နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးရောဂါ

နှလုံးရောဂါများအတွက် နောက်ဆုံးပေါ် အဆင့်မြင့် ခွဲစိတ်နည်းများ

နှလုံးရောဂါဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးနဲ့ အသေအပျောက် အများဆုံးရောဂါ တစ်ခုပါ။ နှလုံးရောဂါလို့ ပြောလိုက်ရင် ရုတ်တရက် နှလုံးထိခိုက်တဲ့ heart attackကစလို့ နှလုံးပျက်စီးတာ heart failureအလယ် နှလုံးစည်းချက်မမှန်တာ arrhythmiaအထိ အကုန်ပါပါတယ်။ ပြီးတော့ နှလုံးရောဂါက လူကြီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ ကလေးတွေမှာ မွေးကတည်း ပါလာတဲ့ မွေးရာပါ နှလုံးရောဂါ congenital heart diseaseဆိုတာလည်း ရှိပါသေးတယ်။ ဆိုလိုတာက နှလုံးရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ကံကောင်းတာက ခုခေတ်မှာ ဆေးပညာတွေ တိုးတက်နေပြီမို့လို့ သောက်ဆေးတွေ၊ ခွဲစိတ်နည်းတွေနဲ့ ကုလို့ရနေတာပါပဲ။ အရင်လို နှလုံးရောဂါဆိုတာနဲ့  သေရာပါ မဟုတ်တော့ပါဘူး။ ဒီထဲမှာ ခွဲစိတ်နည်းတွေက ပိုပြီး တိုးတက်လာပါတယ်။ အရင်ကတော့ နှလုံးခွဲစိတ်ရမယ်ဆိုရင် ကြောက်ကြတယ်။ အခု နည်းပညာတွေ […]


သွေးတိုးရောဂါ

White coat hypertension Vs Masked hypertension

သွေးပေါင်တက်ခြင်း သို့မဟုတ် သွေးတိုးခြင်းဆိုတာ အလွယ်ပြောရရင် သွေး‌ပေါင်ချိန် 130/80 mmHg နဲ့ အထက်ရှိခြင်းကို ဆိုလိုပါတယ်။ သွေးတိုးရတဲ့ အကြောင်းရင်းတွေဟာ များစွာရှိပြီး တိတိကျကျပြောဖို့ ခက်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ အသက်အရွယ်ကြီးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း နဲ့ အဝလွန်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပုံမှန်သွေးတိုးခြင်းနဲ့ မတူတဲ့ white coat hypertension နဲ့ masked hypertension တို့‌အကြောင်းကို ပြောပြပေးသွားပါမယ်။ (i)White coat hypertension White coat hypertension ဆိုတာ ပုံမှန်နေရင်း သွေးတိုးလေ့မရှိဘဲ ဆရာဝန်နဲ့ တွေ့မှ ဆေးခန်းရောက်မှ သွေး‌ပေါင်ချိန်မြင့်တက်‌နေတတ်တာကို ခေါ်ပါတယ်။ ရယ်ချင်စရာတော့ ဖြစ်နေနိုင်ပေမဲ့ ‌လက်တွေ့မှာ တကယ်ရှိတဲ့ အခြေအနေဖြစ်ပြီး အန္တရာယ်လည်းရှိပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ဆရာဝန်နဲ့တွေ့ရမှာ ဆေးခန်းပြရမှာကို […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

၂၄ နာရီ ဟိုလ်တာနှလုံးစောင့်ကြည့်ကိရိယာ(24-Hour-Holter Monitor)ဆိုတာ ဘာလဲ

နှလုံးစမ်းသပ်စစ်ဆေးတဲ့ နည်းအမျိုးမျိုးထဲက ၂၄ နာရီတပ်ဆင်အသုံးပြုရတဲ့ Holter Monitor အကြောင်းပြောပြချင်ပါတယ်။ Holter Monitor စက်ကို နှလုံးခုန်မမှန်ခြင်းနဲ့ တခြားနှလုံးလက္ခဏာတွေ ရှာဖွေဖို့အသုံးပြုနိုင်ပြီး ရိုးရိုးနှလုံး အီးစီဂျီ  ဆွဲရုံနဲ့ သိသာတဲ့အချက်အလက်တွေ မရရှိတဲ့အခါမျိုး (ဒါမှမဟုတ်) သင့်မှာတခြား နှလုံးပြဿနာ တစ်ခုခုရှိနေမနေကို သေချာသိရဖို့ လိုအပ်တဲ့ အခါမျိုးမှာ Holter monitor တပ်ဆင်အသုံးပြုဖို့လိုအပ်နိုင်ပါတယ်။ Holter monitor ကိရိယာက ဘက်ထရီအားသုံး စက်တစ်မျိုးဖြစ်ပြီး အရွယ်အစားက ပိုက်ဆံအိတ်အသေး (ဒါမှမဟုတ်) ဖုန်းတစ်လုံးသာသာလောက်ပဲ ရှိပါတယ်။ ဘယ်လိုအချိန်မျိုးမှာ Holter monitor တပ်ရနိုင်သလဲ နှလုံးခုန်မမှန်တာလိုမျိုး နှလုံးနဲ့ပတ်သက်ပြီး မသင်္ကာစရာအခြေအနေမျိုးရှိရင် အီးစီဂျီ အရင်ဆုံးဆွဲပြီး နှလုံး အခြေအနေကို လေ့လာပါတယ်။ ဒါပေမဲ့ အီးစီဂျီ  တစ်မျိုးတည်းနဲ့ နှလုံးပြဿနာရှိမရှိ သေချာမသိနိုင်တဲ့အခါမျိုးမှာတော့ Holter monitor တပ်ပြီး […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးရောဂါ ရှိသူတွေ လိင်ဆက်ဆံသင့်လား

နှလုံးရောဂါ ရှိသူတွေအနေနှင့် နေ့စဉ်ဘဝမှာ ညှိနှိုင်းလုပ်ဆောင်ရတဲ့ကိစ္စရပ်တွေ များပြားလှပါတယ်။ ဥပမာ တစ်ခုခုစားတော့မယ်ဆိုရင်လည်း တည့်ပါ့မလား၊ လှုပ်ရှားမှုတစ်ခုခု လုပ်မယ်ဆိုရင်လည်း အမောခံနိုင်ပါ့မလား စဉ်းစားရတာမျိူးပေါ့။ နှလုံးရောဂါရှိသူတွေသိချင်ကြတဲ့ အကြောင်းအရာတွေထဲမှာ လိင်ဆက်ဆံသင့်လားဆိုတာလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ အမေရိကန်နိုင်ငံ နှလုံးဆရာဝန်များအသင်းရဲ့ နောက်ဆုံးပြောကြားချက်တစ်ခုမှာတော့ နှလုံးရောဂါရှိသူများအနေနှင့် နှလုံးအခြေအနေကို ငြိမ်သက်သောအခြေအနေတစ်ခုမှာ ထိန်းထားနိုင်ပြီဆိုရင် စိတ်ချစွာ လိင်ဆက်ဆံနိုင်တယ်လို့ ဆိုပါတယ်။ နှလုံးရောဂါကြောင့်ဖြစ်သော နှလုံးထိခိုက်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းတို့ဟာ လိင်ဆက်ဆံနေစဉ်မှာ ပေါ်ပေါက်တာရှားပါတယ်။ အကြောင်းရင်းကတော့ လိင်ဆက်ဆံခြင်းဟာ ကြာချိန်တိုတောင်းလို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနှင့် နှလုံးရောဂါကို တည်ငြိမ်တဲ့အနေအထားတွင် ထိန်းမထားနိုင်တာမျိူးဖြစ်စေ၊ ရောဂါလက္ခဏာတွေဟာ ဆိုးရွားနေတာမျိူးဖြစ်စေ ကြုံတွေ့ရပါက လိင်မဆက်ဆံခင်မှာ နှလုံးအထူးကုဆရာဝန်နှင့် သေချာကုသထားခြင်းက ပိုမိုစိတ်ချရပါတယ်။ ဆရာဝန်နှင့်ဆွေးနွေးတဲ့အခါမှာလည်း လိင်ကိစ္စပြောဆိုဖို့ မရှက်သင့်ပါဘူး။ သင့်မှာနှလုံးရောဂါရှိပြီဆိုတာ စစ်ဆေးသိရှိရပြီဆိုတာနှင့်တစ်ပြိုင်နက် အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။ (၁) လိင်ဆက်ဆံမှု ပြုလုပ်ရန်သင့်မသင့် သေချာစစ်ဆေးဖို့ ဆရာဝန်ကို တောင်းဆိုပါ။ (၂) […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

ရင်တုန် နေတာ ဘာကြောင့်လဲ။

ရင်တုန် နေတယ်ဆိုတာ ကိုယ့်ရင်ခုန်သံကို ကိုယ်ပြန်ကြားနေရတာ ဒါမှမဟုတ် ပြန်သတိထားမိနေတာမျိုးပါ။ အချိန်နဲ့အမျှ နှလုံးခုန်နေပေမယ့် ဘယ်သူမှ ဒါကို သတိမထားမိပါဘူး။ သာမန်ပြင်းပြင်းထန်ထန် လှုပ်ရှားလို့ ရင်တုန်ပြီး မောလာတာ ရှိသလို အလိုလိုနေရင်း ရင်တုန်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ နှလုံးရောဂါအခံရှိရင်လည်း ရင်တုန်တတ်ပါသေးတယ်။ ဒါဆို ဘယ်လိုရင်တုန်တာမျိုးက မစိုးရိမ်ရဘူးလဲ။ ဘယ်လိုအခြေအနေဆိုရင်တော့ ဆေးရုံသွားသင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ ဆေးပညာအရတော့ ရင်တုန်တာကို Tachycardia လို့ ခေါ်ပါတယ်။ နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၀၀ကျော်သွားရင် Tachycardia လို့ သတ်မှတ်ပါတယ်။ ဘာတွေကြောင့် ရင်တုန် တတ်သလဲ။ သာမန် အခြေအနေတွေမှာ ရင်တုန်စေတဲ့ အကြောင်းတွေကတော့ ကဖင်းဓာတ်များတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်တာ အရက်အသောက်များတာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ ဆေးလိပ်သောက်တာ စိတ်လှုပ်ရှားစရာ အခြေအနေတွေနဲ့ ကြုံလို့ တုန်တာပဲ […]


နှလုံးရောဂါ

သွေးကျဲဆေးသောက်နေရသူတွေ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံ

သွေးကျဲဆေးက လူတိုင်းသောက်ရတာတော့ မဟုတ်ပေမယ့် ကျန်းမာရေး အခြေအနေတစ်ခုခုကြောင့် သွေးကျဲဆေးသောက်နေရတယ် ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေတာမျိုး မဖြစ်စေဖို့ ဘယ်လိုနေထိုင်ရပါ့မလဲ တွေးရခက်ပြီး စိုးရိမ်နေပြီလား။ ဒါဆိုသွေးကျဲဆေးကို အန္တရာယ်ကင်းကင်း သောက်နိုင်စေဖို့ သတိထားသင့်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ ဘာ​ကြောင့် သွေးကျဲဆေး သောက်ရတာလဲ............. နှစ်စဉ် သွေးကျဲဆေးသောက်နေရသူတွေ အရေအတွက်က ၂ သန်း ကနေ ၃ သန်းလောက်အထိရှိနေပါတယ်။ ကျန်းမာနေတဲ့ လူတစ်ယောက်အနေနဲ့ကတော့ သွေးကျဲဆေးသောက်ဖို့ မလိုဘူးပေါ့။ ဒါပေမယ့် ရုတ်ရက်နှလုံးရပ်တဲ့ ဝေဒနာ ခံစားရဖူးမယ် လေဖြတ်ခဲ့ဖူးမယ် နှလုံးသွေး​ကြောကျဉ်းရောဂါ ရှိမယ် နှလုံးရောဂါ ရှိမယ် နှလုံးစည်းချက်မမှန်တာမျိုး ခံစားနေရမယ် သွေး​ကြောပိတ်ဆို့မှု ဖြစ်ဖူးတယ် အဝလွန်နေတာကြောင့် သွေးကြောပိတ်ဆို့နိုင်ခြေ များနေမယ် မကြာသေးခင်က ခွဲစိတ်မှု လုပ်ခဲ့ဖူးမယ် နှလုံးအဆို့ရှင် အစားထိုးကုသတာမျိုး ခံယူခဲ့ဖူးမယ် ဆိုရင် […]


သွေးတိုးရောဂါ

အထိုင်အထ မှာ မူး မူး နေပြီလား

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတတ်ပါတယ်။ ကြုံဖူးတဲ့သူကို ဒီခံစားချက်ကို ကောင်းကောင်းကြီး သိပါတယ်။ ဒါကို အထိုင်အထ မှာ သွေးပေါင်ကျတယ် postural hypotensionလို့ ခေါ်ပါတယ်။ ဆေးစကားနဲ့ ဆိုရင်တော့ orthostatic hypotensionပေါ့။ အတူတူပါပဲ။ တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေ ရုတ်တရက် ကြုံရတဲ့အခါ လေများဖြတ်တာလား၊ ဦးနှောက်သွေးကြောများ ပြတ်တော့မှာလားဆိုပြီး လန့်တတ်ကြပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘယ်လို ဆင်ဆင်ခြင်ခြင် နေကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘာကြောင့် အထိုင်အထ မှာ မူးရတာလဲ။ မတ်တပ်ရပ်နေတဲ့အချိန်မှာ သွေးတွေအကုန်လုံးက ခြေထောက်မှာ လာစုနေတဲ့အတွက် နှလုံးဆီကို သွေးကောင်းကောင်းမရောက်ပါဘူး။ ဒါကြောင့် သွေးပေါင်ကျသွားပါတယ်။ ဒါကိုသိတဲ့ နှလုံးနဲ့ လည်ပင်းသွေးကြောက ဆဲလ်လေးတွေက ဦးနှောက်ကို သတင်းပို့ပြီး […]


သွေးတိုးရောဂါ

သင်က သွေးပေါင်ကျ တတ်သူလား။

ခုတလော နေလို့မကောင်းဘူး။ မူး မူးနေတယ်လို့ ပြောရင် တော်တော်များများက သွေးပေါင်များကျနေတာလားလို့ တွေးတတ်ကြပါတယ်။ ဒါလည်း ဟုတ်ပါတယ်။ သွေးပေါင်ကျ ရင် မူးတတ်တာကိုး။ နောက်တစ်မျိုးက သူ့မှာ သွေးပေါင်ကျတတ်တဲ့ ရောဂါရှိတယ်။ ဘာကြောင့်မှန်း မသိ သွေးပေါင်က ကျကျနေတယ်ဆိုတဲ့ သူလည်း ရှိတယ်။ ဒါတွေ အကုန်လုံးက ဘာကြောင့် ဖြစ်တာလဲ။ သင်က သွေးပေါင်ကျတတ်တဲ့သူဆိုရင် သွေးပေါင်ကျရတဲ့ အကြောင်းရင်းတွေကို သိထားဖို့ လိုမယ်နော်။ သွေးအားနည်းတာလား၊ သွေးပေါင်ကျ တာလား။ ဒီနှစ်ခုကို လူတွေ မကွဲကြလို့ ဒါကို အရင်စပြောပါမယ်။ သွေးအားနည်းတာကို ဆေးပညာလို anaemiaလို့ ခေါ်ပါတယ်။ သွေးနီဥ အားနည်းတဲ့ ရောဂါပါ။ အတိအကျပြောရင် ဟေမိုဂလိုဘင်ဆိုတဲ့ ဓာတ်တစ်မျိုး ချို့တဲ့တာပါ။ သွေးပေါင်ကျတယ်ဆိုတာက သွေးဖိအား နည်းတာကို ပြောတာပါ။ ဆေးပညာလိုဆို […]


နှလုံးရောဂါ

ညဘက် အိပ်နေရင်း ထထမောနေပြီလား

ညဘက် အိပ်နေရင်းနဲ့ မောလို့ ထထိုင်ရတာမျိုးတွေ ဖြစ်နေပြီလား။ ထပြီး ပြတင်းပေါက်ထဖွင့် အသက်ဝဝရှူလိုက်မှ အမောသက်သာတာမျိုး ဖြစ်နေပြီလား။ ဒါကို ဆေးပညာအရ  Paroxysmal nocturnal dyspnea (PND) လို့ ခေါ်ပါတယ်။ ညဘက်မှာ ဖြစ်တဲ့ အမောပေါ့။ သူက အိပ်ပြီး နာရီပိုင်းလောက်ကြာတာနဲ့ ထထမောတတ်ပါတယ်။ မောတာက ဘယ်အချိန်မှာမဆို မောနိုင်ပါတယ်၊ မနက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ်ပေါ့။ မောခြင်းရဲ့ နောက်ကွယ်မှာ နှလုံးမကောင်းတာ၊ အဆုတ်မကောင်းတာလိုမျိုး ရောဂါကြီး တစ်ခုခုလည်း ရှိနေနိုင်ပါတယ်။ PNDကို ဖြစ်စေတဲ့ အကြောင်းရင်း၊ ကုသနည်းတွေကို လေ့လာကြည့်ရအောင်။ ဘာလက္ခဏာတွေ တွေ့ရမလဲ။ PNDက အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဖြစ်တတ်ပါတယ်။ PND မှာ မောပြီး နိုးလာမယ်။ ထထိုင်ပြီး ပြတင်းပေါက်တွေ ဘာတွေဖွင့် အသက်ဝဝရှူလိုက်မှ နေလို့ […]


သွေးတိုးရောဂါ

တချို့သွေးတိုးရောဂါသည်တွေ ဘာလို့ အငန် မရှောင်တာလဲ

သွေးတိုးရောဂါသည် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ဖြစ်နိုင်သလို မွေးရာပါ သို့မဟုတ် မိဘမျိုးရိုးအရလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာသာမက ကလေးတွေမှာပါ ငယ်ငယ်လေးနဲ့ သွေးတိုးရောဂါ အဖြစ်များလာပါတယ်။ သွေးတိုးရောဂါဆိုတာနဲ့ လူတိုင်းက အငန်ကို အဓိက ရှောင်ရမယ်ဆိုတာ သိကြပါတယ်။ အငန်ဓာတ်ကို အပေးနိုင်ဆုံးကတော့ ဆားပေါ့။ ဆားကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဟင်းချက်တဲ့အခါ မပါမဖြစ် အများဆုံး ထည့်ချက်ကြပါတယ်။ ဆားမှာ ပါတဲ့ ဆိုဒီယမ်ဓာတ်ကို ခန္ဓာကိုယ်က အသုံးပြုသလို လိုလည်း လိုအပ်ပါတယ်။ ပုံမှန် ကျန်းမာတဲ့ လူတစ်ယောက်ဟာ ဆားတွေ စားမိလိုက်တဲ့အခါ ကျောက်ကပ်ကနေ တစ်ဆင့် ဆီးအဖြစ်နဲ့ အပြင်ဘက်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် စားတဲ့ ဆားပမာဏက အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတဲ့အခါ ကျောက်ကပ်က ဆီးအဖြစ်နဲ့ အကုန်မစွန့်ထုတ်နိုင်တော့ပါဘူး။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း