဖို့ လိုပါတယ်။ သွေးကြောမကြီး ဖောင်းတယ်ဆိုတာ ဆေးပညာအရ Aortic aneurysmလို့ ခေါ်ပါတယ်။ သွေးကြောမကြီး တစ်လျှောက် ဘယ်နေရာဖြစ်ဖြစ် ဖောင်းနိုင်ပါတယ်။ များသောအားဖြင့်တော့ ရင်ခေါင်းနဲ့ ဝမ်းခေါင်းထဲမှာရှိတဲ့ သွေးကြောမကြီး အစိတ်အပိုင်းက ဖောင်းတတ်ပါတယ်။ ရှားရှားပါးပါး လူတစ်ယောက်တည်းမှာ နှစ်နေရာလုံး ဖောင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ သွေးကြောမကြီး ဘာကြောင့် […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သွေးကြောမကြီး ပြဲခဲ့ရင်

သွေးကြောမကြီး (Aorta)ဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံး သွေးကြောပါပဲ။ နှလုံးက ညှစ်လိုက်တဲ့ သွေးတွေကို တစ်ကိုယ်လုံး ဖြန့်ဝေနေတာလည်း သူပါပဲ။ ဒီလို သွေးကြောမကြီးသာ ပြဲသွားခဲ့ရင် အန္တရာယ်က မသေးပါဘူး။ တော်သေးတာတာ ဒီလိုရောဂါက စောစောသိလို့ စောစောကုလေလေ အသက်ရှင်နှုန်း များလေလေပါပဲတဲ့။ သွေးကြောမကြီး ဘယ်နားမှာရှိတာ သွေးကြောမကြီးက ထီးကောက်ကြီးနဲ့ တူပါတယ်။ နှလုံးကနေ ကွေးကွေးလေး တက်လာမယ်။ ကွေးကွေးလေး ဆင်းလာမယ်။ ပြီးရင် အောက်ကို တောက်လျှောက် အရှည်ကြီး ဆင်းလာပြီး ဆီးခုံနားရောက်မှပဲ ခြေထောက်တွေကို သွေးပေးဖို့ သွေးကြောတွေ ခွဲသွားပါတယ်။ ဒီတစ်တောက်လျှောက် ဘယ်နေရာမှာမဆို သွေးကြောပြဲနိုင်ပါတယ်။ သေးသေးလေးလည်း ပြဲနိုင်သလို၊ အကြီးကြီးလည်း ပြဲနိုင်ပါတယ်။ သွေးကြောမကြီး ပြဲခဲ့ရင် ခက်တာက သွေးကြောပြဲတဲ့ လက္ခဏာက တခြားနှလုံးရောဂါလက္ခဏာတွေနဲ့ သွားတူနေတတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေ ရောဂါလွဲနေတာမျိုးတွေ […]


နှလုံးရောဂါ

နှလုံးရောဂါ ကာကွယ်ပါ

နှလုံးရောဂါ ကာကွယ်ပါ .... ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ နှလုံးရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေသာမက ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ နှစ်စဉ်သေဆုံးမှုမြင့်မားနေတဲ့ အကြောင်းအရင်းတခုဖြစ်တယ်လို့လည်း စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ပြုပြင်ယူလို့ရတာရှိသလို မပြုပြင်နိုင်တာလည်း ရှိပါတယ်။ ဥပမာ မျိုးရိုးဗီဇကိုတော့ သင့်အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြုပြင်နိုင်တဲ့ကိစ္စတွေကို ပြုပြင်နိုင်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ နှလုံးရောဂါ ကာကွယ်ပါ အဓိကအားဖြင့် ပြုပြင်ပြောင်းလဲနိုင်တာကတော့ သင့်ရဲ့နေထိုင်စားသောက်မှု ပုံစံပါပဲ။ သင့်နှလုံးကျန်းမာရေးကို ကောင်းစေဖို့ အောက်ပါနည်းလမ်းတွေနဲ့ နေထိုင်စားသောက်ပါ။ ဆေးလိပ်သောက်နေသူဆိုရင် ဆေးလိပ်ဖြတ်ပါ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပါ လေ့ကျင့်ခန်းလုပ်ပါ ဆီးချိုရောဂါကာကွယ်ပါ သွေးပေါင်ချိန်ထိန်းပါ စိတ်ဖိစီးမှုကို လျှော့ချပါ ဆေးလိပ် ဆေးလိပ်သောက်ခြင်းဟာ နှလုံးသွေးကြောရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

နှလုံးခုန်စည်းချက်မမှန်ခြင်းအကြောင်း

နှလုံးခုန်စည်းချက်မမှန်ခြင်းအကြောင်း လေ့လာရအောင်လား! ပုံမှန်အားဖြင့် သင့်နှလုံးဟာ တမိနစ်မှာ အချက်ရေ ၆၀ ကနေ ၁၀၀ အတွင်း ခုန်ပြီး သွေးများကို ညှစ်ထုတ်ပေးခြင်း၊ ပြန်လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။ နှလုံးခုန်တယ်ဆိုတာ နှလုံးရဲ့ကြွက်သားတွေ ကျုံ့လိုက်ဆန့်လိုက်ပြုလုပ်နေတဲ့ လှုပ်ရှားမှုပါပဲ။ ဒီလှုပ်ရှားမှု (နှလုံးခုန်ခြင်း) ဟာ သူ့စည်းချက်နဲ့သူ ရှိပါတယ်။ နှလုံးခုန်စည်းချက်မမှန်ခြင်းအကြောင်း အဆိုပါနှလုံးခုန်ခြင်းဟာ သူ့ပုံမှန်စည်းချက်ကနေ လွဲချော်သွားရင်တော့ နှလုံးခုန်စည်းချက်မမှန်ခြင်း (Cardiac Arrythmia) အခြေအနေကို ဖြစ်ပေါ်စေပါတယ်။ ယေဘုယျအားဖြင့် နှလုံးခုန်တဲ့လှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့ လျှပ်စီးလှုံ့ဆော်မှုတွေ ပုံမှန်စီးဆင်းခြင်းမရှိရင် ဖြစ်ပေါ်တတ်ပါတယ်။ နှလုံးခုန်မြန်လွန်းခြင်း၊ နှေးလွန်းခြင်း၊ တစ်ကြိမ်နှင့်တစ်ကြိမ်ကြား အချိန်စောပြီး နှလုံးခုန်ခြင်း၊ တစ်ကြိမ်နှင့် တစ်ကြိမ် မတူညီခြင်း စသဖြင့် နှလုံးခုန် စည်းချက်လွဲတဲ့ အခြေအနေတွေ ရှိပါတယ်။ နှလုံးခုန်စည်းချက်မမှန်ခြင်းဟာ လူတိုင်းလိုလိုမှာ တကြိမ်လောက်တော့ ကြုံရတတ်ပါတယ်။ ဒါပေမယ့် မကြာခဏ […]


သွေးတိုးရောဂါ

သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ

သင့်သွေးကြောတွေထဲမှာ လည်ပတ်နေတဲ့သွေးတွေမှာ ဖိအားရှိပါတယ်။ အဆိုပါ ဖိအားမြင့်တက်ရင် သွေးပေါင်ချိန် မြင့်တယ်၊ သွေးတိုးတယ် စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ သွေးတိုးခြင်းဟာ နှလုံးနဲ့သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေကို ဖြစ်စေတာမို့ ထိထိရောက်ရောက် ကုသသင့်ပါတယ်။ သွေးတိုးခြင်းဟာ မျိုးရိုးလိုက်တတ်ပေမယ့် ဒီတချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ နေထိုင်စားသောက်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ လူတယောက်ဟာ အဆီဓာတ်၊ အငန်ဓာတ်နဲ့ အချိုစားသုံးမှုများပြားပြီး လှုပ်ရှားမှုနည်းရင် သွေးတိုးရောဂါဖြစ်နိုင်ခြေများပါတယ်။ ဒီတစ်ခေါက်တော့ သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ က ဘာတွေများ ဖြစ်မလဲဆိုတာကို လေ့လာကြည့်လိုက်နော်။ သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ ဒီနေရာမှာ သတိပြုရမှာကတော့ လူတယောက်ရဲ့ သွေးပေါင်ချိန်ကို မသိမသာ အပြောင်းအလဲ ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အဆိုပါအကြောင်းခြင်းရာတွေနဲ့ တိုက်ဆိုင်ပြီး သွေးပေါင်ချိန် တိုင်းတာမိခဲ့ရင် ရလဒ်အမှန်နဲ့ လွဲချော်တတ်လို့ ဆေးဝါးကုသရာမှာလည်း အကျိုးသက်ရောက်မှု ဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန်ကို မသိမသာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း