ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ကလိုရင်းအဆိပ်သင့်ခြင်းဆိုတာ ဘာလဲ

ကလိုရင်း (Chlorine) ဆိုတာ ရေမှာပါဝင်တဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ဓါတုဗေဒပစ္စည်းတစ်မျိုးပါ။ ရေကူးကန်တွေမှာ ကလိုရင်းကို အများဆုံး ထည့်သွင်းလေ့ရှိပြီး သောက်ရေသန့်၊ မိလ္လာနဲ့ စက်ရုံကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပိုးသတ်ပေးတဲ့နေရာမှာလည်း သုံးကြပါတယ်။ ခုနောက်ပိုင်း အိမ်သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေမှာပါ ကလိုရင်းကို မပါမဖြစ် ထည့်သွင်းအသုံးပြုလာကြပါတယ်။ ကလိုရင်းအဆိပ်သင့်ခြင်း (Chlorine Poisoning) ဖြစ်လာပုံ ကလိုရင်းပါတဲ့ အရည်တစ်မျိုးမျိုးက အရေပြားနဲ့ ထိတွေ့မိတဲ့အခါ၊ လည်ချောင်းထဲ မြိုချမိတဲ့အခါ၊ ကလိုရင်းအနံ့ကို ရှူရှိုက်လိုက်တဲ့အခါမှာ ကလိုရင်းအဆိပ်သင့်ခြင်း ဖြစ်ပေါ်လာပါတယ်။ ကလိုရင်းဓါတ်က ကိုယ်ခန္ဓါပြင်ပမှာရှိတဲ့ ရေ၊ ကိုယ်တွင်းအင်္ဂါနံရံမှာ ရှိတဲ့ အရိအချွဲတွေနဲ့ ဓါတ်ပြုပြီး ဟိုက်ဒရိုကလိုရစ် အက်စစ် (Hydrochloric Acid) နဲ့ ဟိုက်ပိုကလိုရပ်စ် အက်စစ် (Hypochlorous Acid) ၂မျိုးထွက်လာပါတယ်။ ဒီအက်စစ်ဓါတ် ၂မျိုးလုံးဟာ လူသားတွေအတွက်တော့ […]


ဆေးလိပ်ဖြတ်ခြင်း

Vape သောက်သုံးမှုကြောင့် သေဆုံးသူဦးရေ ပိုများလာကြောင်းလေ့လာတွေ့ရှိ

Vape ဆိုတာဘာလဲ။ ယနေ့ခေတ်မှာ ဆေးလိပ်အစားထိုးအဖြစ် လူငယ်ေတွကြားမှာ ရေပန်းစားလာတဲ့ စီးကရက် (E-Cigarette) ဖြစ်ပါတယ်။ အရင်က ကျွန်တော်တို့သောက်နေကျ ဆေးလိပ်၊ ဆေးရွက်ကြီးတွေမှာလို အဆုတ်နဲ့ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ နီကိုတင်းဓါတ် (Nicotine) တွေ မပါဝင်ဘူးလို့ ဈေးကွက်ထဲမှာ ဆိုထားပေမယ့် တကယ်တမ်းလုံးဝမပါဘူးလို့ သင်ထင်ပါသလား။ ဒါဆိုရင်တော့ အခုတဖြည်းဖြည်း မြင့်တက်လာတဲ့ သေဆုံးမှုဦးရေက သင်ထင်ထားတာတွေ မှားနေတယ်ဆိုတာ သက်သေပြနေပါပြီ။ Vape သောက်တဲ့အခါ အပူပေးလျှပ်စစ်ရှော့တိုက်ရတဲ့ အရည်တွေထဲမှာ နီကိုတင်းတွေသာမက တခြားလူကိုစွဲလမ်းစေတဲ့ ဓါတုဗေဒပစ္စည်းပေါင်းများစွာ ပါဝင်နေပါတယ်။ အခုနောက်ပိုင်းလေ့လာတွေ့ရှိချက်အရ ဗီတာမင် အီး အက်စီတိတ် (Vitamin E acetate) ဆိုတဲ့ ဓါတ်လည်း ပါဝင်နေတယ်ဆိုတာ သိရပါတယ်။ ဗီတာမင် အီး အက်စီတိတ် က လူတွေကို ဒုက္ခဖြစ်စေသလား။ အမှန်တကယ်က ဗီတာမင် အီးသည် […]


ရှေးဦးသူနာပြုစုခြင်း

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ

ကြိုတင်ခန့်မှန်းထားလို့မရတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ငလျင်လှုပ်ခတ်တဲ့အခါ ထိခိုက်မှုတွေရှိနိုင်တယ်ဆိုပေမယ့် ကိုယ်တိုင်နဲ့ ချစ်ရတဲ့မိသားစုဝင်တွေဘေးအန္တရာယ်ကင်းစေဖို့ ဒီအချက်တွေလေးတွေကို သိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်ကြီးကို ငလျင်လှုပ်ခတ်တဲ့အခါ ထိခိုက်မှုနည်းစေဖို့ လိုက်နာရမယ့် အချက်လေးတွေကို ဒီဆောင်းပါးလေးကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။ ငလျင်မလှုပ်ခင် ငလျင်မလှုပ်ခင်မှာ ဒီအချက်လေးတွေကိုပြင်ဆင်ထားဖို့လိုပါမယ်။ နေအိမ်ရဲ့ အနေအထားကိုသေချာလေ့လာထားပါ။ ဝင်ပေါက်ထွက်ပေါက်နေရာတွေကိုသေချာလေးရှင်းလင်းထားပါ။ချော်လဲနိုင်မယ့်အရာတွေကို ဖယ်ထားပါ။ မိသားစုဝင်တွေကို ငလျင်လှုပ်တဲ့အခါ ဘယ်လိုဘေးကင်းအောင်နေရမလဲဆိုတာကို သင်ပေးထားပါ။ အိမ်ထဲမှာလုံခြုံတဲ့အခန်းတစ်ခန်းထားရှိပေးပါ။ ကွဲနိုင်တဲ့အရာတွေကို သိမ်းထားပါ။ နံရံမှာချိတ်ဆွဲထားတဲ့အရာတွေကိုဖြုတ်သိမ်းထားပါ။ မီးဖိုနဲ့အနီးနားမှာ မီးလောင်လွယ်မယ့်အရာတွေကို မထားပါနဲ့။ အရေးကြီးစာရွက်စာတမ်းတွေကိုသေချာသိမ်းဆည်းထားပါ။ လက်နှိပ်ဓါတ်မီး ဆောင်ထားပါ။ ဘက်ထရီအပိုဆောင်ထားပေးပါ။ သောက်သုံးရေကို အသင့်ဆောင်ထားပေးပါ။ စားစရာအခြောက်တွေကို အရန်သင့်ဆောင်ထားပေးပါ။ ငလျင်လှုပ်နေစဉ်အတွင်းမှာ ငလျင်လှုပ်နေစဉ်မှာ နေအိမ်ထဲမှာရှိနေမယ်ဆိုရင် အိမ်ထဲမှာပဲနေပါ။ ခိုင်ခိုင်ခန့်ခန့်စားပွဲခုံအောက်မှာနေပါ။ ပြတင်းပေါက်နားမှာမနေပါနဲ့။ မှန်ချပ်တွေနဲ့ ခပ်ကင်းကင်းနေပါ။ လေးလံတဲ့ပရိဘောဂတွေနဲ့ဝေးဝေးမှာနေပါ။ မီးလောင်လွယ်တဲ့ပစ္စည်းတွေနဲ့ အနီးနားမှာ မနေပါနဲ့။ တကယ်လို့ ငလျင်လှုပ်စဉ်မှာ အပြင်ရောက်နေမယ်ဆိုရင်ပြုတ်ကျနိုင်တဲ့ပစ္စည်းတွေနဲ့ဝေးဝေးမှာနေပါ။ အဆောက်အဦတွေ၊ မီးကြိုးတွေ၊ […]


ဆေးလိပ်ဖြတ်ခြင်း

Vape သောက်ရင် သွေးကြောတွေကိုထိခိုက်စေမယ့် အဆိပ်သင့်ဓါတုပစ္စည်းတွေ ထွက်ရှိစေနိုင်

Vaping လို့ခေါ်ကြတဲ့ အီလက်ထရောနစ်စီးကရက်(e-cigarette) သောက်သုံးခြင်းက ဆေးလိပ်ရဲ့ဆိုးကျိုးတွေကိုရှောင်ဖို့ ခုနောက်ပိုင်းခေတ်စားလာခဲ့တာပါ။ ဆေးလိပ်နဲ့ယှဉ်ရင် e-cigarette ဟာ ကျန်းမာရေးအန္တရာယ်ပိုနည်းတယ်လို့ ယူဆပြီး အတော်များများက ဆေးလိပ်အစားထိုး ပြောင်းသောက်လာကြသလိုခေတ်ပေါ်ပစ္စည်းတစ်ခုလို သုံးစွဲလာကြသူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတောe-cigaretteကြောင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုလေ့လာတွေ့ရှိမှုတွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။e-cigaretteကြောင့် အဆုတ်ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ ဆိုကြသလို အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာတွေရှိလာစေနိုင်တယ်လို့ မကြာသေးခင်က သုတေသနတွေမှာတွေ့ရှိထားပါတယ်။ ဒီတစ်ခါတော့Vapingကြောင့် အန္တရာယ်ရှိတဲ့အဆိပ်အတောက်တွေထွက်ရှိစေပြီးသွေးလည်ပတ်မှုကိုအနှောင့်အယှက်ပေး၊သွေးကြောတွေကိုထိခိုက်ပျက်စီးစေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။ ဒါ့အပြင် ဒီရလဒ်ကို နီကိုတင်းမပါတဲ့e-cigaretteတွေသုံးတဲ့သူတွေမှာပါတွေ့ရှိရတယ်လို့ဆိုပါတယ်။ လေ့လာတွေ့ရှိချက်အရvaping ဟာ တစ်ကြိမ်ပဲဖြစ်စေဦးတော့သွေးကြောလုပ်ဆောင်ချက်ကို ပျက်ယွင်းစေနိုင်တဲ့ ယာယီအပြောင်းအလဲတွေဖြစ်လာစေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။ E-cigaretteတွေက တံဆိပ်အမျိုးမျိုး၊ အနံ့အရသာအမျိုးမျိုးနဲ့ စုံလင်လာသလို ပါဝင်ပစ္စည်းတွေကလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အခြေခံပါဝင်ပစ္စည်းတွေဖြစ်တဲ့propylene glycol နဲ့glycerol တို့ကတော့ များများပါဝင်တာ အတူတူပါပဲလို့ ဆိုပါတယ်။ Propylene glycol နဲ့glycerol တို့ကို အပူပြင်းပြင်းပေးလိုက်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ တခြားဓါတ်ပစ္စည်းတွေဖြစ်ပေါ်လာစေတယ်လို့ သုတေသီတွေကပြောပါတယ်။E-cigaretteသောက်သုံးခြင်းက တကယ်တော့သွေးကြောနံရံအမြှေးပါးအလွှာမှာ အဆိပ်သင့်ကိုယ်ခံအားတုံ့ပြန်မှုတစ်ခုဖြစ်လာစေတယ်လို့ သုတေသီတွေကပြောပါတယ်။ ဒါပေမယ့် ဒီသုတေသနက […]


ရှေးဦးသူနာပြုစုခြင်း

မီးဘေးနဲ့ ကြုံလာတဲ့အခါတိုင်း မိသားစု အသက်အန္တရာယ်ကင်းစေဖို့

ရန်သူမျိုး ငါးပါးထဲမှာ မီးဘေးဆိုတဲ့ ရန်သူကလည်း သိပ်ကိုကြောက်ဖို့ကောင်းတာနော်။ ပူအိုက်တဲ့ရာသီတွေမှာသာမက ခုလို မိုးတွင်းဆိုရင်တောင် ဝါယာကြိုးတွေ ဟောင်းနွမ်းဆွေးမြေ့တာနဲ့၊ ဓာတ်အားမနိုင်တာနဲ့၊ မိုးတွေအမြဲ စိုစွတ်နေတာနဲ့ အခန့်မသင့်ရင် ဝါယာရှော့ဖြစ်ပြီး မီးလောင်နိုင်တယ်နော်။ ဒါကြောင့် မီးဘေးနဲ့ ပတ်သက်လာရင် ကိုယ်ရော ကိုယ့်မိသားစု၊ ဘေးပတ်ဝန်းကျင်ပါ အန္တရာယ်ကင်းစေဖို့ ပြာယာခတ်မနေဖို့၊ စိတ်အေးအေးထားပြီး ဘာဆက်လုပ်သင့်လဲဆိုတာ သေချာစဉ်းစားဖို့တော့ လိုမှာပါ။ ခုဆောင်းပါးမှာ မီးဘေးကြုံလာရင် ဘာတွေကို အရင်ဆုံးလုပ်သင့်လဲဆိုတာကို ကျန်းမာရေးနဲ့ လူသားထုအသက်အန္တရာယ်ကင်းရှင်းရေး ရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ၁။ ဘေးပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်းပါ။ ကိုယ့်အိမ်မှာ မီးလောင်နေလို့ဆိုပြီး ကိုယ်တစ်ယောက်တည်း ငြှိမ်းသတ်ဖို့ မကြိုးစားပါနဲ့။ အိမ်ဘေးပတ်ပတ်လည်က အိမ်နီးနားချင်းတွေကို အော်ဟစ်အကူအညီတောင်းပါ။ အနည်းဆုံးတော့ သူတို့ ဘာမှမကူညီပေးနိုင်ရင်တောင် မီးသတ်ကယ်ဆယ်ရေးဌာနကို ဖုန်းဆက်အကြောင်းကြားမှာ ဖြစ်ပါတယ်။ ၂။ မီးသတ်ဌာနကို ချက်ချင်းဖုန်းလှမ်းဆက်ပါ။ အိမ်နီးနားချင်းတွေလည်း ဆက်မှာပဲလေဆိုပြီး […]


ရှေးဦးသူနာပြုစုခြင်း

ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ

အမျိုးသား အယောက် ၁၀၀ မှာ ၉၅ ယောက်လောက်က ငယ်ငယ်ကလေးဘဝကရော၊ ကြီးလာတဲ့အချိန်မှာပါ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေ၊ အရေပြားရှည်လွန်းတာ၊ ငယ်လွန်းတဲ့ ကလေးတွေနဲ့ အတွင်းခံဘောင်းဘီ မဝတ်ဘဲ ဘောင်းဘီဇစ်တပ်လိုက်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ သေးငယ်တဲ့ မတော်တဆ ဆိုပေမယ့် ခံရတဲ့ကိုယ့်လူအတွက်ကတော့ ဝေဒနာက အသက်ပါမတတ်ပါပဲ။ အဖိုးတန် ဖွားဖက်တော်မှာဖြစ်တာဆိုတော့လည်း တခြားနေရာတွေမှာ ဖြစ်တာထက် ပိုပြီး စိုးရိမ်ထိတ်လန့်ကြောက်နေမိမှာပါ။ ခုဆောင်းပါးမှာ လိင်တံအရေပြားနဲ့ ဘောင်းဘီဇစ်ညှပ်သွားရင် ဘာလုပ်သင့်လဲ၊ အနာကို ဘယ်လိုဂရုစိုက်မလဲ၊ ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့လိုအပ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ၁။ အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားပါ။ ကိုယ်တိုင်က ညပ်နေတဲ့သူလား၊ ဒါမှမဟုတ် ညပ်နေတဲ့သူကို ကူပေးရမယ့်သူလား၊ ဘယ်သူပဲဖြစ်နေပါစေ၊ အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ။ စိတ်လှုပ်ရှားနေရင် […]


ရှေးဦးသူနာပြုစုခြင်း

ပင့်ကူကိုက်ခံရတဲ့ ဒဏ်ရာအတွက် အိမ်တွင်းကုထုံးနည်းများ

ပင့်ကူရဲ့ သဘာဝအကြောင်းကို ပြောရမယ်ဆိုရင် ကြွက်နဲ့ သဘာဝချင်းဆင်တယ်ဗျ။ လူတွေက သူတို့ကိုအမြဲလိုလို ရှောင်ကြသလို သူတို့ကိုယ်တိုင်ကလည်း လူတွေကို ရှောင်ကြတယ်။ ကိုယ့်အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရပြီဆိုတဲ့ အသိစိတ်ဝင်လာတဲ့အချိန်မှာ ပင့်ကူတွေဟာ ကြွက်တွေလိုပဲ လူကိုပြန်ကိုက်တတ်ပါတယ်။ အထူးသဖြင့် ပင့်ကူအနားမှာရှိနေတဲ့အချိန် လူက ရုတ်တရက်ဘေးတစောင်း နေလိုက်တာ၊ တက်နင်းမိမလို ဖြစ်သွားတာ၊ ပင့်ကူကို ဖယ်ထုတ်ဖို့ လက်ရွှေ့လိုက်တာကို မြင်လိုက်ရတဲ့အချိန်မျိုးမှာ လူတွေကို ရန်မူဖို့ ကြိုးစားတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ လူနေအိမ်မှာရှိတဲ့ ပင်ကူအများစုဟာ အလွန်သေးငယ်ပြီး အိမ်မှာပဲ အလွယ်တကူကုသလို့ ရပါတယ်။ ဒါပေမယ့်လည်း ပေါ့ဆလို့မဖြစ်တာကြောင့် ပင့်ကူကိုက်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ၊ ဘယ်လိုကုသလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ပင့်ကူကိုက်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေပြလဲ။ ကိုက်လိုက်တဲ့ ပင့်ကူအမျိုးအစားပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေက ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့် အကိုက်ခံရပြီး မိနစ် ၃၀ မှ ၂နာရီအတွင်း […]


ရှေးဦးသူနာပြုစုခြင်း

ပျားတုပ်ခံရတဲ့အခါ အမြန်သက်သာအောင် ဒီနည်းတွေ လုပ်ကြည့်ပါ ။

ပျားဆိုတဲ့ သတ္တဝါလေးတွေဟာ သူ့ဘာသာဆို ဘာမှမလုပ်ပေမယ့် သူနေတဲ့ အုံကိုများ သွားထိမိလိုက်လို့ကတော့ အပြုံလိုက်ထွက်လာပြီး တုပ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ပျားတုပ်ခံရတဲ့ အရသာဟာ ဘာနဲ့မှ မတူအောင် အီစိမ့်တယ်ဆိုတာ အတုပ်ခံရဖူးသူတိုင် းသိကြမှာပါ။ ပျားတုပ်ခံရတဲ့နေရာက ရောင်ကိုင်းပြီး တင်းနေမယ် တဆစ်ဆစ်ကိုက်မယ် ယားသလိုလို နာသလိုလိုဖြစ်ပြီး နီရဲနေမယ် အတုပ်ခံရတဲ့နေရာက လှုပ်ရှားရတဲ့ လက်ဆစ်လိုနေရာမျိုးတွေမှာ ဖြစ်ခဲ့ရင် လှုပ်မရလို့ အလုပ်တွေပျက်မယ် စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ လိုက်လာပါလိမ့်မယ်။. ဒီတော့ ပျားအတုပ်ခံရရင် နာလည်းနာမယ်၊ အလုပ်လည်းပျက်မယ်ဆိုတေ့ ကိုယ်ပျားအတုပ်ခံရတဲ့အခါ အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်လို့ရလဲ။ ပြောကြတာကြားဖူးတယ်မလား၊ ပျားတုပ်ခံ၊ ပုရွက်ဆိတ်ကိုက်ခံရရင် ပရုတ်ဆီတွေ မလိမ်းရဘူး၊ ဆေးတွေ လျှောက်မလိမ်းရဘူးဆိုတာကို။ ဒီတော့ ပျားတုပ်ခံထားရတဲ့အနာ မြန်မြန်သက်သာစေဖို့ သဘာဝနည်းတွေနဲ့လုပ်ကြည့်ရင် မကောင်းဘူးလား။ ။ ပျားတုပ်ခံရင် အမြန်သက်သာအောင် ဒီသဘာဝနည်းလေးတွေ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တာကြောင့် အသားအရေတွေပျက်စီးနေပြီလား

ဆေးလိပ်သောက်တာကြောင့် နှုတ်ခမ်းအပါအဝင်အသားအရေတွေပျက်စီးနေပြီလား။ မပျက်စီးဘူးလို့တော့မပြောနဲ့နော်။ဆေးလိပ်သောက်ရင် အဆုတ်ပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်တဲ့အစိတ်အပိုင်းတွေထဲမှာ အသားအရေကလည်း တစ်ခုအပါအဝင်ပါ။ အခုလောလေဆယ်မှာ မပျက်စီးသေးရင်တောင် အချိန်ကြာလာတာနဲ့အမျှ အသားအရေက ပျက်စီးလာမှာပါ။ ကိုယ်တိုင်သောက်တာမပြောနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကတောင် အသားအရေကိုတော်တော်လေးထိခိုက်စေနိုင်တာပါနော်။ ဆေးလိပ်သောက်တာကြောင့် အသားအရေဘယ်လိုထိခိုက်ပျက်စီးစေနိုင်လဲ....... ဆေးလိပ်သောက်တာက နှလုံးနဲ့အဆုတ်အပြင် အသားအရေတွေကိုပါထိခိုက်စေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်မယ် အသားအရေတွေညစ်မယ် အသားတွေခြောက်လာမယ် မျက်လုံးထောင့်နဲ့ နှုတ်ခမ်းထောင့်တွေမှာ အရေးအကြောင်းတွေဖြစ်မယ် အသားအရေတွေလျော့ရဲလာမယ် အရေပြားမှာသွေးလည်ပတ်မှုနည်းလာမယ် အရေပြားဆဲလ်တွေမှာအောက်ဆီဂျင်နဲ့လိုအပ်တဲ့ အာဟာရတွေအပြည့်အဝမရရှိဘဲဖြစ်လာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေလိုက်နာသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တွေ....... ဆေးလိပ်လည်းမဖြတ်နိုင်ဘူး အသားအရေကို ထိခိုက်မှာမျိုးလည်းမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေကို လိုက်နာပေးပါ။ ဆေးလိပ်ကို အကန့်အသတ်နဲ့သောက်ပါ တစ်နေ့လုံးမှာ တစ်ဗူးလုံးကုန်အောင်သောက်လို့ကောင်းလာမှာတစ်ခုမှတော့ မရှိဘူးနော်။ အသားအရေကို ထိခိုက်စေမယ့် အပြင် ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွားထိခိုက်စေမှာ အသေအချာပါ။ ဒါကြောင့် တစ်နေ့တာမှာဆေးလိပ်ကို ဘယ်နှလိပ်ဘဲသောက်မယ်ဆိုတဲ့ ကန့်သတ်ချက်ကို ကိုယ်တိုင်ချမှတ်ထားပါ။ နည်းနိုင်သမျှနည်းအောင် ကြိုးစားပါ။ဆေးလိပ်သောက်တာနည်းမှာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး အရေပြားဆဲလ်တွေကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ဘာကြောင့် လက်သန့်စင်ဆေးရည်ကို အမြဲဆောင်ထားသင့်တာလဲ

အပြင်ကို အမြဲသွားနေရတဲ့သူတွေအတွက် လက်သန့်စင်ဆေးရည်ဆိုတာ အရမ်းအသုံးဝင်တယ်နော်။ အရေပြားပေါ်မှာ ကပ်ငြိနေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို ချက်ချင်းသေစေတဲ့အပြင် ခရီးသွားနေတဲ့အချိန် လက်ဆေးစရာနေရာမရှိဘူးဆိုရင် လက်သန့်စင်ဆေးရည်က သင့်အတွက် အဖော်ကောင်းဖြစ်မှာပါ။ လက်သန့်စင်ဆေးရည်တွေရဲ့ ကောင်းကျိုးတွေ ရေမလို လက်သန့်စင်ဆေးရည်ဆိုတဲ့အတိုင်း ဆပ်ပြာ၊ ရေအသုံးပြုစရာမလိုဘဲ ဆေးရည်ကို လက်မှာနည်းနည်းညှစ်ပြီး သုံးလိုက်ရုံနဲ့ အဆင်ပြေတာမို့ ကလေးေတွအတွက်ရော၊ အလုပ်များတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ ဒါ့အပြင် အချိန်သိပ်ပေးစရာမလိုဘဲ လက်ကိုသန့်စင်ပေးနိုင်တယ်။ အလုပ်လည်း မရှုပ်စေဘဲ အလွယ်တကူ အသုံးပြုနိုင်တယ်။ အယ်လ်ကိုဟော ပါလို့ လက်ပေါ်က မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ၉၉.၉၉ ရာခိုင်နှုန်းအထိ အမြန်သေစေနိုင်တယ်။ ဓါတ်မတည့်တဲ့ဆပ်ပြာသုံးမိလို့ လက်အရေပြား ယားတာတွေ၊ အဖုအပိမ့်ထတာမျိုးတွေ မဖြစ်စေပါဘူး။ သွားလေရာဆောင်သွားလို့ ရတယ်။ ခရီးသွားနေတဲ့အခါ လက်ဆေးလို့ အဆင်မပြေတဲ့နေရာတွေမှာဆိုရင် လက်သန့်စင်ဆေးရည်ကို အသုံးပြုနိုင်တယ်။ အမြဲေဆာ့ကစားေနတဲ့ ကလေးတွေ၊ ဟိုကိုင်၊ ဒီကိုင်နဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း