အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

လူတိုင်းမှာ စိုးရိမ်ရတာတွေ၊ ကြောက်ရွံ့တဲ့အရာတွေ ရှိနေမှာပါ။ သာမန်ထက်လွန်ကဲတဲ့ စိုးရိမ်ခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေ ရှိတာကိုရော သိရဲ့လား။ ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ၊ ဘယ်လို ကုသကြမလဲဆိုတာကို ခုပဲဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) Sedatephobia

ဆိတ်ငြိမ်မှု က သင့်ကို စိတ်ကသိကအောင့် ဖြစ်စေသလား။ တိတ်ဆိတ်နေတာက အထီးကျန်သလိုလို၊ စိတ်ထဲခြောက်ခြားသလိုဖြစ်နေပါသလား။ ဒါကို ကိုယ်တစ်ယောက်တည်း ခံစားနေရတာလား။ ဒါမှမဟုတ်  အခြားသူတွေရော ခံစားရတာသလားဆိုပြီးတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လို့ လိုပါမယ်။ တိတ်ဆိတ်မှုက လူကိုခြောက်ချားစေသလား။ လူတော်တော်များများက တိတ်ဆိတ်တာကို မကြောက်ကြဘူးလို့ ယူဆကြပါတယ်။ တကယ်ကတော့ လူတိုင်း တိတ်ဆိတ်မှုကို မကြောက်တာ မဟုတ်ပါဘူး။ တိတ်ဆိတ်မှုက သူတို့အတွက် ချောက်ချားမှုဖြစ်စေတာကြောင့် ဆိတ်ငြိမ်မှုကို ကြောက်ရွံ့တဲ့သူတွေ ရှိပါတယ်။ ဒီလို တိတ်ဆိတ်မှုကို ကြောက်တာက စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဒီစိတ်ကျန်းမာရေးပြဿနာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမည် မဖော်နိုင်ခဲ့ကြပါဘူး။ ဒီနေ့ခေတ်မှာတော့ တိတ်ဆိတ်မှုကို ကြောက်တဲ့ စိတ်ရောဂါကို Sedatephobic လို့ခေါ်ဆို သတ်မှတ်နိုင်ခဲ့ကြပါပြီ။ လူတွေက သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကားသံ၊ လူသံ၊ ကျေးငှက်တွေ၊ […]

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) ကဘာလဲ။ အချိန်ခဏတာလေးစိုးရိမ်သောကခံစားကြရတာတော့ပုံမှန်ပဲ ဖြစ်ပါတယ်။ စိုးရိမ်သောကဆိုတာလည်း ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပါတယ်။ သို့သော်လည်း စိုးရိမ်ပူပန်မှုများကို လွန်လွန်ကဲကဲခံစားနေရပြီး သင်နေ့စဉ်ဘဝကိုပါထိခိုက်လာလျှင်တော့ သင့်တွင်စိုးရိမ်ပူပန်မှုဆိုင်ရာရောဂါ ရနေပါပြီ ။ စိုးရိမ်ပူပန်မှုဆိုင်ရာရောဂါအမျိုးအစားများစွာရှိပါတယ်။ အကြောက်လွန်ရောဂါ ။ ရုတ်တစ်ရက်နှင့်ခဏခဏကြောက်လာတတ်ပြီးချွေးထွက်ခြင်း ၊ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးခုန်ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အကြောက်လွန်ရောဂါဟာလည်းနှလုံးအမောဖောက်သကဲ့သို့ပင်ခံစားရပါတယ်။ လူမှုဆက်ဆံရေးဆိုင်ရာစိုးရိမ်လွန်ကဲခြင်းရောဂါ ။ ဒီလိုလူမျိုးတွေဟာတော့ လူမှုရေးရာပြသနာများကိုခံစားနေရပါတယ်။ စိုးရိမ်ပူပန်မှုရဲ့အဓိကအကြောင်းရင်းကတော့ သူများဝေဖန်မှာကြောက်ခြင်းနဲ့ လူအများရှေ့ရောက်လျှင်ရှက်ကြောက်နေခြင်းတို့ဖြစ်ပါတယ်။ တစ်စုံတစ်ခုကိုကြောက်ရွံ့နေခြင်းများ ။ တစ်စုံတစ်ခုကိုအစိုးရိမ်လွန်နေခြင်း( ဥပမာ အရပ်) ဟာ ထိုသူကို ကြောက်ရွံ့စေတဲ့အရာဆီမှရှောင်ခွာသွားစေပါတယ်။ ယေဘူယျစိုးရိမ်မှုလွန်ကဲသောရောဂါ ။ ပုံမှန်မဟုတ်တဲ့ကြောက်ရွံ့မှုများဟာ မည်သည့်နေရာတွင်မဆို အကြောင်းရင်းမရှိပဲ ဖြစ်ပေါ်လာတတ်ပါတယ်။   Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ စိုးရိမ်ပူပန်မှုဟာ အရမ်းကိုအဖြစ်များပါတယ်။ အန္တရာယ်ရှိသည်များကိုရှောင်ရှားပြီး စိုးရိမ်ပူပန်မှူများကိုလျှော့ချနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAnxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာတွေကတော့.. ကယောင်ခြောက်ခြားဖြစ်နေခြင်း ၊ အားနည်း၍ပင်ပန်းနေခြင်း၊နှလုံးခုန်မြန်ခြင်း ၊ အသက်ရှူမြန်ခြင်း ၊ ချွေးထွက်ခြင်းနှင့်ခြေလက်များ တုန်ယင်ခြင်း […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ပူပန်မှု ဖြစ်ခြင်းအတွက် ကုသမှုများ

စိတ်ပူပန်မှု ဆိုတာ ဒေါသစိတ်ကို တုံ့ပြန်ခြင်းမျိုးဖြစ်ပြီး ခြိမ်းခြောက်မှုကို ခံစားရချိန်မှာ၊ စိတ်ဖိအားဖြစ်တဲ့အခါ၊ စိတ်ဖိစိးမှုရှိတဲ့ အနေအထားကို ကြုံလာရချိန်မှာ အလိုအလျောက် စေ့ဆော်လာတဲ့ သဘာဝပဲဖြစ်ပါတယ်။ စိတ်ပူပန်မှုပုံစံတွေ ကွဲပြားတဲ့အလိုက် ကုသမှုတွေလည်း အမျိုးမျိုး ရှိပါတယ်။ တချို့ဟာ ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး တချို့ကတော့ ပျောက်ကင်းအောင် ကုသခြင်းဖြစ်ပါတယ်။ ဆေးကုသခြင်း စိတ်ကျရောဂါဆေးများဟာ SSRI ဆေးအုပ်စုဝင်ဆေးများ ဖြစ်ပြီး စိတ်ပူပန်မှု ပြဿနာမျိုးစုံကို ကာကွယ်ကုသဖို့ သုံးကြပါတယ်။ အောက်ပါဆေးများဟာ နာတာရှည်စိတ်ပူပန်မှု ပြဿနာကို ကုသရာမှာ သုံးကြပါတယ်။ Prozac Zoloft Celexa Paxil Lexapro antidepressants Effexorနဲ့ Cymbalta Tofranil ဒီဆေးတွေကို နေ့စဉ်သောက်ဖို့လိုသလား၊ ရောဂါဖြစ်ချိန်မှ သောက်သင့်သလားဆိုတာ နားလည်တတ်ကျွမ်းသူကို မေးမြန်းသင့်ပါတယ်။ ရုတ်တရက်ဖြစ်လာတဲ့ စိတ်ပူပန်မှု ပြဿနာအတွက် စိတ်ပူပန်မှုပျောက်ကင်းစေတဲ့ စိတ်ငြိမ်ဆေးတွေ သုံးစွဲနိုင်ပါတယ်။ အမြန်ဆုံးသက်သာစေတဲ့ စိတ်ငြိမ်ဆေးတွေကို Benzodiazepines […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်ခြင်းအကြောင်း

စိုးရိမ်ပူပန်ခြင်းဆိုတာ အန္တရာယ်ကြုံလာချိန်မှာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက် တုံ့ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ကြောက်ရွှံချိန်၊ ဖိအားများချိန်၊ စိတ်ဖိစိးမှုကြုံရချိန်တွေမှာ သတိပေးတဲ့ အချက်ပေးခေါင်းလောင်းပဲ ဖြစ်ပါတယ်။ စိတ်ပူပန်မှုအမျိုးအစားများ - အထွေထွေပူပန်ခြင်း။ အမြဲတမ်းလိုလို ပူပန်နေတတ်ပါတယ်။ အကြောင်းအရာ ပေါင်းစုံအတွက် ပူပန်နေတတ်ပြီး ခြောက်လနဲ့ အထက် ကြာတတ်ပါတယ်။ - လူမှုနယ်ပယ်ကိုစိုးရွံ့ခြင်း။ မိမိကိုယ် သူတပါးက ဝေဖန်မှာ၊ အရှက်ကွဲစေမှာ စသဖြင့် ကြောက်ရွှံနေတတ်ပါတယ်။ နေ့စဉ်ကြုံနေကြ လူအများအလယ်မှာ စကားပြောရမှာ၊ အစားအသောက်စားရမှာ စတာတွေကိုပါ ကြောက်ရွှံ့နေတတ်ပါတယ်။ - သီးသန့်ကြောက်ရွှံ့မှု။ အရာဝတ္တုတခုခု၊ အခြေအနေတခုခုကို ကြောက်ရွှံ့ပြီး ရှောင်ရှား နေတတ်ပါတယ်။ ဥပမာ ဆေးထိုးခံရမှာ၊ လေယာဉ်စီးရမှာ ကြောက်ရွံ့နေတတ်ပါတယ်။ တခြား စိုးရိမ်ကြောက်ရွံ့အမျိုးအစားတွေ အများကြီး ရှိပါတယ်။ - စိတ်စွဲလွန်ခြင်းပြသနာ။ မလိုလားအပ်တဲ့ အတွေးတွေ၊ ကြောက်ရွံ့မှုတွေကို မထိန်းချုပ်နိုင်ဘဲ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ပါတယ်။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုထိန်းချုပ်မလဲ

စိုးရိမ်ပူပန်လွန်းတာဟာ ထိန်းချုပ်ရ အင်မတန်ခက်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်မှုဘဝကို ဆိုးကျိုးတွေအများကြီး ဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပူပန်ကြောင့်ကြမှုတွေ၊စိုးရိမ်မှုတွေကို ဘယ်လိုမျိုး ဖယ်ရှားရှင်းလင်းသင့်သလဲ။ ဒီဆောင်းပါးလေးမှာ စိုးရိမ်ပူပန်ခြင်းကို ဘယ်လိုထိန်းချုပ်ရင်ဆိုင်ရမလဲဆိုတာကို မျှဝေပေးထားပါတယ်။ အပြေးလေ့ကျင့်ခန်း သင့်အနေနဲ့ ဒီအချက်ဟာ တမျိုးပဲလို့ ထင်ကောင်းထင်နေနိုင်ပေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းဟာ စိုးရိမ်ပူပန်မှုကို တကယ်ပဲ ကူညီလျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့သူတွေအနေနဲ့လည်း ပြောင်းလဲချိန်တန်ပါပြီ။ ကိုယ်ကောင်းဖို့အတွက်ပဲလေ။ ပြောင်းလဲလိုက်ပါ။ ပျော်ရွှင်တဲ့ဘဝတခုကို ပိုင်ဆိုင်ဖို့ဆိုရင် သင့်အနေနဲ့ ကျန်းမာတဲ့စိတ်နဲ့ ခန္ဓါကို လိုအပ်ပြီး ဒီနှစ်ချက်လုံးကို လေ့ကျင့်ခန်းလုပ်ခြင်းက ပေးစွမ်းနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းက အကောင်းဆုံး လေ့ကျင့်ခန်းဆိုပေမယ့် တခြားဘာလေ့ကျင့်ခန်းပဲ ဖြစ်ဖြစ် အကျိုးရှိတာ အမှန်ပါပဲ။ ဟုတ်ပြီ၊ဒါဖြင့် မေးစရာတခုရှိတာက လေ့ကျင့်ခန်းလုပ်တာဟာ စိုးရိမ်ပူပန်မှုတွေကို ဘာလို့လျော့ပါးသက်သာစေရတာလဲ။ သင့် စိတ်ကို ဖြေလျှော့ပေးနိုင်တဲ့၊သက်တောင့်သက်သာရှိစေတဲ့ ဓါတ်ပစ္စည်းတွေကို ဦးနှောက်က ထုတ်ပေးစေပါတယ်။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အကြောက်လွန်ခြင်း အမျိုးမျိုး

Phobia (ကြောက်ခြင်း)သည် စိုးရိမ်စိတ်လွန်ကဲသောပြဿနာများထဲမှ တစ်ခုဖြစ်ပြီးအမှန်တကယ်မရှိ(သို့) အန္တရာယ်မရှိသည့် တစ်ခုခုကို အဆမတန်ကြောက်ရွံနေခြင်းဖြစ်သည်။ ထိုကဲ့သို့အရာများကိုရှောင်ရှားရန် ကြိုးစားခြင်းအားဖြင့် ကြောက်ရွံစိတ်ကိုပို၍ဖြစ်စေသည်။ အတွေ့ရများတဲ့ကြောက်ရွံ့မှုတွေအကြာင်းကို လေ့လာကြည့်ကြရအောင်။ ကြောက်ခြင်းအကြောင်း မြွေတို့၊ ရေတို့ကိုကြောက်လန့်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် ထိုကြောက်ရွံစိတ်သိပ် ပြင်းထန်လျှင် သင်ကိုဖိအားများစေသည်။ ၎င်းကိုကြောက်ရွံခြင်းဟု ခေါ်သည်။ ကြောက်ရွံခြင်းတို့သည် ငယ်စဉ်ဘဝကတည်းက ဖြစ်တတ်ပြီး ကြွက်၊ ပိုးကောင်၊ ကျောင်း၊ သွားဆရာဝန်၊ ရေ၊ မြွေ၊ လူအုပ်(သို့) တစ်ယောက်တည်းဖြစ်နေခြင်းတို့ကို ကြောက်တတ်ကျသည်။ ပုံမှန်အားဖြင့် လူတို့သည် အရာဝတ္ထုများသက်သက်ကို မကြောက်ပါ။ သို့သော် ၎င်းတို့က ဘယ်အရာတွေကိုဖြစ်စေသည် သင့်အပေါ်မည်သို့ သက်ရောက်စေနိုင်သည်ကို သင်ကြောက်ရွံ့ခြင်းဖြစ်နိုင်ပါသည်။ ကြောက်ရွံခြင်းကိုသေချာမကုသလျှင် ၎င်းသည် သင့်ကိုစိတ်ဓါတ်ကျခြင်းနှင့် အခြား စိတ်ရောဂါဝေဒနာများ(သို့) ကျန်းမာရေးညံ့ဖျင်းမှုများ ဖြစ်စေနိုင်ပါသည်။ နေစဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် အလုပ်လုပ်ခြင်း၊ အိပ်ခြင်းတို့ကိုလည်းထိခိုက်နိုင်ပါသည်။ ကြောက်ခြင်းအမျိုးအစားများ • Acrophobia; အမြင့်ကြောက်ခြင်း။ သင်ကိုယ်သင် အမြင့်တွင်မနေနိုင်ဟုခံစားရမည်။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အကြောင်းရင်းမရှိဘဲ ကြောက်ခြင်း။ သင့်မှာအကြောက်လွန်ရောဂါ ဖြစ်နေပြီလား။

သင်ဟာ ရုတ်တရက်ကြောက်လန့်ခြင်းဖြစ်ပြီး ထိုကြောက်လန့်မှုကို မိနစ်ပေါင်းများစွာကြာသည်အထိ ခံစားရတာမျိုးဖြစ်ဖူးပါသလား။ ဒီအခြေအနေတွင် သင်ဟာ တခြားဘာကိုမှမစဉ်းစားနိုင်အောင် သို့ အလုပ်ဆက်မလုပ်နိုင်အောင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကြောက်လွန်ရောဂါလို့ ခေါ်တယ်။ အကြောက်လွန်ရောဂါအကြောင်းကို သင်ကြားဖူးလား။ ဆန်းစစ်ကြည့်ရအောင်။ သင့်ရဲ့လက္ခဏာတွေကို ဆန်းစစ်ကြည့်ပါ။ လူတော်တော်များများဟာ သူတို့ရဲ့ဘဝမှာ အကြောက်လွန်ခြင်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခံစားဖူးကြတယ်။ အကြောက်လွန်ခြင်းဟာ အလွန်ထိတ်လန့်စရာကောင်းပါတယ်။ အကြောက်လွန်နေချိန်တွင် သင်ဟာ ဘာကိုမှမတွေးနိုင်၊ အသက်မရှူနိုင်အောင် အသိစိတ်လွတ်နေတတ်တယ်။ အမှန်တကယ်အန္တရာယ်မရှိသော်လည်း အလွန်အမင်းစိတ်ပူနေတတ်တယ်။ စိတ်ဒဏ်ရာရစေတဲ့ စိတ်ဖိစီးမှု ကိုဖြစ်စေတဲ့ အဖြစ်အပျက်တွေကျော်လွန်သွားတဲ့အခါ ဒီလက္ခဏာတွေဟာ သက်သာသွားတတ်တယ်။ တချို့လူတွေက အကြောက်လွန်ခြင်းကြောင့် နှလုံးရပ်သွားတဲ့အထိ ပြင်းပြင်းထန်ထန်ဖြစ်သွားတတ်ကြတယ်။ အကယ်၍ သင့်မှာ အကြောက်လွန်ရောဂါရှိမယ်ဆိုရင် သင်ဟာဒီလက္ခဏာတွေကို ခံစားရနိုင်တယ်။ • သင်ဟာ ရုတ်တရက် အကြောက်လွန်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကို ထပ်ခါထပ်ခါ ခံစားရနိုင်တယ်။ ဒီခံစားချက်က အမြဲလွှမ်းမိုးနေတတ်တယ်။ • တခါတလေ သင်ဟာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Phobias (အကြောက်လွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Phobias (အကြောက်လွန်ခြင်း) ကဘာလဲ။ အကြောက်လွန်ခြင်း (phobia) ဆိုတာဟာ အန္တရာယ်မပေးနိုင်တဲ့ အခြေအနေတွေ သို့ အရာတွေကို အကြောင်းမဲ့ ကြောက်စိတ်လွန်ကဲနေခြင်း ဖြစ်ပါတယ်။ စကားပြောရာမှာ သို့ စာမေးပွဲ စမ်းသပ်မှုတစ်ခုယူနေစဉ်မှာ ခဏတာ စိတ်ပူပန်ကြောင့်ကျတာမျိုးမဟုတ်ဘဲ အမြဲတမ်းဖြစ်နေတတ်ပြီး ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ဖြစ်စေပါတယ်။ ဒီရောဂါအခြေအနေဟာ အလုပ်မှာ သို့ လူမှုဆက်ဆံရေးတွေမှာ ပုံမှန်ပြောဆိုဆက်ဆံမှုတွေကို ထိခိုက်စေနိုင်ပါတယ်။ အဖြစ်များတဲ့ အကြောက်လွန်ကဲမှုတွေကတော့ ပျံသန်းရမှာ ကြောက်ခြင်း၊ အမြင့်ကြောက်ခြင်း၊ ပင့်ကူကြောက်ခြင်း၊လူစိမ်းကြောက်ခြင်း၊ဆေးထိုးခြင်းကိုကြောက်ခြင်း၊သွေးကြောက်ခြင်း နှင့် အလုံပိတ်အခန်းကြောက်ခြင်း တို့ဖြစ်ကြပါတယ်။ Phobias (အကြောက်လွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အကြောက်လွန်ခြင်း အများစုကတော့ ပျိုဖော်ချိန်မှာ အဖြစ်များပြီး တိရစ္ဆာန်တွေ၊ သွေးတွေ၊ မုန်တိုင်းနှင့် ရေကြောက်တာတွေက ကလေးဘဝမှာ စဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး အကြောက်လွန်ကဲတတ်ပါတယ်။ ဆက်လက်သိရှိလိုသည်များကို ဆရာဝန်နှင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း