ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

အပူရှပ်တာအတွက် ရှေးဦးသူနာပြုစုခြင်း

ရာသီဥတုတစ်မျိုးချင်းစီမှာကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလည်းရှိပါတယ်။ဆောင်းအအေးဒဏ်က ပိုးတွေကိုပြင်ပလေထုထဲမှာ ပိုမိုရှင်သန်နိုင်စေတာကြောင့် အအေးမိတုပ်ကွေးြဖစ်နိုင်ခြေပိုများပါတယ်။ မိုးရာသီမှာဆိုရင်လည်း စွတ်စိုမှုကြောင့် မှိုပိုးပေါက်ဖွားပြီး အရေပြားပြဿနာတွေ၊ ဝမ်းရောဂါတွေဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ နွေရာသီမှာဆိုရင်လည်း အပူရှပ်တာ၊ အရေပြားပြဿနာနဲ့ ဝမ်းရောဂါလိုမျိုးရောဂါတွေဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ အပူရှပ်တာပေါ့။ ကိုယ့်မိသားစုဝင်တွေမှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေမှာဖြစ်ဖြစ် အပူရှပ်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို သိချင်တဲ့သူများရှိရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။ အပူရှပ်ခြင်း အပူရှပ်တယ်ဆိုတာက ခန္ဓါကိုယ် အပူချိန်အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓါကိုယ်အပူချိန်မြင့်တက်တဲ့အခါမျိုးမှာတွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓါကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက်မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။နွေရာသီရဲ့လတွေအများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယ်ဆိုရင် အပူရှပ်တာကြောင့် ဦးနှောက်၊ နှလုံး၊ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။ အပူရှပ်တဲ့အခါ ဘယ်လိုလက္ခဏာမျိုးတွေတွေ့ရနိုင်လဲ အပူရှပ်တဲ့အခါ - ခန္ဓါကိုယ်အပူချိန်က […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချွေးထုတ်ခန်းထဲ ဝင်လို့ ဘာကောင်းကျိုးတွေ ရနိုင်လဲ

ချွေးထုတ်ခန်း ဆိုတာ ယနေ့ခေတ် လူငယ်တွေနဲ့ သိပ်စိမ်းမယ်တော့ မထင်ပါဘူး။ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့နဲ့ စိတ်အပန်းဖြေစေဖို့ ပတ်ဝန်းကျင်တစ်ခု အဖြစ် ချွေးထုတ်ခန်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သုတေသီတွေရဲ့ လေ့လာချက်အရ ချွေးထုတ်ခန်းကို ပုံမှန်ဝင်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ချွေးထုတ်ခန်းကို ဘယ်လိုအချိန်မှာ ဝင်ကြလဲ။ များသောအားဖြင့် အားကစားကို ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန် တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေဖို့ ချွေးထုတ်ခန်းထဲ ဝင်တတ်ကြတာ ရှိသလို လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များနေတဲ့အခါမှာလည်း ချွေးထုတ်ခန်းကို ဝင်တတ်ကြပါတယ်။ ခန္ဓါကိုယ်ထဲမှာ အောင်းနေတဲ့ အညစ်အကြေးတွေကို ချွေးအဖြစ် ထွက်လာစေတာကြောင့် ကိုယ်အလေးချိန်ထိန်းသူတွေ၊ အလှအပလိုက်စားသူတွေလည်း ပုံမှန် ချွေးထုတ်ခန်း သွားတတ်ကြပါတယ်။ ချွေးထုတ်ခန်းထဲမှာ ဘယ်နှမိနစ်လောက် နေသင့်လဲ။ ချွေးထုတ်ခန်း အမျိုးအစားနဲ့ ကိုယ်ခံနိုင်တဲ့ အပူချိန်အတိုင်းအတာပေါ်မူတည်ပြီး ၁၅မိနစ် ကနေ မိနစ် […]


ရှေးဦးသူနာပြုစုခြင်း

အနာကိုသေချာဂရုမစိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ကြောက်စရာနောက်ဆက်တွဲဆိုးကျိုးများ။

အနာ၊ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ ကုတ်ခြစ်ဒဏ်ရာ၊ပြတ်ရှဒဏ်ရာ အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ အသေးစားကျန်းမာရေးပြဿနာပါ။ သွားရင်းလာရင်းဖြစ်နိုင်သလို အိမ်မှာနေရင်း အိမ်မှုကိစ္စတွေလုပ်ရင်းနဲ့တောင်ဖြစ်နိုင်ပါတယ်။ ဒီရှောင်လွှဲဖို့ခက်တဲ့ အသေးစားကျန်းမာရေးပြဿနာလေးတွေက သတိလက်လွတ်ထားလိုက်မိတဲ့အခါမျိုးဆိုရင် အထိတ်တလန့်ဖြစ်စေမယ့်နောက်ဆက်တွဲပြဿနာတွေကို ယူဆောင်လာတတ်ပါတယ်။ ထိခိုက်ရှနာ အနာဖြစ်တယ်၊ ထိခိုက်ရှနာဖြစ်တယ်ဆိုတာက ခန္ဓါကိုယ်ရဲ့ရှေ့တန်းခံစစ်ကျိုးပျက်သွားတာပါ။ အရေပြားပေါက်ပြဲသွားပြီဆိုမှတော့ ခန္ဓါကိုယ်ထဲကို ဘက်တီးရီးယားတွေက ဝင်ချင်သလိုဝင်ခွင့်ရသွားပြီပေါ့။ ဘက်တီးရီးယားတွေက ခန္ဓါကိုယ်ထဲကို ဝင်ပြီးသွားရင် ဒီအတိုင်းပြန်ထွက်မသွားပါဘူး။ ထင်တိုင်းကြဲပြီးမှ ထွက်သွားကြတာပါ။ ဒီအခါမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာပြီပေါ့။ ဒီတော့ အနာထဲကိုပြင်ပက ဘက်တီးရီးယားတွေဝင်မလာအောင်သေချာဂရုစိုက်ဖို့လိုပါမယ်။ အနာတရဖြစ်လာရင် ထိခိုက်မိတာကြောင့် အပေါ်ယံအရေပြားပေါက်ပြဲသွားတဲ့ ထိခိုဒဏ်ရာတွေရလာပြီဆိုရင် ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ပါနော်။ အနာကိုသေချာဆေးကြောပေးပါ - ထိခိုက်ဒဏ်ရာရပြီဆိုရင် အနာကိုရေသန့်သန့်နဲ့ သန့်စင်ဆေးကြောပေးပါ။ အနာကိုခြောက်အောင်သုတ်ပါ - အနာဆေးကြောပြီးရင် ဂွမ်းစသန့်သန့်လေးနဲ့ခြောက်အောင်သုတ်ပါ။ သွေးတိတ်အောင်လုပ်ပါ - အနာပေါ်ကို ပတ်တီးစသန့်သန့်လေး ဒါမှမဟုတ် အဝစသန့်သန့်လေးနဲ့ခပ်ဖွဖွလေးဖိပြီးသွေးတိတ်အောင်လုပ်ပါ။ အနာကို ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးပါ - အနာကိုသန့်စင်ဆေးကြောပြီးရင် အနာပိုးမဝင်အောင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးရပါမယ်။ Antiseptic Solution ကဆိုရင် အနာထဲကိုပိုးမဝင်အောင်ကာကွယ်ပေးပြီး […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားဖြစ်စေဖို့

လှချင်၊ ပချင်တယ်ဆိုတာ မိန်းကလေးတွေအတွက်ပဲလို့ ထင်နေရင် ကိုယ့်လူတို့ မှားသွားပါလိမ့်မယ်။ ဒီဘက်ခေတ်ကြီးထဲမှာ အမျိုးသားတွေဟာလည်း ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းဖို့ အလှအပရေးရာမှာ ပိုပြီး စိတ်ဝင်စားလာကြတယ်။ အားကစားကိုလည်း သေချာလိုက်နာပြီး ကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ မည်သို့ပင်ဖြစ်နေစေကာမူ ကိုယ်သဘောကျတဲ့ သူတစ်ယောက်ကို ကိုယ့်နောက်ကို ကောက်ကောက်ပါအောင် ကြွေကျသွားစေဖို့ ပြုပြင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ အသိနောက်ကျလေသည် မရှိရလေအောင် ကိုယ့်လူတို့လည်း ဒီအချက်တွေကို သေချာလိုက်နာကြည့်ဖို့တော့ လိုမယ်နော်။ ၁။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထားပါ။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်ဖို့ အရေးကြီးဆုံး အချက်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုဟာ ကျန်းမာရေးအတွက်သာမက ပတ်ဝန်းကျင်က လူတွေကို ကိုယ့်ကို စိတ်ဝင်စားလာစေနိုင်တဲ့ အဓိကသော့ချက်ပါပဲ။ အမျိုးသားတွေဟာ အမြဲ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ပေါင်ခြံမှာ ပေါက်တဲ့ ပွေး နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

အရွယ်ရောက်ပြီး အမျိုးသားတွေမှာ အဖြစ်များတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပြီး ပေါင်ခြံတစ်ဝိုက်မှာ အဖြစ်များပါတယ်။ လိင်အင်္ဂါနဲ့ တင်ပါး တစ်ဝိုက်မှာလည်း ပွေး ပေါက်နိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားအနှံ့ မှိုရောဂါပိုး ကူးစက်နိုင်ပြီး ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ခြေထောက်၊ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါ တစ်ဝိုက်မှာ ကူးစက်နိုင်ပါတယ်။ စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး အနားသတ်တွေက ဖောင်းကြွပြီး နီရဲနေပါတယ်။ ယားယံလွန်းတာကြောင့် မကြာခဏ ကုတ်မိရာကနေ ပိုးဝင်သွားနိုင်ပြီး ရောဂါလက္ခဏာ ပိုဆိုးသွားနိုင်ပါတယ်။ သေချာကုသမှု မခံယူတဲ့အခါမှာ ရောဂါအပျောက်နှေးတာ၊ ဆေးယဉ်သွားတာ၊ ပွေးက နေရာအနှံ့ကို ပျံ့လာတာအပြင် အရေပြားအောက်က တစ်သျှူးကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ပေါင်ခြံ ပွေး ဖြစ်ရခြင်း အကြောင်းရင်း ပူနွေးပြီး စိုစွတ်တဲ့ နေရာတွေ၊ ချွေးမကြာခဏ ထွက်လွန်းတဲ့ နေရာတွေမှာ ပိုပြီး ပေါက်ဖွားဖို့ […]


ရှေးဦးသူနာပြုစုခြင်း

အနာချုပ်ရိုးတွေကို ဘယ်လိုဂရုစိုက်မလဲ

ထိခိုက်ဒဏ်ရာရတိုင်း ချုပ်တာမျိုးလုပ်ဖို့မလိုပေမယ့် အနာကအရမ်းကြီးမယ်ဆိုရင်တော့ အနာကို ချုပ်ဖို့လိုအပ်မှာပါ။ အရမ်းကြီးတဲ့အနာတွေက ချုပ်လိုက်မှ အနာကျက်မှာပါ။ ချုပ်ပြီးရင်လည်း မပြီးသေးပါဘူး။သေချာလေးဂရုစိုက်မှ အနာကျက်ြပီး အမာရွတ်ကင်းမှာလေ။ ဒီတော့အနာချုပ်တဲ့အခါ ဘာတွေဂရုစိုက်ဖို့လိုမလဲပြောပြမယ်နော်။ ချုပ်ရိုး အရေပြားကိုချုပ်တာကလလည်း အဝတ်စတွေကိုချုပ်သလိုပဲ လို့သင်ယူဆနိုင်ပါတယ်။ အပ်ချည်ကြိုးတစ်ခုနဲ့ တစ်ခုချင်းစီဖြစ်နေတဲ့အဝတ်စတွေကိုချုပ်သလိုလိုပဲပေါ့။ ဒါပေမယ့် အဝတ်စတွေနဲ့ လူ့အရေပြားက သိပ်တော့မတူပါဘူး။ အရေပြားမှာချုပ်တဲ့အခါ ပိုပြီးအနုစိတ်သေချာဂရုစိုက်ရပါတယ်။ အတွင်းချုပ်ရိုးနဲ့ အပြင်ချုပ်ရိုးဆိုပြီးလည်း ရှိပါသေးတယ်။ အရေပြားကိုချုပ်တဲ့အခါသေချာလေးဂရုစိုက်ချုပ်မှာ အမာရွတ်ထင်ကျန်မနေခဲ့မှာပါ။ အဓိက ကတော့ အနာစေ့သွားစေဖို့နဲ့ အနာပေါက်ပိတ်သွားစေဖို့ပေါ့။ အတွင်းချုပ်ရိုးကပြန်ဖြေစရာမလိုပေမယ့် အပြင်ချုပ်ရိုးကတော့ပြန်ဖြေဖို့လိုပါမယ်။ အနာအရမ်းနက်တဲ့အခါ၊ ခွဲစိတ်မှုတွေလုပ်တဲ့အခါမျိုးမှာ အနာကိုချုပ်ရပါမယ်။ ချုပ်ရိုးတိုင်းကိုပြန်ဖြေစရာလိုပေမယ့် ပါးစပ်တွင်းကချုပ်ရိုးတွေကတော့ပြန်ဖြေစရာမလိုဘဲ အနာကျက်သွားကြပါတယ်။ ချုပ်ရိုးကိုသေချာဂရုစိုက်ပါ ချုပ်ရိုးကိုသေသေချာချာလေးဂရုစိုက်မှနောက်ဆက်တွဲဖြစ်လာမယ့် အန္တရာယ်တွေနဲ့အမာရွတ်တွေကင်းဝေးမှာပါ။ ဒီတော့ အနာကောင်းကောင်းကျက်သွားဖို့ ချုပ်ရိုးကိုဘယ်လိုများဂရုစိုက်မလဲ။ ချုပ်ရိုးကို မကုတ်ပါနဲ့ - အနာကျက်လာတာနဲ့အမျှ ချုပ်ရိုးကပိုပြီးယားလာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ချုပ်ရိုးကို မကုတ်မိဖို့ သတိထားပေးပါ။ ရေမကူးပါနဲ့ - ခန္ဓါကိုယ်မှာ […]


ရှေးဦးသူနာပြုစုခြင်း

ရေနွေးပူလောင်တဲ့ ကလေးတွေကို ဘယ်လိုပြုစုပေးမလဲ

ကလေးတွေမှာ ရံဖန်ရံခါ ဖြစ်တတ်တဲ့ မတော်တဆမှု တစ်ခုပါပဲ။ ကလေးတွေရဲ့ အရေပြားဟာ အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက်ကြောင့် တခြားဒဏ်ရာတွေနဲ့ ယှဉ်လိုက်ရင် ရေနွေးပူလောင်တာဟာ ဝေဒနာဆိုးဆိုးရွားရွားဖြစ်စေနိုင်တဲ့အပြင် အမာရွတ်ကျန်သည်အထိ ပြင်းထန်နိုင်ပါတယ်။ ရေနွေးပူလောင်တဲ့အခါမှာ ပြင်းထန်မှုအတိုင်းအတာပေါ် မူတည်ပြီး အိမ်မှာ အလွယ်တကူ ကုသပေးလို့ အဆင်ပြေသလို ဆရာဝန်ဆီ အမြန်ဆုံး သွားရောက်ပြီး ကုသမှုခံယူဖို့လည်း လိုအပ်ပါတယ်။ ကလေး အပူလောင်ခံရနိုင်တဲ့ အကြောင်းရင်း တရားခံတွေ ၁။ ပူလွန်းတဲ့ ရေနဲ့ ရေချိုးတဲ့အခါ၊ ရေပူကန်ထဲ အချိန်ကြာမြင့်စွာ စိမ်တဲ့အခါ ၂။ ကော်ဖီ၊ ရေနွေးကြမ်း ပူပူသောက်ရင်းနဲ့ လက်ပေါ်ကို မှောက်မိတဲ့အခါ ၃။ ပူနေတဲ့ အစားအစာ၊ အရည်တွေ လက်နဲ့ သွားထိမိတဲ့အခါ ၄။ ပူနေတဲ့ မီးဖို၊ ဒယ်အိုး၊ မီးပူ အစရှိတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ ၅။ ဓာတုဗေဒပစ္စည်းတွေ အထူးသဖြင့် အယ်လ်ကိုဟော ပါဝင်မှု […]


ဆေးလိပ်ဖြတ်ခြင်း

Vape သောက်လို့ အန္တရာယ်ကင်းပြီလို့ သင်ထင်ပါသလား

Vape ဆိုတာ ဆေးလိပ်အစားထိုးအနေနဲ့ အသုံးပြုတဲ့ E-Cigarette တစ်မျိုးဖြစ်ပြီး လူငယ်တွေကြားမှာ အလွန်ရေပန်းစားလျက်ရှိပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် ဆေးလိပ်စွဲနေတဲ့လူငယ်တွေအတွက် နီကိုတင်း (Nicotine) မပါဝင်တဲ့ Vape တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါဆိုရင် Vape သောက်လို့ တကယ်ပဲ ကျန်းမာရေးအတွက် စိတ်ချရပြီလား။ ဆေးလိပ်ဖြတ်တဲ့နေရာမှာရော အမှန်တကယ် အသုံးဝင်လားဆိုတာ ပြောပြပေးချင်ပါတယ်။ Vape ဆိုတာ ဘာလဲ။ အပူပေးပစ္စည်း၊ အားသွင်းလို့ရတဲ့ ဓါတ်ခဲနဲ့ Vape အမွှေးနံ့အရည်တွေကို သိမ်းဆည်းပေးတဲ့ အကန့်လေး ပါဝင်ပါတယ်။ လျှပ်စစ်ရှော့တိုက်ပြီး အသုံးပြုရတဲ့အတွက် E-Cigarette လို့လည်း ခေါ်ကြပါတယ်။ Vape သောက်တဲ့အခါမှာ အသုံးပြုရတဲ့ အရည်တွေမှာ အမွှေးနံ့အပြင် ကျန်းမာရေးကို ထိခိုက်စေပြီး လူကိုစွဲလမ်းစေတဲ့ ဓါတုဗေဒပစ္စည်းတွေနဲ့ နီကိုတင်းဓါတ်တွေ ပါဝင်ပါတယ်။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အိမ်ကပစ္စည်းတွေကို ဘယ်လောက်ဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ

အိမ်သန့်ရှင်းရေးလုပ်ပြီဆိုရင် ကြမ်းတိုက်တာ၊ တံမြက်စည်းလှည်းတာ၊ ဖုန်သုတ်တာတွေပဲ အဓိက လုပ်နေတာလား။ အိမ်မှာ ရှိနေတဲ့ တခြားပစ္စည်းတွေကိုလည်း သန့်ရှင်းပေးသင့်တယ်နော်။ သန့်ရှင်းရေး လုပ်တဲ့အခါ အမှုမဲ့အမှတ်မဲ့ ကျန်ရစ်ခဲ့တဲ့ နေရာတွေ၊ အသုံးအဆောင်တွေကို သင်သိရဲ့လား၊ ဘယ် ပစ္စည်းတွေကို ဘယ်နှကြိမ် သန့်ရှင်းသင့်လဲ ဆိုတာ ဒီမှာ အကြံပေးပါမယ်နော်။ ဒီလို ကျန်ခဲ့တဲ့ ပစ္စည်းတွေမှာ ကပ်ငြိနေတဲ့ အမှုန်အမွှားတွေကနေ ရောဂါပိုးမွှားတွေ နည်းအမျိုးမျိုးနဲ့ ကိုယ့်ဆီ ရောက်လာစေနိုင်တယ် ဆိုတာ မမေ့ပါနဲ့။ အိမ်ကပစ္စည်းတွေကို ဘယ်လောက်ဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ အိမ်ကပစ္စည်းတွေကို ဘယ်လောက်ဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ ဆိုတော့ လက်ကိုင်ဖုန်း နေ့တိုင်း မထိဘဲ၊ မကိုင်ဘဲ မနေနိုင်တာ လက်ကိုင်ဖုန်းတွေပါ။ စမတ်ဖုန်းတွေဆိုတာ ဖုန်းနံပါတ်တွေ၊ အချက်အလက်တွေ၊ ဓါတ်ပုံတွေနဲ့ သိမ်းဆည်းထားစရာမှန်သမျှ ထည့်ထားတတ်ကြတဲ့ အရာဖြစ်ပြီး အရေးကြီးနေ့ရက်တွေ၊မှတ်တမ်းတွေအထိ အားကိုးရတဲ့ အသုံးအဆောင် တစ်ခုဖြစ်နေတော့ […]


ရှေးဦးသူနာပြုစုခြင်း

ကြွက်ကိုက်ခံရတဲ့အခါ ဘာလုပ်သင့်လဲ

လူတော်တော်များများ ချော်လဲကျဖူးမယ်၊ ထိခိုက်ရှနာ ဖြစ်ဖူးမယ်၊ ခွေးတွေ ကြောင်တာ ကိုက်ခံရတာ၊ ကုတ်ခံရတာ ကြုံဖူးကြမှာပါ။ ကြွက်နဲ့ ပတ်သက်ပြီးတော့ လူတော်တော်များများ အကိုက်ခံရဖူးမှာ မဟုတ်ပါဘူး။ တချို့ ကြွက်ပေါတဲ့ အိမ်တွေနဲ့ ကြွက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့ သူတွေသာ ဒီအဖြစ်နဲ့ ကြုံဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။ ကိုယ်နဲ့ မသိတဲ့ လမ်းဘေးက ကြွက်တွေကို တွေ့တဲ့အခါ အနားသွားမကပ်ပါနဲ့။ ကိုယ့်ထက် သူတို့က လူတွေကို ပိုကြောက်တာကြောင့် ချောင်ပိတ်မိသွားတဲ့ အခြေအနေမျိုးမှာ လူတွေကို ပြန်ပြီး ကိုက်တတ်တာဖြစ်ပါတယ်။ ကြွက်ဟာ တခြားတိရစ္ဆာန်တွေလို မဟုတ်ပဲ အထိအကိုင်ခံရတာ မကြိုက်တဲ့အတွက်ကြောင့် အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားတယ်ဆိုရင်တောင် ကိုယ့်ရဲ့ သခင်ကို ပြန်ပြီး ကုတ်နိုင်၊ ကိုက်နိုင်ပါတယ်။ ကြွက်ကိုက်ခံရတဲ့အခါ ဘာလုပ်သင့်လဲ။ ဒဏ်ရာ နက်၊ မနက်ပေါ် မူတည်ပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း