အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘဝ ကို အဓိပ္ပာယ် ရှိရှိ ရှင်သန်ကြမယ်

ဘဝ ရဲ့ အဓိပ္ပာယ်ဆိုတာ ဘာလဲ။ မေးခွန်းက တိုပေမယ့် အဖြေ အတိအကျ ထွက်ဖို့ မလွယ်ပါဘူး။ ကိုယ့်အတွက် အရေးပါတဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့အတွက်တော့ ဒီထက်ပိုပြီး နက်နက်တူးဆွပြီး ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးဖို့လိုပါတယ်။ ကိုယ့်အတွက် ဘာအရေးကြီးလဲ၊ ကိုယ် တကယ် ကျွမ်းကျင်တဲ့ အရာက ဘာလဲ၊ ကိုယ့်ရဲ့ ဖြစ်နိုင်ခြေ အလားအလာက ဘာလဲ အရင်ဆုံး တွေးပါ။ ဘဝ ကို အဓိပ္ပာယ် ရှိရှိ ဘယ်လို နေထိုင်ကြမလဲ အာရုံစူးစိုက်မှု ရှိပါ ရည်မှန်းချက် ပန်းတိုင် သုံး၊ လေးခုကို လိုက်စားနေပြီး တိုးတက်မှုက အရမ်းနည်းနေတာ ထက် တစ်ခုတည်းမှာ အားစိုက်ကြိုးစားပါ။ အာရုံစူးစိုက်ပါ။ လုပ်စရာတာဝန် တွေ အများကြီးကို ခုန်ကူးဖို့ ကြိုးစားရင်း ရလာမယ့် စိတ်ဖိစီးမှုတွေကို ရှောင်လွှဲနိုင်ရုံတင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အလေ့အကျင့်ဆိုးတွေကို ဘယ်လိုပယ်ဖျောက်မလဲ

လူဆိုတာမျိုးက တစ်ခါတစ်လေမှာ မသင့်လျော်ဘူးဆိုတဲ့ အပြုအမူမျိုးတွေကိုမှ စွဲစွဲလမ်းလမ်းလုပ်နေမိတတ်ပါတယ်။ ဥပမာ လူရှေ့သူရှေ့မှာ ဆေးလိပ်သောက်မိနေတာမျိုး၊ လူတကာတန်းစီနေချိန်မျိုးမှာ မကြာခဏ ကြားဖြတ်မိတာမျိုး၊ စကားကိုလုပြောနေမိတာမျိုးပေါ့။ နောက်ပြီး လူရှေ့သူရှေ့မှာ လက်သည်းကိုက်နေမိတာမျိုး၊ အရက်တွေ ဆက်တိုက် သောက်နေမိတာမျိုး၊ ငွေတွေ မလိုအပ်ပဲ အများအပြားသုံးစွဲဖြစ်နေတာမျိုး၊ အချိန်ပြည့် အင်တာနက် သုံးနေမိတာမျိုး၊ တစ်ဖက်သားကို မညှာမတာ ပြောဆိုလေ့ရှိတာမျိုး၊ စသဖြင့်ပေါ့လေ။ ကိုယ်ကိုယ်တိုင်ကိုက ဒီအပြုအမူတွေက မကောင်းဘူးဆိုတာကို သိနေပေမယ့် မစွန့်လွှတ်နိုင်ပဲ လုပ်နေမိတာမျိုးဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ။ ဘယ်လို တားဆီး ဖယ်ရှားကြမလဲ။ အလေ့အကျင့်ဆိုးတွေဟာ လူတိုင်းဆီမှာ တစ်ခုမဟုတ် တစ်ခုတော့ ရှိတတ်ကြတာပါပဲ။ ဒီလို မသင့်လျော်တဲ့ အမူအကျင့်တွေဟာ လူတိုင်းရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေကို တားဆီးနေတဲ့ အရံအတားတွေဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအရလည်း ထိခိုက်နစ်နာမှုတွေများပါတယ်။ အချိန်တွေကုန်မယ်၊ ခွန်အားတွေလည်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူမှုကွန်ယက်များနှင့် ဆယ်ကျော်သက်တို့ရဲ့ကျန်းမာရေး

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ ဆယ်ကျော်သက်တွေဟာ ဖေ့ဘွတ်တို့ အင်စတာဂရမ်တို့လိုမျိုးအစရှိတဲ့ လူမှုကွန်ယက်တွေပေါ်မှာ တစ်ရက်ကို ကိုးနာရီအကြာရှိနေတတ်ကြ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်တွေဟာ အိပ်ချိန်နဲ့ကျောင်းတက်နေချိန်ကလွဲလို့ ဖုန်းတွေကို မျက်နှာနဲ့မခွာကြတဲ့ပုံပါ။ သူတို့လေးတွေဟာ ဖုန်းကိုအသုံးပြုကာ အင်စတာဂရမ်၊ Snapchat ၊ ဖေ့ဘွတ်အစရှိတဲ့ လူမှုကွန်ယက်တွေကတစ်ဆင့် သူငယ်ချင်းတွေတခြားသော မိတ်ဆွေအသစ်တွေနဲ့ အပြန်အလှန်ဆက်သွယ်နေကြပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်တွေကို ဒီလိုအသုံးပြုနေ ခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိ နေနိုင်မလဲ။ Social Media အသုံးပြုခြင်းဟာမိတ်ဆွေအသစ်တွေရမယ်၊ သတင်းအချက်အလက်တွေရှာဖွေနိုင် မယ်စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့စကားပုံအတိုင်း အချိန်ပြည့် အင်တာနက်သုံးနေမယ်ဆိုရင်တော့ ဆယ်ကျော်သက်တွေကို ဆိုးကျိုးတွေဖြစ်လာစေမှာပါ။ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံမှာရှိတဲ့ ပြည်သူကျန်းမာရေးလေ့လာချက်အရ ဆယ်ကျော်သက်လူငယ်လူရွယ်(၁၅၀၀) ကျေိာ်ဟာ လူမှုကွန်ယက်တွေကို ဆေးစွဲသလိုစွဲလမ်းနေကြပါတယ်။ အင်စတာဂရမ်နဲ့ ဖေ့ဘွတ်စ်အစရှိ တဲ့ လူမှုကွန်ယက်တွေဟာ လူငယ်တွေကို စိုးရိမ်ပူပန်မှုတွေ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ချစ်တင်းနှောဖို့ ဘာလို့ကြောက်နေတာလဲ

လူရယ်လို့ဖြစ်လာရင် ဆန့်ကျင်ဘက်လိင်နဲ့ ဒါမှမဟုတ် လိင်တူခြင်း သံဝါသပြုကြတာက လောကသဘာဝပဲ မဟုတ်လား။ မျိုးပွားဖို့လိုပဲ ဆိုဆို၊ ချစ်မေတ္တာကြောင့်ပဲ ပြောပြော၊ အသွေးအသားက တောင့်တလို့ပဲဖြစ်ဖြစ်၊ စိတ်အလိုကို လိုက်မိသွားတာပဲ ကြုံကြုံ၊ လိင်မှုကိစ္စဟာ သက်ရှိတွေအနေနဲ့ ရှောင်လွှဲဖို့ ခက်တဲ့ သဘာဝအကြောင်းတရားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အရာရာတိုင်းဟာ ၁၀၀% အပြည့်အဝတော့ မှန်ကန်နေတတ်တာမဟုတ်ပါဘူး။ တချို့သော လူတွေမှာ လိင်မှုကိစ္စကို စိတ်မပါတဲ့ ဒါမှမဟုတ် ကြောက်ရွံ့နေတဲ့ စိတ်ခံစားချက်မျိုးရှိနေတယ်ဆိုရင် အံ့သြနေမလား။ တကယ်ပါ။ ဒီလို လိင်မှုကိစ္စကို ကြောက်ရွံ့တာ၊ အာသာဖြေဖို့လေးတောင် လုံးဝ စိတ်မဝင်စားတာမျိုးကို “genophobia” ဒါမှမဟုတ် “erotophobia” လို့ ခေါ်ဆိုကြပါတယ်။ ပြောရရင်တော့ Phobia ဆိုတဲ့အတိုင်း စိတ်ဝေဒနာတစ်မျိုးပါပဲ။ သာမန်လူတွေအတွက်တော့ ဒီလိုစိတ်ခံစားချက်မျိုးဖြစ်လာဖို့ဆိုတာ ခက်တယ်ဆိုပေမယ့် လူတစ်ချို့မှာ ဒီလိုဝေဒနာမျိုး စွဲကပ်နေတာကို သတိထားကြည့်ရင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျားကျားတွေကို ကြောက်တဲ့ ရောဂါ

မိန်းမကြောက်ရောဂါ (Gynophobia) ဆိုတာ ကြားဖူးကြမယ်ထင်တယ်။ ဒါဆို ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာရော ကြားဖူးကြလား? Androphobia ဆိုတဲ့ စကားလုံးဟာ ‘မဟာ ဣတ္ထိယ’ ဝါဒီတွေ၊ လိင်တူချစ်သူ အမျိုးသမီးတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ စကားစုတစ်ခုဖြစ်ပါတယ်။ မိန်းမကြောက်ရောဂါ (Gynophobia) ရဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် သဘောပေါ့။ ဒါပေမယ့် သိထားရမှာက ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာဟာ အမျိုးသမီးတွေဆီမှာသာမကဘူး အမျိုးသားတွေမှာလည်း ဖြစ်နိုင်တဲ့ စိတ်ဝေဒနာတစ်မျိုးဆိုတာပါပဲ။ ဘယ်လိုဝေဒနာမျိုးလဲ ယောင်္ကျားကြောက်ရောဂါ (Androphobia) ခံစားနေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာမျိုးစုံပြသနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသားတစ်စုံတစ်ယောက်ကို မြင်တွေ့ရတဲ့အခါ ဒါမှမဟုတ် တွေးတောမိတဲ့အခါမျိုးတွေမှာ ရုတ်ချည်းဆိုသလို အလွန်အမင်း ထိတ်လန့်တာ၊ ရှက်ရွံ့တာ၊ စိတ်သောကရောက်တာမျိုးတွေ ခံစားရမယ်၊ ချဲ့ကားတွေးတောမိတာ၊ ယုတ္တိယုတ္တာမရှိကြောင်း သိပေမယ့် အဆိုပါ အခြေအနေကို ထိမ်းချုပ်နိုင်ခြင်းမရှိတာ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျန်းမာတဲ့ Office Life တစ်ခု ဘယ်လိုဖန်တီးမလဲ.......

တစ်နေ့တာကို အလုပ်တွေလုပ်ရင်း ကုန်ဆုံးနေရတာနဲ့ ကျန်းမာရေးကို ဂရုမစိုက်နိုင် ဖြစ်နေပြီလား.......... ရုံးအလုပ်တွေကိုလည်း မပျက်ကွက်ဘဲ ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးသားဖြစ်အောင် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးပါရစေလား........ အလုပ်ကြိုးစားတာက ကောင်းမွန်တဲ့ ဘဝကို ဖန်တီးနိုင်တယ် အလုပ်ကြိုးစားတာက ကောင်းမွန်တဲ့ ဘဝအခြေအနေကို ဖန်တီးနိုင်မယ့် အခွင့်အလမ်း ဖြစ်တာကြောင့် အလုပ်ကြိုးစားတာ မှန်ပေမယ့် ခေါင်းမဖော်တမ်း အလုပ်လုပ်ရင်း ကျန်းမာရေးကို မထိခိုက်စေစေဖို့တော့ လိုပါမယ်။ ဒီတော့ လမ်းလျှောက်ဖြစ်အောင် လုပ်ပါ လမ်းလျှောက်တာက အလွယ်ကူဆုံးသော ကျန်းမာရေး စောင့်ရှောက်မှုပါ။ ဒီတော့ ရုံးခန်းထဲမှာ တစ်ခုခု ပြောစရာရှိတဲ့အခါ chat box ကနေပြောတာထက် ပြောချင်တဲ့သူဆီကို လမ်းလျှောက်သွားပြီး ပြောလိုက်ပါ။ လုပ်လို့ရသေးတာ နောက်တစ်ခုက ရုံးသွားတဲ့အခါ ကားကို ခပ်ဝေးဝေးမှာ ရပ်ခဲ့ပြီး လမ်းလျှောက်တာမျိုးပေါ့။ ဓာတ်လှေကား အစား လှေကားသုံးတာကလည်း အဆင်ပြေမယ့် နည်းလမ်းတစ်ခုပါပဲ။ ရေသောက်ပါ ခေါင်း အစ ခြေအဆုံး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Nomophobia (သို့မဟုတ်) မသိမသာကူးစက်ခံနေရတဲ့ ကပ်ဘေး

ဆန်းပြားခေတ်မှီလာတဲ့ ကမ္ဘာကြီးမှာ ပိုပိုဆန်းကြယ်တဲ့ ရောဂါတွေလည်း ပေါ်ထွက်လာလို့နေပါတယ်။ အထူးသဖြင့် ထူးခြားဆန်းကျယ်တဲ့ စိတ်ဝေဒနာအမျိုးအစားတွေ ပိုမိုပေါများလာနေပါတယ်။ Claustrophobia (အလုံပိတ်အခန်းတွေကိုကြောက်တတ်တဲ့ စိတ်ဝေဒနာ) ၊ Ergophobia (အလုပ်လုပ်ရမှာကြောက်တဲ့ စိတ်ဝေဒနာ) ၊ Didaskalenophobia (ကျောင်းသွားရမှာ၊ ပညာသင်ရမှာကြောက်တဲ့ စိတ်ဝေဒနာ) စသဖြင့် ဒီလိုမျိုးတွေပေါ့။ ဒီလိုဝေဒနာမျိုးတွေအပြင် ကိုယ်လက်ထဲမှာ နေ့စဉ်နဲ့အမျှကိုင်ထားနေရတဲ့ ဖုန်းကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာလည်းရှိတယ်ဆိုတာကို သိပြီးပြီလား? Nomophobia လို့ခေါ်တဲ့ စိတ်ဝေဒနာတစ်မျိုးကို စိတ်ပညာရှင်တွေက ဖော်ထုတ်ထားတာ နှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်ပါတယ်။ Nomophobia ဆိုတဲ့ နာမည်လေးက ထူးဆန်းတယ်လို့ ထင်စရာရှိတယ်မဟုတ်လား? သိပ်မထူးဆန်းပါနဲ့ no–mobile-phone phobia ကို အတိုကောက်ရေးထားတာပါ။ ဒီရောဂါကို ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေတဲ့ Diagnostic and Statistical Manual of Mental Disorders, […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပယောဂလား၊ စိတ်ဖောက်ပြန်တာလား

စိတ်ရောဂါအထူးကု ဆရာဝန်ကြီးတစ်ယောက်ရဲ့ စိတ်ပညာရပ်ဆိုင်ရာစာအုပ်တစ်အုပ်ဖတ်ခဲ့ဖူးပါတယ်။ ပြည်တွင်းက စိတ်ဝေဒနာရှင်တွေကို ကုသရာမှာ ကြုံရဆုံရတဲ့ အခက်အခဲတွေအကြောင်းပေါ့။ ဓလေ့ထုံးတမ်းတွေ၊ ခံယူချက်တွေနဲ့ ယုံကြည်မှုတွေကြောင့် တခါတလေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မှားယွင်းတဲ့ အယူအဆတွေနဲ့ ချဉ်းကပ်ကုသကြတာမျိုးတွေ မကြာခနဖြစ်ပေါ်လေ့ရှိကြောင်း သူ့ရဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေဟာ မြန်မာပြည်မှာသာမကပါဘူး၊ ခေတ်မှီတိုးတက်လှပါတယ်ဆိုတဲ့တိုင်းပြည်တွေမှာတောင် ရှိတတ်ပါတယ်။ ဒါကြောင့်လဲ စိတ်ဝေဒနာခံစားနေရသူတစ်ချို့ဟာ မိသားစုဝင်တွေရဲ့ မှားယွင်းတဲ့ ယုံကြည်ချက်တွေကြောင့် နည်းမှန်လမ်းမှန်နဲ့ ကုသမှု မခံယူကြရရှာတာကို လေ့လာတွေ့ရှိထားရပါတယ်။ အမေရိကန်ပြည်ထောင်စုလို တိုင်းပြည်မျိုးမှာတောင် လူဦးရေတစ်ဝက်လောက်ဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေအပေါ် စွဲလမ်းယုံကြည်မှု မြင့်မြင့်မားမားရှိနေပြီးတော့ တစ်ချို့သော စိတ်ရောဂါဆိုင်ရာပြဿနာတစ်ချို့ကို ပယောဂပြဿနာ၊ ဘီလူးစီးတာ၊ အောက်လမ်းအတတ်နဲ့ ပြုစားခံရတာ၊ သဘာဝလွန်ကိစ္စရပ်တွေ ဖြစ်ပျက်နေတာလို့ ယုံကြည်ခြင်းခံနေရပါတယ်။ ဒီပြဿနာမှာ ၂ ပိုင်းရှိပါတယ်။ တစ်ပိုင်းက ပတ်ဝန်းကျင်နဲ့ မိသားစုအသိုင်းအဝိုင်းတွေရဲ့ ယူဆချက်တွေပါ။ နောက်တစ်ခုကတော့ ကာယကံရှင်ကိုယ်တိုင်ပါပဲ။ ၁။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပိတ်ရက်ရှည် ကြီးပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ.........

ပိတ်ရက်တွေမရောက်ခင်က ပျော်စရာအကောင်းဆုံး အချိန်လေးပါ။ ပိတ်ရက်အတွင်းမှာလည်း ပျော်နေဆဲပါပဲ။ ဒါပေမယ့် ပိတ်ရက်ရှည် ကြီးပြီးလို့ ပြန်ဖွင့်ခါနီးပြီဆိုရင် စိတ်ဓာတ်က အလိုလိုကျလာပြီ။ ရုံးပြန်တက်ရတော့မယ်ဆိုရင်တော့ အရမ်းပျင်းပြီး ရုံးမတက်ချင်တဲ့ ဆန္ဒက အရမ်းများနေပြီပေါ့။ ရုံးကလည်း မတက်လို့မဖြစ်ဘူး။ ရုံးတက်ဖို့လည်း စိတ်ကလုံးဝမပါဘူးဆိုသူလေးတွေအတွက် ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ပျော်ရွှင်စရာ ရုံးပိတ်ရက်ရှည် ပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ ပျော်ရွှင်စရာ ရုံးပိတ်ရက်တွေပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဒီတော့ ရုံးပြန်တက်ဖို့မပျင်းရအောင် တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောဆိုပါ ရုံးပိတ်ရက်ပြီးခါနီးလိုအချိန်မျိုးမှာ ရင်းနှီးရသူတစ်ယောက်ယောက်နဲ့ ဖုန်းနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် အပြင်မှာ ကိုယ်တိုင်တွေ့ပြီးဖြစ်ဖြစ်စကားစမြည်ပြောပါ။ အားလပ်ရက်ဘာတွေလုပ်ဖြစ်တယ်။ ဘယ်လိုမျိုးအချိန်ကို ကုန်ဆုံးခဲ့တယ်။ သူရော အားလပ်ရက်မှာ ဘာတွေလုပ်ဖြစ်လဲဆိုတာကို မေးမြန်းပြောဆိုပေးပါ။ အပြင်ထွက်ပါ အခန်းအောင်းနေမယ်။ အိမ်တွင်းအောင်းနေမယ်ဆိုတာက ကိုယ်တိုင်လည်း ကြိုက်တဲ့ အပြုအမူတစ်ခုဆိုပေမယ့် အားလပ်ရက်မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချိန်းပြီး အပြင်ထွက်လိုက်တာ စိတ်ကိုလန်းဆန်းတက်ကြွစေနိုင်ပြီး အားလပ်ရက်ပြီးလို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိပ်ပင်လို လူသားတွေနဲ့ ဆက်ဆံရတဲ့အခါ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆိပ်ပင်လို လူသားတွေ အရမ်းများတယ်ဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ သိသာပါတယ်။ ဒီလိုလူမျိုးတွေနဲ့ စကားပြောပြီးသွားတဲ့အခါ နဂိုကြည်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး စိတ်တို၊ ဒေါသတွေ တနုံ့နုံ့ထွက်ကျန်ခဲ့ရတာနော်။ အဆိပ်ပင်လိုလူသားတွေက နေရာအနှံ့မှာ ရှိနိုင်သလို ကိုယ်က ကောင်းတယ်လို့ ထင်နေရတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ် ဥပမာ - လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုးတွေပေါ့။ လူ့လောကမှာ နေထိုင်အသက်ရှင်နေရတဲ့အခါ ကောင်းတဲ့သူတွေနဲ့လည်း တွေ့နိုင်သလို အဆိပ်ပင်တွေနဲ့လည်း အမြဲတွေ့ရနိုင်တဲ့အတွက် ဒီလိုလူမျိုးတွေ ကိုယ့်ဘဝထဲမှာ ရှိနေရင် ဘယ်လိုပေါင်းသင်းဆက်ဆံသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အဆိပ်ပင်လူသားတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်များ • ကိုယ်မှကိုယ်ပဲ သိတတ်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်း • တခြားလူတွေကို လိမ်လည်လှည့်ဖျားတတ်ခြင်း • စိတ်ပိုင်းဆိုင်ရာ စော်ကားတတ်ခြင်း • မရိုးသားခြင်း၊ လိမ်လည်တတ်ခြင်း • မလှိမ့်တပတ်လုပ်ခြင်း • မျက်ရည်ခြူဇာတ်သွင်းခြင်း • အမှားလုပ်ပြီး ပြန်မတောင်းပန်တတ်ခြင်း • […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း