brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Borderline personality disorder စိတ်ရောဂါ ဆိုတာဘာလဲ

တကယ်လို့ လူတိုင်းဟာ သင့်ကို ထားခဲ့နိုင်တယ်လို့တွေးပြီး ကြောက်နေတယ်ဆိုရင်၊ မကြာခဏ ပျင်းပြီး အဓိပ္ပါယ်မရှိဖြစ်နေတယ် ဆိုရင် (သို့) တစ်ယောက်တည်းနေလို့မဖြစ်ဖူးလို့ ခံစားနေရတယ်ဆိုရင် သင့်မှာ Borderline personality disorder ရှိနေနိုင်ပါတယ်။ Borderline personality disorder ဟာ သင့်စိတ်ကျန်းမာရေးရော ကိုယ်ခန္ဓါ ကျန်းမာရေးအထိတောင် ထိခိုက်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်ပါတယ်။

Borderline personality disorder စိတ်ရောဂါ ဆိုတာဘာလဲ

Borderline personality disorder ဆိုတာဘာလဲ။

Borderline personality disorder ဟာ ပြင်းထန်တဲ့ စိတ်ရောဂါ အခြေအနေတစ်ခု ဖြစ်ပါတယ်။ Borderline personality disorder ရှိတဲ့သူတွေဟာ စိတ်မတည်ငြိမ်ပဲ ဆက်ဆံမှုဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ၊ လုပ်ငန်းဆောင်တာ ပိုင်းဆိုင်ရာ၊ ကိုယ့်ကိုယ်ကို တွေးတော ယူဆပုံပိုင်းဆိုင်ရာမှာ ပြဿနာရှိတတ်ကြပါတယ်။ ဒီရောဂါဟာ ကိုယ့်ကိုယ်ကို တွေးတောပုံနဲ့ အခြားသူတွေကို တွေးတာပုံတွေကို သက်ရောက်မှု ရှိပါတယ်။

ဒီရောဂါ ရှိနေတဲ့သူတွေမှာ စိတ်တိုခြင်း၊ စိတ်ကျခြင်းနဲ့ စိတ်ပူခြင်းတွေကို အကြိမ်များစွာ ဘာအကြောင်းမှ မရှိပဲ ခံစားရတတ်ပါတယ်။ ဒီခံစားချက်တွေဟာ နာရီပေါင်း ရက်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ သင့်ကို ဘယ်သူကမှ မလိုအပ်တော့ဘူးလို့ ခံစားရပါလိမ့်မယ်။ လူတွေအကုန်လုံးက သင့်ကို ထားသွားချင်နေတယ်လို့ ထင်နေမှာပါ။ တခါတရံမှာ Borderline personality disorder မှာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်တဲ့ အစားစားခြင်း ပြဿနာများ၊ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်လိုမှုတို့ ဖြစ်ပွားနိုင်ပြီး တခါတရံမှာ သေကြောင်းကြံတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။

Borderline personality disorder ဟာ ဆေးကုသည်ဖြစ်စေ၊ မကုသည်ဖြစ်စေ အချိန်ကြာလာတာနဲ့အမျှ သက်သာလာနိုင်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးများ

Borderline personality disorder ဟာ စိတ်ရောကိုယ်ပါ ထိခိုက်နိုင်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ သင့်ဆက်ဆံရေးတွေ၊ အလုပ်တွေ၊ ပညာရေး၊ လူမှုရေးနဲ့ မိမိကိုယ်ကိုယ် ယူဆမှုတွေပေါ် ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပြဿနာတွေကြောင့်

• အလုပ်ပြုတ်နိုင်ပြီး အလုပ်ကို အကြိမ်ပေါင်းများစွာ ပြောင်းရနိုင်ပါတယ်။

• သင့်ရောဂါဟာ စာဖတ်ခြင်းကို အနှောင့်အယှက်ပေးတာကြောင့် စာဖတ်တာ ရပ်လိုက်ရပြီး ဘွဲ့မရတာမျိုး ဖြစ်နိုင်ပါတယ်။

• ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်စေအောင် (ဒါးနဲ့ လှီးတာမျိုး၊ အပူလောက်စေတာမျိုး) လုပ်ချင်တာမျိုး ဖြစ်ပွားနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆေးရုံသွားပြီး ဆေးသောက်ဖို့လိုပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်နေပြီဆိုရင်တော့ ပြန်ကောင်းဖို့ဟာ အရင်အခြေအနေတွေမှာလောက် လွယ်မှာ မဟုတ်တော့ပါဘူး။

• တခါတရံမှာ သင့်အပြုအမူတွေကို မထိန်းချုပ်နိုင်တာကြောင့် မလိုချင်ပဲ ကိုယ်ဝန် ရသွားခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါရခြင်းနဲ့ ကားတိုက်မိခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

• သေကြောင်းကြံခြင်းအကြောင်း စဉ်းစားမိနိုင်ပြီး တကယ်ကိုလဲ သေကြောင်း ကြံနီုင်ပါတယ်။

ဒီဆိုးကျိုးတွေအပြင် အောက်ဖေါ်ပြပါ စိတ်အခြေအနေတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။

• စိတ်ကျခြင်း

• စိတ်ပူခြင်း

• စိတ် အစွန်းရောက်ခြင်း

• ဒဏ်ရာရပြီး စိတ်ဖိစီးခြင်း

ဒီ စိတ်ရောဂါ အခြေအနေတွေဟာလည်း ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။