နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးသွေးကြောကျဉ်းရောဂါများ

Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ

Heart Attack ဖြစ်ခြင်းဟာ အသက်အန္တရာယ်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Heart Attack ဖြစ်ခဲ့မယ်ဆိုရင် နှလုံးထိခိုက်ပျက်စီးပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါလိမ့်မယ်။ ဒါကြောင့် Heart Attack မဖြစ်စေဖို့ ဘာလုပ်ကြမလဲ။ နှလုံးရောဂါဟာ အမေရိကမှာ နံပါတ် ၁ အဆိုးရွားဆုံးကျန်းမာရေးပြဿနာဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာလည်း လူ့အသက်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ရောဂါဆိုးပါ။ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေရဲ့ အများစုဟာ Heart Attack ကြောင့်ပါ။ Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ မိမိမှာ နှလုံးရောဂါအခံရှိနေတာ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပြသလာနေပြီဆိုရင် အခြေအနေတွေ ရှေ့ဆက်တိုးပြီး မဆိုးရွားလာဖို့ တားဆီးဖို့ လိုအပ်လာပါပြီ။ Heart Attack ဖြစ်မလာအောင် အကောင်းဆုံးတားဆီးရမယ့်နည်းလမ်းကတော့ လူနေမှုပုံစံကို ပြောင်းလဲလိုက်ပြီး ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။ Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံတွေကို အတူတူ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

ယာဉ်ကြောပိတ်ဆို့မှုဟာ Heart Attack ဖြစ်စေနိုင်တယ်တဲ့နော်

ယာဉ်ကြောပိတ်ဆို့မှုဟာ နေ့စဉ်လူနေမှုဘဝမှာ မလွှဲမရှောင်သာ ကြုံဆုံရတဲ့ ကိစ္စတစ်ခုပါ။ စိတ်ညစ်စရာကောင်းလှသလို စိတ်ပင်ပန်းစရာပြဿနာတစ်ခုလဲဖြစ်ပါတယ်။ ခုလို မိုးတွင်းကာလမျိုးဆိုရင် ကားကကျပ်၊ လမ်းကပိတ် မိုးကရွာလို့ မိုးကစိုနဲ့ အင်မတန် စိတ်ဆင်းရဲစရာကောင်းလှတယ်မဟုတ်လား။ ဒီလိုမျိုးနေ့စဉ်နဲ့အမျှ နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့မှုဒါဏ်ကို ခံစားနေရတာဟာ လူတိုင်းရဲ့ စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ပိုတိုလာမယ်၊ စိတ်ပိုပင်ပန်းလာမယ်၊ ပူပင်သောကတွေပိုများလာမယ်။ အကျိုးဆက်အနေနဲ့ နှလုံးကို ထိခိုက်စေတော့တာပေါ့။ Heart Attack နဲ့ ယာဉ်ကြောပိတ်ဆို့မှု ယာဉ်ကြောပိတ်ဆို့မှုကြောင့် အဖြစ်အများဆုံးဖြစ်တဲ့ရောဂါက နှလုံးရောဂါလို့ ကာလီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာချက်တွေက ဆိုပါတယ်။ နှလုံးရောဂါဟာ ယာဉ်မောင်းနှင်သူကိုရော၊ ယာဉ်စီးနင်းသူမှာပါ ဖြစ်နိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စိတ်ပင်ပန်းဆင်းရဲမှုတွေနဲ့ ဒေါသထွက်မှုတွေဟာ ဒီပြဿနာရဲ့ အခြေခံအကြောင်းတရားဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်ကြောကျပ်တည်းနေချိန် ကိုယ့်အနီးဝန်းကျင်မှာရှိနေတတ်တဲ့ လေထုညစ်ညမ်းမှုကလည်း နှလုံးရောဂါစွဲကပ်စေတဲ့ နောက်ထပ် တွန်းအားတစ်ရပ်ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့ချိန်တွေမှာ နှလုံးရပ်တာ၊ နှလုံးဖောက်ပြန်တာနဲ့ လေဖြတ်တာမျိုးတွေ ကြုံဆုံရနိုင်တယ်လို့ လေ့လာချက်တွေက […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

ချောကလက်စားပြီး နှလုံးရောဂါကို ကာကွယ်ပါ

ချောကလက်စားရင် နှလုံးကျန်းမာစေတယ်တဲ့။ ယုံဖို့ခက်နေမလားပဲ။ တကယ်တော့ ဟုတ်ပါတယ်။ ချောကလက်ဟာ ပုံမှန်စားသုံးပေးရင် နှလုံးကို ကျန်းမာစေတဲ့ အစားအစာတစ်မျိုးပါ။ ချိုမြိန်ပြီး အရသာရှိရုံတင်မကပဲ ကျန်းမာရေးကိုပါ အထောက်အကူပြုနေတဲ့ စားမြိန်စာလေးပေါ့။ ကဖင်းဓာတ်ပါဝင်တဲ့ ချောကလက်က နှလုံးကို ထိခိုက်စေနိုင်တာမဟုတ်ဘူးလားလို့ တချို့က ပြန်မေးချင်မေးကြပါလိမ့်မယ်။ ချောကလက်မှာ ကဖင်းဓာတ်ပါဝင်တာမှန်ပေမယ့် ပမာဏအနည်းငယ်သာပါဝင်တာမို့ နှလုံးကို မထိခိုက်စေနိုင်ပါဘူး။ ခုဆိုရင် ချောကလက်စားတာက နှလုံးကို ဘယ်လိုအကျိုးပြုတယ်ဆိုတာကို သိပ္ပံနည်းကျ ဖော်ထုတ်ပြလာကြပြီဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် ဘေလာဆေးပညာကောလိပ်က လေ့လာချက်အရဆိုရင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် ချောကလက်စားပေးတာဟာ နှလုံးသွေးကြောတွေကို ပိုပြီးကျန်းမာသန်စွမ်းစေတယ်လို့ ဆိုလာပါတယ်။ နှလုံးသွေးကြောတွေ ကျန်းမာလာတာမို့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါတဲ့။ coronary arteries လို့ခေါ်တဲ့ နှလုံးသွေးကြောတွေဟာ နှလုံးဆီကို သွေးလည်ပတ်စီးဆင်းမှုကောင်းမွန်စေဖို့ အရေးပါတဲ့ အရာတွေဖြစ်ကြပါတယ်။ ဒီသွေးကြောတွေ ကျန်းမာရင် နှလုံးကျန်းမာဖို့ ရာခိုင်နှုန်းများတယ်ဆိုပါတော့။ နှလုံးသွေးကြောနဲ့ ချောကလက်စားသုံးမှုတို့ရဲ့ ဆက်စပ်မှုအကြောင်း […]


ကိုလက်စထရောလ်

ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီဆိုတာ

အဆီဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းတာမဟုတ်ပါဘူး။ နှလုံးသွေးကြောကျန်းမာရေးအတွက် အကျိုးပြုတဲ့အဆီလည်းရှိတဲ့အကြောင်း နှိုင်းယှဉ်ပြီး ပြောပြပေးသွားပါ့မယ်။ ကိုယ်တွင်းဆဲလ်တွေအားလုံးမှာ ပါဝင်နေတဲ့ ကိုလက်စထရောဓာတ်တွေက အဆီဓာတ်တွေပါပဲ၊ အဆီဓာတ်က ဆဲလ်တည်ဆောက်မှုလုပ်ငန်းမှာ အကူအညီပေးသလို တခြားအရေးကြီးတဲ့အလုပ်တွေလည်း လုပ်ဆောင်ပေးပါတယ်။ အဆီဓာတ်တွေက သွေးကြောထဲစီးဆင်းနေပြီး ပရိုတင်းဓာတ်တွေနဲ့သွားပေါင်းတယ်။ ဒီကနေရလာတဲ့အဆီတွေက lipoprotein အဆီတွေဖြစ်လာပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ Lipoprotein အဆီ ၂ မျိုးရှိပါတယ်၊ အတိုကောက် LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီရယ်၊ HDL လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက်ကောင်းတဲ့အဆီရယ်ဆိုပြီး ခွဲနိုင်ပါတယ်။ ဒီအဆီဓာတ် ၂ မျိုး အတက်အကျက နှလုံးနဲ့သွေးကြောကျန်းမာရေးအကြောင်း အများကြီးပြောပြနိုင်တဲ့အတွက် သူတို့အကြောင်း နည်းနည်းလောက်ရှင်းပြပါရစေ။ LDL (Low-density lipoprotein cholesterol) - လူတွေပြောပြောနေတဲ့မကောင်းတဲ့အဆီဆိုတာ သူပါ။ ဘာလို့မကောင်းရသလဲဆိုရင် သူကသွေးကြောထဲက အဆီတွေကို သွေးကြောနံရံတွေမှာ သွားစုအောင် လုပ်ပေးလို့ပါ။ […]


နှလုံးရောဂါ

သင်လုံးဝ မထင်မှတ်ထားပေမယ့် နှလုံးကို ထိခိုက်စေနိုင်တဲ့ ပြဿနာ ၁၂ ရပ်

နှလုံးရောဂါ Cardiovascular Diseases (CVDs) ဟာ အဖြစ်များပြီး အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် Heart Attack ဖြစ်ပြီဆိုရင် အလွန် အန္တရာယ်များလှပါတယ်။ တစ်နှစ်မှာ လူ ၁၈ သန်းလောက် နှလုံးရောဂါနဲ့ သေဆုံးနေပြီး ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ အများဆုံး အသက်ဆုံးရှုံးကြရတာက နောက်ဆက်တွဲပြဿနာတွေဖြစ်ကြတဲ့ Heart Attack နဲ့ လေဖြတ်တာကြောင့်ပါ။ ဒါကြောင့် ဒီရောဂါမဖြစ်စေဖို့နဲ့ ဖြစ်လာရင်လည်း သတိထားနိုင်ဖို့က မဖြစ်မနေလိုအပ်တဲ့ အရာတွေပါပဲ။ တစ်ခါတစ်လေမှာတော့ ကိုယ်က သတိထားနေလျက်နဲ့ အန္တရာယ်ကို ကြိုမမြင်နိုင်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဖြစ်လာတဲ့ ပြဿနာက ကိုယ့်နှလုံးကို ဒုက္ခပေးနိုင်တဲ့ ကိစ္စဖြစ်နေမှန်း ကိုယ်တိုင် မသိထားတာကြောင့်ပါပဲ။ ဒီစာစုမှာတော့ ရုတ်တရက်ဆိုရင် နှလုံးရောဂါနဲ့ မသက်ဆိုင်ဘူးထင်ရပေမယ့် နှလုံးကို ဒုက္ခအများဆုံးပေးနိုင်တဲ့ ပြဿနာ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

သင့်ခြေထောက်သွေးပြန်ကြောမှာ ဘယ်လိုရောဂါတွေ ဖြစ်နိုင်လဲ။

ခြေထောက်သွေးပြန်ကြောဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ဒုတိယနှလုံးပါပဲ။ ရင်ဘတ်ထဲက နှလုံးက သွေးညှစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ ပို့ပေးရသလိုပဲ ခြေထောက်က ခြေသလုံးကြွက်သားတွေကလည်း မြေဆွဲအားကို ဆန့်ကျင်ပြီး သွေးပြန်ကြောတွေကတဆင့် နှလုံးကို သွေးပြန်ပို့ပေးရပါတယ်။ ဒါကြောင့် ခြေထောက်ရဲ့ သွေးပြန်ကြောတွေကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ခြေထောက်သွေးပြန်ကြောတွေ ထိခိုက်လာတဲ့အခါ ခုနက သွေးပြန်ပို့တဲ့ အလုပ်ကို ထိခိုက်လာပြီး ခြေထောက်မှာ သွေးစုတာကစလို့ တခြားသွေးပြန်ကြော ရောဂါတွေ ဝင်လာပါတော့တယ်။ ဒါတွေကို စုပေါင်းပြီး ခြေထောက်သွေးပြန်ကြောရောဂါများလို့ အမည်တပ်လိုက်ပါတယ်။ ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ ခြေထောက်သွေးပြန်ကြောမှာ တစ်လမ်းသွား အဆို့ရှင်လေးတွေ ရှိပါတယ်။ ပုံမှန်ဆို ခြေထောက်ကြွက်သားတွေက ညှစ်လိုက်တဲ့အခါ သွေးတွေက အပေါ်ကို တက်သွားပြီး အောက်ပြန်မကျအောင် ဒီအဆို့ရှင်လေးတွေက ပိတ်ထားပေးပါတယ်။ ဒါကြောင့် အပေါ်ရောက်ပြီးသားသွေးက အောက်ကို ပြန်မကျတော့ပါဘူး။ ရောဂါတစ်ခုခုဖြစ်လို့ […]


ကိုလက်စထရောလ်

အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ

လူအများဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ရာမှာ အဆီဓာတ်များတဲ့ အစားအစာများကို ရှောင်ကြပါတယ်။ ဒါဟာ ယေဘုယျအားဖြင့် လိုက်နာသင့်တဲ့ အချက်ဖြစ်ပါတယ်။ အဆီဓာတ်ကို လိုတာထက်စားသုံးခြင်းအားဖြင့် ရောဂါအချို့ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီအယူအဆကို တရားသေ သတ်မှတ်ခြင်းအားဖြင့် အဆီဓာတ်နဲ့ ကိုလက်စထရောကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းဟာ ရောဂါပေါင်းစုံကို ဖြစ်စေနိုင်တယ်ဆိုပြီး လုံးဝရှောင်ကြဉ်လာကြပါတယ်။ တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလိုဘဲ အဆီဓာတ်ဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရ တစ်မျိုးဖြစ်ပြီး စားသင့်စားထိုက်တဲ့ ပမာဏကိုတော့ စားသုံးရမှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဆီ (သို့မဟုတ်) ကိုလက်စထရောနဲ့ ပတ်သက်ပြီး လူအများကြားနေကြ ယုံတမ်းစကားတွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် မှန်သယောင်ထင်ရပေမယ့် ယူဆချက်လွဲနေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ၁။ အဆီစားခြင်းဟာ ကိုယ်အလေးချိန်တက်စေတယ် ဒါဟာ ကြားရများတဲ့ စကားတခွန်းဖြစ်ပါတယ်။ တကယ်တော့ ဘယ်အာဟာရဓာတ်ကိုမဆို လိုတာထက် […]


နှလုံးရောဂါ

အစာအိမ်အူလမ်းကြောင်းနှင့် နှလုံးကျန်းမာရေးဆက်နွယ်နေသလား

အစာအိမ်အူလမ်းကြောင်းရဲ့ ကျန်းမာရေးအခြေအနေဟာ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါများနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ သုတေသနတွေ့ရှိချက်တခုအရ နှလုံးရဲ့ အခြေအနေတချို့ဟာ အူလမ်းကြောင်းမှာရှိတဲ့ သက်ရှိပိုးကောင်ငယ်လေးများနဲ့ ဆက်စပ်မှုရှိပါတယ်။ သွေးလွှတ်ကြောများ မာကြောခြင်း တကယ်တော့ အူလမ်းကြောင်းရှိ သက်ရှိများနဲ့ နှလုံးကျန်းမာရေးအကြား ဆက်စပ်မှုဟာ ယခုမှသိရတဲ့ အရာတော့ မဟုတ်ပါဘူး။ အူလမ်းကြောင်းအခြေအနေ မကောင်းခြင်း၊ သက်ရှိများ ပေါက်ပွားနိုင်မှု မရှိခြင်းဟာ အမျိုးသမီးများမှာ သွေးလွှတ်ကြောမာကြောခြင်းနဲ့ ဆက်စပ်နေကြောင်း သိရှိခဲ့ကြပါတယ်။ သွေးလွှတ်ကြောများမာကြောခြင်းဟာ အသက်ကြီးလာလေ ပိုပြီးဖြစ်နိုင်ခြေများလေပါပဲ။ သွေးလွှတ်ကြောများ မာကြောခြင်းကြောင့် နှလုံးရောဂါများ ဖြစ်ပွားလာနိုင်ပါတယ်။ လန်ဒန်ဘုရင့်တက္ကသိုလ် သုတေသီများရဲ့ တွေ့ရှိချက်အရ အူလမ်းကြောင်းကျန်းမာရေးဟာ နှလုံးအခြေအနေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ အစားအသောက်နဲ့ probiotic များ သုံးစွဲခြင်းဟာ နှလုံးရောဂါကို ဖြစ်နိုင်ခြေနည်းစေတယ်လို့ ဆိုပါတယ်။ အဆိုပါသုတေသနမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၆၀၀ ကျော်ပါဝင်ခဲ့ပြီး သူတို့ရဲ့သွေးကြောများ မာကြောကျစ်လျစ်မှု အခြေအနေကို […]


နှလုံးရောဂါ

ကြီးလာရင် နှလုံးရောဂါဖြစ်မလား သိစေနိုင်မယ့် နိမိတ်လက္ခဏာ ၂ ရပ်

နှလုံးရောဂါဟာ အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်စေတဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ အမေရိကမှာဆိုရင် လူ ၇ ယောက်မှာ ၁ ယောက်နှုန်း နှလုံးရောဂါ ခံစားနေရပြီး တစ်နှစ်ကို လူ သုံးသိန်းခွဲလောက် နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေကြောင့် အသက်ဆုံးရှုံးနေကြရပါတယ်။ စာရင်းဇယားတွေအရဆိုရင်လည်း Heart Attack ဖြစ်တဲ့လူတွေရဲ့ ၁၄% ဟာ အဆိုပါဝေဒနာကြောင့် အသက်ဆုံးရှုံးနေကြရတယ်လို့လည်း ဆိုထားပါတယ်။ အန္တရာယ်များတဲ့ အဆိုပါရောဂါဟာ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ပွားနိုင်သလို အစားအသောက်အနေထိုင် အပြုအမူတွေ မှားယွင်းနေတာကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ်မှာ အဝလွန်တာနဲ့ အမျိုးအစား ၂ ဆီးချိုဝေဒနာတွေ ရှိနေမယ်ဆိုရင် အရွယ်ရောက်လာချိန်မှာ နှလုံးရောဂါ စောလျင်စွာ စွဲကပ်နိုင်ပါတယ်။ ဒီအချက်ကို အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းက ၁၇ အရွယ်လူငယ်တွေကို ၅ နှစ်ကြာ သုတေသနပြုလုပ်ပြီး ၂၀၂၀ ခုနှစ် မေလတုန်းက ထုတ်ပြန်ကြေညာခဲ့တာပါ။ ဆီးချိုရော၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း