ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

အစားစားရင်း အသက်ရှူရခက်တဲ့အခါ ဒါတွေလုပ်ပါ။ ။

အသက်ရှူရခက်ေနတဲ့ လူတိုင်း စိတ်ညစ်ရတာ ထမင်စားတဲ့အချိန်ပါ။ ကျန်တဲ့အချိန်တွေမှာ ပါးစပ် နှာခေါင်းပေါင်းပြီး အသက်ရှူလို့ရပေမယ့် ထမင်းစားတဲ့အချိန် ပါးစပ်က အလုပ်လုပ်နေတော့ နှာခေါင်းတစ်ပေါက်တည်းနဲ့ အသက်ရှူရတဲ့အခါ အသက်ရှူရခက်လာပါတော့တယ်။ ဒီလိုမျိုး ထမင်းစားတိုင်း အသက်ရှူရကြပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ။ အစားစားချိန်မှာ ဖြစ်တာဆိုတော့ အစားကို ဘယ်လိုစားသင့်လဲဆိုတာ ကြည့်ရအောင် ။ ။ ( ၁) ထမင်းမစားခင် တစ်နာရီလောက်အလိုမှာ အဆုတ်ကို ရှင်းနေအောင်ထားပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့ အသက်ကို ပြင်းပြင်းရှိုက်ရှူပါ။ လည်ချောင်းထဲမှာ သလိပ်ရှိရင်ထုတ်ပါ။ ရင်ဘတ်ကိုနည်းနည်း ပုတ်ပေးပါ။ ပန်းနာရင်ကြပ်သမားတွေဆိုရင် ရှူဆေးရှူလို့ရပါတယ်။ ( ၂ ) ထမင်းမစားခင် ခဏလောက် အနားယူလိုက်ပါ။ ( ၃ ) ထမင်းစားတဲ့အချိန်မှာ မတ်မတ်ထိုင်စားပါ။ ဒါမှ ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်ကြားထဲနေရာလွတ်ကျယ်ကျယ်ရသွားလို့ အသက်ရှူရလွယ်စေပါတယ်။ ( ၄) အစားအများကြီးမစားပါနဲ့။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကိုယ်နံ့ပြင်းလွန်းရတဲ့ အကြောင်းရင်းက ဘာများလဲ

ကိုယ်နံ့ဆိုတာကတော့ လူတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် အမျိုးသားေတွမှာပေါ့။ လူတော်တော်များများကတော့ ဘက်တီးရီးယားပိုးတွေ အရေပြားပေါ်မှာ၊ ချွေးပေါက်ေတွထဲမှာ အောင်းပြီးပွားနေလို့ ကိုယ်နံ့နံရတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ရောဂါတစ်ခုခုရှိနေတာ စတာတွေကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ့် အကြောင်းရင်းတွေက ဘာလဲကြည့်လိုက်ကြရအောင်။ ကိုယ်နံ့ဆိုတာ ဘာလဲ။ ကိုယ့်အတွက် သာမန်အနံ့လိုပဲ ထင်နိုင်ပေမယ့် တခြားသူတွေအတွက် စိတ်ကသိကအောက် ဖြစ်လောက်စရာ ပြင်းလွန်းတဲ့ အနံ့အသက်မျိုးကို ကိုယ်နံ့လို့ ခေါ်ပါတယ်။ ကိုယ်နံ့က ဘယ်နေရာတွေမှာ ပိုပြင်းထန်နိုင်လဲ။ ချွေးနံ့တစ်ခုတည်းမှာ အနံ့မရှိပေမဲ့ အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်လာတာကြောင့် ချွေးက အနံ့ပြင်းရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ခြေထောက် ပေါင်ခြံ ချိုင်း လိင်အင်္ဂါတစ်ဝိုက် ဆီးခုံမွေးနဲ့ တခြားသော အမွေးရှိရာနေရာ ချက် စအို နားရွက်အနောက်အပြင် တစ်ကိုယ်လုံး နေရာအနှံ့ ကိုယ်နံ့ပိုပြင်းနိုင်ပါတယ်။ ချွေးနံ့ ပြင်းရတာ ဘာကြောင့်လဲ။ အရေပြားပေါ်က […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကဘာတွေများလဲ

ခန္ဓာကိုယ်ကျန်းမာပြီး ကျစ်လျစ်သွယ်လျအောင်ဆိုပြီး Gymဆော့တော့မယ်လို့ စိတ်ဆုံးဖြတ်ပြီးပြီပေါ့။ Gymဆော့တာက ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အကူပြုနိုင်တယ်ဆိုပေမယ့် လူပေါင်းစုံလေ့ကျင့်ခန်းလုပ်နေတဲ့ Gym ခန်းမကြီးကရောဂါပိုးကင်းဖို့ သိပ်တော့မလွယ်လှဘူးနော်။ ဒီလိုကနေ ကိုယ်တိုင်မှာရောဂါပိုးတွေ ကူးစက်လာတာမျိုးဖြစ်နိုင်ပါတယ်နော်။ ဒီတော့ Gymဆော့တော့မယ်ဆိုရင် သတိထားနိုင်စေဖို့ Gym ကနေ ကူးစက်နိုင်တဲ့ရောဂါတွေအကြောင်း နည်းနည်းလောက်ပြောပြပေးပါရစေနော်။ ဘယ်လိုရောဂါတွေများ ကူးစက်နိုင်တာလဲ Gymဆော့ပြီဆိုရင် ချွေးထွက်မယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဒီတော့ချွေးကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရမယ်ဆိုတာ ထွေထွေထူးထူးတောင်ပြောနေဖို့ မလိုအောင်ပါပဲနော်။ နေရာတိုင်းမှာ ချွေးတွေပေနေနိုင်သလို မှိုပိုးတွေ၊ ဘက်တီးရီးယားတွေရှိနိုင်နေနိုင်ပါတယ်။ ဒီပိုးတွေက အရေပြားကနေတဆင့်၊ချွေးကနေတဆင့် ကူးစက်ပြီးရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။ အရေပြားရောဂါဖြစ်စေနိုင်တယ် Gym ကမှောင်မိုက် စိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ ရေချိုးခန်း၊ အဝတ်လဲခန်းတွေမှာ အရေပြားပြဿနာကို ဖြစ်စေနိုင်တဲ့ရောဂါပိုးတွေရှိနေနိုင်ပါတယ်။ ဒီရောဂါပိုးတွေက အဝတ်နဲ့ ချွေးသုတ်တဲ့ တဘက်တို့မှာ ကပ်ညှိပြီး အရေပြားပြဿနာခံစားရနိုင်ပါတယ်။ ပွေး ကူးစက်တတ်တဲ့ အရေပြားပြဿနာတစ်ခုပေါ့။ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်သလို အသုံးအဆောင်တွေကနေတဆင့်လည်း ကူးစက်ခံရနိုင်ပါတယ်။ လူတိုင်းမှာ အရေပြားပြဿနာရှိလားဆိုတာကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ

ရောဂါပိုး အများဆုံးနေရာတွေကဆေးရုံ၊ဆေးခန်တွေလို့ယူဆထားကြတာများပါတယ်။နေထိုင်မကောင်းတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုဆေးရုံကိုမလိုအပ်ဘဲ မသွားကြဖို့ပြောကြတယ်။ အကြောင်းကတော့ရောဂါပိုးတွေများလွန်းလို့ပါဆိုတဲ့အချက်ပါ။ ဒီနေရာတွေတင်ရောဂါပိုးများတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာအောင်ဆိုပြီးနေ့တိုင်း သွားနေမိတဲ့နေရာလေးတစ်ခုမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ရောဂါပိုးတွေ ဒုနဲ့ဒေးပါ။ ဒီရောဂါပိုးများတဲ့ သတိမထားမိတဲ့နေရာကတော့ ခန္ဓါကိုယ် လေးအဆီကျလှပအောင်ဆိုပြီးနေ့တိုင်း တစ်ရက်မပျက်သွားနေမိတဲ့ Gym ပါပဲ။ ဒါဆိုရောဂါပိုး ကူးမှာစိုးတယ်။ Gym မသွားတော့ဘူးတော့ မလုပ်ပါနဲ့။ ခန္ဓါကိုယ်လေးဝလာမှာ စိုးလို့ပါ။ Gym ကရောဂါပိုးများတာ မှန်ပေမယ့် ကာကွယ်လို့ရပါတယ်။ Gym ကနေရောဂါပိုးတွေ ကူးစက်မလာအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ နည်းလမ်းလေးတွေပြောပြပေးပါရစေ။ Gym ကနေဘာတွေကူးစက်နိုင်လဲ ချွေးထွက်များတဲ့နေရာမှာချွေးကနေတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေအများကြီး ကူးစက်နိုင်ပါတယ်။ လူပေါင်းစုံ အားကစားလုပ်နေတဲ့ Gym ကရောဂါပိုးတွေကို လက်ခံထားတဲ့နေရာကြီးပေါ့။ အထူးသဖြင့်ကတော့ အရေပြားပြဿနာတွေ ကူးစက်ခံရနိုင်တာပါ။ ပွေး ညှင်း ယားနာ ကြွက်နို့ ခြေသည်းမှိုစွဲတာ အနာစက် အသည်းရောင် အသားဝါရောဂါ တီဘီ အအေးမိ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ စိမ်ကြမယ်

ခြေထောက်နဲ့ ပတ်သက်ပြီး လူတော်တော်များများ ဂရုစိုက်ဖို့၊ သန့်ရှင်းပေးဖို့ မေ့တတ်ကြပါတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်ကို ဟန်ချက်ညီအောင် ထိန်းပေးထားရုံသာမက အမြဲတမ်း လှုပ်ရှားသွားလာနေဖို့ ဒီခြေထောက် တစ်စုံကိုပဲ နေ့စဉ်အသုံးပြုနေကြရတာမလား။ ဒီလိုမျိုး အရေးပါတဲ့ ခြေထောက်ကို သေချာဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင်တော့ အနံ့ဆိုးတွေ ထွက်လာမယ်၊ ကြွက်နို့တွေ၊ မှိုရောဂါတွေ၊ အရေပြားပြဿနာတွေ ဖြစ်လာတော့မှာပေါ့။ ဒီနေ့ဆောင်းပါးမှာ ရှာလကာရည်ကို ခြေထောက်အနံ့ဆိုးအပြင် တခြားသော အရေပြားပြဿနာတွေကနေ ကင်းဝေးစေဖို့ ဘယ်လိုအသုံးပြုလို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဘာကြောင့် ရှာလကာရည်ကို အသုံးပြုတာလဲ။ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အပြင် အရေပြားကိုလည်း ထိခိုက်ခြင်းမရှိတဲ့အတွက် ရှာလကာရည်ကို အသားအရေထိန်းသိမ်းတဲ့ နေရာမှာ အသုံးများလာကြပါတယ်။ ဟင်းချက်တဲ့အခါမှာလည်း ချက်လိုက်တဲ့ ဟင်းလျာကို မွှေးပျံ့စေတယ်၊ အရသာပိုကောင်းစေတယ်။ သဘာဝအတိုင်း စားစရာတွေကို တာရှည်ခံအောင် ထားတဲ့နေရာမှာလည်း ဘေးဥပါဒ်ကင်းတဲ့ ရှာလကာရည်ကို […]


ရှေးဦးသူနာပြုစုခြင်း

အအေးဒဏ်ကြောင့် အသားကျက်ပြီးလောင်သွားတဲ့အခါ

ရေခဲ ဒါမှမဟုတ် အေးလွန်းတဲ့အရာတွေနဲ့ အကြာကြီးထိကပ်ထားရာကနေ အရေပြားက ကျက်ပြီး လောင်တဲ့ ဒဏ်ရာဖြစ်ပါတယ်။ ကိုက်ခဲမှုဒဏ်ကြောင့် ရေခဲဝတ်ကို အဝတ်တစ်ထပ်မခံဘဲ ဒီအတိုင်းကပ်တာမျိုးမှာလည်း ဒီလို ဒဏ်ရာဖြစ်တတ်ပါတယ်။ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ တခြားသော နေလောင်ဒဏ်၊ မီးပူ၊ ရေနွေးပူလောင်ခံရတဲ့အခါ အရေပြားမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အစပိုင်းမှာ အရေပြားက နီရဲနေရာကနေ နောက်ပိုင်းမှာ အဖြူ သို့မဟုတ် မီးခိုးရောင် ပြောင်းသွားတတ်ပါတယ်။ ဒါ့အပြင် အရေပြားက ထုံကျဉ်နေမယ် ယားယံနေမယ် အထဲကနေ စူးရှရှဖြစ်နေမယ် နာကျင်မှုဝေဒနာ အရည်ကြည်ဖုလေးတွေ ထွက်လာမယ် ထိလိုက်တဲ့အခါ အသားက ကျစ်နေသလို ဖြစ်နေမယ် ပြောင်ချောကြီးလို ဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဖြစ်ရခြင်းအကြောင်းရင်းတွေ အေးလွန်းတဲ့ အရာဝတ္ထုနဲ့ အရေပြားကို တိုက်ရိုက်ထိတွေ့လိုက်တဲ့အခါ၊ လိုအပ်တာထက် အချိန်အကြာကြီး ထိနေမိတဲ့အခါမှာ အသားကျက်ပြီး […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား

အနံ့ဆိုးတစ်ခုရလိုက်တာနဲ့ ငါ့ခြေထောက်က ထွက်နေတာများလားဆိုပြီး စိတ်ပူနေမိပြီလား။ ခြေထောက်အနံ့ ဆိုးထွက်တာကတော်တော်လေးကို ကသိကအောက်ဖြစ်နေစေပြီလား။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်းမသိလို့ ဆက်ပြီး လက်ခံထားနေရတာဆိုရင်တော့ အခုပဲ လက်ပြနှုတ်ဆက်လိုက်ပါတော့။ ခြေထောက်အနံ့ ဆိုးထွက်ခြင်း ခြေထောက်အနံ့ဆိုးထွက်တာကို ဆေးပညာအရ (Bromodosis) လို့ခေါ်ပါတယ်။ ခြေထောက်အနံ့ဆိုးထွက်ရတဲ့ အဓိကအကြောင်းအရင်းကခြေထောက်မှာချွေးတွေအရမ်းထွက်တာကြောင့်ပါ။ ခြေထောက်ချွေးထွက်များတာရဲ့ ရလဒ်ကခြေထောက်အရေပြားမှာ ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်တာ၊ မှိုပိုးတွေပေါက်ဖွားရှင်သန်တာကိုဖြစ်စေပြီးခြေထောက်အနံ့ဆိုးဖြစ်စေတာပါ။ ခန္ဓာကိုယ်ပေါ်မှာ ချွေးဂလင်းပေါင်း ၄ သန်းကနေ ၅သန်းအထိရှိနေပြီးခြေထောက်မှာတော့ ချွေးဂလင်း၂၅၀၀၀၀ ရှိနေပါတယ်။ တစ်နေ့တာမှာ ခန္ဓာကိုယ်ကထွက်တဲ့ ချွေးပမာဏရဲ့ ထက်ဝက်နီးပါးကခြေထောက်ကနေထွက်တာပါ။ ခြေထောက်ကချွေးထွက်များလေလေ ဘက်တီးရီးယားတွေပျော်လေလေ၊ အနံ့ဆိုးဖြစ်နိုင်ခြေများလေလေပါ။ ဒါတွေကြောင့် ခြေထောက်ချွေးထွက်ရတာပါ ခြေထောက်ကို ချွေးထွက်စေရတဲ့ အကြောင်းအရင်းတွေက မျိုးရိုးလိုက်တာ ဖိနပ် ခြေအိတ် အစားအစာ စိတ်ဖိစီးမှုတွေကြောင့် ခြေထောက်ကချွေးထွက်ရတာပါ။ ခြေထောက်အနံ့ ဆိုးကင်းစေဖို့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ခြေထောက်အနံ့ ဆိုးဖြစ်တာကို ကာကွယ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ နေ့စဉ်ခြေထောက်ကို သန့်စင်ဆေးကြောပါ ခြေထောက်ကို နေ့စဉ်ရောဂါပိုးမွှားတွေကိုသေစေနိုင်တဲ့ဆပ်ပြာ (antibacterial soap) နဲ့ […]


ရှေးဦးသူနာပြုစုခြင်း

အင်းဆက်ပိုးမွှားတွေ အကိုက်ခံရရင် ဘာလုပ်ကြမလဲ

ပိုးကောင်ငယ်လေးတွေ ကိုက်တာ မခံဖူးတဲ့သူဆိုတာ တော်တော်ရှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေထိုင်ရာပတ်ဝန်းကျင်မှာက ဒီအကောင်လေးတွေနဲ့ ပျံ့နှံ့နေတာကိုး။ ပုံမှန်အားဖြင့် အင်းဆက်ပိုးမွှားတွေ ကိုက်တဲ့ ဒဏ်ရာဟာ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ ကလေးတွေ အကိုက်ခံရတဲ့အခါ ဒီပိုးကောင်လေးတွေအပေါ် ကြောက်လန့်တဲ့ စိတ်တွေ အနည်းနဲ့ အများတော့ ဝင်သွားတာမျိုးတွေ ရှိပါတယ်။ ကိုယ့်ကို လာကိုက်သွားတာ ဘာအကောင်လဲ၊ ဘယ်လိုလက္ခဏာတွေ ပြလဲဆိုတာ သိပြီးသွားရင် ဒဏ်ရာကို ပိုးမဝင်စေဖို့နဲ့ အမြန်ဆုံးသက်သာစေဖို့ အလွယ်တကူလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ပိုးမွှားကိုက်ခံရတဲ့ အရေပြားမှာ ဘာလက္ခဏာတွေ တွေ့ရမလဲ။ သာမန်ကိုက်ခံရတဲ့ ဒဏ်ရာမှာ အရေပြားနီရဲပြီး ရောင်နေတာ၊ ယားယံတာ၊ အသားထဲက စူးသလို ခံစားရတာလောက်ပဲ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလက္ခဏာတွေဟာ သိပ်ပြီး မပြင်းထန်တဲ့အပြင် ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းသွားမှာပါ။ အကယ်လို့ လုံးဝပျောက်မသွားဘဲ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အကုန်အကျမများဘဲ အိမ်မှာ waxing လုပ်ကြမယ်

မိန်းကလေးတွေအတွက် အလှအပဂရုစိုက်ရတဲ့အထဲမှာ ချိုင်းကြားအသားအရေလည်း ပါဝင်ပါတယ်။ လက်ပြတ်အင်္ကျီလေးတွေဝတ်မယ်ဆို ယုံကြည်မှုရှိရှိဝတ်နိုင်တာပေါ့။ အဓိကကတော့ ချိုင်းမွေးသေချာဖယ်ရှားဖို့ပါပဲ။ပြီးမှ ချိုင်းကြားအသားအရေဖြူဖို့၊ချောမွတ်ဖို့ ဆက်လုပ်ရမှာပါ။ ခုနောက်ပိုင်းတော့ အသင့်လုပ်ရုံ waxတွေအမျိုးမျိုးဈေးကွက်မှာဝယ်လို့ရနေပြီ၊ဗြူးတီးဆလွန်းတွေမှာ သွားလုပ်လို့ရနေပြီဆိုပေပမယ့်ငွေကုန်သက်သာချင်တဲ့လေဒီလေးတွေ၊ ဆိုင်မှာလုပ်ရမှာရှက်တဲ့လေဒီလေးတွေ အတွက်တော့ဘေးကင်းပြီးလွယ်ကူတဲ့ ဒီစရိတ်ကျဉ်းနည်းလေးက အဆင်ပြေနိုင်ပါလိမ့်မယ်နော်။ သူကတော့ သကြားရယ်၊ ပျားရည်နဲ့ သံပရာသီးပဲ လိုတယ်။ ချိုင်းအပြင် လက် သို့မဟုတ်ခြေသလုံးမွေးတွေ ဖယ်ရှားဖို့လည်း သုံးနိုင်တယ်နော်။ ပါဝင်ပစ္စည်း ညက်မှုန်နေတဲ့သကြား ပန်းကန်လုံးတစ်လုံးစာ ပျားရည်ပန်းကန်လုံးတစ်လုံးစာ သံပရာရည် ပန်းကန်လုံးတစ်ဝက် ရေတစ်ဇွန်း (မထည့်လည်းရ) ပြုလုပ်နည်း သကြားကို ကျိုပါ။ အိုးတစ်လုံးထဲ သကြားတွေထည့်ကျိုပါ။ မီးသျိပ်မပြင်းပါနဲ့။ မွှေစရာမလိုပါဘူး။ အိုးကိုပဲ တစ်ချက်တစ်ချက်လှုပ်ပေးပါ။ညောင်စေးကျတဲ့အထိ မီးလျှော့ပြီးတည်ပါ။မွှေးလာလိမ့်မယ်။ ပျားရည်နဲ့သံပရာရည်ထည့်ပါ။ စဉ်မထွက်အောင်ဖြည်းဖြည်းထည့်ပါ။ အနေတော် ပျစ်စေးလာအောင် ဆက်တိုက်မွှေပြီးတည်ပါ။ တအားပျစ်ခဲနေရင်တော့ရေလေးတစ်ဇွန်းလောက် လိုသလိုထည့်ပါ။ အအေးခံပါ။အဝကျယ်ပုလင်းလေးတစ်လုံးမှာထည့်ပြီး နှစ်နာရီလောက်အအေးခံပေးပါ။ခပ်နွေးနွေးအနေအထားမှာ သုံးရတာဆိုပေမယ့် ပိုတာတွေကို အအေးခံပြီးရေခဲသေတ္တာထဲထည့်ထားလို့ရပါတယ်။ အသုံးပြုနည်း ပြင်ဆင်ပါ ချိုင်းကို waxing မလုပ်ခင် အရင်သန့်ရှင်းရေးလုပ်ပါ။ရေနွေးနွေးလေးနဲ့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်နေသူများအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေမယ့် စားသောက်သင့်သည့်ပုံစံ များ

ယနေ့ခေတ်မှာ ဆေးလိပ်ေသာက်တာ က trend တစ်ခုလို ဖြစ်လာပါတယ်။ ဒါကတော့ ကျန်းမာရေးကို အလွန်အကျွံထိခိုက်စေတဲ့ အလေ့အထတစ်ခုဆိုတာလည်း လူတိုင်း သိပြီးသား ဖြစ်ပါတယ်။ ဒါကို နားလည်လာတဲ့ လူတွေ ကတော့ ဆေးလိပ်ဖြတ်ဖို့အတွက် စပြီး ကြိုးစားလာကြပါတယ်။ အစပိုင်းမှာတော့ အခက်အခဲ တချို့ တွေ့ရတတ်ပါတယ်။ အဲ့ဒီထဲမှာမှ အာဟာရဘက်ကနေ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။ အဓိက ဆေးလိပ်ဖြတ်နေတုန်း မှာ ဗိုက်ပြည့်အောင် စားထားဖို့လိုပါတယ်။ ပါးစပ်ထဲ မှာ အာဟာရ ဖြစ်စေမယ့် အရသာရှိတဲ့ အစားအစာ တစ်ခု မဟုတ်တစ်ခု စားပေးနေဖို့လိုပါတယ်။ ဥပမာ- အသီး တစ်မျိုးမျိုး အနံ့မွှေးတဲ့ အစားအစာတွေကို ရွေးစားပေးဖို့လည်း လိုပါတယ်။ ဘယ်လိုအချက်တွေ သတိထား သင့်သလဲ တစ်နေ့ကို မနက်စာ၊ နေ့လယ်စာ၊ ညစာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း