အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

လူတိုင်းမှာ စိုးရိမ်ရတာတွေ၊ ကြောက်ရွံ့တဲ့အရာတွေ ရှိနေမှာပါ။ သာမန်ထက်လွန်ကဲတဲ့ စိုးရိမ်ခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေ ရှိတာကိုရော သိရဲ့လား။ ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ၊ ဘယ်လို ကုသကြမလဲဆိုတာကို ခုပဲဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) Sedatephobia

ဆိတ်ငြိမ်မှု က သင့်ကို စိတ်ကသိကအောင့် ဖြစ်စေသလား။ တိတ်ဆိတ်နေတာက အထီးကျန်သလိုလို၊ စိတ်ထဲခြောက်ခြားသလိုဖြစ်နေပါသလား။ ဒါကို ကိုယ်တစ်ယောက်တည်း ခံစားနေရတာလား။ ဒါမှမဟုတ်  အခြားသူတွေရော ခံစားရတာသလားဆိုပြီးတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လို့ လိုပါမယ်။ တိတ်ဆိတ်မှုက လူကိုခြောက်ချားစေသလား။ လူတော်တော်များများက တိတ်ဆိတ်တာကို မကြောက်ကြဘူးလို့ ယူဆကြပါတယ်။ တကယ်ကတော့ လူတိုင်း တိတ်ဆိတ်မှုကို မကြောက်တာ မဟုတ်ပါဘူး။ တိတ်ဆိတ်မှုက သူတို့အတွက် ချောက်ချားမှုဖြစ်စေတာကြောင့် ဆိတ်ငြိမ်မှုကို ကြောက်ရွံ့တဲ့သူတွေ ရှိပါတယ်။ ဒီလို တိတ်ဆိတ်မှုကို ကြောက်တာက စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဒီစိတ်ကျန်းမာရေးပြဿနာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမည် မဖော်နိုင်ခဲ့ကြပါဘူး။ ဒီနေ့ခေတ်မှာတော့ တိတ်ဆိတ်မှုကို ကြောက်တဲ့ စိတ်ရောဂါကို Sedatephobic လို့ခေါ်ဆို သတ်မှတ်နိုင်ခဲ့ကြပါပြီ။ လူတွေက သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကားသံ၊ လူသံ၊ ကျေးငှက်တွေ၊ […]

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ

လူတွေကတော့ ချစ်ရင် သဝန်တိုကြတာပဲလို့ အလွယ်ထင်တတ်ကြပါတယ်။ တော်ရုံတန်ရုံလောက် ချစ်သူအပေါ် သဝန်တိုတာတော့ နားလည်ခွင့်လွှတ်ပေးလို့ ရပေမယ့် အတိုင်းအတာ တစ်ခုထက် လွန်ကဲသွားရင်တော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးသာမက ချစ်သူနဲ့ ဆက်ဆံရေး ပြတ်တောက်သွားတဲ့အထိ အခြေအနေ ဆိုးသွားတတ်ပါတယ်။ ဒီဆောင်းပါးမှာ ချစ်သူအပေါ် တစ်ခုခုဆို သဝန်တို စိတ်ကောက်နေတတ်တဲ့ သူတွေ အထူးသဖြင့် မိန်းကလေးတွေအတွက် ကိုယ့်ရဲ့ စိတ်ကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ ..... ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ ဘယ်လို ထိန်းချုပ်ရမလဲဆိုတော့ ၁။ သဝန်တိုတာက စိတ်အနှောင့်အယှက် ဖြစ်စေနိုင်လို့ ဂရုစိုက်ပါ။ သဝန်တိုခြင်းက ကိုယ့်ရဲ့ စိတ်မလုံခြုံမှု၊ ကြောက်ရွံ့မှု၊ အတိတ်က စိတ်ဒဏ်ရာတွေ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

Insomnia ဆိုတာ ညအိပ်မပျော်တဲ့ ကျန်းမာရေး ပြဿနာကို ဆိုလိုတာပါ။ တစ်ရက်တစ်လေ အိပ်တာ နောက်ကျတာမျိုးကို ဆိုလိုတာ မဟုတ်ဘဲ နေ့စဉ်ရက်ဆက် ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အခက်အခဲ ဖြစ်တာမျိုးပါ။ အတွေ့များတဲ့ လက္ခဏာကတော့ • အိပ်ပျော်ရန် ခက်ခဲခြင်း • အိပ်နေရင်းနဲ့ ခဏခဏ လန့်နိုးလာတတ်ခြင်း • မနက်အစောကြီး နိုးနေတတ်ခြင်း • နိုးလာတဲ့အခါမှာလည်း အိပ်ရေးမဝဘဲ ပင်ပန်းနေသလိုမျိုး ခံစားရခြင်း • တစ်နေ့လုံး အားမရှိခြင်း • စိတ်မကြည်လင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ စိုးရိမ်ပူပန်ခြင်းကို Anxiety လို့ခေါ်ပြီးတော့ ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန် လွန်ကဲတာကို Anxiety Disorder စိတ်ကျန်းမာရေး ပြဿနာ အဖြစ် သတ်မှတ်ပါတယ်။ လူတစ်ယောက်မှာ စိတ်ဖိစီးမှုတွေကို ကြုံတွေ့လာရတဲ့အခါ ခန္ဓာကိုယ်က ဒါကို တုံ့ပြန်တဲ့အနေနဲ့ စိုးရိမ်ပူပန်ခြင်း လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီနှစ်ခုဟာ ဆက်စပ်နေနိုင်လား။ ဟုတ်ကဲ့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သရဲကြောက်တတ်သူများ သိထားသင့်တဲ့ အကြောက်ပြေ နည်းလမ်းလေးတွေ

Hello ဆရာဝန်ရဲ့ ပရိသတ်တွေထဲမှာ သရဲ တစ္ဆေ ကြောက် တတ်သူတွေ ရှိလား... သရဲ ဆိုတာနဲ့ ကိုယ့်အရိပ်ကိုယ် ပြန်ကြောက်တတ်တဲ့ သူတွေ လည်း အများသားရယ်နော်။ တစ်ယောက်တည်းများ ရှိနေတဲ့အချိန် စိတ်ခြောက်ခြားပြီး ဘုရားစာတွေ ဖင်ထောင်ရွတ်ရပါရော သူတို့ခမျာ။ ဒီလိုလူတွေများ ကြောက်လန့်စရာ အနေအထား တစ်ခုခုကို အခန့်မသင့်လို့ ရောက်ခဲ့ရတယ်ဆို သရဲမခြောက်ခင် ကြောက်စိတ်နဲ့တင် အသက်ထွက်သွားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သရဲကြောက်တတ်သူများ သိထားသင့်တဲ့ အကြောက်ပြေ နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။ သရဲကြောက်တတ်သူများ သိထားသင့်တဲ့ အကြောက်ပြေ နည်းလမ်းလေးတွေ အကြောက်လွန်တာ၊ လန့်သွားတာတွေကြောင့် ရုတ်တရက် သေဆုံးရနိုင်ပါတယ်။ ဒါ့ကြောင့် သိပ်ကြောက်တတ်တဲ့ သူတွေမှာ ကြောက်စိတ်ကို ထိန်းချုပ်ဖို့လိုပါလိမ့်မယ်။ ဒီအတွက် အကြံကောင်းလေးတွေ ရှိပါတယ် - ကြောက်တဲ့စိတ်ကို ရင်ဆိုင်ပါ။ လေ့လာမှုတွေအရ ကိုယ့်စိတ်အတွင်းထဲက ကြောက်စိတ်တွေကို ရှောင်ပုန်း၊ ဖုံးကွယ်ထားတာက […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

တားမနိုင်ဆီးမရ ငိုပွဲဆင်နေပြီလား

ငိုကြွေးခြင်းဟာ လူတိုင်းရဲ့ မွေးရာပါ အပြုအမူတစ်ခုပါ။ အယုတ်အလတ်အမြတ်မရွေး လူဆိုတဲ့ သတ္တဝါတိုင်းဟာ မွေးကတည်းက ‘အူဝဲ၊ အူဝဲ’ လို့ အော်ဟစ်ငိုကြွေးပြီး လူ့လောကထဲကို ချဉ်းနင်းဝင်ရောက်လာသူတွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ ငိုကြွေးတာဟာ ပျော့ညံ့အားနည်းခြင်းရဲ့ လက္ခဏာလို့ ရှုမြင်ကြပါတယ်။ တကယ်တော့ ငိုကြွေးချင်းဟာ စိတ်ခံစားချက်၊ ခန္တာကိုယ် ကျန်းမာရေးတွေနဲ့ သက်ဆိုင်တဲ့ တုန့်ပြန်မှုတစ်ခုသာဖြစ်ပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပေးတာဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဒါပေမယ့် … ဟုတ်ပါတယ်။ ကိစ္စတိုင်းမှာ ချွင်းချက်တစ်စုံတစ်ရာတော့ ရှိနေစမြဲပါ။ တစ်ခါတစ်ရံမှာ အကြောင့်မဲ့သက်သက်ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ခုသော စိတ်ခံစားချက်လွန်ကဲမှုကြောင့်ပဲဖြစ်ဖြစ် အပြင်းအထန် ငိုကြွေးခဲ့ဖူးကြမှာပါ။ ဒါပေမယ့် ရပ်သင့် ပြီးဆုံးသင့်တဲ့အချိန်ကို ကျော်လွန်ပြီး နာရီနဲ့ချီကြာအောင် မျက်ရည်တွေဆက်တိုက်ကျဆင်းနေတာမျိုး၊ ဆက်လက်ငိုကြွေးနေမိတာမျိုး ဖြစ်နေပြီဆိုပါတော့။ ဒါဆို ဘယ်လိုအဓိပ္ပါယ်မျိုး သက်ရောက်နေပြီလဲ။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ပူပင်သောကများရင် ဘာလို့ ဆံပင်တွေ ဖြူကုန်တာလဲ

ငယ်ငယ်ကဆို လူကြီးတွေပြောတာ ကြားဖူးကြမယ် ထင်တယ်၊ “အရမ်းမတွေးနဲ့ ဆံပင်တွေ ဖြူကုန်မယ် ဆိုတာမျိုး” ၊ “ဆံပင်ဖြူ မှာပေါ့ လျှောက်တွေးနေတာကိုး” ဆိုတာမျိုးတွေပေါ့။ ဟုတ်လည်း ဟုတ်တယ်လေ။ တစ်ချို့တွေဟာ ငယ်ငယ်ရွယ်ရွယ်မှာ ဆံပင်တွေ ဖြူကုန် ကြတယ်။ တွေးခေါ်စဉ်းစားရတဲ့ အလုပ်မျိုးတွေ၊ ဦးနှောက်မုန်တိုင်းဆင်ရတဲ့ အလုပ်မျိုးတွေ လုပ်ကိုင်သူတွေဟာ သာမန်လူတွေထက်ပိုပြီး ဆံပင်ဖြူတာ ပိုမြန်ကြတယ်။ ဒါကြောင့်လည်း ရှေးလူတွေက အရမ်းတွေးလွန်းရင် ဆံပင်ဖြူတယ်လို့ ဆိုခဲ့ကြတာဖြစ်နိုင်ပါတယ်။ အရမ်းတွေးလွန်းရင်၊ စိုးရိမ်လွန်လွန်းရင်၊ ပူပင်သောကများရင်၊ စိတ်ဖိစီးမှုများရင် တကယ် ဆံပင်ဖြူသလား။ သိပ္ပံလေ့လာချက်တွေအရဆိုရင်တော့ ဒီအချက်ဟာ မှန်ကန်တယ်လို့ ဆိုပါတယ်။ ပူပင်သောကများရင် ဘာလို့ ဆံပင်တွေ ဖြူကုန်တာလဲ အလွန်အမင်း အလုပ်ပေးနေရင် ဆံပင်တွေဖြူစေနိုင်ပါတယ်။ ငယ်ငယ်က လူကြီးတွေပြောဆိုဆုံးမခဲ့ဖူးတဲ့ စကားတွေဟာ မှန်ကန်တယ်ဆိုတာကို ဒီနေ့ခေတ်မှာ သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်နဲ့ ဆော်ပေါ်လိုတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သရဲ အရမ်းကြောက်တာ စိတ်ရောဂါလား

တချို့တွေ သရဲ ကြောက်တာများ လူတွေကြားထဲရှိနေရင်းကို ကြက်သီးတဖြန်းဖြန်းထပါတယ်တို့ ဘာတို့။ ကြောက်လွန်းလို့ အမေနဲ့အဖေကြားမှာ ဝင်အိပ်ရင်တောင် သရဲ က ခြေထောက်လာဆွဲမှာကြောက်တာ၊ ဟိုးထောင့်ကများ ပေါ်လာမလား၊ ကုတင်အောက်ကပဲထွက်လာမလား တထိတ်ထိတ်နဲ့ရယ်။ ညဘက်ဆို ပြတင်းပေါက်မှန်နားလည်းမကပ်ရဲဘူး၊ ဘွားခနဲပေါ်လာမလား မသိဘူးလေ။ ဒါပေမယ့် နေရာတကာအကြောက်လွန်တာက ကိုယ့်ရဲ့ဘဝမှာ အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။ ကိုယ်က ရုပ်တည်နဲ့နေလည်း စတဲ့နောက်တဲ့သူတွေကြောင့် ရုတ်တရက်လန့်ရတဲ့အခါ မတော်တဆဖြစ်တာ၊ အကြောက်လွန်ပြီး ရှော့ခ်ဖြစ်တာ၊ လူအထင်အမြင်သေးခံရတာ၊ စတဲ့ နောက်ဆက်တွဲပြဿနာတွေ လည်း ရှိတယ်။ စိတ်ရောဂါများလား ကြောက်စိတ်ကတော့ တစ်ခုခုကို စိုးကြောက်တတ်ကြတဲ့ phobia ဆိုတာ လူအတော်များများမှာ ရှိတတ်ကြပါတယ်။ Phobias ဆိုတာ တစ်စုံတစ်ရာကို အကြောင်းရင်းမရှိ ကြောက်ရွံ့တတ်တဲ့စိတ် ဖြစ်ပါတယ်။ phobia ရှိနေပြီဆိုရင် အဲဒီတစ်ခုခုကိုပဲရှောင်လွှဲဖို့တတ်နိုင်သမျှ ကြိုးစားကြလေ့ရှိပါတယ်။ ဒီလိုကြောက်စိတ်ဖြစ်နေတာ ယုတ္တိမရှိမှန်းလည်းသိနေလည်း ဖြေဖျောက်ဖို့ကြိုးစားရင်း ပိုပိုပြီး စိတ်ပင်ပန်းနေရတာဖြစ်ပါတယ်။ ရောဂါအဆင့်မဟုတ်ပေမယ့် ကြောက်လန့်စိတ်တွေ သိပ်အစွန်းရောက်သွားတဲ့အခါ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အစိုးရိမ်လွန်တာ ရောဂါတစ်ခုလား

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)   အကယ်၍သင်ဟာ ကိုယ်လုပ်ဆောင်ရမယ့်အလုပ်တွေကို ဆောင်ရွက်ရမယ့်အစား စိုးရိမ်စရာတွေပဲ တွေးနေမိတယ်ဆိုရင်တော့ အတွေးလွန်နေပါပြီ။ အတွေးစတစ်ခုထဲကိုပဲ ထပ်ကာထပ်ကာ စဉ်းစားလိုက်၊ သုံးသပ်လိုက်လုပ်နေတယ်ဆိုရင်တော့ အစိုးရိမ်လွန်တဲ့အဆင့်ကို ရောက်နေပါပြီ။ ဒီလိုအစိုးရိမ်လွန်တာမျိုးက ကိုယ့်ရဲ့အချိန်တွေ၊ ခွန်အားတွေကိုအလဟသပြုန်းတီးစေသလို ဘဝအတွက်အရေးပါတဲ့အလုပ်တွေမလုပ်နိုင်အောင်လည်း ဟန့်တားသလိုဖြစ်စေနိုင်တဲ့အတွက် အချိန်မှီပြင်ဆင်သင့်ပါတယ်။ အစိုးရိမ်လွန်တဲ့ဝေဒနာ ခံစားနေရတဲ့အခါ ဘာတွေဖြစ်လာမလဲ ကိစ္စတစ်ခုအကြောင်း ဒါမှမဟုတ် တစ်ဦးတစ်ယောက်အကြောင်းကို မတွေးရမနေနိုင်ဖြစ်လာမယ်။ ပြဿနာကိုအဖြေရှာရမယ့်အစား အတွေးထဲမှာပိတ်မိရင်း တစ်ဝဲဝဲတစ်လည်လည်ဖြစ်နေမယ်။ မကောင်းတဲ့အရာတစ်ခုခုဖြစ်လာပြီဆိုတာနဲ့ အဆိုးဆုံးကိုပဲတွေးကြောက်နေမယ်။ အရင်တုန်းကလုပ်ခဲ့တဲ့ အမှားတွေကို လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေထက်ပိုပြီး အာရုံရောက်နေမယ်။ အဆိုးမြင်တာတွေပဲများလာပြီးတော့ ဆုံးဖြတ်ချက်အမှားတွေပဲ ပြုလုပ်လာဖို့များပါတယ်။ ကိုယ့်ရဲ့နေ့စဉ်ပုံမှန်လုပ်ငန်း ဆောင်တာတွေအပေါ်မှာ ကိစ္စသေးသေးလေးတွေကအစ အသေးစိတ်ပြန်စဉ်းစားပြီး လူအများနဲ့ဆက်ဆံတဲ့အပြုအမှုတွေကို ထပ်တလဲလဲပြန်စဉ်းစားနေတဲ့အတွက် အချိန်ကုန်၊ အလုပ်မပြီးတာတွေဖြစ်လာတတ်ပါတယ်။ စိုးရိမ်ပူပန်တာတွေနဲ့ပဲ အချိန်ကုန်နေတဲ့အတွက် ကိုယ်တကယ်လုပ်ရမယ့် အရာတွေမပြီးမြောက်တော့တာတွေဖြစ်လာပါတယ်။ ဒါ့အပြင် စိုးရိမ်လွန်သူတွေဟာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဆေးထိုး ရမှာ သိပ်ကြောက်တဲ့ ကလေးတွေကို ဘယ်လိုချော့မလဲ

ကလေးဘဝကတော့ မွေးတည်းက ဆေးထိုးအပ်နဲ့ မကင်းပါဘူး။ အနှီးပတ်ထားရတဲ့အရွယ်တည်းက ကာကွယ်ဆေးပေါင်းစုံ ထိုးခဲ့ရတယ်မဟုတ်လား။ နို့စို့အရွယ်လေးတုန်းကတော့ ဒီတိုင်း ဆေးထိုး ပေး၊ ငိုရင် ချော့မြှူလိုက်နဲ့ အဆင်ပြေသွားပေမယ့် နည်းနည်းကြီးလာတဲ့အခါ မိဘတွေ အခက်ကြုံရပါတယ်။ လူကြီးတွေက သည်းခံနိုင်ပေမယ့် ကလေးတွေကတော့ ဆေးထိုး ရမယ်၊ နာကျင်ရမယ်ဆို ကြောက်လန့်တကြားငြင်းဆန်ကြတာပါပဲ။ အရင်တည်းကလည်း “အပ်ကြီးနဲ့ဆေးထိုးမှာနော်” ၊ “ဆရာဝန်ခေါ်ပြီး ဆေးထိုးလိုက်မှာနော်” ဆိုတဲ့စကားတွေနဲ့ ခြောက်တာ၊ စနောက်တာတွေလည်း ရှိထားရင် ပိုဆိုးနိုင်ပါတယ်။ ဒါနဲ့ပဲ ဆရာဝန် ဆို၊ ဆေးထိုးအပ် ဆို ကလေးက အရမ်းကြောက်နေပါရော။ ဒီလိုငယ်ငယ်တည်းက ဝင်လာတဲ့ကြောက်စိတ်က အရွယ်ရောက်တဲ့အထိ စွဲနေပြီး လူကြီးဖြစ်လည်း အပ်ကြောက်တဲ့သူတွေတောင် ရှိပါတယ်။ ဒီတော့ ကလေးတွေ အပ် မကြောက်အောင် ဖေဖေမေမေတို့ အားပေးချော့မြှူဖို့ အသုံးဝင်မယ့် နည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်။ ဒီထဲကနေမှ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

မင်း ဘာကိုရွေးပြီး ကြောက်နေမှာလဲ (Phobias)

ဖြစ်ဖူးလား။ ရေမြောင်းလေးတစ်ခုကိုခြေလှမ်းကျော်လိုက်ဖို့ တွန့်ဆုတ်နေတာမျိုး။ တွေ့ဖူးလား။ တချို့တွေ ဖားမြင်ရင်သေမလောက်ကြောက်လန့်ရပြီး သတိလစ်တဲ့အထိဖြစ်တာမျိုး။ ဒါတွေက အပိုဟန်လုပ်ပြီး အဖြစ်သည်းနေတာတွေမဟုတ်ကြပါဘူး။ သူတို့ဖြစ်နေတာက Phobia ( တစ်စုံတစ်ခုကို အကြောင်းရင်းမဲ့ကြောက်စိတ်ဝင်ခြင်း)။ Phobias ဆိုတာ တစ်စုံတစ်ရာကို အကြောင်းရင်းမရှိကြောက်ရွံ့တတ်တဲ့စိတ်ဖြစ်ပါတယ်။ phobia ရှိနေပြီဆိုရင် အဲဒီတစ်ခုခုကိုပဲရှောင်လွှဲဖို့တတ်နိုင်သမျှ ကြိုးစားကြလေ့ရှိပါတယ်။ ဒီလိုကြောက်စိတ်ဖြစ်နေတာ ယုတ္တိမရှိမှန်းလည်းသိပါရဲ့။ဖြေဖျောက်ဖို့ကြိုးစားရင်း ပိုပိုပြီး စိတ်ပင်ပန်းနေရတာဖြစ်ပါတယ်။ ဘာမဆိုကြောက်နေတာတော့မဟုတ်ပါဘူး။ တကယ်တမ်း ဘာအန္တရာယ်မှမရှိဘဲလည်း အရာတစ်ခု သို့မဟုတ် အခြေအနေတစ်ခုတည်းကိုပဲ အမြဲကြောက်နေတာမျိုးပါ။ ဥပမာ - တိရစ္ဆာန်တွေကိုကြောက်စိတ်ဝင်ခြင်း -ခွေးကြောက်တာ ၊ပိုးဟပ်ကြောက်တာ၊ ကြွက် သို့မဟုတ် ဖား ကိုမြင်ရင်သွေးပျက်အောင်ကြောက်တာ၊ စတာတွေဖြစ်ပါတယ်။ ပင့်ကူကြောက်တာ (Arachnophobia )၊မြွေကြောက်တာ (Ophidiophobia )၊ လျှပ်စီးလက်ရင်၊ မိုးခြိမ်းရင်ကြောက်တာ (Astraphobia )တွေလည်း ပါဝင်ပါတယ်။ ခွေးကြောက်တာ (Cynophobia) ဆိုရင် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကြောက်စိတ်တွေကို ကျော်လွှားပြီး ရေကူးသင်ကြမယ်

ခုဆို ပိတ်ရက်တွေကလည်းများ ခရီးသွားမယ်ဆိုရင်လည်း သူငယ်ချင်းတွေက ကမ်းခြေသွားမယ်ဆိုရင် ကိုယ်က အဖွဲ့ထဲက ရေကူးရမှာကြောက်တဲ့သူ၊ ရေမကူးတတ်တဲ့သူဖြစ်နေတယ်ဆိုရင် ပင်လယ်ပြင်ကိုသွားတဲ့ခရီးတွေမှာဆို ပင်လယ်ပျော်တွေကြားထဲမှာ ကိုယ်ကမျက်နှာငယ်ရမှာပါ။ သူများတွေက ရေငုပ်တယ်၊ ရေအောက်အလှတွေကိုလည်း ခံစားတယ်၊ ပင်လယ်ပြင်ထဲမှာ ရေကူးတယ်၊ ကိုယ်ကတော့ ရေအနက်ကိုကြောက်ပြီး ရေတိမ်မှာပဲနေတယ် ဓာတ်ပုံရိုက်ရုံလောက်နဲ့ဆိုရင်တော့ ကမ်းခြေခရီးဟာ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ ဒီဆောင်ပါးလေးမှာတော့ ရေကိုအရမ်းကြောက်တတ်တဲ့သူတွေအတွက်မဟုတ်ဘဲ ရေကူးသင်ရမှာ၊ ရေနက်ထဲ ရေကူးရမှာကြောက်တဲ့သူတွေအတွက် အဲ့ဒီစိတ်တွေကို ဘယ်လိုကျော်လွှားမယ်ဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ၁။ အတွေးမလွန်ပါနဲ့။ ရေကူးရမှာကြောက်တတ်တဲ့သူအများစုက အတွေးတွေလွန်နေကြလို့ပါ။ ရေထဲမဆင်းခင် ခေါင်းထဲမှာ ဘာမှမတွေးပါနဲ့။ အရင်ဆုံး ကိုယ်ကြိုက်တဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ အချိုးကျကျ လိုက်ဖက်မယ့် ရေကူးအင်္ကျီကို ဝယ်ဝတ်ပါ။ ကိုယ့်ကိုယ်ကို လှလှပပနဲ့ ယုံကြည်မှုရှိနေရင် တခြားကြောက်စိတ်တွေနဲ့ အတွေးလွန်တာတွေကို လျော့စေပါတယ်။ ၂။ ပတ်ဝန်းကျင်နဲ့ ရင်းနှီးပါစေ။ ရေကူးသင်တော့မယ်ဆိုရင် ကိုယ်ကူးမယ့်ရေကန်ကို ရင်းနှီးအောင်လုပ်ပါ။ ကားမောင်းစသင်တဲ့ချိန်မှာ ကိုယ်မောင်းမယ့်လမ်းကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း