ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေချိုးနေတဲ့ နည်းစနစ်မှန်ရဲ့လား

ရေချိုးတာများ ဘာများဆန်းလို့လဲလို့တွေးနေတာလား။ ရေချိုးတာကတော့ ရေလောင်း ဆပ်ပြာတိုက်ပြီးသွားတာပဲလေလို့ တွေးနေတာလား။ ဒါပေမယ့် ဒီလောက်တော့မရိုးစင်းဘူးလေ။ နည်းစနစ်ကျကျချိုးမှ အဆင်ပြေတာပါ။ ရေချိုးတဲ့အခါ ဘယ်အစိတ်အပိုင်းကိုရေအရင်ထိတာလဲ။ ဒီအချက်လေးကိုပြောချင်တာပါ။ ရေချိုးတာက လူတိုင်းတစ်နေ့တစ်ကြိမ်တော့အနည်းဆုံးလုပ်လေ့ရှိတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းစဉ်တစ်ခုပါ။ ခန္ဓါကိုယ်မှာ အနံ့အသက်ဆိုးကင်းစင်ပြီး လန်းဆန်းနေစေဖို့ လူတိုင်းလိုလိုရေချိုးကြပါတယ်။ ဒီလိုရေချိုးတဲ့အခါရေအကြာကြီးမချိုးနဲ့ အအေးပတ်မယ်၊လေဖြတ်မယ်လို့ပြောကြတာရှိတယ်နော်။ ဒါက တကယ်လားဆိုတာကို ဒီဆောင်းပါးလေးထဲမှာကြည့်ရအောင်နော်။ လူကြီးတွေရေကြာကြာချိုးမိလို့ ခြေလက်တွေထုံတယ်၊ကျဉ်တယ်၊လေဖြတ်တာမျိုးတွေဖြစ်ကြတယ်နော်။ ဒါကအသက်အရွယ်ကြောင့်ဖြစ်တယ်လို့ထင်လား၊ လူငယ်တွေမှာ မဖြစ်နိုင်ဘူးလား။ တကယ်ပြောရရင် ဒါက အသက်အရွယ်ကြောင့်ဆိုတာထက်ရေချိုးတဲ့ နည်းစနစ်မှားနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီတော့ အခုလိုပြဿနာမျိုးမကြုံရအောင် နည်းစနစ်မှန်မှန်လေးရေချိုးကြဖို့ပြောပါရစေနော်။ ကဲ နည်းစနစ်မှန်မှန် ဘယ်လိုရေချိုးမလဲ ရေချိုးတဲ့အခါရေကိုခွက်နဲ့ခပ်ပြီးလောင်းချိုးရင်ဖြစ်ဖြစ်၊ရေပန်းနဲ့ပဲ ချိုးချိုး အရင်ဆုံးရေထိတွေ့ပေးသင့်တဲ့ အစိတ်အပိုင်းကခြေထောက်ပါ။ခြေထောက်ကိုရေစထိတာက ကျန်းမာရေးအတွက် ထိခိုက်စရာမရှိတော့ပါဘူး။ အချို့ကရေချိုးတဲ့အခါ မျက်နှာကို အရင်သစ်တာမျိုးရှိသလိုရေပန်းဖွင့်ချရင်းခေါင်းကို အရင်ဆုံးရေစွတ်လိုက်တာမျိုးရှိတတ်ပါတယ်။ရေချိုးတဲ့အခါခေါင်းကိုအရင်ဆုံးရေထိတာက အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ အန္တရာယ်များတဲ့လုပ်ရပ်ပါနော်။ ရေချိုးတဲ့အခါ အရင်ဆုံးခြေဖျားကိုရေလောင်းပါ။ပြီးရင်ခြေမျက်စိအထက်ပိုင်းကနေလောင်းပါ။ပြီးမှာခြေသလုံး၊ ဒူးတို့ကိုလောင်းချပါ။ပြီးရင် ခါးကနေရေလောင်းချပါ။ ဒီလိုကနေတဆင့်ချင်းတက်သွားပါ။ပြောချင်တာကတော့ရေချိုးတဲ့အခါ ခန္ဓါကိုယ်အောက်ပိုင်းကနေစဖို့ပါ။ တကယ်တော့ ဒီလိုလုပ်ဖို့ဆိုတာ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်သန့်စင်ဆေးရည်အသုံးပြုတဲ့အခါ ဘာတွေသတိထားသင့်လဲ

ပုံမှန်အားဖြင့်တော့ လက်တွေ၊ ခြေတွေ ညစ်ပတ်ပြီဆိုရင် ကျွန်တော်တို့ ဆပ်ပြာနဲ့ ရေကို သေချာဆေးတတ်ကြပါတယ်။ ခေတ်က တိုးတက်ပြောင်းလဲလာပြီးတဲ့ နောက်မှာ နည်းပညာအသစ်အဆန်းတွေနဲ့ အလွယ်တကူ သန့်ရှင်းလို့ရတဲ့ လက်သန့်စင်ဆေးရည်ဆိုပြီး ပေါ်လာပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ ကိုယ်က အပြင်ရောက်နေလို့ လက်ဆေးရမလွယ်ကူဘူးဆိုရင် လက်သန့်စင်ဆေးရည်ကို နည်းနည်းညှစ်ပြီး သုံးပေးရုံပါပဲ။ အယ်လ်ကိုဟော ပါဝင်လို့ ဘက်တီးရီးယားပိုးတွေ သေစေတယ်။ အနံ့လေးက သင်းတော့ လူအများစု တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ လက်သန့်စင်ဆေးရည်ကို အပြင်မှာ အမြဲသွားလာနေရတဲ့ သူတွေ၊ ဆေးရုံဆေးခန်းမှာ လူနာနဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့ ဆရာဝန်၊ သူနာပြုတွေ အများဆုံး သုံးတတ်ကြပါတယ်။ ဖုန်မှုန့်၊ အညစ်အကြေး၊ ဘက်တီးရီးယား ပိုးမွှားတွေကိုပါ သေစေတယ်။ လူတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတော့ သူတို့ဆီကနေလည်း ရောဂါပိုးတွေ အလွယ်တကူ မကူးစက်နိုင်တော့ပါဘူး။ ဒါဆိုရင် သုံးရတာလည်း အဆင်ပြေလွယ်ကူတဲ့ […]


ရှေးဦးသူနာပြုစုခြင်း

ကိုယ့်အိမ်မှာ ဆရာဝန်တစ်ယောက်လောက် မခေါ်ထားချင်ဘူးလား

နေအိမ်တိုင်းမှာအရေးပေါ်ဆေးသေတ္တာထားသင့်ပါတယ်။ မတော်တဆမှုဆိုတာမျိုးက ကြိုမှန်းထားလို့မှမရတာလေနော်။ ချက်ရင်းပြုတ်ရင်းဓါးရှမလား၊ အပူလောင်မလား၊ သွားရင်းလာရင်း ခလုတ်တိုက်မလား၊ချော်လဲမလား ကြိုမှန်းထားလို့မရတဲ့အနေအထားမျိုးမှာ အရေးပေါ်ထိခိုက်မိရင် သက်သာအောင်လုပ်ဖို့အတွက်ဆေးသေတ္တာရှိထားတာကမမှားတဲ့အရာတစ်ခုလို့ပဲအကြံပေးပါရစေ။ အရေးပေါ်ဆေးသေတ္တာဆိုတာဘာအတွက်ထားတာလဲ။ ။ အရေးပေါ်ဆေးသေတ္တာ ဆိုတာက မတော်တဆမှုတစ်ခုခုကြောင့်ထိခိုက်ဒဏ်ရာရရင်ဖြစ်ဖြစ်၊ရောဂါတစ်ခုခုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်နေတဲ့အခါ ခံစားနေရတဲ့အခြေအနေကနေသက်သာလာအောင် တစ်စုံတစ်ယောက်ကို ကူညီပြုစုပေးနိုင်ဖို့ အသင့်ဖြစ်နေအောင်ထားတာပါ။ ဒီလိုစောင့်ရှောက်မှုကို အရွယ်သုံးပါးစလုံးလိုအပ်ပါတယ်။ အရေးပေါ်ဆေးသေတ္တာ ရဲ့ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကိုကယ်တင်ဖို့ နဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကနေ ကူညီကယ်ဆယ်ပေးဖို့ပါ။ ဆေးသေတ္တာမှာ ဘာတွေပါရမလဲ။ ။ အရေးပေါ်ဆေးသေတ္တာမှာ ဘယ်ပစ္စည်းတွေကို ထည့်ထားသင့်သလဲဆိုတာလည်းအရေးကြီးပါတယ်။ ဒါမှ လိုအပ်တဲ့အချိန် ထိထိရောက်ရောက်အသုံးချနိုင်မှာဖြစ်ပါတယ်။ဆေးသေတ္တာမှာ ဒါတွေ ပါဝင်သင့်ပါတယ်။ ပိုးသတ်ထားတဲ့ဂွမ်း စက္ကူတိပ် အနာကပ်ပလာစတာ ပတ်တီးလိပ် အရက်ပြန် ပိုးသတ်ဆေး အနာကျက်ဆေးအဆီ/ဆေးရည် ဇာဂနာ ကတ်ကြေးအသေး သာမိုမီတာ (ဒစ်ဂျစ်တယ်) တစ်ခါသုံးပလတ်စတစ်လက်အိတ်(အနည်းဆုံး နှစ်စုံ) ကိုယ်ပူကျဆေး နဲ့အကိုက်အခဲပျောက်ဆေး (ဥပမာ – Paracetamol၊ […]


ရှေးဦးသူနာပြုစုခြင်း

အနာမရင်းအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ

အနြာဖစ်တဲ့အခါသေချာဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပါ။ ဒီလိုဂရုစိုက်တဲ့အခါမှာလည်း နည်းလမ်းမှန်ဖို့က တော်တော်လေးအရေးကြီးပါတယ်။ အနာကိုသေချာဂရုမစိုက်မိတဲ့အခါ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာကတော့ သိပ်ပြီးပြောနေစရာတောင်မလိုပါဘူး။ ပုံမှန်အားဖြင့်ကတော့ ထိခိုက်ရှနာဒဏ်ရာတွေက အလွယ်တကူအနာကျက်သွားကြပေမယ့် သေချာ ဂရုမစိုက်တဲ့ အခါမှာတော့ ပိုးဝင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အနာတစ်ခု ဖြစ်လာပြီဆိုရင် အနာကို စနစ်တကျဂရုစိုက်ပေးဖို့က အရမ်းအရေးကြီးပါတယ်။ ။ အနာတစ်ခုဖြစ်လာပြီဆို ဘယ်လို ဂရုစိုက်ရမလဲ။ ။ · လက်ဆေးပါ။ ထိခိုက်မိပြီဆိုတာနဲ့ ပူထူပြီး အနာကို လက်နဲ့ တန်းမထိလိုက်ပါနဲ့။အနာကိုထိတွေ့မယ့်လက်က သန့်စင်နေမှ ရောဂါပိုးမဝင်နိုင်မှာပါ။ ဒါကြောင့် အနာကို မကိုင်ခင် လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး အရင်သန့်စင်သင့်ပါတယ်။ · အနာကိုသန့်စင်ပါ။ ထိခိုက်မိပြီးပြီးချင်း အနာကို ရေနဲ့ဆေးပါ။ ဒါမှ အနာထဲဝင်နေတဲ့ ဖုန်တွေ၊ သဲတွေ၊ ရောဂါပိုးတွေ တစ်ဝက်လောက်ကို သန့်စင်ပြီးသားဖြစ်သွားမှာပါ။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးကြောပေးပါ။ အနာကိုတော့ ဆပ်ပြာမထိပါစေနဲ့။အနာမှာဖုန်တွေ၊ သဲတွေ၊ အစအနတွေရှိနေရင် အရက်ပြန်နဲ့သန့်စင်ပြီးသားဇာဂနာလေးနဲ့ […]


ရှေးဦးသူနာပြုစုခြင်း

အခန့်မသင့်လို့ မျက်လုံးထဲ တစ်ခုခုဝင်သွားတဲ့အခါ။ ။

မျက်လုံးလောက် အရေးကြီးတဲ့ အရာဆိုတာ မရှိတော့လောက်အောင် မျက်လုံးကအရေးကြီးပါတယ်။ ကိုယ်နေထိုင်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်အလှအပကိုခံစားနိုင်ဖို့၊ အပန်းဖြေစရာ ရုပ်ရှင်တွေကြည့်ဖို့၊ ဂိမ်းတွေဆော့နိုင်ဖို့နဲ့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို တစိမ့်စိမ့်ကြည့်နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ မျက်ဝန်းတစ်စုံ ရှိမှဖြစ်တာပါ။ အိပ်ချိန်ကလွဲလို့ အပြင်လောကကြီးနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အရမ်းနုတဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းဆိုလည်း မျက်လုံးကိုပဲ ပြရပါလိမ့်မယ်။ နေ့ခင်းဆို တစ်ချိန်လုံးဖွင့်ထားရတဲ့ မျက်လုံးထဲကို ပြင်ပက ဘယ်ပစ္စည်းမဆို အခန့်မသင့်ရင် ဝင်သွားနိုင်ပါတယ်။ ။ မျက်လုံးထဲကို ဘာတွေက အများဆုံးဝင်တတ်လဲ။ ။ မျက်လုံးထဲကို ဘာပစ္စည်းမှ ဝင်ရမယ်ဆိုတာ မရှိပါဘူး။ အများဆုံးဝင်နိုင်တာကတော့ မျက်လုံးရဲ့အနီးဆုံးမှာရှိနေတဲ့ မျက်တောင်၊ လေထဲက ဖုန်တွေ၊ သဲတွေ၊ ပိုးကောင်များတဲ့ရာသီမှာဆို ပိုးကောင်တွေ အကျီမှာကပ်နေတဲ့ အမျှင်တွေ အလှပြင်တဲ့သူတွေဆို Eye liner ၊ မျက်တောင်ကော့ဆေးတွေ၊ ပေါင်ဒါမှုန့် ၊မျက်နှာသစ်ဆေးတွေ နဲ့ ဝါဂွမ်းစတွေဝင်နိုင်ပါတယ်။ အခြားအရာတွေ […]


ရှေးဦးသူနာပြုစုခြင်း

ဖန်ကွဲစရှတဲ့အခါ ဘယ်လိုပြုစုရမလဲ။

အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ဖန်ခွက်တွေ၊ မှန်တွေ၊ ပုလင်းတွေ တိုက်မိမယ်၊ ကွဲသွားတဲ့အပိုင်းအစတွေကို ပြန်ရှင်းရင်းနဲ့ ခြေတွေ လက်တွေ ထိခိုက်မိဖူးမယ်ထင်ပါတယ်။ မှန်ကွဲစတွေကြောင့် ထိမိ၊ ခိုက်မိတဲ့ ဒဏ်ရာတွေဟာ တခြားပွန်းပဲ့ဒဏ်ရာတွေထက် ပိုပြင်းထန်နိုင်တဲ့အတွက် အနာကို ပိုပြီးတောင် ဂရုစိုက်ရပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ တခြားသူကိုဖြစ်စေ ဒီလို ထိခိုက်ဒဏ်ရာတွေ ကြုံလာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ပေးသင့်လဲ ဆိုတာကို ပြောပြပေးမယ်နော်။ ၁။ သွေးအရင်တိတ်အောင် လုပ်ပါ။ ပုလင်းကွဲရှမိတဲ့အခါမှာ တခြားဒဏ်ရာတွေထက် ပိုပြီး သွေးထွက်နိုင်၊ ဒဏ်ရာနက်နိုင်တဲ့အတွက် အရင်ဆုံး လုပ်ရမှာက သွေးတိတ်အောင် လုပ်ဖို့ပါ။ သန့်ရှင်းတဲ့ အဝတ်၊ တစ်သျှူး၊ ဂွမ်းနဲ့ ဒဏ်ရာပေါ်မှာ ၁၀မိနစ်ခန့် ဖိထားပေးပါ။ အဝတ်က သွေးတွေစုပ်ပြီး စိုရွှဲနေပြီဆိုရင် မဖယ်လိုက်ပါနဲ့။ သူ့အပေါ်ကနေ နောက်ထပ် အဝတ်တစ်ထပ် ခံပြီး ဖိထားပေးပါ။ ဒဏ်ရာက လက်မောင်း ဒါမှမဟုတ် […]


ရှေးဦးသူနာပြုစုခြင်း

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ

လူတော်တော်များများ ခွေးကိုက်ခံရဖူးမယ် ထင်ပါတယ်။ ခွေးမွေးထားတဲ့ အိမ်ကို အလည်သွားရင်းနဲ့ အကိုက်ခံရတာလည်း ရှိသလို၊ ရပ်ကွက်ထဲ၊ လမ်းထဲက ခွေးတွေလည်း ကိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခွေးကိုက်ခံရတဲ့အခါသေချာဂရုမစိုက်မိရင် အနာထဲ ပိုးဝင်နိုင်ခြေပိုးများသလိုခွေးရူးပြန်ရောဂါ ကူးစက်တဲ့အထိဖြစ်နိုင်ပါတယ်။ ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ။ ဒဏ်ရာဖြစ်တဲ့နေရာကို ရေအေးနဲ့ အရင်လောင်းချပါ။ ဆပ်ပြာနဲ့ အနာတစ်ဝိုက်ကို ဂရုစိုက်ပြီး သန့်ရှင်းပေးပြီးမှ ရေနဲ့ သေချာထပ်မံဆေးကြောပါ။ ဒဏ်ရာပေါ်ကို သန့်ရှင်းတဲ့အဝတ်စနဲ့ ညင်ညင်သာသာလေး ဖိထားပြီး သွေးတိတ်အောင်လုပ်ပါ။ Antibiotic လိမ်းဆေး၊ ခရင်မ်တစ်မျိုးမျိုး အနာပေါ်ကို ပွတ်လိမ်းထားပါ။ ပိုးသတ်ထားတဲ့ ပလာစတာကို အနာပေါ် ကပ်ထားပါ။ ကိုယ်နဲ့မသိတဲ့ခွေးတွေ၊ လမ်းဘေးခွေးတွေရဲ့ အကိုက်ခံရတာဆိုရင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံမှာ ဆရာဝန်နဲ့ သေချာပြသပြီး မေးခိုင်ကာကွယ်ဆေးနဲ့ ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးပါ။ ခွေးရူးပြန်ကာကွယ်ဆေးက ဘယ်နှကြိမ်ထိုးပေးရမှာလဲ။ ခွေးကိုက်ခံရတာ၊ အကုတ်ခံရတဲ့အခါ အချိန်မဆွဲပဲ […]


ရှေးဦးသူနာပြုစုခြင်း

ဆီးချိုအတက်အကျ အရေးပေါ်အခြေအနေ ဘယ်လိုပြုစုမလဲ

အခုခေတ်မှာတော့ ဆီးချိုသွေးချို ဆိုရင် မသိတဲ့သူမရှိသလောက်ပဲ။ လူကြီးလူငယ်တွေမကျန် အဖြစ်များကြတဲ့ရောဂါတစ်ခုကိုဖြစ်နေတော့ ဆီးချိုရှိတယ်ဆိုလည်း သိပ်မဆန်းတော့သလို ခပ်ပေါ့ပေါ့သဘောထားသူတွေတောင်ရှိပါတယ်။ အမှန်တော့ သူတို့က အစားမှမရှောင်ချင်တာ။ ဆီးချိုကို ရောဂါဆိုးကြီးတစ်ခုလိုကြောက်နေစရာမလိုပေမယ့် ဂရုတစိုက်တော့ ဆင်ခြင်နေထိုင်ပေးဖို့ လိုအပ်တဲ့ရောဂါဖြစ်ပါတယ်နော်။ ပုံမှန်ဆို ကျွန်မတို့ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်ပေမယ့် ဆီးချိုရှိရင်တော့ ဒီလိုမလုပ်နိုင်တော့ပါဘူး။ ခန္ဓာကိုယ်က လုပ်မပေးတော့ ကိုယ့်ဘာသာ အစားကိုတွက်ချက် ဆင်ခြင်ရ၊ ဆေးသောက်ရ၊ အင်ဆူလင်ထိုးရတဲ့နည်းတွေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းရပါတယ်။ အမျိုးအစား ၁ နဲ့ ၂ ဆိုပြီးရှိတဲ့ ဆီးချိုရောဂါနှစ်မျိုးရှိပေမယ့် သတိထားရမယ့် အချက်တွေ၊ အန္တရာယ်ရှိနိုင်တဲ့အချက်ကတော့ တူတူပါပဲ။ ရုတ်တရက် သွေးတွင်းသကြားဓာတ် ထိုးတက်သွားတာရယ်၊ ထိုးကျသွားတာရယ် သိပ်အန္တရာယ်ကြီးပါတယ်။ ဒီလိုရုတ်တရက်ရှော့ခ်ဖြစ်တဲ့အခြေအနေမှာ အရေးပေါ်ပြုစုဂရုစိုက်ဖို့၊ လိုအပ်လာရင်ဆေးရုံအမြန်ပို့ဖို့ အရေးကြီးပါတယ်။ အရေးပေါ်အခြေအနေဆိုတာ ဘယ်လိုသိနိုင်မလဲ သွေးချိုရုတ်တရက်တက်တာ၊ ကျသွားတာ တွေဖြစ်နေတာ သတိမထားမိတဲ့အခါ မလိုအပ်ဘဲ အချိန်လွန်ရတတ်ပါတယ်။ ဒါ့ကြောင့် […]


ရှေးဦးသူနာပြုစုခြင်း

ဆောင်းရာသီမှာ အနာရင်းတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။

ဆောင်းရာသီ ဆိုတာ လူတိုင်းနီးပါးကြိုက်ကြတဲ့ ရာသီတစ်ခုပါ။ ပတ်ဝန်းကျင်ကလည်း အေးချမ်းတယ်၊ မိုးရာသီလို စိုစွတ်နေတာမျိုးလည်းမရှိ၊ နွေရာသီလို ချွေးတလုံးလုံးနဲ့ ပင်ပန်းလွယ်နေတာမျိုးလည်းမရှိဆိုတော့ ဆောင်းတွင်းရောက်ပြီဆို အနွေးထည်ဖက်ရှင် ကိုယ်စီနဲ့လူတိုင်းပျော်ကြတာပေါ့။ ဆောင်းတွင်းဆို ပတ်ဝန်းက နေလို့ထိုင်လို့ကောင်းတာမှန်ပေမယ့် ကိုယ်တွင်းမှာတော့ အသားအရေခြောက်လိုက်၊ အနာဖြစ်ရင် အနာပိုရင်းလိုက်၊ တုပ်ကွေးတွေပိုမိလိုက်နဲ့ ပြဿနာတွေ ရှုပ်နေပါတော့တယ်။ ဆောင်းတွင်းရောက်ပြီဆို အသားပပ်ရတာနဲ့၊နှုတ်ခမ်းကွဲတာရတာနဲ့ ထိခိုက်မိတဲ့ ဒဏ်ရာတွေကလည်း အနာကျက်နှေးရတာနဲ့ အရေပြားပြဿနာတွေ အမျိုးကိုစုံနေတာပါပဲ ။ အေးတဲ့ ရာသီဥတုကြောင့်ဆောင်းတွင်းဆိုဗိုင်းရပ်စ်ေတွနဲ့ ဘက်တီးရီးယားတွေပိုရှင်သန်နိုင်ကြတဲ့အတွက် အအေးမိ၊တုပ်ကွေးေတွအဖြစ်များကြသလို ရာသီဥတုအေးတော့ သွေးလည်ပတ်မှုတွေလည်း မကောင်းတော့လို့ ခုခံအားစနစ်လည်း အားနည်းလာပါတယ်။ ဒါတွေကြောင့် ဆောင်းတွင်းမှာ အနာရင်းတာအနာပိုးဝင်နိုင်ခြေများတာတွေ ပိုဖြစ်နိုင်တာပါ။ နောက်တစ်ချက်ကအေးနေပြီဆို လူတွေက အိမ်ထဲမှာပဲ ကွေးနေတတ်ကြလို့ အလုံပိတ်အခန်းထဲမှာ အနာနဲ့ ပိုးမွှားဘက်တီးရီးယားေတွထိတွေ့မှုပိုများနိုင်ပါတယ်။ ဆောင်းတွင်းနဲ့ အရေပြား။ သိထားကြတဲ့အတိုင်း ဆောင်းရာသီက အရေပြားအပေါ်ယံအလွှာကိုခြောက်သွေ့စေတဲ့အတွက် အရေပြားမှာဖြစ်တဲ့အနာ၊ […]


ရှေးဦးသူနာပြုစုခြင်း

အစာအဆိပ်သင့်ခြင်းအတွက် အရေးပေါ်ပြုစုနည်း

အစာအဆိပ်သင့်တယ်ဆိုတာ မတည့်တာတွေတွဲစားမိလို့ဖြစ်တာမဟုတ်ပါဘူးနော်။ ကိုယ်စားလိုက်တဲ့အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါနေတယ်ဆို အစာအဆိပ်သင့်နိုင်ပါတယ်။ ရောဂါပိုးပါနေတဲ့အစားအသောက်တွေကို စားမိပြီး နာရီပိုင်းအတွင်းမှာပဲ လက္ခဏာစပြတတ်ပါတယ်။ အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သိပ်မပြင်းထန်ဘဲ ဂရုစိုက်စောင့်ရှောက်ရင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို မူတည်ပြီး လက္ခဏာပြင်းထန်သူတချို့ကိုတော့ဆေးရုံတင်ဖို့လိုအပ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ဖြစ်လာမလဲ အစားအစာမှာပါလာတဲ့ရောဂါပိုးကိုမူတည်ပြီး လက္ခဏာတွေက ကွာခြားတတ်ပါတယ်။ အများစုမှာတော့ ဒီလက္ခဏာတွေခံစားရတတ်ပါတယ် - မအီမသာဖြစ်မယ် အန်မယ် ဝမ်းလျှောမယ်၊ ဝမ်းမှာသွေးပါမယ် ဗိုက်အောင့်တယ် ကိုယ်ပူမယ် အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာစတတ်တယ်၊ ရက်ပိုင်း ဒါမှမဟုတ် ရက်သီတင်းပတ်ကြာမှ လက္ခဏာပေါ်လာတာတောင်ရှိတတ်ပါတယ်။ အစာအဆိပ်သင့်တဲ့ဝေဒနာကိုခံစားရတာကလည်း နာရီပိုင်းကနေ ရက်သီတင်းပတ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ အစားအစာပြင်ဆင်တဲ့အခါ၊ ချက်ပြုတ်တဲ့အခါ ကူးစက်နိုင်တဲ့ရောဂါပိုးမွှားတွေကပ်ငြိပါလာနိုင်ပါတယ်။ သန့်ရှင်းမှုမရှိတာ၊ မကျက်တကျက်ချက်ပြုတ်ထားတာ ဒါမှမဟုတ် မလတ်ဆတ်တာတွေက အစာအဆိပ်သင့်စေတဲ့ပိုးတွေကို ခန္ဓါကိုယ်ထဲ ဖိတ်ခေါ်နေပါတယ်။ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အရာ အစာအဆိပ်သင့်တဲ့အခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း