စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လူတစ်ယောက်မှာ သူ့စိတ်ခံစားချက်က အမြဲတမ်း အပြောင်းအလဲဖြစ်နေပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်နေပြီဆိုရင်တော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင် စိတ်ကျရောဂါ၊ စိတ်အတက်အကျရောဂါလိုမျိုးပါ။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများအကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့

ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို [မီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို] မေမေတွေမှာပဲ ခံစားရတယ်လို့ တော်တော်များများက သိထားကြတာပါ။ တကယ်ကတော့ မိသားစုဝင် အသစ်လေးတစ်ယောက် တိုးပွားလာချိန်မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေကြောင့် စိတ်ဓာတ်ကျတာကို မေမေတွေပဲ ခံစားရတာ မဟုတ်ပါဘူး။ ဖေဖေတွေလည်း ခံစားပါသတဲ့။ အထူးသဖြင့်ကတော့ အသစ်စက်စက် ဖေဖေတွေပေါ့။ ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့ ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့ အကြောင်းကတော့ ဘေဘီလေးကို ညဘက်မှာ မကြာခဏဆိုသလို နို့ချိုတိုက်ကျွေးရာမှာ ကူညီပေးရတာ၊ ကလေးက ညဘက် ထငိုလို့ ချော့ရတာတွေလိုမျိုး တာဝန် အသစ်တွေကို နေ့စဉ်ဘဝမှာ ဟန်ချက်ညီအောင် ထိန်းရတာက ဖေဖေတွေကို မီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို ခံစားရစေတာပါ။ ဘေဘီလေးကို မွေးဖွားပြီး အိမ်ပြန်ခေါ်လာချိန်မှာ ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေက […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ

ဒီတစ်ခါ စိတ်မလုံခြုံမှု ရှိတဲ့သူတွေအကြောင်း ပြောမယ်။ အလုပ်ထဲမှာဖြစ်ဖြစ် လူစုံစုံရှိရင်ပဲဖြစ်ဖြစ် အသံကျယ်ကျယ် စကားပြော၊ လူတော်တော်များများနဲ့ မတည့်၊ လူတိုင်းကို ဟိန်းလိုက်ဟောက်လိုက်လုပ်ပြီး သူဘယ်လောက်တော်ကြောင်း တတ်ကြောင်း ချမ်းသာကြွယ်ဝကြောင်း ပြောပြောနေတတ်တဲ့သူကို မြင်ဖူးလား။ အဲဒါက စိတ်မလုံခြုံမှု (insecurity) ရဲ့ လက္ခဏာပါ။ စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ လူတိုင်းမှာ စိတ်မလုံခြုံမှုတွေ ရှိတယ်။ အကြောင်းအရင်း မျိုးစုံနဲ့ စိတ်ရဲ့ မလုံခြုံမှုကို ခံစားရတယ်။ တချို့မှာတော့ ပိုဆိုးတယ်။ စိတ်မလုံခြုံတဲ့သူတွေ တော်တော်များများမှာ ဆင်တူတဲ့ လက္ခဏာတွေ ရှိတတ်တယ်။ ဒီတော့ စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ က ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ...... ၁။ ကြွားဝါတယ် စိတ်မလုံခြုံသူတွေမှာ ရှိတဲ့ ခံစားချက်တစ်ခုက သူတို့ဟာ သူများထက် အောက်ကျမနေဘူး ပိုမို သာလွန်တယ်ဆိုတာကို တခြားသူတွေ သိစေချင်တယ်။ တန်းတူမဟုတ်ဘူးနော်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သာမာန် စိတ်ဓာတ်ကျ ခြင်းနှင့် စိတ်ကျရောဂါ ဝေဒနာ

အတက်အကျတွေနဲ့ တစ်လှည့်စီ ဖွဲ့စည်းထားတဲ့ လူ့ဘဝကြီးမှာ လူသားတွေဟာ ရယ်မောလိုက်၊ ပူဆွေးလိုက်နဲ့ တစ်လှည့်စီ ရှင်သန်နေကြပါတယ်။ ဒါ့ကြောင့်လည်း ဘဝမှာ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျ စရာတွေကို မလွဲမသွေ တွေ့ကြုံခံစားကြရပါတယ်။ ဒါဟာ လူသားတိုင်းဖြစ်တတ်တဲ့ သဘာ၀ ဖြစ်စဉ် တစ်ခုပါပဲ။ ဒါကို စိတ်ကျရောဂါ လို့ မခေါ်ပါဘူး။ စိတ်ကျရောဂါဟာ ကုသမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်တဲ့ ဝေဒနာဖြစ်ပြီး မသိလိုက်ဘဲ မကုသဘဲထားမယ်ဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့ သေသေချာချာ ပြသပေးသင့်တဲ့ ဝေဒနာ တစ်ခုဖြစ်ပါတယ်။ ဆရာဝန်သာမက မိသားစု အပေါင်းအသင်းတွေရဲ့ အထောက်အပံ့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဒါ့ကြောင့် သေချာသိပြီး စောစီးစွာ ကုသမှုခံယူနိုင်ရန်အတွက် ရိုးရိုးသာမာန် စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကျရောဂါဝေဒနာကို ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျနေသူကို ဘယ်လိုအားပေးမလဲ

လူအများဟာ ကိုယ်တိုင်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်က မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ စိတ်ဓာတ်ကျချိန်နဲ့ ရင်ဆိုင်ဖူးကြပါလိမ့်မယ်။ စိတ်ကျခြင်းဝေဒနာကို ခံစားရချိန်မှာ အနီးအနားမှာရှိသူများဟာ အရေးကြီးပါတယ်။ စိတ်ကျခြင်းကို သက်သာစေဖို့ အားပေးကူညီသူများ လိုအပ်ပါတယ်။ ယနေ့ကမ္ဘာမှာ စိတ်ဖိစီးမှုများလာတာနဲ့အတူ စိတ်ကျဝေဒနာခံစားရသူများလည်း များပြားလာပါတယ်။ မျှော်လင့်ချက်မဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မိမိပျော်ရွှင်နေကြအရာတွေကို စိတ်မဝင်စားတော့ခြင်း စတဲ့လက္ခဏာတွေ ဝင်လာရင်တော့ စိတ်ကျခြင်းဖြစ်ပွားလာတဲ့ အခြေအနေဖြစ်နိုင်လို့ သတိပြုသင့်ပါတယ်။ ယခုဆောင်းပါးမှာတော့ မိမိအနားက မိတ်ဆွေသူငယ်ချင်း တစ်ဦးဦး စိတ်ကျဝေဒနာ ခံစားရချိန်မှာ ဘယ်လိုနှစ်သိမ့်ကူညီသင့်သလဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ စိတ်ကျနေသူကို ဘယ်လိုသတင်းမေးသင့်သလဲ မိမိရဲ့မိတ်ဆွေ စိတ်ကျခြင်း ဘယ်လောက်ထိ ဖြစ်နေသလဲ သိရှိနားလည်မှသာ သူ့နေ့စဉ်ဘဝမှာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရမယ်ဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဒီလိုမေးမြန်းခြင်းဟာ သူ့ရဲ့ခံစားချက်တွေ၊ တွေ့ကြုံနေရတာတွေကို စိတ်ဝင်စားပေးရာ ရောက်ပါတယ်။ မေးမြန်းသင့်တဲ့ အရာတွေကတော့ - မင်း ဘာတွေခံစားနေရသလဲ ငါ့ကိုပြောပြနိုင်မလား - ခုချိန် ဘာလုပ်ရရင် ပျော်နိုင်မလဲ - […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လုပ်ငန်းခွင်မှာ အထိုင်များခြင်းနဲ့ စိတ်ကျဝေဒနာ

လုပ်ငန်းခွင်ဆိုတာ ပျော်ရွှင်ဖွယ်ရာ နေရာတစ်ခုဖြစ်ဖို့သင့်တယ်လို့ လူတိုင်းကဆိုတတ်ကြတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေ၊ တွန်းအားတွေ၊ ရုန်းကန်ရမှုတွေက အမြဲရှိနေမှာဖြစ်တာမို့ လုပ်ငန်းခွင်ဆိုတာ အမြဲတမ်းတော့ ပျော်စရာဖြစ်နေမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း လုပ်ငန်းခွင်တွေဟာ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ အမြဲတမ်းဆက်စပ်မှုရှိနေတတ်ပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေ၊ လုပ်သားတွေရဲ့ ကျန်းမာရေးပြဿနာတွေနဲ့ပေါ့။ ပုံမှန်အားဖြင့် လုပ်ငန်းခွင်ဖိအားတွေ၊ ပင်ပန်းမှုဒဏ်တွေကြောင့် ဝန်ထမ်းတွေမှာ စိတ်ဖိစီးမှုဝေဒနာတွေ၊ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်တယ်ဆိုတာကို လူသိများကြပေမယ့် သုတေသနပြုလုပ်ချက်အသစ်တွေရဲ့ ဖော်ထုတ်ချက်တွေအရဆိုရင်တော့ နောက်ထပ် ပြဿနာတစ်ချို့ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဥပမာပြောရမယ်ဆိုရင်တော့ အချိန်ကြာမြင့်စွာ ဆက်တိုက် ထိုင်နေရတာလိုမျိုးကိစ္စရပ်ပါပဲ။ ကွန်ပျူတာရှေ့မှာ နာရီနဲ့ချီ မရပ်မနားထိုင်ပြီး အလုပ်လုပ်တာဟာ ခန္ဓာကိုယ်ကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ သိရှိလာရပါပြီ။ လုပ်ငန်းခွင်မှာ အထိုင်များခြင်းနှင့် စိတ်ကျန်းမာရေး တစ်နေ့ကို ၈ နာရီလောက် ကွန်ပျူတာရှေ့မှာ ထိုင်နေသူတွေဟာ စိတ်ဓာတ်ကျတဲ့ ဝေဒနာကို မွေးမြူခြင်းတစ်မျိုးဖြစ်တယ်လို့ ဗြိတိန်က ကျန်းမာရေးသုတေသီတွေကဆိုပါတယ်။ အရွယ်ရောက်ပြီးသူပေါင်း ၄၂၅၇ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေမယ့် အစားအစာများ

စိတ်ဓာတ်ကျတယ်ဆိုတာက လူတိုင်းနီးပါးကို သက်ရောက်နိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘဝတစ်သက်တာမှာ တစ်ချိန်ချိန်တော့ စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါက လူ့သဘာဝကိုး။ ဒါပေမယ့် စိတ်ဓာတ်ကျတဲ့ စိတ်ဝေဒနာ/စိတ်ကျရောဂါ (Depression) အခြေအနေအထိ ဖြစ်လာပြီဆိုရင်တော့ ဒါက သဘာဝထက်လွန်သွားပါပြီ။ ရောဂါဝေဒနာဆိုးတစ်ခုကပ်ညိနေတဲ့ အခြေအနေဖြစ်သွားပါပြီ။ စိတ်ဓာတ်ကျခြင်းဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး စိတ်ဝေဒနာတစ်ခုဖြစ်သလို ကိုယ့်ကိုယ်ကို သတ်သေဖြစ်အောင် တွန်းအားအပေးနိုင်ဆုံး ရောဂါဝေဒနာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပေါ့ဆဖို့ မကောင်းတဲ့ ဝေဒနာတစ်မျိုးပါ။ Depression ကို ကုသဖို့ နည်းလမ်းများစွာရှိပါတယ်။ ဆေးဝါးမှီဝဲတာ၊ လူနေမှုပုံစံပြောင်းလဲတာ၊ နှစ်သိမ့်ဆွေးနွေးမှုခံယူတာ၊ တရားထိုင်တာအမျိုးမျိုးပေါ့။ ဒါပေမယ့် လူသိနည်းတဲ့ နည်းလမ်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ စားသောက်မှုပုံစံကို ပြင်ဆင်တာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်တာဟာ ရောဂါဘယအမျိုးအစား အမြောက်အများကို သက်သာလျော့ပါးစေနိုင်တာကို လူတိုင်း သိထားပြီးဖြစ်ပါလိမ့်မယ်။ ဒီလိုပါပဲ စိတ်ဝေဒနာတွေကိုလည်း စားသောက်မှု ပုံစံနဲ့ သက်သာအောင် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဘဲခြေထောက်လို စိတ်ဝေဒနာကို ဘယ်လို ရင်ဆိုင်ကြမလဲ

လူ့ဘဝမှာ တစ်ခါတစ်လေတော့ ကြုံဖူးကြမယ်ထင်ပါတယ်။ အပြင်ပန်းအရ ကိုယ်က အရာရာ အဆင်ပြေနေပေမယ့် ရင်ထဲမှာ လူမသိ သူမသိ သောကတွေ၊ ဗျာပါဒတွေ၊ အပူမီးတွေ ပြည့်နှက်နေပြီး ဘယ်သူ့ကိုမှ ရင်ဖွင့်စရာမရှိပဲ တစ်ယောက်တည်း ကြိတ်မှိတ် တင်းခံနေရတဲ့ စိတ်ခံစားချက်မျိုး။ လူတွေ အထင်ကြီးလေးစားလောက်ဖွယ်ဘဝမျိုးမှာ ရပ်တည်ရှင်သန်နေရတာကြောင့် ကိုယ့်ရဲ့ စိတ်ပူပင်သောက အစစ်အမှန်ကို လူတွေက မသိကြတော့ပဲ ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ် ခံစားနေရတာမျိုး။ သက်ရှိလူသားတွေရဲ့ သဘောသဘာဝကိုက Social Media တွေ၊ လူမြင်ကွင်းတွေနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေမှာ ကိုယ့်တစ်ဦးချင်းစီရဲ့ ပျော်ရွှင်နေတဲ့၊ အဆင်ပြေနေတဲ့ အပြင်ပန်းအသွင်သဏ္ဍာန် တစ်မျိုးကိုသာ ပြသချင်တတ်ကြပြီး အဆင်မပြေလာတာတွေကို ဖုံးကွယ်ကာ အထင်ကြီးမှု၊ လေးစားမှုတွေကိုပဲ တောင့်တတတ်ကြတာမဟုတ်လား။ ဒီလိုဆန္ဒ၊ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ ကာလရှည်ကြာ ခံစားလာရပြီးတဲ့နောက်မှာ လက်ရှိအသိုက်အမြုံကို နေပျော်ဖွယ် နေရာတစ်ခုအဖြစ် မခံစားရတော့တာ၊ ဘဝကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်အတက်အကျမြန်ရောဂါဆိုတာဘာလဲ

စိတ်အတက်အကျမြန်ရောဂါဆိုတာကတော့ စိတ်ဓာတ်တက်ကြွသွားလိုက်၊ စိတ်ဓာတ်ထိုးကျသွားလိုက်ပြောင်းလဲနေတဲ့ရောဂါတစ်မျိုးပါ။ အစွန်းနှစ်ဘက်အခြေအနေမျိုးအမြဲပြောင်းလဲနေတဲ့အတွက် bipolar disorder or manic depression လို့ခေါ်ပါတယ်။ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေမှာ စိတ်အတက်အကျရောဂါက များစွာအနှောင့်အယှက်ဖြစ်စေပါတယ်။ စိတ်အခြေအနေပြောင်းလဲမှုများတဲ့အတွက် အလုပ်မှာ၊ ကျောင်းမှာ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ အခက်အခဲပေါင်းစုံကြုံတွေ့စေရပါတယ်။ စိတ်အတက်အကျရောဂါအတွက် ပျောက်ကင်းအောင်ကုသလို့ရတဲ့နည်းလမ်းမရှိသေးပါဘူး ဒါပေမဲ့ ရောဂါအခြေအနေကိုကောင်းကောင်းမွန်မွန်ထိန်းထားနိုင်တဲ့ ကုသနည်းလမ်းတွေတော့ အများကြီးပေါ်ထွက်နေပြီပဲ ဖြစ်ပါတယ်။ စိတ်အတက်အကျရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ကျခြင်းက ရက်သတ္တပတ် ( ၂ ) ပတ်ခန့်ကြာမြင့်တတ်ပြီး အလွန်အကြူးဘဝင်မြင့်စိတ်မျိုးဖြစ်ပျက်သွားတာကတော့ ရက်အနည်းငယ်ကနေ ( ၁ ) ပတ်ခန့်ကြာတတ်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါရဲ့လက္ခဏာများ စိတ်အတက်အကျမြန်ရောဂါရဲ့ အဓိကရောဂါလက္ခဏာတွေကတော့ အလွန်အကြူးဘဝင်မြင့်စိတ်ဝင်ခြင်း၊ အတန်အသင့်ဘဝင်မြင့်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ပဲဖြစ်ပါတယ်။ အလွန်အကြူးဘဝင်မြင့်စိတ်ဝင်ခြင်း သို့မဟုတ် စိတ်အတက်အခြေအနေမှာဆိုရင်တော့ စိတ်လှုပ်ရှားခြင်း၊ မစဉ်းစားမဆင်ခြင်ပဲလုပ်ကိုင်ခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်းနဲ အားအင်ပြည့်ဖြိုးနေသလိုခံစားရခြင်းတို့ ဖြစ်နိုင်ပါတယ်။ သင့်တော်တဲ့ ထိန်းချုပ်မှုတွေသာမရှိရင် ဒီအခြေအနေတွေက ခံစားနေရတဲ့ လူနာဟာ စဉ်းစားဆင်ခြင်မှုမရှိပဲ ပိုက်ဆံတွေ သုံးမိနေခြင်း ၊ ကျိုးကြောင်းဆင်ခြင်မှုမရှိပဲ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျချိန်မှာ ဘယ်လိုနေထိုင်သင့်သလဲ

အထီးကျန်ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းဟာ တချိန်မဟုတ် တချိန်မှာ ကြုံတွေ့နိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် နေ့တိုင်းလိုလိုမှာ ကြေကွဲဝမ်းနည်းမယ်၊ စိတ်ဓာတ်ကျ နေမယ်ဆိုရင်တော့ ပြဿနာတခုခုရှိနေပါပြီ။ စိတ်ဓာတ်ကျခြင်းဆိုတာ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ဗလာသက်သက်ဖြစ်ခြင်း စတဲ့ခံစားမှုတွေ ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းကြောင့် သင်ယခင်က စိတ်ဝင်တစား လုပ်ကိုင်ဖူးတဲ့ ကိစ္စရပ်တွေကိုတောင် နှစ်သက်ကျေနပ်ခြင်း မရှိတော့ပါဘူး။ တဦးနဲ့တဦး သက်ရောက်ခံရပုံမတူပေမယ့် ယေဘုယျအားဖြင့် နေ့စဉ် နေထိုင်လှုပ်ရှားမှု၊ အလုပ်အကိုင် စတာတွေကို ထိခိုက်လာနိုင်ပုံခြင်း တူပါတယ်။ စိတ်ဓာတ်ကျချိန်မှာ ဘယ်လိုနေထိုင်သင့်သလဲ စိတ်ကျခြင်းကို ကုသရာမှာ ဆေးဝါးကုသခြင်း၊ စိတ်ကျန်းမာရေးကုထုံးများနဲ့ ကုသခြင်းဆိုပြီး ရှိပါတယ်။ နောက်အရေးကြီးတဲ့တခုကတော့ လူရောစိတ်ပါ လန်းဆန်းကျန်းမာစေဖို့ နေထိုင်မှုပုံစံကို ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ စိတ်ဓာတ်ကျချိန်မှာ သတိပြုကျင့်သုံးသင့်တဲ့ နေထိုင်မှုပုံစံတွေပဲ ဖြစ်ပါတယ်။ ၁။ ကျန်းမာရေးနှင့်ညီညွတ်စွာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျခြင်းကို ဘယ်လို တိုက်ထုတ်ကြမလဲ

တစ်ခါတစ်လေမှာ အလိုလိုနေရင်း မပျော်မရွှင် စိတ်ကလေးလံထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျဆင်းနေတာမျိုးကို လူတိုင်းနီးပါး ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကြောင့် ခုလို စိတ်ဓာတ်ကျတာမျိုးကို ကြုံရတတ်ပါတယ်။ စိတ်ဓာတ်ကျတာ (Depression) ကို အမျိုးအစား ၉ မျိုးအထိ ခွဲခြားထားပါတယ်။ ပုံမှန်အားဖြင့် ဝမ်းနည်းကြေကွဲမှုတွေ၊ ပုံမှန်လူနေမှုဘဝတွေနဲ့ ရက်သတ္တပတ်နဲ့ချီပြီး ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းနေပြီလို့ မှတ်ယူတတ်ကြပါတယ်။ ဒါ့အပြင် လူတစ်ယောက် Depression ဝင်နေပြီဆိုရင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်သလို ဝမ်းနည်းကြေကွဲစိတ် ကြီးစိုးလာတာ၊ အစားစားချင်စိတ် နည်းပါးလာတာ၊ ပတ်ဝန်းကျင်ကို ရှောင်ကျဉ်လာတာ၊ ပုံမှန်လူနေမှုဘဝနဲ့ ကင်းကွာလာတာ၊ အာရုံစူးစိုက်ရခက်ခဲလာတာနဲ့ အိပ်စက်ရခက်ခဲလာတာမျိုးအပြင် တန်ဖိုးမဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးလည်း ခံစားလာရမှာဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ပါ ကြိုးပမ်းလေ့ရှိတဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။ Depression ဟာ ဒီကနေ့ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးဖြစ်စေတဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Stay at Home ကာလမှာ ကျနေတဲ့ စိတ်ဓာတ်လေးကို ဘယ်လိုမြှင့်ကြမလဲ...............

လတ်တလောမှာ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID_19 ကြောင့် နေအိမ်ကနေပဲ အလုပ်လုပ်နေကြရတယ်။ အိမ်အပြင်လည်း မထွက်ရဘဲ အိမ်ထဲမှာပဲ တစ်ချိန်လုံး အောင်းနေရတာက အချိန်ကြာလတဲ့အခါ စိတ်ဓာတ်ကျလာစေနိုင်ပါတယ်။ ဒီတော့ ကျနေတဲ့ စိတ်ဓာတ်လေးကို ဘယ်လိုမြှင့်တင်ရမလဲ ပြောပြပေးပါရစေ။ စိတ်ဓာတ်ကျနေပြီလား ဆန်းစစ်ကြည့်ရအောင် စိတ်ဓာတ်ကျတယ်ဆိုတ ဘာမှမလုပ်ချင်အောင် ထိုင်နေမှ၊ တချောင်ချောင်မှာ ခွေနေမှ မဟုတ်ပါဘူး။ မဆာဘဲ စားနေမိမယ် လုံးဝ စားချင်စိတ်မရှိတာမျိုးဖြစ်မယ် အမြဲလိုလို စိတ်တိုနေမယ် စိုးရိမ်စိတ် များနေမယ်  ဒေါသဖြစ်လွယ်မယ် အကြောင်းမဲ့ သက်သက် အော်ဟစ်ချင်နေမယ် အလိုလို ဝမ်းနည်းနေမယ် အိပ်နေမယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက စိတ်ဓာတ်ကျမှန်းမသိ ကျနေတာပါ။ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့လိုပါမယ်။ ဒါမှ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်မလာမှာပါ။ Stay at Home ကာလမှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း