စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ
ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့
ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို [မီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို] မေမေတွေမှာပဲ ခံစားရတယ်လို့ တော်တော်များများက သိထားကြတာပါ။ တကယ်ကတော့ မိသားစုဝင် အသစ်လေးတစ်ယောက် တိုးပွားလာချိန်မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေကြောင့် စိတ်ဓာတ်ကျတာကို မေမေတွေပဲ ခံစားရတာ မဟုတ်ပါဘူး။ ဖေဖေတွေလည်း ခံစားပါသတဲ့။ အထူးသဖြင့်ကတော့ အသစ်စက်စက် ဖေဖေတွေပေါ့။ ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့ ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့ အကြောင်းကတော့ ဘေဘီလေးကို ညဘက်မှာ မကြာခဏဆိုသလို နို့ချိုတိုက်ကျွေးရာမှာ ကူညီပေးရတာ၊ ကလေးက ညဘက် ထငိုလို့ ချော့ရတာတွေလိုမျိုး တာဝန် အသစ်တွေကို နေ့စဉ်ဘဝမှာ ဟန်ချက်ညီအောင် ထိန်းရတာက ဖေဖေတွေကို မီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို ခံစားရစေတာပါ။ ဘေဘီလေးကို မွေးဖွားပြီး အိမ်ပြန်ခေါ်လာချိန်မှာ ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေက […]































