ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ

ငလျင်မလှုပ်ခင်
ငလျင်မလှုပ်ခင်မှာ ဒီအချက်လေးတွေကိုပြင်ဆင်ထားဖို့လိုပါမယ်။
- နေအိမ်ရဲ့ အနေအထားကိုသေချာလေ့လာထားပါ။
- ဝင်ပေါက်ထွက်ပေါက်နေရာတွေကိုသေချာလေးရှင်းလင်းထားပါ။ချော်လဲနိုင်မယ့်အရာတွေကို ဖယ်ထားပါ။
- မိသားစုဝင်တွေကို ငလျင်လှုပ်တဲ့အခါ ဘယ်လိုဘေးကင်းအောင်နေရမလဲဆိုတာကို သင်ပေးထားပါ။
- အိမ်ထဲမှာလုံခြုံတဲ့အခန်းတစ်ခန်းထားရှိပေးပါ။
- ကွဲနိုင်တဲ့အရာတွေကို သိမ်းထားပါ။
- နံရံမှာချိတ်ဆွဲထားတဲ့အရာတွေကိုဖြုတ်သိမ်းထားပါ။
- မီးဖိုနဲ့အနီးနားမှာ မီးလောင်လွယ်မယ့်အရာတွေကို မထားပါနဲ့။
- အရေးကြီးစာရွက်စာတမ်းတွေကိုသေချာသိမ်းဆည်းထားပါ။
- လက်နှိပ်ဓါတ်မီး ဆောင်ထားပါ။ ဘက်ထရီအပိုဆောင်ထားပေးပါ။
- သောက်သုံးရေကို အသင့်ဆောင်ထားပေးပါ။
- စားစရာအခြောက်တွေကို အရန်သင့်ဆောင်ထားပေးပါ။
ငလျင်လှုပ်နေစဉ်အတွင်းမှာ
- နေအိမ်ထဲမှာရှိနေမယ်ဆိုရင် အိမ်ထဲမှာပဲနေပါ။ ခိုင်ခိုင်ခန့်ခန့်စားပွဲခုံအောက်မှာနေပါ။
- ပြတင်းပေါက်နားမှာမနေပါနဲ့။
- မှန်ချပ်တွေနဲ့ ခပ်ကင်းကင်းနေပါ။
- လေးလံတဲ့ပရိဘောဂတွေနဲ့ဝေးဝေးမှာနေပါ။
- မီးလောင်လွယ်တဲ့ပစ္စည်းတွေနဲ့ အနီးနားမှာ မနေပါနဲ့။
- တကယ်လို့ ငလျင်လှုပ်စဉ်မှာ အပြင်ရောက်နေမယ်ဆိုရင်ပြုတ်ကျနိုင်တဲ့ပစ္စည်းတွေနဲ့ဝေးဝေးမှာနေပါ။
- အဆောက်အဦတွေ၊ မီးကြိုးတွေ၊ သစ်ပင်တွေနဲ့ဝေးဝေးမှာနေပါ။
- ကားမောင်းနေစဉ်ဆိုရင် ကားကို လမ်းဘေးတစ်နေရာမှာရပ်လိုက်ပါ။ တံတားအောက်၊ သစ်ပင်၊ မီးကြိုး၊ ဆိုင်းဘုတ်တွေအောက်မှာ မရပ်ပါနဲ့။
ငလျင်လှုပ်ပြီးတဲ့အခါ
- ထိခိုက်မိထားလား ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ လိုအပ်တဲ့ကုသမှုခံယူပါ။ မိသားစုဝင်တွေကိုလည်း ထိခိုက်မိထားလား စစ်ဆေးပေးပါ။
- နေအိမ်တွင်းမှာ အက်နေတာပြိုနေတာမျိုးရှိနေလားသေချာစစ်ဆေးပါ။
- ဂတ်စ်ယိုစိမ့်နေတာမျိုးရှိလား စစ်ဆေးပါ။
- လျှပ်စစ်ပစ္စည်းတွေ ကျိုးပျက်နေတာမျိုးရှိလားစစ်ဆေးပါ။
- ဖန်ကွဲစတွေရှိနေလား၊ အပျက်အစီးအပိုင်းအစတွေရှိနေလား စစ်ဆေးကြည့်ပါ။
ကြိုတင်ခန့်မှန်းရခက်တဲ့ ငလျင်ကြောင့် မိသားစုဝင်တွေနဲ့ ကိုယ်တိုင်မှာ ထိခိုက်မှုကင်းစေဖို့ ဒီအချက်တွေကိုလိုက်နာစေချင်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။