အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

တစ်ဖက်သားအပေါ် လုပ်မိတတ်တဲ့ နူးညံ့ညင်သာဆုံးသော အပြုအမူ ဆိုးများ

ကိုယ်က သိလျက်နဲ့ဖြစ်စေ၊ မသိလိုက်ဘဲ ဖြစ်စေ တစ်ဖက်သားကို ထိခိုက်စေနိုင်တဲ့ အပြုအမူ တွေ လုပ်မိတတ်ပါတယ်။ ကိုယ်ကတော့ အမှုမဲ့ အမှတ်မဲ့ပေါ့။ ဒါပေမယ့် တစ်ဖက်မှာ ဘယ်လိုထိခိုက်သွားစေနိုင်သလဲ ဆိုတာသိရင် ကိုယ်ချစ်ခင်ရသူတွေ၊ ကိုယ့်အနားကလူတွေကို ဒါတွေလုပ်မိတေ့ာမှာ မဟုတ်ပါဘူး။ ကောင်းကောင်းဆက်ဆံတာပဲလေ ဘာများလုပ်မိလို့လဲ တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူ တိုင်းက အဆိပ်အတောက်မဟုတ်ပါဘူး။ တချို့အပြုအမူတွေက စိတ်ထိခိုက်ရပေမယ့် လွယ်လွယ်နဲ့ပြေပျောက်သွားစေတာရှိပေမယ့် တကယ် အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူတွေက ညင်သာပါတယ်။ စကားချိုချိုလေးပေမယ့် တစ်ဖက်လူမှာ ကာလတာရှည် ခံစားလိုက်ရတဲ့အထိ ထိခိုက်သွားရတာမျိုးက ရန်လိုပုတ်ခတ်လိုက်တာထက် ပိုဆိုးပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုက ဆက်ဆံရေးကို အဆိပ်ခတ်လိုက်တာဖြစ်ရုံမက တစ်ဖက်လူရဲ့ဖွံ့ဖြိုးမှုကိုပါ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုအပြုအမူမျိုးတွေလုပ်မိတဲ့နေသူတွေဟာ ကိုယ့်ကိုယ်ကိုသတိထားမိဖို့ သိပ်မလွယ်ပါဘူး။ ငါက ဘာများလုပ်နေမိလို့လဲ၊ သူပဲမကောင်းတာလေ၊ သူ့ဘက်ကစပြီးဖြစ်တာ လို့ အမြဲတွေးမိတတ်တာ လူ့စိတ်သဘာဝပါပဲ။ အမှန်တော့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိပ်အတောက်အဖြစ် သတ်မှတ်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုတာ

လူမှုဆက်ဆံရေးမှာ Toxic လို့ ခေါ်တဲ့ အဆိပ်အတောက်လို ဆက်ဆံရေးတွေ အများအပြား တွေ့ရပါတယ်။ မိဘ နဲ့ သားသမီးကြား၊ ဆွေမျိုးကြား၊ ချစ်သူ နှစ်ဦးကြား၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ သူစိမ်းတွေနဲ့ အစရှိသဖြင့် ကြားထဲက ဆက်ဆံရေးကို ကြည့်လိုက်တဲ့အခါ အေးချမ်းခြင်း မရှိဘူး။ အချိန်ပြည့် ပူလောင် ဝမ်းနည်းနေရတယ်။ တစ်ယောက်ယောက်က အမြဲနာကျင်သလို ခံရခက်တဲ့ အနေအထားမှာ ရောက်နေတတ်တယ်။ နားလည်ပေးမှု၊ ကိုယ်ချင်းစာမှုတွေ မရှိဘူး။ အဲ့လိုမျိုး ကိုယ်နဲ့ ဆက်ဆံနေတဲ့ သူနဲ့ အဆိပ်အတောက်လို ဝေဒနာတွေ ခံစားနေရတယ်၊ ပေးနေတယ်လို့ ခံစားမိရင် သေချာ ပြန်စဉ်းစားဖို့ အချိန်တန်ပါပြီ။ အဆိပ်အတောက် ဖြစ်စေတဲ့ အပြုအမူပေါင်းများစွာ ကိုယ်တိုင် သိလျက်နဲ့ ဖြစ်စေ၊ ကိုယ်တိုင် မသိဘဲ လုပ်မိတာတွေ ဖြစ်စေ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိုးမြင်စိတ်အစွဲက ဘယ်လိုသက်ရောက်မှုရှိလဲ

လူ့သဘောသဘာဝအရ အပြုသဘောဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ သာမန်အတွေ့အကြုံတွေထက် အနုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံတွေကို ပိုပြီးအလေးအနက် ထားတတ်ကြပါတယ်။ ဒါကို အဆိုးမြင်စိတ်အစွဲ (Negativity bias) လို့ ခေါ်ပါတယ်။ တခါတရံမှာ ဆိုးရွားတဲ့ အတွေ့အကြုံများဟာ သိပ်မဆိုးရွားရင်တောင် စိတ်ထဲစွဲနေပြီး အနုတ်လက္ခဏာဆောင်တဲ့ အတွေးအကြံတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဆိုးမြင်စိတ်အစွဲဆိုတာကို ဥပမာပေးရရင် သင်ဟာ ညနေခင်းတခုမှာ အကောင်းစားဟိုတယ်တခုမှာ တည်းခိုဖို့ ဝင်ရောက်သွားပြီ ဆိုပါစို့။ သင် ဟိုတယ်ရေချိုးခန်းကို သုံးချိန်မှာ ရေချိုးကြွေခွက်ထဲမှာ ပင့်ကူခပ်ကြီးကြီးတကောင်ကိုလည်း တွေ့လိုက်ရမယ် ဆိုပါစို့။ နောင်တချိန်မှာ သင့်အနေနဲ့ ဟိုတယ်အကြောင်းကို ပြန်စဉ်းစားတဲ့အခါ ဇိမ်ခံပစ္စည်း အကောင်းစားတွေ၊ အသုံးအဆောင်တွေထက် သင်တွေ့ခဲ့ရတဲ့ ပင့်ကူကိုပဲ ပိုပြီး သတိရနေပါလိမ့်မယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစာစောင်တခုအရလည်း ပင့်ကူကို ပိုပြီးသတိရနေတတ်ကြောင်း သိရပါတယ်။ ဘာကြောင့် အဆိုးမြင်စိတ်အစွဲရှိကြသလဲ စိတ်ကုထုံးပညာရှင် ရစ်ဟန်ဆန်ရဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွေးအခေါ်အပြုအမူပိုင်းဆိုင်ရာကုသနည်း (CBT)

Cognitive behavioral therapy (CBT) ဆိုတာ စိတ်ပိုင်းဆိုင်ရာ ကုသနည်း တစ်မျိုးပါ။ စိတ်ရောဂါအထူးကု ဆရာဝန် ဒါမှမဟုတ် စိတ်ပညာရှင်နဲ့ စကားပြောဆိုပြီး ကုသရတာပါ။ CBTက သင့်မှာ ဖြစ်နေတဲ့ အဆိုးမြင်စိတ်တွေ၊ စိတ်ထဲမှာ မသေချာမှုတွေ ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်၊ ကောင်းကောင်းမွန်မွန်တုံ့ပြန်တတ်အောင် ကုသပေးပါတယ်။ CBTက စိတ်ကျရောဂါ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပြီးနောက် နောက်ဆက်တွဲ စိတ်ဒဏ်ရာရတာ၊ တခြား စိတ်ရောဂါတွေမှာ သူတစ်ခုတည်းဖြစ်ဖြစ်၊ တခြားကုထုံးတွေနဲ့ ဖြစ်ဖြစ် ပေါင်းပြီး ကုသတဲ့နေရာမှာ အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ရောဂါရှိသူပဲ CBT ကုသမှု ခံယူလို့ရတာ မဟုတ်ပါဘူး။ ဘယ်သူမဆို စိတ်ဖိစီးမှုတွေ များနေရင် ဒါတွေကို ခံနိုင်ရည်ရှိအောင် အကောင်းဆုံး ဖြေရှင်းနိုင်အောင် CBT […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျောပူတာ ခံနိုင်ပေမယ့် နားပူတာ မခံနိုင်တော့တဲ့အခါ

လူအများစုဟာ နားပူမှာ ကြောက်ကြပါတယ်။ အလုပ်တွေ အများကြီးခိုင်းတာ ခံရတာထက်၊ ဘေးနားကနေ နားမခံသာအောင် လာပြီး ပြောဆိုနေမှာကို ပိုကြောက်တတ်ကြတယ်။ ဒီအခြေအနေမျိုးဟာ ပုံမှန်အားဖြင့်တော့ သဘာဝ အခြေအနေတစ်ရပ်ပါ။ ဒါပေမယ့် တချို့တွေအတွက်ကတော့ ဒီမှာတင် မရပ်သွားတတ်ပါဘူး။ ဆူဆူညံညံအသံတွေကြောင့် စိတ်တွေ ဖိစီးလာမယ်၊ စိတ်တွေ ပိုတိုတတ်လာမယ်၊ ပိုခံစားရလာမယ်ဆိုရင် တစ်စုံတစ်ခုတော့ လွဲချော်နေပြီဆိုတာကို သင်နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေကို Misophonia လို့ခေါ်ပါတယ်။ နားပူတာမခံချင်တဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အလွန်အမင်းဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူတစ်ဖက်သားရဲ့ အသက်ရှူသံ၊ အစာဝါးသံ၊ မျိုချသံ၊ ကျယ်လောင်တဲ့ နှာချေသံ၊ မော်တော်ကားမောင်းသံ၊ ဗျစ်တောက်ဗျစ်တောက် စကားပြောဆိုသံ၊ ဆူပူကြိမ်းမောင်းသံစတဲ့ ပုံမှန်စိတ်အနှောင့်အယှက်ဖြစ်စရာ အသံဗလံတွေတိုင်းအပေါ် ပြင်းထန်စွာ ခံစားနေတတ်ပါတယ်။ ဒီလို အသံဗလံတွေကြောင့် အလွန်အမင်း စိတ်ဆိုးဒေါသထွက်နေတတ်ပြီး မထိန်းချုပ်နိုင်တဲ့ အခြေအနမှာ စိတ်လိုက်မာန်ပါ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ယူခြင်း

တစ်နေ့က ပဲ facebook မှာ video အတိုကလေး တစ်ခု ကြည့်လိုက်ရပါတယ်။ နိုင်ငံခြား မူကြိုကျောင်းကပွဲတစ်ခုက ကလေးတွေ ထင်ပါရဲ့။ နောက်ခံ ကဗျာသီချင်းလေးနဲ့ ကနေကြတာ။ အဲ့ကလေးတွေထဲမှာ သတိထားမိတာက သူများထက် ထူးပြီး သေချာစိတ်ပါလက်ပါ လိုက်ကနေတဲ့ ကလေးမလေးပါ။ သူ့ကို ကြည့်ရတာကိုက တကယ့်ဖျော်ဖြေရေးသမား အသေးစားလေးလိုပဲ။ သူနဲ့ ဘေးကပ်လျက်က ကလေးမလေးကတော့ မျက်နှာကိုလက်နဲ့အုပ် ခေါင်းလေးငုံပြီး ဖျော်ဖြေပွဲတောက်လျှောက် မလှုပ်မယှက်ရပ်နေခဲ့ပါတယ်။ အလွယ်ပြောရင် စင်ကြောက်တဲ့ရောဂါ (stage fright) ရသွားတာပါ။ မွေးရာပါ ဗီဇကိုက စင်မကြောက်တတ်တဲ့ သူတွေအနေနဲ့ သည်ခံစားချက်ကို နားလည်နိုင်မှာမဟုတ်ပေမဲ့ စင်မကြောက်အောင် စိတ်ကို လေ့ကျင့်ယူထားရတဲ့ စာရေးသူအဖို့ကတော့ သည်ကလေးမလေးကို တော်တော်သနားပါတယ်။ ကမ္ဘာပျက်နေမှာပါပဲ။ ကလေး ဘဝ သည်လိုဖြစ်တာ ဘယ်သူမှ အပြစ်ရယ်လို့ မြင်မှာမဟုတ်ကြပေမယ့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

"အသည်းကွဲတယ်ဆိုတာ.... အရူးလိုပဲလား .." နင်ဇီမေရဲ့ သီချင်းသံလေးနဲ့က အသည်းကွဲဖူးတဲ့လူတိုင်းရင်ထဲ ထိစေမှာတော့ အမှန်ပါပဲ ။ မှန်ပါတယ် ။ လူတိုင်းက နှလုံးသားရေးရာ ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ၊  ချစ်ရတဲ့လူတွေကို ရုတ်တရက် ဆုံးရှုံးရတဲ့အချိန်မှာ ဖြစ်ဖြစ် နှလုံးစိတ်ကြေကွဲတတ်ကြပါတယ် ။ ဒီအချိန်မှာ ခံစားရတဲ့ နာကျင်မှုက တအားကြီးမားတဲ့အတွက် နာကျင်မှုသက်သာအောင်လုပ်ရမယ့် နည်းလမ်းကို မရှာတွေ့တတ်ကြပါဘူး ။ ဒါ့ကြောင့် "အသည်းကွဲရင် ပျောက်တဲ့ဆိုတဲ့ ဆေး"ဆိုတာ မရှိသေးပေမဲ့ စိတ်ဆင်းရဲမှုဒဏ်ကို ဘယ်လိုမြန်မြန်သက်သာအောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေတော့ ရှိနေပါတယ်။ အချိန်ယူပါ ပြတ်စဲခြင်းတွေက သင့်ရဲ့စိတ်ကို အထီးကျန်စေခြင်း၊ နောက်ထပ်ချစ်ဖို့ ကြောက်ရွံခြင်း ၊ စိတ်ဓါတ်ကျခြင်း  စတာတွေကို ခံစားရစေတဲ့ မီးပွားတစ်ချက်ပါပဲ ။  ဒါ့ကြောင့် ‌ဆံပင်ကောက်တာ ၊ shopping ထွက်တာ စတဲ့စိတ်ဖြေစရာတွေက အာရုံလွှဲတာသာဖြစ်ပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ သင့်ရဲ့ ဝါသနာပါရာ အလေ့အထလေးများ

လူတိုင်းလိုလိုမှာ သူတို့ ဝါသနာပါရာတွေတော့ ရှိစမြဲပါ။ ဝါသနာဆိုတာက လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေတဲ့အရာပါ။ ဒီဝါသနာလေးတွေက အပျင်းပြေစေရုံ စိတ်လက်ပေါ့ပါး စေရုံတင် မဟုတ်ပါဘူး။ အားလပ်ချိန်မှာ ပြုလုပ်လေ့ရှိတဲ့ ဝါသနာပါရာ အလေ့အထတွေက စိတ်ပျော်ရွှင်စေရုံတင် မဟုတ်ဘဲ ကျန်းမာရေးကိုပါ အထောက်အကူပြုပေးနေပါတယ်။ ဝါသနာပါရာ အလေ့အထလေးတွေက ဘယ်လိုမျိုးများ ကျန်းမာရေးကို အထောက်အကူပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား……….. ဝါသနာပါရာ အလေ့အထလေးတွေကပေးတဲ့ ကျန်းမာရေး ဝါသနာပါရာ အလေ့အထတစ်ခုချင်းစီက ကျန်းမာရေးကို တစ်မျိုးချင်းစီ အထောက်အပံ့ပေးပါတယ်။ ကတာက သင့်ဝါသနာဆိုရင် ကတာကလည်း ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့ အကောင်းဆုံးသော လှုပ်ရှားမှုပါ။ ကတာက အားကစားကစားပစ္စည်းတွေ မလိုအပ်သလို စိတ်လွတ်ကိုယ်လွတ် ကနိုင်ပါတယ်။ ကတာကလည်း ခေါင်းအစ ခြေအဆုံးကို လှုပ်ရှားရတာပါ။ စိတ်ပျော်ရွှင်စေသလို တစ်ကိုယ်လုံးကို လှုပ်ရှားဖြစ်စေပါတယ်။ ကတာက ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှားရတာ ဖြစ်တာကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သီချင်းဆိုပါ…………….

စာဖတ်ပရိသတ်ကြီးက သီချင်းဆိုရတာ ကြိုက်သူလား………….. သီချင်း နားထောင်ရတာကို လူတော်တော်များများ ကြိုက်ကြပေမယ့် သီချင်းဆိုတာကို သဘောကျသူကတော့ သိပ်မများလှပါဘူး။ သီချင်းဆိုတာက အသံနာစေတယ် ဘာမှ အကျိုးမထူးဘူးလို့ ယူဆနေတယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ သီးချင်းဆိုတာ ကောင်းလား……….. ဖုန်းကနေဖြစ်ဖြစ် ကားမောင်းရင်း သီချင်းဖွင့်ပြီးဖြစ်ဖြစ် ကွန်ပျူတာမှာ သီချင်းဖွင့်ရင်း သီချင်းလိုက်ညည်းတတ်တယ် ဆိုရင်တော့ ကိုယ်တိုင်ကြုံဖူးလောက်မယ့် အတွေ့အကြုံလေးတွေကနေ အရင်စပြောလိုက်ရအောင်လား.. သီချင်းဆိုတဲ့အခါ • စိတ်လက်ပေါ့ပါး သွားတယ် • စိတ်ဖိစီးမှု ပြေလျော့သွားတယ် • စိုးရိမ်မှုကို သက်သာစေတယ် • ဟန်ပန်လုပ်ရင်း သီဆိုတာကြောင့် ကိုယ်လက်လှုပ်ရှားဖြစ်တယ် ဆိုရင် ဘာပြောမလဲ။ရေချိုးရင်း ရေချိုးခန်းထဲမှာ သီချင်း အော်ဆိုတတ်သူတိုင်း ဒီခံစားမှုလေးတွေကို သိမှာပါ။ ဒီလိုဆိုတတ်သူတွေရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ…… သီချင်းဆိုရတာက သဘောကျသူလေးတွေဟာ စိတ်ဖိစီးမှု ကင်းတယ် သီချင်းဆိုလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ စိတ်ခံစားမှုကောင်းတာပြီး အောက်ဆီတိုစင် ဟော်မုန်းတွေထွက်လာပါတယ်။ ဒီလို ထွက်ရှိမှုက စိတ်ဖိစီးမှုကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွေးလွန် ပြီး ကိုယ့်ကိုယ်ကို လောင်မြိုက်မနေပါစေနဲ့

လောင်နေတယ်...အတွေးတွေနဲ့ လောင်မြိုက်လို့ ညအိပ်မပျော်တာ၊ စိတ်တွေ ဖိစီးပြီး ရင်ထဲ ပူလောင်နေတာ၊ တည်ငြိမ်အောင် ထိန်းမရဘဲ အတွေးလွန် နေမိတာမျိုး။ အတွေးလွန်တယ် ဆိုတာ အရင်က တစ်ခါမှ အရေးမထားခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကိုယ့်ကို မကြာခဏ စိတ်ဖိစီးမှု ပေးတတ်တာကြောင့် အန္တရာယ်ရှိတဲ့အကျင့်တစ်ခုပါ။ ဒါပေမယ့်လည်း တချို့တွေအတွက် ကတော့ ဘဝရဲ့ သဘာဝ ကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်ထဲမှာ အတွေးတွေက စက္ကန့်နဲ့အမျှ အမျိုးမျိုး ဖြစ်နေတာဆိုတော့ ဒီလို အတွေးလွန် နေတာကို သတိတောင်မထားမိကြတာများပါတယ်။ ဒီလို အတွေးလွန် ရာကနေ အိပ်မပျော်တာ၊ စိတ်ဖိစီးတာ၊ သွေးတိုးတာ စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တယ်၊ အာရုံစူးစိုက်နိုင်စွမ်းလည်း ကျလာနိုင်တယ်လေ။ ဒါ့ကြောင့် အတွေးလွန် တတ်တဲ့ ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်မယ့် နည်းလေးတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း