အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

လူတိုင်းမှာ စိုးရိမ်ရတာတွေ၊ ကြောက်ရွံ့တဲ့အရာတွေ ရှိနေမှာပါ။ သာမန်ထက်လွန်ကဲတဲ့ စိုးရိမ်ခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေ ရှိတာကိုရော သိရဲ့လား။ ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ၊ ဘယ်လို ကုသကြမလဲဆိုတာကို ခုပဲဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) Sedatephobia

ဆိတ်ငြိမ်မှု က သင့်ကို စိတ်ကသိကအောင့် ဖြစ်စေသလား။ တိတ်ဆိတ်နေတာက အထီးကျန်သလိုလို၊ စိတ်ထဲခြောက်ခြားသလိုဖြစ်နေပါသလား။ ဒါကို ကိုယ်တစ်ယောက်တည်း ခံစားနေရတာလား။ ဒါမှမဟုတ်  အခြားသူတွေရော ခံစားရတာသလားဆိုပြီးတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လို့ လိုပါမယ်။ တိတ်ဆိတ်မှုက လူကိုခြောက်ချားစေသလား။ လူတော်တော်များများက တိတ်ဆိတ်တာကို မကြောက်ကြဘူးလို့ ယူဆကြပါတယ်။ တကယ်ကတော့ လူတိုင်း တိတ်ဆိတ်မှုကို မကြောက်တာ မဟုတ်ပါဘူး။ တိတ်ဆိတ်မှုက သူတို့အတွက် ချောက်ချားမှုဖြစ်စေတာကြောင့် ဆိတ်ငြိမ်မှုကို ကြောက်ရွံ့တဲ့သူတွေ ရှိပါတယ်။ ဒီလို တိတ်ဆိတ်မှုကို ကြောက်တာက စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဒီစိတ်ကျန်းမာရေးပြဿနာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမည် မဖော်နိုင်ခဲ့ကြပါဘူး။ ဒီနေ့ခေတ်မှာတော့ တိတ်ဆိတ်မှုကို ကြောက်တဲ့ စိတ်ရောဂါကို Sedatephobic လို့ခေါ်ဆို သတ်မှတ်နိုင်ခဲ့ကြပါပြီ။ လူတွေက သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကားသံ၊ လူသံ၊ ကျေးငှက်တွေ၊ […]

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ

အကြောက်တရားနဲ့ ကင်းတဲ့ သူတော့ လောကမှာ ရှိမယ်မထင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတချို့ကို သေချာကြည့်ကြည့်ပါ။ ဗလကြီးတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း အားကိုးချင်စရာ တချို့အမျိုးသားတွေ ကြွက်တို့၊ ပိုးဟပ်တို့၊ ပိုးမွှားလေးတွေ မြင်ရင် ငယ်သံပါအောင် အော်ပြီး လန့်ပြေးတတ်ကြတာကို မြင်ဖူးကြမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အရာဝတ္ထုတစ်ခုခုအပေါ် ပုံမှန်ထက်ပိုပြီး ကြောက်လန့်တဲ့ စိတ်လက္ခဏာ (Phobia) ပဲ ဖြစ်ပါတယ်။ Phobia ဆိုတာ ဘာလဲ။ တခြားသူတွေအမြင်မှာ အပိုလုပ်ပြီး ဟန်ဆောင်ကြောက်ပြတယ်လို့ ထင်ရပေမယ့် ကိုယ့်ရဲ့ အတွေးထဲမှာ တစ်ခုခုအပေါ် ပြင်းပြင်းထန်ထန် ထိတ်လန့်တဲ့ စိတ်၊ ကြောက်ရွံ့တဲ့ စိတ် ကြီးမိုးနေတဲ့ ပြဿနာကို Phobia လို့ ခေါ်ပါတယ်။ လူတချို့တွေးထင်ထားသလို ပုံမှန်ကြောက်တတ်တဲ့ စိတ်အခံရှိတာ တစ်ခုတည်းနဲ့ Phobia လို့ မသုံးနှုန်းသလို စိုးရိမ်စရာ စိတ်ရောဂါလို့ […]


စိတ်ကျန်းမာရေး

စိတ်အတက်အကျမြန်ရောဂါဆိုတာ ဘယ်လိုမျိုးလဲ

စိတ်အတက်အကျမြန်ရောဂါ - Bipolar disorder ဟာ လူတွေမှာ ရှားရှားပါးပါးတွေ့ရတတ်တဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၂၅ နှစ်အရွယ်မှာ လက္ခဏာ စတင်ပြလာတတ်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါရှင်တွေ စိတ်ဓါတ်ကျြပီဆိုရင် အနည်းဆုံး ၂ပတ်ခန့် ကြာတတ်ပါတယ်။ စိတ်အခြေအနေ အမြင့်ဆုံးထိ တက်ကြွနေပြီဆိုရင်လည်း ရက်သတ္တပတ် အနည်းငယ် ကြာနိုင်ပါတယ်။ တစ်နှစ်ကို အကြိမ်ပေါင်းများစွာ စိတ်အပြောင်းအလဲ မြန်တတ်ပြီး တချို့လူတွေမှာတော့ ရံဖန်ရံခါမှသာ လက္ခဏာပြနိုင်ပါတယ်။ စိတ်အတက်အကျမြန်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Mania နဲ့ Hypomania ဆိုပြီး စိတ်ဓါတ်တက်ကြွတဲ့ အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓါတ်ကျတဲ့ အဆင့် ၃ဆင့် ရှိပါတယ်။ ၁။ စိတ်ဓါတ်တက်ကြွခြင်း အဆင့် ၁ (Mania) စိတ်အတက်အကျမြန်ရောဂါ ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ အရမ်းတက်ကြွနေမယ်၊ စိတ်လှုပ်ရှားနေမယ်၊ စိတ်လိုက်မာန်ပါလုပ်တတ်တယ်၊ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကြာကွက်ကြောက်ရောဂါ (Trypophobia)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trypophobia(ကြာကွက်ကြောက်ရောဂါ) ဆိုတာဘာလဲ။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ဆိုတာက စုပြုံနေတဲ့အပေါက်တွေကို ကြောက်တဲ့၊ ရွံတဲ့ရောဂါဖြစ်ပါတယ်။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက အပေါက်တွေစုပြုံနေတဲ့ မျက်နှာပြင်တစ်ခုကိုမြင်တဲ့အခါ မူးနောက်ပျို့ချင်လာပါတယ်။ ဥပမာ – ကြာခွက်မျက်နှာပြင်၊ စတော်ဘယ်ရီမျက်နှာပြင်တို့က ဒီလိုဖိုးဘီးယားရှိသူတွေအတွက် မအီမသာဖြစ်စေပါတယ်။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Trypophobia(ကြာကွက်ကြောက်ရောဂါ) က အဖြစ်များတာမျိုးတော့မဟုတ်ဘူး။ တရားဝင်အရ အသိအမှတ်လည်းမပြုပါဘူး။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ကိုလေ့လာတာကလည်း နည်းပါသေးတယ်။ ရောဂါဟုတ်မဟုတ် တရားဝင်သတ်မှတ်လို့ရအောင်လုပ်နေတဲ့ သုတေသနလောက်ပဲ ရှိပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ ရောဂါလက္ခဏာများTrypophobia(ကြာကွက်ကြောက်ရောဂါ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အပေါက် ဒါမှမဟုတ် အပေါက်နဲ့တူတဲ့အရာလေးတွေ စုပြုံနေတာကိုမြင်ရတဲ့အခါ ဖြစ်လာတဲ့လက္ခဏာတွေကို တင်ပြထားကြပါတယ်။ ဒါတွေကိုမြင်တဲ့အခါ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက ရွံတာ ကြောက်တာတွေ ဖြစ်ကြပါတယ်။ တစ်ချို့လက္ခဏာတွေကတော့… ကြက်သီးထခြင်း မနှစ်မျို့ခြင်း မအီမသာခံစားရခြင်း အမြင်အာရုံမှာ မသက်မသာဖြစ်ခြင် ဥပမာ မျက်လုံးနာခြင်း၊ ထင်ယောင်မှားခြင်း စိတ်ထွေပြားခြင်း ထိတ်လန့်ခြင်း ချွေးပြန်ခြင်း ပျို့ခြင်း ခန္ဓါကိုယ်တုန်ခြင်း အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကလေးက အမှောင်ကြောက်ရွံ့မှုကို ဘယ်လိုကျော်လွှားနိုင်သလဲ

ကလေးအတော်များများဟာ အမှောင်ကိုကြောက်ရွံ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ ဘီဒိုထဲမှာ၊ အိပ်ရာအောက်မှာ သရဲရှိနေတယ်လို့ ထင်တတ်ကြပါတယ်။ ကလေးရဲ့ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးကို ဒီကိုကြောက်ရွံ့မှုတွေကို ကျော်လွှားနိုင်အောင် ကူညီပေးသင့်ပါတယ်။   ကလေးတွေရဲ့ အမှောင်ကို ကြောက်ရခြင်း အကြောင်းရင်း မိဘအတော်များများဟာ ကလေးတွေက ဘာလို့ အမှောင်ကို ကြောက်လဲဆိုတာကို သိရှိခြင်းမရှိပါဘူး။ ဒါပေမယ့် မိဘအများစုက သူတို့မီးမှိတ်လိုက်ချိန်မှာ ကလေးကြောက်ရွံ့ခြင်းကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ကလေးဟာ ရုတ်တရက် အမှောင်ကို ကြောက်ရွံ့နေပြီဆိုရင် အကြောင်းရင်း အချို့ရှိနိုင်ပါတယ်။ ကလေး သန်းပေါင်းများစွာဟာ အမှောင်ထဲမှာ သူတို့ကို အစိမ်းလိုက်ကိုက်စားနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခု ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။ ကြောက်ရွံ့ခြင်းဟာ လူတိုင်းလူတိုင်းရဲ့ ဘဝအစိတ်အပိုင်း တစ်ခုဖြစ်ပြီး ကလေးတွေမှာ ပိုဆိုးကြပါတယ်။ ဒါ့ပြင် ကလေးတွေရဲ့ ဦးနှောက်ဟာ အပြည့်အစုံ ဖွံ့ဖြိုးခြင်း မရှိသေးတာကြောင့် သူတို့ဟာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) ကဘာလဲ။ Generalize Anxiety disorder (GAD) ကို ကိစ္စတစ်ခုအတွက် စိုးရိမ်သောကရောက်ရန် အကြောင်းရင်းမရှိသော်လည်း အလွန်အကျူး စိုးရိမ်တတ်ခြင်း၊ ပူပန်သောကရောက်တတ်ခြင်းနှင့် သတ်မှတ်နိုင်ပါသည်။ GAD ရှိသောလူများမှာ အမြဲလိုလို အပျက်ကိုသာတွေးနေတတ်ပြီး ကျန်းမာရေး၊ ငွေကြေး၊ မိသားစု၊ အလုပ်၊ ကျောင်း စသည်တို့ကို အမြဲသောကရောက်နေတတ်သည်။ GAD ဖြစ်နေသူများ၏ ပူပန်သောကမှာ လက်တွေ့မဆန်သလို ဖြစ်နေသည့်ကိစ္စထက်ကို ပိုလွန်ကျူးနေသည်မျိုးဖြစ်သည်။ နေစဉ်ဘဝတွင် တောက်လျှောက်ပူပန်နေခြင်း၊ ကြောက်ခြင်းနှင့် စိတ်ညစ်ခြင်းတို့ ဖြစ်လာနိုင်သည်။ နောက်ဆုံးတွင် စိုးရိမ်စိတ်မှာ လူတစ်ကိုယ်လုံးကို အနိုင်ရသွားပြီး နေစဉ်လုပ်ငန်းများ အလုပ်၊ ကျောင်း၊ လူမှုရေးနှင့် ဆက်ဆံရေးတို့တွင် အနှောက်အယှက်ဖြစ်လာပါသည်။ Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ GAD […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) ကဘာလဲ။ စိတ်ပိုင်းဆိုင်ရာ ပြသနာဖြစ်ပြီး ကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်မှာ တခုခု ချို့ယွင်းနေတယ်လို့ အမြဲတွေးတောမိနေတဲ့ အခြေအနေဖြစ်ပါတယ်။ တခါတရံမှာ သိသာပေမယ့် သတိမထားမိတဲ့ အခြေအနေလည်း ရှိတတ်ပါတယ်။ ဒီလိုအတွေးတွေကြောင့် ရှက်ကြောက်တတ်ပြီး လူအများနဲ့ တွေ့ဆုံနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားလာပါတယ်။   Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) က ဘယ်လောက်အဖြစ်များသလဲ ဆယ်ကျော်သက်အရွယ် စတင်ခါစမှာ ဒီပြသနာဟာ ခပ်စိတ်စိတ်ဖြစ်ပွားတတ်ပါတယ်။ ယောက်ျားလေးရော မိတ်းကလေးမှာပါ ကြုံရတတ်ပါတယ်။ ဒီပြသနာကို ကုသနည်းတွေမှာ ဆေးဝါးကုသနည်းနဲ့ သိမှုဆိုင်ရာ အမူအကျင့်ကုထုံးတွေ ပါဝင်ပါတယ်။ လက္ခဏာများBody Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ သူတပါးက အသေးအဖွဲလို့ထင်တဲ့၊ ဒါမှမဟုတ် သိတောင်မသိတဲ့ ပြစ်ချက်တွေ မိမိမှာရှိတယ်လို့ ခံစားရပြီး စိုးရိမ်မှုကြီးစွာ ဖြစ်တတ်ပါတယ်။ ဒီချို့ယွင်းချက်ဟာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Social anxiety disorder (social phobia) (စိုးရိမ်လွန်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Social anxiety disorder (social phobia) (စိုးရိမ်လွန်သောရောဂါ) ကဘာလဲ။ အချို့သောအခြေအနေများတွင် စိုးရိမ်တတ်ကြသည်မှာ ပုံမှန်ဖြစ်သည်။ ဥပမာ – ရည်းစားနဲ့ချိန်းတွေ့ခြင်း(သို့)လူအများရှေ့တွင်တင်ပြရှင်းလင်းမှုများလုပ်ခြင်း တို့သည် အစာအိမ်ထဲတွင် လိပ်ပြာများရောက်နေသကဲ့သို့သောစိတ်လှုပ်ရှားစိုးရိမ်သည့် ခံစားမှုကိုပေးနိုင်ပါသည်။ သို့သော် ဆိုရှယ်ဖိုးဘီးယားဟုခေါ်သော စိုးရိမ်လွန်ခြင်း ရောဂါတွင် နေ့စဉ် လူအများနှင့်ဆက်ဆံရသည်ကို ကြောက်ခြင်း၊စိုးရိမ်ခြင်း၊ကိုယ့်ကိုယ်ကို သတိထားမိနေခြင်း နှင့် ရှက်ခြင်း တို့ဖြစ်နေတတ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများက မိမိကို ဝိုင်းအပြစ်ပြောကြမည်ကို ကြောက်လန့်စိုးရိမ်နေ၍ဖြစ်သည်။ စိုးရိမ်လွန်ခြင်းသည် နာတာရှည်ဖြစ်ပွားနိုင်သည့် စိတ်ရောဂါတခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်း၊ဆေးများဖြင့်ကုသခြင်း၊နှင့် စိတ်ဖိစီးမှုများကို မည်ကဲ့သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို လေ့လာသင်ကြားခြင်းတို့ဖြင့် မိမိကိုယ်ကိုယုံကြည်မှုနှင့် အခြားသူများနှင့် ဆက်ဆံမှုတို့အား တိုးတက်ကောင်းမွန်စေပါသည်။ Social anxiety disorder (social phobia) (စိုးရိမ်လွန်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လက်ရှိ စိတ်ပိုင်းဆိုင်ရာရောဂါများတွင် တတိယကမ္ဘာ့အဖြစ်အများဆုံး ရောဂါဖြစ်သည်။ အစိုးရ၏စောင့်ကြည့်မှတ်သားထားသော အချက်အလက်စာရင်းများအရ မည်သည့်အချိန်တွင်မဆို လူဦးရေ၏ 7ရာခိုင်နှုန်းသည် […]


စိတ်ကျန်းမာရေး

Schizoaffective disorder (ကြောက်လန့်လွန်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Schizoaffective disorder (ကြောက်လန့်လွန်ရောဂါ) ကဘာလဲ။ ကြောက်လန့်လွန်ခြင်းနဲ့ စိတ်ဓါတ်ကျခြင်း၊ စိတ်ဓါတ်ကျလိုက်တက်လိုက်ရောဂါနှစ်မျိုးလုံးဖြစ်နေခြင်း ဖြစ်ပါတယ်။ သိပ္ပံပညာရျင်တွေက ဒိရောဂါက ကြောက်လန့်လွန်ခြင်းနဲ့အဓိကဆက်နွှယ်နေလား စိတ်ခံစားချက်ပိုင်းဆိုင်ရာပြဿနာနဲ့ အဓိကဆက်နွှယ်နေလားဆိုတာကို သေချာမသိသေးပါဘူး။ အခြေအနေနှစ်မျိုးလုံးအတွက် ပေါင်းစပ်ကုသမှုတွေတော့ ပေးနေပါတယ်။ Schizoaffective disorder (ကြောက်လန့်လွန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကြောက်လန့်လွန်ရောဂါအဖြစ်များခြင်းရဲ့သုံးပုံတစ်ပုံနီးပါး အဖြစ်များပါတယ်။ သက်တမ်းတစ်လျှောက်ဖြစ်နိုင်ချေ 0.3ရာနှုန်းလောက်ရျိပါတယ်။ ရောဂါဖြစ်သူလူနာသုံးပုံနှစ်ပုံလောက်က အမျိုးသမီးတွေဖြစ်တာကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSchizoaffective disorder (ကြောက်လန့်လွန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ schizoaffective disorder (ကြောက်လန့်လွန်ရောဂါ) ရဲ့လက္ခဏာတွေကတော့- စိတ်ဓါတ်ကျခြင်း အစားစားလိုစိတ်နည်းခြင်း ကိုယ်အလေးချိန်ကျခြင်း တက်ခြင်း အိပ်စက်ခြင်းအပြောင်းအလဲမ်ျား( အအိပ်နည်းခြင်း အလွန်အကျူးအိပ်ခြင်း) ကဏှာမငြိမ်ဖြစ်ခြင်း အားအင်ကုန်ခမ်းခြင်း လုပ်နေကျအလုပ်များအပေါ် စိတ်ဝင်စားမှုနည်းပါးခြ်ငး မျှောလင့်ချက်မရှိသူလို မထိုက်တန်သူတစ်ယေက်လိယ ခံစားရခြင်း အပြစ်မကင်းသလို ခံစားရခြင်း စဉ်းစားတွေးခေါ်ခြင်း၊ အာရုံစူးစိုက်ခြင်းပြဿနာများ သေလိုသည့်အေတွးများ သတ်သေလိုသည့်အတွေးများ စိတ်ကြွခြင်း အလုပ်၊ လူမှုရေးနဲ့ လိင်ပိုင်းဆိုငရာတွေမှာ ပုံမှန်ထက်ပိုတက်ကြွလွန်နေခြင်း စကာ်းများများပြောခြင်း၊ မြန်မြန်ပြောခြင်း အိပ်စက်ဖို့အနည်းငယ်သာလိုခြင်း ကဏှာမငြိမ်ခြင်း ကိုယ့်ကိုယ်ကိုကျေန်ပ်ခြင်း အလွယ်တကူပျံလွင့်လွယ်ခြင်း စိတ်လွတ်လက်လွတ်ပြုမူခြင်း၊ မဆင်ခြင်ဘဲကားမေားခြင်း၊ အန္တရာယ်ရှိနိုင်တဲ့လိင်ဆက်ဆံခြင်းလိုမျိုး ကြောက်လန့်အန္တရာယ်ပေးနိုင်တဲ့အမူအကျင့်များ ကြောက်လန့်လွန်ခြင်း မရေမရြာဖ်စ်ခြင်း တကယ်မရှိတဲ့အရာတွေကိုမြင်နေကြားနေခြင်း ထင်ယောင်ထင်မှားဖြစ်ခြင်း တွေးခေါ်စဉ်းစားမှုကစဉ့်ကလျားဖြစ်ခြင်း ထူးဆန်းတဲ့အမူအကျင့်များ လှုပ်ရှားမှုနည်းသွားခြင်း […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) ကဘာလဲ။ လူစုလူဝေးကြောက်ရွံ့ခြင်းဆိုတာ မိမိကို ချောင်ပိတ်ပြီး သက်တောင့်သက်သာ မဖြစ်စေမယ့်၊ အကူအညီ ကင်းမဲ့စေမယ့် နေရာတွေကို ရှောင်ကြဉ်လိုတဲ့ စိတ်ပူပန်မှုရောဂါတမျိုး ဖြစ်ပါတယ်။ လူစုလူဝေးရှိတဲ့ နေရာတွေ၊ လူအများ သွားလာတဲ့ ဘတ်စ်ကား ရထားဂိတ်တွေ စတာတွေကို ကြောက်ရွံ့တတ်ပါတယ်။ ဒီပြသနာရှိသူများဟာ လူအုပ်ကြားထဲရောက်နေရင် လုံခြုံမှု မရှိသလို ခံစားနေရပါတယ်။ လူများတဲ့နေရာကိုသွားရင် ရင်းနှီးတဲ့ အမျိုး၊ သူငယ်ချင်း တယောက်ယောက်ကို အဖော်ပြုသွားလာတတ်ပါတယ်။ တခါတရံ ကြောက်ရွံ့တဲ့စိတ်ကြီးလွန်းလာရင် အိမ်ကနေ မခွာဘဲတောင် နေလာတတ်ပါတယ်။ agoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၂ဆ ပိုပြီးအဖြစ်များပါတယ်။ အသက် ၁၈နဲ့ ၃၅ကြားထဲမှာ ပိုအဖြစ်များပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများagoraphobia (လူစုလူဝေးကြောက်ရွံ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါ အခြေအနေတွေကို ကြောက်ရွံ့တတ်ပါတယ်။ အိမ်ကနေ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ) ကဘာလဲ။ သံသယလွန်ကဲသော စိတ်ဝေဒနာဆိုသည်မှာ လူတစ်ယောက်သည် သူတစ်ပါးအပေါ် ဘယ်တော့မှမဆုံးနိုင်သော သံသယစိတ် နှင့် မယုံကြည်မှုများ ဖြစ်နေသော ထူးခြားသော စိတ်ဝေဒနာတစ်မျိုးဖြစ်သည်။ ဤရောဂါ၏ အခြား ထူးခြားချက်များမှာ သူတစ်ပါးကို ယုံကြည်ဖို့ ဝန်လေးခြင်း၊ အညှိုးကြီးခြင်း၊ ရိုးသားသော ကိစ္စရပ်စကားရပ်များအပေါ်တွင်ပင် ခြိမ်းခြောက်နေသည်ဟု အထင်ရောက်ခြင်းတို့ပဲ ဖြစ်ပါသည်။ ဤစိတ်ဝေဒနာရှိသောလူသည် သူတစ်ပါးအပေါ် ဒေါသထွက်လွယ်၊ ရန်ပြုလွယ်သည်။ သံသယစိတ်လွန်ကဲမှုသည် ကျိုးကြောင်းမဆီလျော်သော အတွေးနှင့် ယုံကြည်မှုများ ခိုင်မာလာချိန်တွင် ထင်ယောင်ထင်မှားဖြစ်လာစေတတ်သည်။ ထိုအခါတွင် သူတို့ တွေးနေ၊ ခံစားနေရသော အရာတွေက မမှန်ကန်ဘူးဆိုတာကို ထိုလူအား ဘယ်အရာကမှ (သက်သေအထောက်အထားများ ရှိနေလျှင်တောင်) နားချလို့မရပါ။ လူတစ်ယောက်သည် သံသယစိတ်လွန်ကဲသော စိတ်ဝေဒနာ (သို့) ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ရှိပြီး အခြားလက္ခဏာများ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း