ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

အပူလောင်နာ အမာရွတ်မကျန်စေဖို့

မဖြစ်ခင်က ကြိုတင်ကာကွယ်သင့်တဲ့ထဲမှာ အမာရွတ်ကလည်း တစ်ခုအပါအဝင်ပါ။ ထိခိုက်မှုတိုင်းက အမာရွတ်ြဖစ်စေတာ မဟုတ်ပါဘူး။ အမာရွတ်ဖြစ်နိုင်ခြေများတဲ့ ထိခိုက်မှုထဲမှာ အပူလောင်တာကလည်းတစ်ခုအပါအဝင်ပေါ့။ အပူလောင်တာကလည်းရှောင်လွှဲဖို့ခက်ပါတယ်။ အထူးသဖြင့်လေဒီလေးေတွမှာပိုဖြစ်တတ်ပါတယ်။ ချက်ရင်းပြုတ်ရင်းရနိုင်သလို မီးပူတိုက်ရင်းကလည်း အပူလောင်နိုင်ပါတယ်နော်။ ဒီတော့ မတော်တဆအပူလောင်တာကြောင့် တစ်သက်တာ အမာရွတ်မကျန်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် လမ်းညွှန်ပါရစေနော်။ အပူလောင်ဒဏ်ရာအကြောင်း တစေ့တစောင်း ထိခိုက်ဒဏ်ရာတွေကပြင်းထန်တဲ့အတိုင်းအတာကိုလိုက်ပြီး အပူလောင်ဒဏ်ရာတွေကို အမျိုးအစားခွဲခြားနိုင်ပါတယ်။ အပူလောင်နာကို First-degree burn - အရေပြားအပေါ်ယံလွှာထိခိုက်မိတာပါ။ အနည်းငယ်နာကျင်နိုင်ပြီး နီမြန်းရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။ Second-degree burn - အရေပြားအတွင်းပိုင်းလွှာအထိရောက်တဲ့ အပူလောင်ဒဏ်ရာမျိုးပါ။ အရေကြည်ဖုလေးတွေဖြစ်နိုင်သလို အရေပြားမှာ အဖြူရောင်အကွက်မျိုးဖြစ်တာ အရေပြားအပေါ်ယံလွှာပြောင်ပြီး တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ Third-degree burn - အရေပြားအလွှာတွေအားလုံးကို ထိခိုက်ပျက်စီးသွားတဲ့အနေအထားမျိုးပါ။ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ Fourth-degree burn - အရေပြားအလွှာအားလုံးထိခိုက်ပျက်စီးသွားတဲ့အပြင် အဆစ်တွေနဲ့ အရိုးတွေအထိပါ ထိခိုက်ပျက်စီးသွားတဲ့ အခြေအနေမျိုးပါ။ […]


ရှေးဦးသူနာပြုစုခြင်း

ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ ။ ။

ခုဆို ရာသီဥတုကြီးက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပူပြင်းခြောက်သွေ့လာနေပါပြီ။ နေ့ခင်းဘက်လေး အပြင်မထွက်လိုက်နဲ့။ ပေါင်းအိုးထဲ ထည့်ပြုတ်ခံထားရသလို အပူရှိန်က ဆကဲ ပြင်းထန်ပါတယ်။ ရာသီဥတုကလည်းပူ၊ ချွေးတွေလည်း အထွက်လွန် ရေကလည်းရှားနဲ့ နွေရာသီဆိုတာ အင်မတန်မှ နေလို့ မကောင်းတဲ့ ရာသီတစ်ခုပါ၊ ဒီလိုပူပြင်းတဲ့ ရာသီဥတုကြောင့် သက်တော့င်သက်သာ မရှိတဲ့အပြင် နွေရာသီဟာ ကျန်းမာရေးကိုလည်း ထိခိုက်မှု အများဆုံးပေးတဲ့ ရာသီတစ်ခုပါ။ ဒီတော့ နွေရောက်တာနဲ့ ဘယ်လို ရောဂါတွေ အဖြစ်များလဲ ။ ။ နေလောင်တာ - နွေရာသီနဲ့နေလောင်တဲ့ အသားအရေက ခွဲခြားလို့မရပါဘူး။ ရာသီဥတုကပူ နေကလည်းပြင်း၊ ခရမ်းလွန်ရောင်ခြည်ေတွကလည်း များနဲ့ အပြင်ထွက်လိုက်ပြီဆို အသားအရေရဲ့ ရန်သူတွေ ပတ်လည်ကို ဝိုင်းလို့။ ပြင်းပြတဲ့နေရာင်ခြည်က နေလောင်ခြင်းကို ဖြစ်စေတဲ့အပြင် အသားအရောင်ကိုလည်း ရင့်လာစေပြီး အရေပြားမှာ […]


ရှေးဦးသူနာပြုစုခြင်း

ညပိုင်း နှာခေါင်းသွေးလျှံတာ ဘာကြောင့် ဖြစ်တာလဲ ။ ။

ညဘက်အိပ်ပြီး မနက်ပိုင်း ပြန်ထတဲ့ နှာခေါင်းသွေးလျှံပြီး အိပ်ရာမှာသွေးတွေ ပေနေတဲ့အခါ လူတိုင်း ထိတ်ခနဲ ဖြစ်သွားကြမှာပါ။ လူအများစုက နေ့ခင်းပိုင်းပူတဲ့အချိန်မှာပဲ နှာခေါင်းသွေးလျှံကြတတ်ကြတယ်လေ။ နေ့ခင်းဆို ရာသီဥတုက ပူတာကိုး။ ဒါပေမယ့် ညဘက်နှာခေါင်းသွေးလျှံတဲ့ အခါမျိုးဆိုရင် စိုးရိမ်လာကြပါပြီ။ ဘာ့ကြောင့် ညပိုင်းမှ နှာခေါင်းသွေးလျှံရတာလဲ။ သွေးကင်ဆာများရှိနေပြီလားပေါ့။ ညပိုင်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။ ( ၁ ) ခြောက်သွေ့သောလေ ။ ။ အသားခြောက်တဲ့အခါ အသားတွေကွဲပြီး သွေးထွက်သလိုမျိုး ခြောက်သွေ့တဲ့လေတွေ အကြာကြီးရှူရှိုက်ရတဲ့ နှာခေါင်းအတွင်းသားနံရံလေးတွေကလည်း ခြောက်သွေ့ပြီး သွေးထွက်တတ်ပါတယ်။ ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။ အိပ်ခန်းထဲ ရေငွေ့ထိန်းစက်တပ်ထားပါ။ အထူးသဖြင့် ဆောင်းတွင်းပိုင်းတွေမှာပေါ့။ Saline နှာခေါင်းအစက်ချဆေး လေးကို နှာခေါင်းထဲထည့်ပြီး အတွင်းသားနံရံတွေရဲ့ အစိုဓာတ်ကို ထိန်းပေးပါ။ ဒါမှမဟုတ် နှာခေါင်းအတွင်းလိမ်းလို့ရတဲ့အစိုဓာတ်ထိန်းဆေး […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

ခုလို ပူအိုက်တဲ ရာသီမျိုးဆို နှာခေါင်းသွေးလျှ့တဲ့ ပြဿာနာတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ တစ်ချို့ နှာခေါင်းသွေးလျှံတာတွေက ပြဿနာ ကြီးကြီးမားမားမရှိဘဲ ပြန်ပျောက်သွားတာများပါတယ်။ တစ်ချို့ကျတော့ နားနှာခေါင်း လည်ချောင်းမှာ ပြဿနာတစ်ခုခုရှိတာကြောင့် နှာခေါင်းသွေးလျှံရတာဖြစ်ပါတယ်။ ဒါဆို နှာခေါင်းသွေး လျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ က ဘာများလဲ ။ ။ နှာခေါင်းသွေးဘယ်လိုလျှံရတာလဲ ။ ။ နှာခေါင်းဆိုတာ သွေးကြောများစွာနဲ့ ဖွဲ့စည်းထားတဲ့အရာတစ်ခုပါ။ ဖွဲ့စည်းထားတဲ့ သွေးကြောမျှင်လေးတွေဟာ အင်မတန်ပါးပြီး ပေါက်ကွဲလွယ်ပါတယ်။ ဒါ့ကြောင့် လက်ကလေးနဲ့ နှာချေးကလော်လိုက်ရုံနဲ့ အခန့်မသင့်ရင် သွေးတွေ ထွက်လာတတ်တာဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာကို နေရာ ၂ ပိုင်းခွဲလို့ရပါတယ်။ anterior nosebleed - နှာခေါင်း အရှေ့ပိုင်းက သွေးကြောလေးတွေ ကွဲတာ၊ ပျက်စီးသွားတာကြောင့် နှာခေါင်းသွေးလျှံခြင်းနဲ့ posterior nosebleed […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။

လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ အဆိုးနေရာကတော့ ချိုင်းပေါ့။ နည်းနည်းလေး မပူလိုက်နဲ့ သူကချွေးထွက်တာအရင်။ ပြီးတော့လက်မြှောက်လိုက်ရင် အင်္ကျီမှာ ချွေးတွေ အကွက်လိုက်ပေပြီး ရုပ်ဆိုးစေသေးတယ်။ သေချာများ မလျှော်မိလိုက်လို့ကတော့ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ ချွေးလေးစို့လာတာနဲ့ ချိုင်းချွေးနံ့နံတာ လူကြားထဲမသွားရဲလောက်အောင်ကို စိတ်ဆင်းရဲနေရတဲ့ Hello ပရိသတ်ကြီးရှိလား ။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို လက်လွှတ်မခံသင့်ဘူးနော် ။ ချိုင်းချွေးနံ့ကို သဘာဝအတိုင်း ပျောက်အောင်လုပ်ပေးမယ့် နည်းလမ်းများ ။ ။ ( ၁ )မုန့်ဖုတ်ဆော်ဒါ ။ ။ အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ မုန့်ဖုတ်ဆော်ဒါလောက် ကောင်းတဲ့အရာတွေမရှိတော့ပါဘူး။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနဲ့ အရေပြား pH ကိုလည်း ထိန်းညှိပေးတာကြောင့် ချိုင်းချွေးနံ့ နံနေတဲ့သူတွေအဖို့ မုန့်ဖုတ်ဆော်ဒါက အားကိုးစရာဖြစ်မှာပါ။ လုပ်နည်း - မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း၂ ဇွန်းလောက်ကို […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်တကယ်ပြတ်အောင် ဘယ်လိုဖြတ်ကြမလဲ။ ။

ယောက်ျားလေးတော်တော်များများရဲ့ ပြဿနာက ဘယ်လောက်ပဲမကောင်းဘူးလို့ပြောပြော လက်တည့်စမ်းချင်ကြတာပါပဲ။ အဲ့ဒီ အထဲမှာဆို ဆေးလိပ် သောက်တာ အဆိုးဆုံးပေါ့။ ဆေးလိပ်ဆိုတာ လွယ်လွယ်ဝယ်လို့ရတယ်။ သုံးရတာလည်း မခက်ဘူး။ မီးခြစ်လေးတစ်ခုပဲလိုတယ်လေ။ ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်သောက်တဲ့သူတွေ ဒုနဲ့ဒေးဆိုတော့ မြင်ဆရာတွေ အများကြီးပေ့ါ။ စမ်းကြည့်ကြတယ်။ ပြီးတော့ စွဲသွားတယ်။ နောက်ပိုင်း မသောက်ရမနေနိုင်ဖြစ်လာပြီး ဆေးလိပ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ တစ်ပြုံကြီးခံရပါလေရော။ မကောင်းမှန်းသိတော့ ဖြတ်ချင်ပေမယ့်လည်း နည်းလမ်းမမှန်တော့ ပြတ်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီး ဆေးလိပ်နဲ့ မကင်းနိုင်ဖြစ်နေကြပါတယ်။ ဒါကြောင့် ဆေးလိပ်ကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လို အပြတ်ဖြတ်ရမလဲဆိုတာလေး ပြောပြပေးချင်ပါတယ်။ ။ ဆေးလိပ်ဖြတ်ဖို့အတွက် S-T-A-R-T စည်းမျဉ်းကို လိုက်နာဖို့လိုပါတယ်။ S = Set a quit date (အချိန်တစ်ခုသတ်မှတ်ပါ) ဆေးလိပ်ကိုချက်ချင်း ဖြတ်လိုက်တာထက်စာရင် အချိန်တစ်ခုသတ်မှတ်လိုက်ပါ။ တစ်လတန်သည် နှစ်လတန်သည်ပေါ့။ […]


ရှေးဦးသူနာပြုစုခြင်း

ခွေးရူးပြန်အန္တရာယ် သတိပြုကာကွယ်

ကုရာနတ္ထိ ဆေးမရှိ ရောဂါတွေထဲမှာ ခွေးရူးပြန်ရောဂါဟာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးတွေဟာ အကိုက်ခံရသူရဲ့ သွေးကြောထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ အကိုက်ခံရသူမှာ ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရောဂါလက္ခဏာ စတင်ပြလာပြီး နောက်ဆုံး ကုသကယ်တင်ဖို့ မတတ်နိုင်တော့ဘဲ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခွေးရူးပြန် ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့် ခွေးတွေမှာ အများဆုံးတွေ့ရတတ်ပြီး ကြောင်၊ ကြွက်၊ လင်းနို့၊ မြေခွေး အစရှိတဲ့ တိရစ္ဆာန်တွေကနေလည်း ကူးစက်နိုင်ပါတယ်။ ကိုယ်က ဒဏ်ရာသေးတယ်ဆိုပြီး အမှုမဲ့ အမှတ်မဲ့ နေလိုက်မယ်ဆိုရင်တော့ အသက်အန္တရာယ် ဆုံးရှုံးဖို့ အခွင့်အလမ်း တော်တော်များတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေဖို့ […]


ရှေးဦးသူနာပြုစုခြင်း

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ

အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလိုပါပဲ သွေးတိုးတယ်၊ သွေးပေါင်တက်တယ်ဆိုတာမျိုးရှိသလို သွေးပေါင်ကျတယ်ဆိုတာကလည်း ရှိပါတယ်။ ဘယ်အစွန်းမှကတော့မကောင်းဘူးပေါ့။ သွေးပေါင်တက်တာကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်နိုင်သလို သွေးပေါင်ကျတာကလည်း ထိခိုက်စေတာပါပဲ။ အသက်ဆုံးရှုံးသည်အထိပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ သွေးတိုးလောက်အဖြစ်မများပေမယ့် သတိထားသင့်ပါတယ်နော်။ ဒီတစ်ခေါက်တော့ မြင်ရခဲပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် အကောင်းဆုံးကူညီပေးနိုင်စေဖို့အတွက် သွေးပါင်ကျတဲ့အခါ လုပ်ဆောင်ပေးသင့်တဲ့ ရှေးဦးသူနာပြုစုနည်းေလးကို ပြောပြပေးပါရစေနော်။ သွေးပေါင်ကျတယ်ဆိုတာ သွေးပေါင်ကျတယ်ဆိုတာက လူတစ်ယောက်မှာရှိသင့်တဲ့ သွေးပေါင်ချိန်ထက်လျော့နည်းနေတဲ့အနေအထားပါ။ အပေါ်သွေးက ၉၀ mmHg ရှိပြီး အောက်သွေးက ၆၀ mmHg ဖြစ်နေမယ်ဆိုရင် သွေးပေါင်ကျနေပြီလို့သတ်မှတ်ရပါမယ်။ သွေးပေါင်ကျတဲ့အခါ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို သွေးလုံလောက်အောင်မရောက်ရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေက သွေးပေါင်ကျတာက သွေးတိုးတာလောက်တော့ လက္ခဏာတွေသိသိသာသာပြတာမျိုးမရှိတတ်ပါဘူး။ ဒါပေမယ့် လုံးဝလက္ခဏာမရှိတာမျိုးတော့မဟုတ်ပါဘူး။ သွေးပေါင်ကျနေတဲ့အခါ ဒီလိုမျိုးလက္ခဏာတွေခံစားရနိုင်ပါတယ်။ ခေါင်းထဲကမူးနောက်နောက်ဖြစ်နေမယ် ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ် ထိုင်ရကနေ ထလိုက်ရင်ဖြစ်ဖြစ်၊ ရုတ်တရက်ထရာကနေထိုင်လိုက်ရင်ဖြစ်ဖြစ် […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာကနေ အမာရွတ်မကျန်အောင်ဒါတွေရှောင်ပါ

အမာရွတ်ဆိုတာမုန်းစရာကောင်းပါတယ်။လက်မှာဖြစ်ဖြစ်၊ခြေထောက်မှာဖြစ်ဖြစ်အမာရွတ်ရှိနေရင်သိပ်အရုပ်ဆိုးတာနော်။အမာရွတ်မပေါ်အောင်လက်ရှည်ဝတ်ရတာနဲ့ဘောင်းဘီရှည်ပဲဝတ်ရတာနဲ့တော်တော်အဆင်မပြေဖြစ်ရပါတယ်။ ငယ်ငယ်ကဘယ်မှာကစားရင်းဘာနဲ့ထိခိုက်ခဲ့တဲ့ဒဏ်ရာလေဆိုပြီးအမာရွတ်လေးတွေကိုငယ်ဘဝအမှတ်တရအဖြစ်နဲ့တော့ထည့်ပြောလေ့ရှိပေမယ့်ကျန်ရစ်ခဲ့တဲ့ရလဒ်ကတော့မလှဘူးလေ။တကယ်တော့ဒါတွေကမဖြစ်လာအောင်ကာကွယ်လို့ရနေတဲ့အရာတွေပါ။ ထိခိုက်ဒဏ်ရာတိုင်းအမာရွတ်မဖြစ်ပါဘူး။အမာရွတ်မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတယ်ဆိုတော့ဒီ(၆)ချက်ကိုတော့မလုပ်နဲ့နော်။ (၁)အနာကိုဒီအတိုင်းမထားပါနဲ့ အသေးစားထိရှနာလေးတွေကိုပဲဖြစ်ဖြစ်သန့်စင်ပေးပြီးမဖုံးအုပ်ဘဲဒီအတိုင်းထားလိုက်ရင်အနာကျက်သွားလိမ့်မယ်လို့ထင်ထားတယ်ဆိုရင် ပြန်စဉ်းစားပါနော်။အရေပြားမှာလေသလပ်ပြီးခြောက်သွေ့စေတာကရောဂါပိုးဝင်နိုင်ခြေပိုများတယ်လို့ဆေးပညာကဆိုပါတယ်။ထိခိုက်ဒဏ်ရာတွေကိုပလာစတာနဲ့ဖုံးအုပ်ကာကွယ်ခြင်းအားဖြင့်အစိုဓါတ်ထိန်းပေးလို့အနာကျက်ခြင်းကိုအားပေးပါတယ်။ ပြင်ပကရောဂါပိုးမွှားတွေရန်ကကာကွယ်ပေးပါတယ်။ (၂)အနာပေါ်ကိုအပြင်းစားတွေမသုံးပါနဲ့ အနာကိုအရက်နဲ့ဆေးတာ၊အရက်ပြန်လောင်းချတာ၊ hydrogen peroxideနဲ့ဆေးကြောတာတွေကဒဏ်ရာရတဲ့အရေပြားအတွက်သိပ်ကိုပြင်းထန်လွန်းပါတယ်။အများယုံကြည်ထားသလိုပိုးသေစေတယ်ဆိုတာထက်အရေပြားကိုထိခိုက်စေပြီးအနာကျက်မြန်စေဖို့၊အမာရွတ်မကျန်ဖို့ကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အနာကိုသန့်စင်တယ်ဆိုတာဖုန်အညစ်အကြေးတွေ၊ဘက်တီးရီးယားနဲ့အမှုန်အမွှားတွေကိုဖယ်ရှားမှာဖြစ်တဲ့အတွက်ရေနဲ့ဆေးကြောရင်ပဲလုံလောက်ပါတယ်။လိုအပ်ရင်အနာဘေးတဝိုက်ကိုဆပ်ပြာအပျော့စားနဲ့ဆေးနိုင်ပါတယ်။ (၃)ဈေးသက်သာတဲ့ဘက်ဦးစားမပေးပါနဲ့ အနာကျက်ဆေးတွေ၊ပိုးသတ်ဆေးတွေဆိုဈေးကွက်မှာအမျိုးအစားစုံရှိနေတဲ့အတွက်ဈေးချိုတာကိုဝယ်မိတတ်ကြပါတယ်။ကိုယ့်ကျန်းမာရေးအတွက်နဲ့ငွေကြေးပမာဏအနည်းငယ်ကွာခြားမှုအတွက်ဘယ်ဟာကိုဦးစားပေးမလဲစဉ်းစားပါနော်။ဥပမာ-ထိခိုက်ဒဏ်ရာအတွက်ဆိုအရည်အသွေးကိုအသိအမှတ်ပြုထောက်ခံပြီးသားဖြစ်တဲ့ ဆေးရည်မျိုးကိုရွေးချယ်တာမျိုး။အရည်အသွေးမကောင်းတဲ့ဈေးပေါတာတွေသုံးမိရင်အနာကျက်သင့်တဲ့အချိန်ထက်ပိုကြာပြီးအမာရွတ်ကျန်နိုင်ခြေများပါတယ်။ (၄)ရည်ြကည်ဖုတွေမဖောက်ပါနဲ့၊အနာဖေးမခွာပါနဲ့ အပူလောင်နာမှာဖြစ်လာတဲ့ရည်ကြည်ဖုသို့မဟုတ်အနာမှာတက်လာတဲ့အနာဖေးတွေကိုမဖောက်၊မခွာပါနဲ့။သွားထိလိုက်ကာမှလက်မသန့်ရင်ရောဂါပိုးဝင်ပြီးပိုဆိုးစေနိုင်ပါတယ်။ (၅)အပူလောင်နာကိုဘာမှလေျှာက်မလိမ်းပါနဲ့ အပူလောင်နာကိုထောပတ်လိမ်းတာ၊အရွက်ကြိတ်ရည်တွေလိမ်းတာ၊အထူးသဖြင့်သွားတိုက်ဆေးလိမ်းတာတွေကမလုပ်သင့်တဲ့အချက်တွေပါ။သွားတိုက်ဆေးတွေကသွားကိုဖြူဖွေးတောက်ပစေဖို့နဲ့ ကြံ့ခိုင်စေဖို့ ပြင်းတဲ့ဓါတုပစ္စည်းတွေပါဝင်တတ်လို့အနာရှိတဲ့အရေပြားကိုအခြေအနေပိုဆိုးစေနိုင်ပါတယ်။အပူလောင်ခြင်းအတွက်ကဖြစ်ဖြစ်ချင်းမှာရိုးရိုးရေနဲ့လောင်းချပေးတာကအရေးပေါ်နည်းဖြစ်ပါတယ်။အနာသက်သာစေ၊အရောင်ကျစေနိုင်ပြီးနီမြန်းမှုတွေကိုသက်သာစေတဲ့ Ointment တစ်ခုခုကိုလိမ်းပေးလို့ရပါတယ်။ (၆)အနာကနီမြန်းတာ၊ယားတာ၊ရောင်တာြဖစ်လာရင်မပေါ့ဆပါနဲ့ ယားလာတာကအနာကျက်လာတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပေမယ့်သတိထားဖို့လိုတဲ့အချက်လည်းဖြစ်ပါတယ်။အနာအရေပြားကနီမြန်းလာတာ၊တဒုတ်ဒုတ်သွေးခုန်တာ၊ယားတာ၊ရောင်ရမ်းတာဖြစ်လာရင်အနာပိုးဝင်တဲ့လက္ခဏြာဖစ်နေနိုင်ပါတယ်။နောက်ဆက်တွဲပြဿနာတွေမဖြစ်လာခင်အမြန်ဆုံးကုသမှုခံယူပါ။   အမာရွတ်မကျန်အောင်လုပ်သင့်တဲ့ (၈)ချက် လက်ကိုစင်အောင်ဆေးသင့်တယ်။ဒါမှအနာကိုထိတွေ့တဲ့အခါ၊ဆေးထည့်တဲ့အခါရောဂါပိုးမဝင်မှာပါ။ သွေးတိတ်အောင်လုပ်ပါ။အသေးစားထိခိုက်ဒဏ်ရာတွေကသူ့အလိုလိုသွေးတိတ်သွားလေ့ရှိတယ်ဆိုပေမယ့်လိုအပ်လာရင်ပတ်တီးစသို့မဟုတ်အဝတ်သန့်လေးနဲ့သွေးတိတ်တဲ့အထိအသာအယာဖိထားပေးပါ။ အနာကိုဆေးကြောသန့်စင်ပါ။ရေနဲ့ပဲဆေးကြောတာလုံလောက်ပါတယ်။ညစ်ပေနေတာ၊အညစ်အကြေးတွေကပ်ငြိနေတာဆိုရင်အနာဘေးတဝိုက်ကိုဆပ်ပြာအပျော့စားနဲ့ဆေးကြောလို့ရပါတယ်။အနာထဲကိုတော့တိုက်ရိုက်ဆပ်ပြာနဲ့မထိပါစေနဲ့။ အနာပိုးသတ်ဆေးထည့်ပါ။အနာကျက်မြန်စေဖို့၊အနာပိုးမဝင်စေဖို့ အနာပိုးသတ်ဆေးတစ်ခုခုထည့်ပါ။ အနာထဲကိုဘက်တီးရီးယားတွေ၊ပိုးမွှားတွေရန်ကကာကွယ်ပေးပြီးအနာကျက်မြန်စေပါတယ်။ ပလာစတာ၊ပတ်တီးဖုံးအုပ်ပါ။ဆေးထည့်ပြီးတာနဲ့ပလာစတာ၊ပတ်တီးနဲ့ဖုံးအုပ်ပါ။ဒါမှပြင်ပကရောဂါပိုးမွှားတွေမဝင်အောင်အကာအကွယ်ဖြစ်စေမှာပါ။အနာကျက်နှေးစေနိုင်တဲ့အရေပြားခြောက်သွေ့မှုကိုလည်းကာကွယ်ပြီးသားဖြစ်စေပါလိမ့်မယ်။ ပလာစတာ၊ပတ်တီးကိုပုံမှန်လဲပေးပါ။အနည်းဆုံးတစ်နေ့တစ်ကြိမ်သို့မဟုတ်ပလာစတာမှာရေစိုတာ၊ညစ်ပေတာတွေဖြစ်လာတိုင်းအသစ်လဲပါ။ မေးခိုင်ကာကွယ်ဆေးထိုးပါ။ဒဏ်ရာနက်ရင်သို့မဟုတ်ထိခိုက်စဉ်ကအရမ်းညစ်ပေနေခဲ့ရင်မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ပြီးကာကွယ်ဆေးထိုးသင့်ထိုးပါ။ အနာပိုးဝင်တဲ့လက္ခဏာရှိမရှိြကည့်ပါ။ဒဏ်ရာတဝိုက်မှာနီရဲလာတာ၊ပိုနာကျင်လာတာ၊ ပြည်တည်လာတာ၊ပူပူကြီးဖြစ်လာတာ၊ရောင်လာတာလိုမျိုးအနာပိုးဝင်တဲ့လက္ခဏာတွေရှိမရှိသတိထားကြည့်ပါ။ Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့

တစ်နေ့တာလုံး ခန္ဓာကိုယ်က ချွေးနံ့ ကင်းတာကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးစေတဲ့ အချက် တစ်ခု ပါပဲနော်။ ကိုယ့်ကိုယ်က အနံ့ဆိုးတွေ ထွက်နေလို့ စိတ်ညစ်ပြီး အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တဲ့ အခိုက်အတန့်မျိုးများ ကြုံဖူးလား။ ခန္ဓာကိုယ်က မွှေးမနေရင်တောင် အနံ့ဆိုး ထွက်မနေမှ အဆင်ပြေတာပါနော်။ ခန္ဓာကိုယ်က အနံ့ဆိုးတွေ ရှိနေမယ် ဆိုရင် ကိုယ်တိုင်အတွက် အဆင်မပြေနိုင်သလို အခြားသူတွေ အတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်နေနိုင်ပါတယ်။ ဒီတော့ ဘယ်လိုလုပ်ရမလဲ လို့များ သိချင်နေပြီလား။ ကဲ တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့ တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့ ဆိုရင် ရေပုံမှန်ချိုးပါ ရေချိုး ပျင်းတယ် ဆိုရင်တောင် တစ်နေ့ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း